အလွပေရးရာ

ပါဝင်ပစ္စည်း (၃)မျိုးတည်းနဲ့ ကိုယ်တိုင်အိမ်မှာလုပ်ယူလို့ရမယ့် Face Scrub နည်းအသစ်လေး

တစ်ပတ်တစ်ကြိမ် သဘာဝ Skin care နည်းအသစ်တွေကို စောင့်မျှော်နေတဲ့သူ ဘယ်နှယောက်ရှိလဲ??? ဒီတစ်ပတ်မှာလည်း ပါဝင်ပစ္စည်း (၃)မျိုးတည်းနဲ့ ကိုယ်တိုင်အိမ်မှာလုပ်ယူလို့ရမယ့် Face Scrub – Beauty Tips လေးကို ဝေမျှပေးမယ်နော် လှဖို့ခက်ခဲသလား မေးရင် No ပါ ဇွဲလေးတော့ ရှိရမှာပေါ့နော် Let’s start ပါဝင်ပစ္စည်း ဆန်မှုန့် သကြား သံလွင်ဆီ ပြုလုပ်ပုံ ဆန်မှုန့် ၊ သကြား၊ သံလွင်ဆီ အားလုံးကို ဆတူရောပါမယ် အလွယ်တကူ ဝယ်လို့ရနိုင်မယ့် “မွှေး”ဆန် အစိမ်းမှုန့် စစ်စစ်ကို သုံးပြပေးထားပါတယ် အသုံးပြုပုံ မျက်နှာပေါ်မှာ 5 mins ခန့် ညင်ညင်သာသာလေး အဝိုင်းပုံစံ ပွတ်ပေးပါ (အောက်ကို မဆွဲချပါနဲ့နော်) မျက်နှာကိုလုပ်ရင်း နှုတ်ခမ်းသားလေးတွေပါ […]

အလွပေရးရာ

ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းသိသိသာသာဆံပင်ရှည်လာအောင်..

ဆံပင်က ဒုတိယမျက်နှာဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဆံပင်ပုံစံကကိုယ်နဲ့မလိုက်ရင် လုံးဝမလှတာလည်း အားလုံးအသိပါပဲ။ ဆံပင်အရှည်ထားချင်ပေမယ့် စိတ်မရှည်တဲ့သူတွေအနေနဲ့ တစ်လအတွင်း ဆံပင်ရှည်လွယ်ပြီးတောက်ပြောင်စေမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) မကြာခဏအဖျားတိပေးပါ ဆံပင်အဖျားလေးတွေကို မကြာခဏတိပေးတာက ဆံပင်ရဲ့မကျန်းမာတဲ့အစိတ်အပိုင်းတွေကိုဖယ်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆံပင်ကိုကျန်းမာတောက်ပြောင်တဲ့အသွင်မျိုးဖြစ်စေပါတယ်။ (၃) သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်ပါ ဆံပင်ရှည်လွယ်ချင်သူတွေအနေနဲ့ သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်တဲ့နည်းလမ်းတွေကို သုံးပေးသင့်ပါတယ်။ ကြက်သွန်နီတစ်လုံးကို အတုံးလေးတွေဖြစ်အောင်ကြိတ်ပြီးအရည်ညှစ်ပါ။ ရလာတဲ့အရည်ကို သံလွင်ဆီအနည်းငယ်နဲ့ရောပြီး ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင်လိမ်းပေးကာ နာရီဝက်လောက်ကြာရင် ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်ပေးရင် တစ်လကြာတဲ့အခါ ဆံပင်သိသိသာသာရှည်လာတာကို တွေ့ရပါလိမ့်မယ်။ (၂) ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးပါ ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးသုံးပေးတာက ဆံသားခြောက်သွေ့တာ၊ ဆံပင်တွေညှိပြီးပြတ်တာတွေမဖြစ်အောင်ကာကွယ်ပေးပြီး ဆံပင်ပိုရှည်အောင် အားပေးပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးကိုမဖြစ်မနေသုံးပေးပါ။ (၄) သဘာဝအတိုင်းအခြောက်ခံတဲ့နည်းကိုသုံးပါ ဆံပင်ရှည်လွယ်ချင်သူတွေက ဆံပင်နဲ့ဦးရေပြားကို တတ်နိုင်သလောက်အပူမထိအောင် ထိန်းသိမ်းသင့်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ တဘက်နဲ့ရေစင်အောင်သုတ်ပြီး သဘာဝအတိုင်းအခြောက်ခံတာက အကောင်းဆုံးပါ။ အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို သေသေချာချာလိုက်နာပြီး […]

အလွပေရးရာ

၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင်……

Hello မလှချင်တို့ရေ ဒီကမလှချင်နဲ့ အတူတူ လိုက်လုပ်ရအောင် သဘာဝနည်းလမ်းလေးတွေနဲ့ ပီးရင် အတူတူလှကြတာပေါ​့ It’s skin care time!!! ဒီတစ်ပတ်တော့ အမေးများနေတဲ့ မေးခွန်းတွေထဲက တစ်ခုဖြစ်တဲ့ တင်းတိပ်တွေထွက်နေတယ် ဝက်ခြံအမာရွတ်တွေရှိနေတယ် အဆီဖုတွေ ဖြစ်နေတယ် အမဲစက်တွေကြောင့် စိတ်ညစ်နေရတယ် ဘာလုပ်ရမလဲ??? အကြံဉာဏ်ပေးပါဦး တင်ပေးပါဦး ဆိုသူတွေအတွက် လွယ်ကူရိုးရှင်းပြီး အကုန်အကျသက်သာတဲ့ သဘာဝအိမ်တွင်းနီးလေးကို ယူဆောင်လာပါပြီ…. ဒါကတော့ Potato Mask (အာလူးနဲ့ မျက်နှာပေါင်းခြင်း) ပါပဲ ပါဝင်ပစ္စည်းက အာလူးတစ်မျိုးတည်းလား ? Yes – အာလူးတစ်မျိုးတည်းပါပဲ ဒါပေမယ့်လည်း ပိုပြီးထိရောက်စေတဲ့ နည်းလမ်းလေးတော့ ရှိတာပေါ့ ဘယ်လိုလုပ်လဲဆိုတာ ကြည့်ရအောင် ပြုလုပ်ပုံ အာလူးကို ရေစင်အောင်ဆေးပါ အခွံနွှာပါ သနပ်ခါးကျောက်ပျဉ်ကိုလည်း ရေစင်အောင်ဆေးပါ (I […]

အလွပေရးရာ

ချိုင်းမည်းနေတာကို ခဲဖျက်နဲ့ ဖျက်လိုက်သလို ပျောက်ကင်းသွားစေမယ့် နည်းလမ်း (၄)မျိုး…..

ချိုင်းချွေးနံ့သက်သာအောင် Roll on သုံးတာက ပြဿနာမဟုတ်ပေမယ့် ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်လို့ပဲဖြစ်ဖြစ်၊ ချွေးနံ့ပျောက်ဆေးနဲ့ရေရှည်ထိတွေ့မှုကြောင့်ပဲဖြစ်ဖြစ် ချိုင်းနေရာမှာ မည်းလာပြီး နဂိုအသားအရေလိုပြန်ဖြစ်ဖို့ ခက်ပါတယ်။ ဒီတော့ ချိုင်းမည်းတာကို အိမ်မှာတင်ပြန်ပြုပြင်ဖို့ ကုန်ကျစရိတ် သက်သာတဲ့ နည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ နည်းလမ်း (၁) ပန်းသီးရှာလကာရည်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါနှစ်ဇွန်း ဆတူရောပြီး ချိုင်းမှာ လိမ်းပေးကာခြောက်သည်အထိ ထားပေးကာ ရေပြပန်ဆေးချပေးလိုက်ပါ။ တစ်ပတ်မှာ ၃ကြိမ် လုပ်ပေးသွားရုံနဲ့ တစ်လလောက်ကြာရင် နဂိုအသားအရောင်အတိုင်းပြန်ဖြစ်လာပါလိမ့်မယ်။ နည်းလမ်း (၂) နွားနို့တစ်ဇွန်း၊ နနွင်းတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး ချိုင်းမှာ ထူထူလေးလိမ်းပေးကာ ခြောက်တဲ့အထိ ထားပြီး ရေပြန်ဆေးချပေးပါ။ တစ်ပတ်နှစ်ကြိမ်၊ တစ်လလောက် လုပ်ပေးရင် ချိုင်းပြန်ဖြူလာမှာပါ။ နည်းလမ်း (၃) သကြား ၃ ဇွန်း၊ သံလွင်ဆီ ၂ ဇွန်းတို့ကိုရောမွှေကာ အဲ့ဒီအနှစ်နဲ့ […]

