အသိပညာ

အိမ်ထောင်တစ်ခုမှာ တစ်ယောက်က တုံးအ နေရပါမယ်

အိမ်ထောင် တစ်ခုမှာ ယောက်ျားကပဲ ဖြစ်ဖြစ် မိန်းမကပဲ ဖြစ်ဖြစ် တစ်ဦးဦးကတော့ တုံးအနေမှ ရေရှည် တည်မြဲတတ်ပါတယ် ။ နှစ်ယောက်စလုံး.. တော်နေ တတ်နေရင်တော့ အမြဲတမ်း အငြင်းအခုံတွေ အတိုက်အခံတွေနဲ့ အဆင်မပြေ ဖြစ်နေတတ်ပါတယ် ။ အချို့.. အိမ်ထောင်သည်တွေ ကျတော့လဲ နှစ်ဦးစလုံး တော်နေ ထက်နေ ကြပေမဲ့ တစ်ဦး တစ်ယောက်က အချင်ယောင် ဆောင်ပြီး နေပေးတတ် ကြတယ် ။ တစ်ခါတလေ.. နှစ်ယောက်စလုံးတောင် အ နေတတ်ကြသေးတယ် ။ တစ်ကယ်တော့.. အဲ့ဒီလို နေတာဟာ သူတို့ မသိလို့ မတတ်လို့ မပြောနိုင်လို့.. မဟုတ်ပါဘူး ။ အိမ်ထောင်တစ်ခု မိသားစုတစ်စု သာယာအောင် မပျက်စီးအောင် အဓိက ဦးစားပေးပြီး သူတို့ရဲ့ […]

အသိပညာ

အမပီသတဲ့လူကို စော်ကားရင် အမိကို စော်ကားသလိုပဲဆိုတာ မမေ့ပါနဲ့

အမကြီးဆိုတာ အမေပြီးတဲ့နောက် ပထမဆုံးခိုဝင်ရတဲ့ ရင်ခွင်တစ်ခုဆိုလဲ မမှားပါဘူး ဒုတိယမြောက် မိခင်လို့ ခေါင်းစဉ်တပ်လို့တောင် ရပါတယ် အကြိမ်ကြိမ် ချော့သိပ်ခဲ့ဖူးတဲ့ လက်တစ်စုံကို သူပိုင်တယ် ။အနစ်နာခံတတ်တဲ့ နူးညံ့တဲ့ နှလုံးသားတစ်စုံ သူပိုင်တယ် ။အငယ်တွေအတွက်ဆိုပြီး ဦးစားပေးတတ်တဲ့ ကြင်နာမှုလေး သူပိုင်တယ် ။ အငယ်တွေအကြောင်းကို မိဘတွေပြီးရင် နားအလည်နိုင်ဆုံးသူဟာ အမကြီးပါအငယ်တွေ ဆိုးသမျှကို ခေါင်းခံရတဲ့သူဟာ အမကြီးပါ အမကြီးဆိုတာ သူရဲ့ဖြစ်တည်မှုထပ် အငယ်တွေရဲ့ရပ်တည်မှုကို အရင် ဦးစားပေးတွေးရတဲ့သူပါ လိုအပ်လာတဲ့အခါ မိဘတွေ တန်းတူ မိဘတွေနဲ့အတူ ရုန်းကန်နေကြတဲ့သူတွေဟာလဲ အမကြီးတွေပါ ။အမကြီးက အမကြီး ပီသရင် ပီသသလို အမိ ဖြစ်လာပါတယ် အငယ်တွေအတွက် တိုင်ပင်ဖော် တိုင်ပင်ဖက် နွေးထွေးလုံခြုံတဲ့ ခိုလှုံရာ ဖြစ်လာတတ်တယ် တချို့ဆို အငယ်တွေအတွက် ငဲ့ရင်း […]

