ၾကားသိရသမွ်
နန်းထိုက်အောင်ဘယ်လိုကမလဲ ပန်ဆယ်လိုပြောပြီ
နန်းထိုက်အောင်စစ်ဆင်ရေးက ရန်ကုန်တစ်ခုတည်း မဟုတ်ဘူး။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်က မြို့ပြစစ်ဒေသတွေ အကုန်ပါဝင်တယ်။ ရှေ့ရက် ရန်ကုန်မှာ ခပ်စိပ်စိပ်လှုပ်ရှားခဲ့ပြီး မနေ့က ထားဝယ်မှာ နန်းထိုက်အောင်တို့ ပွဲကတယ်။ Project NAN HTIKE AUNG ကအထောက်အပံ့တွေ အကုန်ရောက်တဲ့အချိန် ပိုမြိုင်လာဦးမှာ။ လူကြမ်းတွေ လဲရင်ကြိုက်လားဆိုတဲ့ Project NAN HTIKE AUNG မှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းက လူကြမ်းတွေလဲဖို့ ဝင်တွန်းနိုင်ခဲ့တဲ့လက်တွေပဲ။ အမှည့်ခြွေ ခြွေမယ်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ။ ပန်ဆယ်လို နန်းထိုက်အောင်စစ်ဆင်ရေးက ရန်ကုန်တစ်ခုတည်း မဟုတ်ဘူး။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်က မြို့ပြစစ်ဒေသတွေ အကုန်ပါဝင်တယ်။ ရှေ့ရက် ရန်ကုန်မှာ ခပ်စိပ်စိပ်လှုပ်ရှားခဲ့ပြီး မနေ့က ထားဝယ်မှာ နန်းထိုက်အောင်တို့ ပွဲကတယ်။ Project NAN HTIKE AUNG ကအထောက်အပံ့တွေ အကုန်ရောက်တဲ့အချိန် […]
ၾကားသိရသမွ်
ပြည်သူတွေဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ ဗဟိုဘဏ် ဥက္ကဌပြောပြီးနောက် ဒေါ်လာဈေးကျပ်၂၅၀၀ အထိတက်လာ
ပြည်သူတွေဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ ဗဟိုဘဏ် ဥက္ကဌပြောပြီးနောက်နေ့ဒေါ်လာဈေးကျပ်၂၅၀၀ အထိတက်လာ “စီးပွားရေးဖွံ့ဖြိုးရေး အတွက် အရေးကြီးသည့် ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေးမူဝါဒများကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဘဏ်များအားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း၍ ဆောင်ရွက် ပေးခြင်းကြောင့် ပြည်သူများအကြား ဘဏ်အသုံးပြုမှုပိုမိုများလာပြီး ဘဏ်လုပ်ငန်း စနစ်အပေါ်ယုံကြည်မှုတိုးတက်တည်ဆောက်နိုင်ခဲ့ပြီ” လို့ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်း က ဇူလိုင် ၁၈ ရက်နေ့တုန်းက နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များမှ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပွဲမှာ ပြောတာပါ။ ပြည်သူတွေ ဘဏ်အသုံးပြုမှု ပိုများလာကာ ဘဏ်စနစ်အပေါ်ယုံကြည်မှု တိုးလာပြီလို့ ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်းကပြောကြားလိုက်ပြန်ပါပြီ။ ယင်းကဲ့သို့ ဗဟိုဘဏ်ဥက္ကဌနဲ့ ပြည်တွင်းဘဏ်တွေက တာဝန်ရှိသူတွေ တွေ့ဆုံအပြီး ဇူလိုင် ၁၉ ရက်နေ့မှာတော့ ဈေးကွက်အတွင်း […]
ၾကားသိရသမွ်
တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ
မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည် ရန်ကုန်၊ ဇူလိုင် ၂၀ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ကာတာ ဆက်သွယ်ရေးကုမ္ပဏီ Ooredoo (ORDS.QA) သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ရှယ်ယာများကို ရောင်းချရေး ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။ အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက သူ၏ ရှယ်ယာများအားလုံးကို ရောင်းချရန် စစ်ကောင်စီ ဆက်သွယ်ရေးလုပ်ငန်းထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဒိုဟာအခြေစိုက် Ooredoo သည် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် သုံးစွဲသူပေါင်း ၁၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး အော်ပရေတာဖြစ်ကြောင်း သိရှိရသည်။ အော်ရီဒူးကုမ္ပဏီကို ဝယ်ယူရန် အလားအလာရှိသူများတွင် Young Investment Group၊ စင်ကာပူအခြေစိုက် အော်ပရေတာ Campana Group နှင့် SkyNet […]
ၾကားသိရသမွ်
သားသမီးကိုချစ်ရင်… သိန်းငှက်မကြီးလိုဘဲ အကြိမ်ကြိမ်အခါခါ တွန်းချလိုက်ပါ…
သားသမီးကိုချစ်ရင်… သိန်းငှက်မကြီးလိုဘဲ အကြိမ်ကြိမ်အခါခါ တွန်းချလိုက်ပါ… တစ်ခါတုန်းက သိန်းငှက်မတစ်ကောင်ရှိတယ်။ သူမဟာ… ဥ ဥဖို့အတွက် တောင်ပေါ်မှာ ပေါက်တဲ့သစ်ပင်ရှာတယ်။ အဲဒီ သစ်ပင်ထဲမှာတောင် အမြင့်ဆုံး သစ်ပင်ပေါ်မှာ အသိုက်ကိုဆောက်တယ်။ ပထမတော့… အသိုက်ကို ကြီးတဲ့ သစ်ကိုင်း သစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ်။ အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်။ နောက်တော့… သူမရဲ့ အမွှေးနုတွေကို နူတ်သီးနဲ့ ဆွဲနူတ်ပြီး ထည့်တယ်။ နောက်တော့ အဲဒီ အပေါ်မှာ ဥကို ဥလိုက်ပါတယ်။ ဥက မျာများ မဥပါဘူး။ တစ်လုံး နှစ်လုံး ပါပဲ။ အဲဒီ ဥပေါ်မှာ သိန်းငှက်မကြီးက ဝပ်တယ်။ အချိန်တန်တော့လည်း… ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာပါတယ်။ သိန်းငှက်မကြီးက ငယ်သေးတဲ့ သိန်းငှက်ကလေးတွေအတွက်… အစာရှာကျွေးပါတယ်။ သိန်းငှက်ကလေးတွေ […]
ကြားသိရသမျှ
ပြည်မြို့မှာ နေထီးဆောင်းမှုဖြစ် နိမိတ်တဘောင်များကြောင့် အများပြည်သူစိတ်ဝင်စားနေ
ပြည်မြို့မှာ နေထီးဆောင်းမှုဖြစ် နိမိတ်တဘောင်များကြောင့် အများပြည်သူစိတ်ဝင်စားနေ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့မှာ နေထီးဆောင်း (နေအိမ်ဖွဲ့)မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ပြီး ရှေးဖြစ်ဟောနိမိတ်တဘောင်များကြောင့် အများပြည်သူစိတ်ဝင်စားမှု မြင့်တက်နေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်ကတည်းက စတင်ဖြစ်ပေါ်နေတာဖြစ်ပြီး မြို့လယ်ကောင် နေရာများကနေ ထင်ရှားစွာမြင်ရတယ်လို့ ဆိုကြပါတယ်။ “မနက် ဆယ်နာရီကျော်ကျော်လောက်ကတည်းက စသတိထားမိတာ။ ဖြစ်နေတာတော့အကြာကြီးပဲ နိမိတ်တဘောင်အဟောတွေလည်းရှိတော့ လူတွေက စိတ်ဝင်စားနေကြတာ။ လူကြီးတွေကတော့ ပြောတယ် မင်းပြောင်းမင်းလွှဲတို့ စစ်မက်ဖြစ်တာတို့ ဖြစ်နိုင်တယ်တဲ့” လို့ မြို့ခံတဦးကမြေလတ်အသံကိုပြောပါတယ်။ အင်္ဂါနေ့ နေထီးဆောင်း(နေအိမ်ဖွဲ့) ပါက တပြည်ထောင်လုံး ကပ် ၃ ပါးကြောင့် လူအသေအပျောက်များနိုင်ပြီး မီးလောင်တာ၊ လေမုန်တိုင်းတိုက်တာ တွေဖြစ်တတ်ပြီး ၂၀၂၃ မတ်လ အထိ မကောင်းနိုင်သေးဘူးလို့ ဗေဒင်တွေက […]
ကြားသိရသမျှ
ချစ်သူကောင်လေးနဲ့ရန်ဖြစ်ပြီး စိတ်ညစ်ညစ်နဲ့တံတားပေါ်ကနေ ခုန်ချဖို့ပြင်နေသည့်မိန်းကလေးကြောင့် ရပ်ကွက်ထဲအလုပ်ရှုပ်သွားရ
ၾကားသိရသမွ်
တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်က ကလေးနှစ်ဦးရဲ့ ရင်နာဖွယ်ရာအဖြစ်…
တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်က ကလေးနှစ်ဦးရဲ့ ရင်နာဖွယ်ရာအဖြစ်… တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၆)၊ မြို့ရှောင်လမ်းဟောင်းအနီး မြေတူးထားရာ နေရာတွင် ယမန်နေ့ ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းက အမျိုးသမီးကလေးငယ် ၂ ဦး ရေ-နစ်tayဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ရေ-နစ် tay ဆုံးသူ မိန်းကလေးငယ် ၂ ဦးမှာ မနဒီဦး အသက် ၁၃ နှစ် နှင့် မဇင်သပြေဦး အသက် ၈ နှစ်တို့ဖြစ်ပြီး တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၆) အတွင်း နေထိုင်သူများဖြစ်ကြောင်း သိရသည်။ “မြေတူးစက်နဲ့တူးထားတဲ့နေရာက ရေကန်လိုဖြစ်နေတာပေါ့။ အနက်က လူ ၂ ရပ်စာလောက်ရှိတယ်။ မိုးရွာတော့ အဲဒီနေရာမှာ ရေပြည့်နေတာ။ ကလေးတွေက ရေချိုးဖို့လုပ်ရင်း […]
ကြားသိရသမျှ
ၾကားသိရသမွ်
pdf က ပြည်သူတွေကို ရိုက်တယ်ဆိုပြီးဂယက်ထနေတဲ့ video ကိစ္စသတင်းမှန်လေးပြောပါရစေ….. B
pdf က ပြည်သူတွေကို ရိုက်တယ်ဆိုပြီးဂယက်ထနေတဲ့ video ကိစ္စသတင်းမှန်လေးပြောပါရစေ….. B ဒီ video ကိစ္စ ဂယက်ထနေလို့ သတင်းမှန်လေးပြောပါရစေ ထို video file ဖြစ်စဉ်က ရွှေဘိုနယ် ငါးတင်းကြီးရွာမှာ လွန်ခဲ့တဲ့ တစ်လကျော် နှစ်လကျော်လောက်က ဖြစ်ခဲ့တဲ့ video မှတ်တမ်းဖိုင်ဖြစ်ပြီး၊ အကြမ်းဖက်စစ်တပ်ဘက်က meeရှို့လို့ အလုံးစုံနီးပါး ပျက်စီးသွားတဲ့ရွာဘက်ကို အခြားရွာဘက်က နယ်ခံတွေက ဒန်အိုးပေါက်တွေ သံတိုသံစတွေ အသုံးပြုလို့ရနိုင်သေးတဲ့ အကြွင်းအကျန်တွေကို အောက်ဈေးနဲ့ဝယ်ဖို့ သွားရောက်ကြတဲ့ ရွာသူရွာသားတွေဖြစ်ပြီး၊ ထိုရွာသားတွေကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အပြစ်ပေးတဲ့သဘောနဲ့ တစ်ယောက် (၃)ချက်စီရိုက်ပြီး ပြန်လွှတ်ပေးတဲ့ ကေ့စ်ပါ။ ပြီးတော့ တချို့တေ ရေးနေ ပြေနေကြသလို ရှေးဟောင်းပစ္စည်းတွေ တူးဖော်တာကို တိုးတိုးတိတ်တိတ် မတူးဖော်ပဲ လိုင်းပေါ်တင်ပြီးဖွလို့ စခတွေ […]
ကြားသိရသမျှ
သမိုင်းဘူတာဈေးမှာ ဈေးဝယ်သွားရာကနေ ပျဉ်းမနားကိုရောက်ရှိနေတဲ့ အဒေါ်ကြီးရဲ့ အံ့သြထိတ်လန့်ဖွယ်အဖြစ်
မေကြီး ပျောက်ဆုံးခဲ့စဉ်က ဖြစ်စဉ်ကိုရှင်းပြပါ့မယ်။ မေကြီးက ၂၀၂၀ ခုနှစ် ၂ လပိုင်း ၁၆ ရက်နေ့ညနေက သမိုင်းဘူတာဈေးမှဈေးဝယ်ပြီး အိမ်သို့အပြန် နံပါတ် ၁၅ ကားပေါ်မတက်ခင်မှာ အမျိုးသမီးတစ်ဦးက ဒူးနာနေလို့ သူ့ကိုကားပေါ်တွဲတင်ပေးဖို့ အကူအညီတောင်းပါတယ်။ ကားပေါ်မှာ ဘေးချင်းကပ်နေရာရပြီး သမိုင်းလမ်းဆုံနားလောက်အရောက်မှာ မေကြီးကို “အစ်မ ခေါင်းမူးနေလား… ဒီမှာရှူဆေး” ဆိုပြီး နှာခေါင်းနားကို လက်ကလာပြီးတို့ပါတယ်။ မေကြီးက ချိုချိုအီအီအနံ့ကြီးရလို့ ချက်ချင်းပုတ်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန် နောက်ပိုင်းကစပြီး ဘာဖြစ်တယ်ဆိုတာကို မမှတ်မိပါဘူး။ နောက်နေ့မနက်ဝေလီဝေလင်းလောက်မှာ ပျဉ်းမနားဘူတာရုံရောက်နေတယ်ဆိုပြီး အနားကသူတွေလာနှိုးမှ သတိဝင်လာပါတယ်။ ပျဉ်းမနားက ကန်ဦး မဟာစည်ဘုန်းကြီးကျောင်းမှာ တည်းခိုပြီး တပတ်အကြာမှာ အိမ်နဲ့ အဆက်အသွယ်ပြန်ရပြီး ပျဉ်းမနားကနေ ရန်ကုန်နေအိမ်ကို ပြန်ရောက်နေပါပြီ။ ဖုန်းနဲ့ ပိုက်ဆံ ၁ သိန်းခွဲနီးပါးပါသွားပါတယ်။ […]