အလှပရေးရာ

သင်မသိဘဲလုပ်နေမိတဲ့ ဆံသားပျက်ဆီးစေတဲ့ အကြောင်းအရင်း (၉) ခု…

သင်မသိဘဲလုပ်နေမိတဲ့ ဆံသားပျက်ဆီးစေတဲ့ အကြောင်းအရင်း (၉) ခု… အမျိုးသမီးတွေဟာ မျက်နှာပြီးရင် ဒုတိယ ဂရုအစိုက်ဆုံးက ဆံကေသာပါပဲ။ ဆံပင်ဟာ မိန်းကလေးတို့ရဲ့ ဒုတိယ မျက်နှာ ဖြစ်ပါတယ် …။ ဒါ့ကြောင့် ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေသုံးကြသလို ဆံပင်ကိုလည်း အမျိုးမျိုး ပုံသွင်းကြပါတယ်။ ဆံပင် အလှပြုပြင်တဲ့ Saloon တွေလည်းသွား ရတာ မကြာခဏ ပါပဲ။ဆံပင်ကျွတ်ရတဲ့ အဓိအကြောင်းရင်းနဲ့ ဆံသား ပျက်ဆီးရတဲ့ သင်နေ့တိုင်း လုပ်နေတဲ့ အမှားတွေကိုရော သင်သိပြီးပြီလား …၊ ခေါင်းမကြာခဏလျှော်ခြင်း” တစ်ရက်ခြား တစ်ခါလိုလို ခေါင်းလျှော်တာ ကလည်း ဆံပင်ကို ကျွတ်စေ ပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်ဆိုရင် အလွန်ဆုံး ၂ ရက်ခြားတစ်ခါသာလျှော်သင့် ပါတယ်။ သာမန်ဆံပင်မျိုးဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ် […]

အလှပရေးရာ

“ဓာတုပစ္စည်းတွေမသုံးဘဲ သဘာဝ ရှားစောင်းလက်ပတ်နှင့် အသားဖြူအောင်လုပ်နည်း”

ဓါတုပစ္စည်းတွေကို သုံးပြီး အ သားဖြူအောင် လုပ်မှာ ထက်စာရင်တော့ သဘာဝနည်း ကို သုံးပြီး ကြိုးစားကြ ည့်တာက ပိုပြီးတော့ အန္တရာယ်ကင်းပါတယ်။ အသုံးပြုရမယ့် ပစ္စည်း ကလည်း တခြားမဟုတ်ပါဘူး။ရှားစောင်းလက်ပတ်ပါ။ ရှားစောင်းလက် ပတ်ကို အသား ဖြူဖို့အတွက် ဘယ်လို မျိုး အသုံးပြုရမလဲဆိုတော့….. လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ (၁)ရှားစောင်းလက်ပတ်တစ်မျိုးတည်းကို သုံးပြီး ဖြူအောင် လုပ်နည်း ရှားစောင်းလက်ပတ်ကို နှစ်ခြမ်းခွဲပါ။ပြီးရင် ဂျဲလ်ကို ထုတ်ပြီး ဇွန်း(သို့) ခရင်းနဲ့ ခြစ်ထုတ်ပါ။ ပြီးရင်တော့ မျက်နှာမှာ […]