အသိပညာ

အကယ်၍ ကျွန်မယောက်ျားသာ အငယ်အနှောင်း တွေ့နေခဲ့ရင် …

အကယ်၍ ကျွန်မယောက်ျားသာ အငယ်အနှောင်း တွေ့နေခဲ့ရင် ဟိုမယားငယ်မလဲ ပါးမရိုက်ဘူး။ ကိုယ့်ယောက်ျားလဲ ဘာမှမလုပ်ဘူး။ ကိုယ့်ခွန်အားကို သူတို့ ကို ရိုက်နှက် မသုံးတော့ဘူး။ တခုလတ်မ ဘဝနဲ့ မနက်ဖြန်တွေကို ကျော်ဖြတ်ဖို့ ခွန်အား ချန်ထားလိုက်တော့မယ်။ ကွာရှင်းခွင့်ပဲ တောင်းလိုက်မယ်။ အပျော်အပါးမယားပဲ ရှုပ်ရှုပ်.. သာယာလို့ နောက်မယားပဲ တွေ့တွေ့ ။ အဓိကက ကာယကံရှင် ကိုယ့်ယောကျာ်းက တရားခံပဲ။ အဲမိန်းကလေးကရော လက်ခံရက်လို့ လက်ခံရင် သူ့ဘဝနဲ့သူ သွားလိမ့်မယ်။ ကျွန်မ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ ဝဋ်ဆိုတာ လက်ခံတယ်။ တောင်းပန်ပါတယ် နောက်မလုပ်ပါဘူး ဆိုပီး ပြန်လာပြောလဲ ကျွန်မတို့ မိန်းမတွေသာ မှားခဲ့ရင် ရှင်တို့ ယောက်ျား လက်ခံနိုင်မလားပဲ မေးချင်တယ်။ ကိုယ်တွေမိန်းမ ရွံတာထက် သူတို့ယောကျာ်း […]

အသိပညာ

ဖောက်ပြန်ခြင်းဆိုတာ ဗီဇနဲ့ပဲ ဆိုင်တာပါ

ဖောက်ပြန်ခြင်းဆိုတာ ဗီဇနဲ့ပဲ ဆိုင်တာပါ ။ ယောက်ျားနဲ့ မိန်းမ ဘယ်သူက ပိုပြီး ဖောက်ပြန်တတ်သလဲလို့ မတွေးနဲ့ … ဖောက်ပြန်ခြင်းဆိုတာ ဖိုမ သဘာဝနဲ့ မဆိုင်ဘူး တကယ်ေ တာ့ ဗီဇနဲ့ပဲ ဆိုင်တာပါ ။ ဖောက်ပြန်တတ်တဲ့ ဗီဇပါလာတဲ့သူက နီးတာဝေးတာတွေ မဆိုင်ပဲ ဖောက်ပြန်မြဲ ဖောက်ပြန်တတ်ပါတယ် ။ ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်ရင်တော့ ပြင်လာမှာပါဆိုပြီး အမှားတွေကို အမှန်ပြင်စေချင်နေတာလား အဲ့လောက်မလွယ်တတ်ဘူးနော် ။ တစ်ခါ ဖောက်ပြန်ဖူးတဲ့သူက နောက်တစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ်အခါခါ ဖောက်ပြန်နေဖို့ ၀န်မလေးတတ်ကြဘူးလေ ။ ကိုယ် ခွင့်လွှတ်လိုက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင် နောက်တစ်ကြိမ်နာကျင်ဖို့ … လမ်းဖွင့်ပေးလိုက်သလိုပဲ ဖြစ်သွားတာပါ ။ ဘာလို့ ဖောက်ပြန်ရတာလဲဆိုတဲ့ မေးခွန်းမျိုးတွေလဲ မတွေးနဲ့ … […]

အသိပညာ

နောင်ဘဝ အတွက်ဆိုပြီးကျိကျိတက် ချမ်းသာတဲ့ ဘုန်းကြီးကျောင်း တွေကို အခုထိ သိန်းချီ လှူနေတုန်းလား

နောင်ဘဝ အတွက်ဆိုပြီးကျိကျိတက် ချမ်းသာတဲ့ ဘုန်းကြီးကျောင်း တွေကို အခုထိ သိန်းချီ လှူနေတုန်း ပြောတဲ့သူကို နင်က ဒိဌိတဲ့ ဘုန်းကြီးစီးတဲ့ကားက ကိုယ့်ထက်မြင့်တယ် အခု နိုင်ငံမှာ ဒုက္ခရောက်တဲ့သူတွေ အများကြီး သူတို့ကိုဦးစားပေးလှူပါလား ပြောတော့ ရန်ဖြစ်ရတယ် မြန်မာနိုင်ငံမှာ အဲသလိုလူတွေက တပုံတပင် နိုင်ငံအေးချမ်းရင်ကျဆုံးသွားတဲ့ မိသားစုထဲက ကလေး ၂ ယောက်ကို အလုပ်ရတဲ့အထိ ပညာသင်ပေးမယ် တလောက ဝမ်းကွဲအမတွေက လာ စည်းရုံးတယ်. အဖိုးရဲ့အဖေလက်ထက်ကလှူခဲ့တဲ့ဘုရားဆိုလားနှစ်တွေကြာတော့ ရင်ကွဲသွားတယ်တဲ့…. အဲဒီမှာပြင်ရမယ် ရွှေချရမယ်ငါးကျပ်သားလောက် ကုန်မယ်ပေါ့လေ… အမေက တိုက်ရိုက် မပြောပေမယ့်ပြင်စေချင်တဲ့သဘောမှာရှိတယ်…. ကျမကတော့ ပြောလိုက်တယ် ရှင်းရှင်းလေးတူလေး တစ်ယောက်ရှိတယ်..ခြောက်တန်းတောမှာ ကျောင်းနေတယ်… နွေရာသီ ကျောင်းပိတ်တဲ့အချိန်Summer School ရန်ကုန်မှာ ခေါ်ထားပါလား. တနှစ် ဆယ်သိန်းလောက် ကုန်မယ်… […]

အသိပညာ

ဘဝမှာအများဆုံး ကြုံတွေ့နေရတာကတော့ ဟန်ဆောင် လိမ်ညာခြင်းတွေပါပဲ

ဘဝမှာအများဆုံး ကြုံတွေ့နေရတာကတော့ ဟန်ဆောင် လိမ်ညာခြင်းတွေပါပဲ မသိတာကို သိသလိုလိုနဲ့ ဟန်ဆောင်တတ်တဲ့သူတွေရှိသလို မတတ်တာကို တတ်သလိုလိုနဲ့ ပညာပြချင်တဲ့သူတွေ ရှိတတ်တယ် အထင်ကြီးခံရဖို့ ဟန်ဆောင် လိမ်ညာ ဖုံကွယ် ဝတ်ဆင်နေရတဲ့သူတွေနဲ့ အပေါင်းအသင်းဆံ့ဖို့အတွက် ဟန်ဆောင်အပြုံးတွေ ပွင့်ပြနေတဲ့သူတွေလည်း အများကြီးပါပဲ ချစ်ဟန်ဆောင်ပြီး အနိုင်ပိုင်းသွားတဲ့ သူတွေရှိသလို ပြုံးဟန်ဆောင်ပြီး နောက်ကွယ်ရာ မဲ့မဲ့သွားတဲ့သူတွေလည်း ရှိတတ်တယ် ကိုယ်အချီးအမွှမ်းခံရဖို့အတွက် ကိုယ်နေရာ တနေရာရဖို့အတွက် ကိုယ်ကောင်းစားဖို့အတွက် ဟန်ဆောင်ပြီးရိုသေပြ ဟန်ဆောင်ပြီးခင်မင်ပြတဲ့သူတွေလည်း ရှိနေတုန်းပါပဲ မိတ်ဆွေ အပေါင်းအသင်းတွေကြား ဆွေမျိုးညီအကို မောင်နှမများကြား ချစ်သူ ရည်းစားကြားတွေမှာလည်း ဟန်ဆောင်မှုတွေနဲ့ ဆက်ဆံနေကြတုန်းဆိုတာ တွေ့နေရတုန်းပါပဲ တကယ်တော့ ဟန်ဆောင်နေရတဲ့ အလုပ်တွေဆိုတာ လောကမှာ စိတ် အပင်ပမ်းဆုံးသော အလုပ်တွေပါ. .. ကိုယ့်လိပ်ပြာ ကိုယ် မလုံတဲ့လုပ်ရပ်တွေပါ တချို့က […]