အလှပရေးရာ

အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေရင် လုပ်သာကြည့်လိုက်ပါ

အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေရင် လုပ်သာကြည့်လိုက်ပါ ဆံပင်တွေပြန်နက်ကုန်ပြီးတဲ့ ဆံဖြူသူတို့ ဆံကေသာပြန်မနက်တော့ဘူးဆိုရင် စိတ်တွေပဲထိုင်ညစ်မနေပါနဲ့…နည်းလမ်းလေးရှိပါ တယ်…ပင်ကိုယ်ဗီဇအနက်ရောင်ရှိတဲ့ နတ်သစ်ရွက်ကဦးဆောင် သွားမှာပါ။ အဲ့ဒါက လက်ဖက်ခြောက်ပါပဲ လက်ဖက်ခြောက်ကို မီးနဲ့ကျွတ်အောင်လှော်ပါ။ နောက်တစ်ခုကသိပ်အရေးကြီးတဲ့ ကြိတ်မှန်ရွက်ကို သိဖို့လိုပါတယ်။ ဆံပင်ပြန်နက်ဖို့သူ့ရဲ့အကူအညီကလည်း လိုတာကိုး။ကြိတ်မှန်ရွက်က မသိလို့သာရှား တာပါ။အလေ့ကျလမ်းဘေးပေါက်တာပဲ။   ကြိတ်မှန်ရွက်ကို နေရိပ်မှာလှန်း ခြောက်ရင် လက်ဖက်ခြောက်အလှော်မှုန့်(၃)ဆ၊ကြိတ်မှန်ရွက် အခြောက်မှုန့်(၁)ဆကို အုန်းဆီစစ်စစ်နဲ့ ရောဖျော်ပြီး နေတိုင်းလိမ်းပေး။ (မပျစ်မကျဲအုန်းဆီစစ်စစ်နှင့်စပ်ပါရန်) ဆံပင်တွေပြန်နက်တာဟုတ်ပမလားတော့ မမေးနဲ့လက်ဖက်ခြောက်မှုန့်ရယ်၊ကြိတ်မှန်မှုန့်နဲ့ ရောစပ်ထားတဲ့ အုန်းဆီဆေးကိုက အမည်းရောင်လက်ကိုစွဲတော့တာ တစ်လနှစ်လစွဲစွဲမြဲမြဲသာလိမ်းကြည့်လိုက်..။   အဲ့ဒီဆေးခေါင်းလိမ်းဆီသုံးနေချိန်အာလူးစားရပါတယ်။ အာလူးကို သုပ်လိုက်၊ချက်လိုက်စားပေးရပါတယ်။အဟာရက လည်း ကောင်း၊ဆေးကလည်း ကောင်းဆိုရင် ဆံပင်တွေပြန်နက်လာမှာသေချာနေပါလိမ့်မယ်။ လုပ်သာလုပ်ကြည့်လိုက်ပါ…အံ့သြဖွယ်ဆံပင်နက် ဆေးပါ။အသက်အရွယ်နှင့်ဆိုင်မည်ထင်ပါသည်။အသက်အရွယ်ကြီးသူတို့အတွက် တော့ဆံပင်ပြန်ဖြူနိုင်မည်မထင်ပါ။ဆေးဆရာကြီး ဘိုးတော်သိန်းပေးသော ဆေးနည်းဖြစ်ပါသည်။   လူလောက၀ယ် မည်းရာကဖြူသွားတတ်သလို ဖြူရာက လည်းပြန်ပြီးမည်းနက် […]