အသိပညာ

သင်ကံေကာင်း ချင်တယ်ဆိုရင် ကျင့်ကြံနေထိုင်သင့်တဲ့ နည်းလမ်း (၇) မျိုး

သင်ကံေကာင်း ချင်တယ်ဆိုရင် ကျင့်ကြံနေထိုင်သင့်တဲ့ နည်းလမ်း (၇) မျိုး ပစ္စုပ္ပန်မှာပဲကိုယ့်စိတ်ကို နှစ်ထားပါ သင့်မှာရှိတာ ပစ္စုပ္ပန်တခုထဲဆိုတာ မမေ့ပါနဲ့ အတိတ်ဆိုတာ ပြီးသွားပြီ … ။ အနာဂတ်ဆိုတာ မရေရာတာတွေနဲ့ မရောက်လာသေးပါဘူး …. ။ သင့်လက်ရှိ ပစ္စုပ္ပန်ကိုပြောင်းလဲနိုင်မှ သင့်ဘဝကို ပြောင်း လဲနိုင်မှာပဲ ဖြစ်ပါတယ် … ။ 2. Show kindness တပါးသူကို မေတ္တာထားပါ အများအကျိုးရှိမှာလုပ်ပါ …. ။ ကိုယ်တယော က်ထဲ ကောင်းစားသွားမယ့် လမ်းမရွေးပါနဲ့ … ။ 3. Express gratitude ဘယ်လောက်ပဲ ဘဝဟာဆိုးနေနေ ကိုယ့်အပေါ်ကျေးဇူးရှိဖူးတွေ ရှိစအမြဲပါပဲ … ။ ဒီလူတွေနဲ့ အဆက်အသွယ်လုပ်ပါ ကျေးဇူးတင်ကြောင်းပြသပေးပါ …. […]

အသိပညာ

တကယ်က အိမ်ဆိုတာထက် အမေ့ကို ပိုပြီးလွမ်းတာပါ

အိမ်ကို လွမ်းတယ် အမေ လို့သာ အော်လိုက်တာပါ တကယ်က အိမ်ဆိုတာထက် အမေ့ကို ပိုပြီးလွမ်းတာပါ လူတွေက နီးလွန်းရင် မမြင်တတ်ဘူးဆိုတာ တကယ် မှန်တယ် အမေ သမီးလဲ အမေ့ရဲ့ စေတနာတွေ မေတ္တာတွေကို အလုံးစုံမမြင်နိုင်ခဲ့ဘူး အဝေးကြီးကို ရောက်တော့မှ သမီးမှာ တန်ဖိုးတွေ သိလာရတာ အမေကြော်ကျွေးတဲ့ ကန်စွန်းရွက်ကြော်လေးပဲ ဖြစ်ဖြစ် ငပိရည်လေးပဲဖြစ်ဖြစ် ဒီတစ်ခါပြန်လာဖြစ်ရင် ဘာတစ်ခုမှ ဂျီးမများတော့ဘူး အမေချက်ကျွေးတဲ့ ဟင်းမှန်သမျှ အကုန်စားမှာ အဝေးမှာ ဘယ်လောက်စားကောင်းသောက်ကောင်းတွေပဲ ဖြစ်ဖြစ် အမေချက်တဲ့ ဟင်းတွေလောက် သမီးအရသာမတွေ့ဘူး ခေါက်ဆွဲပြုတ်နဲ့ တစ်နှပ်ပြီးခဲ့တဲ့ရက်တွေ ကြက်ဥကြော်နဲ့ တစ်နှပ် ပြီးခဲ့တဲ့ရက်တွေမှာ အိမ်က ထမင်းဝိုင်းလေးကိုလဲ ပြန်ပြီးလွမ်းတတ်လာခဲ့တယ်အမေကလဲ ဒီအရွယ်ကြီးရောက်နေပြီ စိတ်ပူနေတုန်းဆိုပြီး စိတ်ဆိုးခဲ့မိတာတွေအတွက်လဲ သမီးနောင်တတွေရနေပါပြီ အခု သမီးရောက်တဲ့အရပ်မှာ […]

အသိပညာ

ငါ့အားနဲ့ ဖြစ်တဲ့ဆန် ထမင်း မင်းတို့ ဝမ်းတွင်း ငါ့အသားနဲ့ရော သွင်းတာ ချိုရဲ့လား သခင်

မင်းတို့ရဲ့သားချော ဆိုင်ကယ် စီးဖို့ ငါ့အသားကိုလှီး ငါ့အရည်ကိုလှန်ခဲ့တယ်။မင်းခြေဖဝါးကဆူးမင်းထွင်ပြီး ထုတ်နေချိန် ငါ့ခွာကြားကဆူး ခွါသာထပ်ဖြစ်ခဲ့တယ်။လူ့ဘုံနဲ့ တိရစ္ဆာန်ဘုံဟာဘာများကွာခြားသလဲမင်းလက်ကကြိမ်လုံးနဲ့ ငါ့ကျောကုန်းပေါ် တစ်သားထဲကျခဲ့ ငါလဲနာ တတ်တယ်သခင်။ ငါ့နှာသီးဖျားထဲဝါးချွန်နဲ့ ထိုးသွင်းတုန်းကမင်း ကလဲအံတွေကြိတ် ငါလဲပဲမျက်လုံးကိုမှိတ် အံကိုကြိတ် မင်းကထုရတဲ့ “တူ” ငါကခံရတဲ့ “ပေ ”အသည်းလှိုက်အောင်နာကျင်နေလဲ ငါဘာများတတ်နိုင်မှာလဲသခင်။ မင်းတို့ကျွန်ဖြစ်တဲ့အဆုံးတော့ နွံနစ်တော့ လဲ ရုန်းရတာပဲမဟုတ်လား။ငါနေမကောင်းဖြစ်ချိန် ကြိမ်လုံးနဲ့ရိုက် နှာဖားကြိုးဆောင့်ဆွဲအမြှီး ကို လိမ်ခေါက်မင်းတို့တုတ်တွေနဲ့ ငါ့ကိုရိုက်တယ်။ ’မထ’တဲ့အဆုံးငါ့ကျောပေါ်ထမ်းရွက်ခြောက်တင်ပြီး မီးနဲ့ရှို့ဗိုက်ထဲကငါ့ကလေးတောင် မျက်ရည်ကျလောက်တယ်။သေချာတယ်မင်းတို့ သိပ်ကြောက်တဲ့ ငရဲဘုံဟာငါအတွက်တော့ မင်းနေနေတဲ့ ဒီလူ့ဘုံပဲသခင်။ ကျေးဇူးတရားဆိုတာ မင်းကပိုသိပါတယ်သခင်။ ငါ့ခန္ဓာကိုယ်ဟာမင်းတို့အတွက် မစင် ထိတိုင်အကျိုးရှိပါတယ်။နွေအခါမှာ လယ်ထဲမင်း နဲ့ငါအတူတူ လယ်ထွန်တယ်။မင်းမောလို့သစ်ပင်အောက် ပြေးနားတဲ့အချိန် ငါ့အတွက်အရိပ်ဆိုတာ ငါ့ ပုခုံးပေါ်က ထန်းပိုးပဲရှိပါတယ် သခင်။ဆောင်းအခါမှာ စောင်အထူကြီးတွေ […]

အသိပညာ

သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်ပါသလား?

သီလရှင်ကို အမျိုးသားတွေ ရှိခိုးသင့်ပါသလား? “သီလရှင်” စတင် ဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းကို အရင် သိထားဖို့ လိုအပ်ပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော် အခါကာလမှာ မိထွေးတော် ဂေါတမီကို အကြောင်းပြုပြီး “အမျိုးသမီး သာသနာ” စတင်ပေါ်ထွန်းခဲ့ပါတယ်။ စာလိုပေလိုတော့ “ဘိက္ခူနီ သာသနာ” လို့ ခေါ်တာပေါ့။ အဲဒီ သာသနာဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ပြီး နှစ်ပေါင်း ငါးရာလောက်မှာပဲ အပြီးတိုင် ပျောက်ကွယ်ခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အမျိုးသမီးတွေ မြတ်စွာဘုရားရဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ထိန်းသိမ်းနိုင်သူ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်နိုင်စွမ်း ရှိသူတွေ မပေါ်ထွန်းတော့လို့ပါပဲ။ မြန်မာနိုင်ငံတွင် သာသနာနှစ် ( ၉၀၀-၁၄၀၀ )အတွင်းမှာ အမျိုးသမီးတွေ သာသနာတွင်း ဝင်ရောက်လာခြင်းမှ စ၍ ” […]