အလှပရေးရာ

စိတ်ညစ်စရာကောင်းတဲ့ ဆားဝက်ခြံတွေကို ရှင်းထုတ်နိုင်မယ့် နည်းလမ်း (၈) ခု…။

စိတ်ညစ်စရာကောင်းတဲ့ ဆားဝက်ခြံတွေကို ရှင်းထုတ်နိုင်မယ့် နည်းလမ်း (၈) ခု… ဆားဝက်ခြံ (blackheads) ဆိုတာ ဘာလဲ? ဆားဝက်ခြံဆိုတာဟာ အဆီများ, အရေပြားဆဲလ်သေများ, ဆံပင်ပေါ်က keratinအလွှာများစသည်တို့က ချွေးပေါက်များအတွင်း သို့ ဝင်ရောက်ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။ ဆားဝက်ခြံများဟာ မျက်နှာပေါ်တွင်သာမက ကျောဘက်, နားရွက်နှင့် ချွေးပေါက်ရှိသော အခြားနေရာများပေါ်တွင်လဲ ဖြစ်ပေါ်နိုင်ပါတယ်။ Skin care အမျိုးမျိုး အသုံးပြုပေမယ့် ဆားဝက်ခြံတွေ ရှိနေသေးတယ် ဆိုသူတွေအတွက် အကုန်အကျသက်သာပြီး လွယ်ကူတဲ့ အောက်ပါနည်းလမ်းတွေကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် …။ (1) သံပရာသီး” သံပုရာသီးအရည်ဟာ ချွေးပေါက်တွေကို သိသာစွာ ကျဉ်းစေတဲ့အပြင် အသားအရေကိုသဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။ ဝက်ခြံပိုးတွေကို သေစေတဲ့အပြင် ဆဲလ်သေတွေကို ဖယ်ရှားပေးတာမို့ သံပုရာသီးကိုအသုံးပြုနိုင်ပါတယ်။ […]

အလှပရေးရာ

ပွေး၊ ညှင်း၊ တင်းတိတ်၊ တွေကို အထိရောက်ဆုံး နဲ့ အလွယ်ကူဆုံး မြန်မာ့ရိုးရာ သဘာဝ ပျောက်ဆေးနည်း

ပွေး၊ ညှင်း၊ တင်းတိတ်၊ တွေကို အထိရောက်ဆုံး မြန်မာ့ရိုးရာ သဘာဝ ပျောက်ဆေးနည်း ပွေး၊ ညှင်း၊ တင်းတိတ်၊ မြန်မာ့ရိုးရာ သဘာဝ ပျောက်ဆေးနည်း ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။ ဆေးနည်း ၁။ ကြက်သွန်နီ်ဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။ ၂။ ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့ ရောဖျော်ပါ။ ၃။ သင့်ရဲ့ပွေးကွက်၊ ညှင်းကွက်၊ တင်းတိတ်ကွက်၊ ဝက်ခြံဖုကို လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။ ၄။ ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီး အိပ်ပါ။ ငါးရက်လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေပါလိမ့်မယ်။ မူရင်းစာရေးသူ၏ အမှာစာ- မယုံမရှိပါနဲ့။ လက်တွေ့ပါ။ ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာ […]

အလှပရေးရာ

ဆံပင်ပါးတဲ့သူတွေအတွက် ဆံပင် အုံပိုထူစေမယ့် နည်းလမ်း (၈)ခု ..

ဆံပင်တွေပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပင် အုံပိုထူစေမယ့် နည်းလမ်း (၈)ခု” ဆံပင်ဟာ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေလိုပဲ အထူးဂရုစိုက်မှု လိုအပ်ပါတယ်။ ဆံပင်တွေပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပင်ကို ကျန်းမာသန်စွမ်းစေဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်မယ်နော် (၁) ကြက်ဥ ၊ဒိန်ချဉ်တို့ဖြင့် ပေါင်းတင်ပါ ဥတွေမှာ ပရိုတိန်း၊ ဘိုင်အိုတင်းနှင့် ဗီတာမင် B11 တို့ ကြွယ်ဝတာကြောင့် ပါးလွှာပြီး အဆီပြန်တဲ့ဆံပင်ကို သန်စွမ်းစေပါတယ်။ ကြက်ဥကို ဂရိဒိန်ချဉ်နှင့် ရောပါ။ ဆံပင်မှာလိမ်းပြီး တစ်နာရီလောက်ထားပါ။ ပြီးမှ ခေါင်းလျှာ်ပေးပါ။ (၂) gelatin အမှုန့်ကို essential oil နှင့်ရောပါ gelatin အမှုန့်မှာ ပရိုတင်းဓါတ်များစွာ ပါရှိပါတယ်။ ခွက် တစ်ဝက်လျှင် ပရိုတင်း၂ဂရမ်နီးပါး ထောက်ပံ့ပေးပါတယ်။ ပါးလွှာပြီး ပျက်စီးနေသောဆံပင်ကို ထူပြီးခိုင်မာစေဖို့ […]