ၾကားသိရသမွ်
ရန်ကုန်-မန္တလေး အမြန်လမ်းမှ မရပ်သင့်သောနေရာ မနားသင့်သောနေရာ မစားသင့်သောနေရာ မပေါက်သင့်သောနေရာများ
ဒီနေရာလေးကိုသိကြလား ။ဒီနေရာလေးက အမြန်လမ်း ၁၃၅ မိုင်မှာရှိတဲ့ အလယ်ကျွန်းမှာပေါက်နေတဲ့ ထန်းညီနောင်ပါပဲ အဲ့ဒီနားရောက်ရင် ကားရပ်ပြီးသေးပေါက် တာမလုပ်ပါနဲ့ လုပ်တော့ဘာဖြစ်လဲကွာဆိုရင် စမ်းကြည့်လိုက်လေ။ ကားကိုအနားပေးချင်လို့ခဏရပ်မယ်ဆိုရင်လည်း သင့်ကားပေါ်မှာ အညှီအဟောက် အစားအသောက်တွေမပါပါစေနှင့် ။ အထူးသဖြင့်ညဘက် မရပ်နားသင့်ပါ ။ 259 မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အခန့်မသင့်လျင် နွားခလောက်သံ ခြူသံတွေကြားရတတ်တယ်။ အဲဒီနားမှာလည်း မနားသင့် သေးမပေါက်သင့်ပါဘူး ။ ကိုယ်တွေ့တွေရှိပါတယ် ။တံတားဘေးနားတွေမှာနားရင် သတိနဲ့နားပါ ။ တချို့က အိမ်ကထည့်လာတဲ့ထမင်းဟင်းကို အမြန်လမ်းဘေးကသစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ် ။ နေ့နေ့ညည ပရလောကသားတွေ ဟာ အမြန်လမ်းတလျောက်မှာ ရှိနေကြပါတယ် ။ လူဟာ သူတို့ထက်မြင့်ပါတယ်။ ဒါပေမည့် အမှားမလုပ်မိစေနဲ့ပေါ့ ခွင့်လွှတ်ခြင်း ဆိုတာသူတို့မှာမရှိဘူး ။ မယုံရင်စမ်းကြည့်လိုက် သင်ကံနိမ့်နေပြီဆိုရင်တော့…ဟုတ်ကဲ့ […]
ၾကားသိရသမွ်
သီတင်းကျွတ်မှာ ပြန်မဆုံစည်းနိုင်တဲ့မိသားစုများ
ၾကားသိရသမွ်
ယောင်္ကျားနိုင်တဲ့နည်းလမ္း (၆) ခု…
၁ ။ Dating လာလုပ်တိုင်း ခေါင်းမညိတ်ပါနဲ့ အရမ်းတွေ့ချင် နေတယ် ဆိုတောင်မှ စိတ်ကိုလျှော့ အရုပ်ကိုဘဲ ၂ ဆတိုးပြီး အသဲယားပစ်လိုက် အပြစ်ပုံချ အာဘွားပေးလိုက်။ လူတွေက လွယ်တဲ့အရာဆို တန်ဘိုးထားကြတာမှ မဟုတ်တာ။ ခက်ပေ့ ဆိုတာကိုမှ ကိုးကွယ်ချင်တဲ့ အမျိုးလေ။ အဲ့တော့.. ချိန်းတိုင်း ငြင်းလိုက်ပါ ။ ၁၀ ကွေ့ ၁ ကွေ့လောက်ဘဲ လက်ခံလိုက်ပါ။ တန်ဖိုးကို သူနားလည် သွားလိမ့်မယ် ၂ ။ နည်းနည်းချင်းဘဲ ချစ်ပြပါ ဟတ်ဟတ်ထိုး ကြွေတဲ့အထာနဲ့ အသေအလဲ ချစ်ပြလိုက်ရင် တစ်ချိန်ချိန်မှာ သင် ချောင်ထိုးခံရ ပါလိမ့်မယ်။ မာန်တက်သွားတာ အကြောပြောင်သွားတာ မြင်ရပါလိမ့်မယ်။ အဲ့ဒီတော့.. ချစ်နေခဲ့ရင်တောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး မချစ်သလိုနေ […]
ၾကားသိရသမွ်
စိတ်ဆတ်တဲ့ A သွေးလေးတွေရဲ့ လူတွေမသိတဲ့ အတွင်းစိတ်များ
A သွေးလေးတွေဟာ သွေးအမျိုးအစားတွေထဲမှာ အလျှို့ဝှက်ဆုံးသွေးအမျိုးအစား ဖြစ်ပါတယ်။ အပြင်ပန်းမာကြောတယ်လို့ထင်ရပေမယ့် တကယ်တမ်းအတွင်းစိတ်အရမ်း နူးညံ့တဲ့ A သွေးလေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ် (၁) အေသွေးလေးတွေဟာ အရမ်းကိုပွင့်လင်းတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် မသိတဲ့သူတွေက သူတို့ကို ဒေါသကြီးပြီး အပေါက်ဆိုးတယ်လို့ ထင်တတ်ကြပါတယ်။ အမှန်ကတော့ ပွင့်လင်းလို့ဖြစ်ပါတယ်။ (၂) အေသွေးလေးတွေဟာ လူကြားထဲမှာ ထင်ပေါ်ချင်တဲ့သူတွေ မဟုတ်ပါဘူး။ တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာကို သဘောကျတဲ့သူတွေပါ။ (၃) အေသွေးလေးတွေဟာ လွတ်လပ်မှုကို အရမ်း တန်ဖိုးထားတဲ့သူတွေဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေ၊ လွတ်လွတ်လပ်လပ်ပြောဆိုချင်တဲ့သူတွေဖြစ်ပါတယ်။ (၄) အေသွေးလေးတွေဟာ စိတ်မထင်ရင် မထင်သလိုလုပ်တတ်တဲ့သူတွေဖြစ်တာကြောင့် စိတ်ထားမကောင်းဘူးလို့ အထင်ခံရတတ်ပေမယ့်တကယ်တမ်းကတော့ စိတ်ကောင်းအရမ်းရှိတဲ့သူတွေပါ။ (၅) အေသွေးလေးတွေဟာ အရမ်းလျှို့ဝှက်ပါတယ်။ ခံစားချက်တွေကို ထုတ်ပြတတ်တဲ့သူတွေမဟုတ်ပါဘူး။ ဒါကြောင့် တစ်ခါတလေကျရင် သူတို့ရဲ့ ခံစားချက်ကိုနားလည်ဖို့ ခက်ပါတယ်။ (၆) […]
ၾကားသိရသမွ်
ထောင်က လွတ်လာသူတွေကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးမှုတွေ ရှိနေ (ရုပ်/သံ)
ထောင်က လွတ်လာသူတွေကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးမှုတွေ ရှိနေ (ရုပ်/သံ) အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူတွေ စိတ်နှလုံးအေးချမ်းစေဖို့ နိုင်ငံရေး အကျဉ်းသား ၅၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် အကျဉ်းထောင် အသီးသီး ကနေ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားတွေကို နာရီပိုင်းအတွင်းမှာပဲ ပြန်လည်ဖမ်းဆီးမှုတွေ ရှိနေပါတယ် အောက်တိုဘာ ၁၈ ရက်က အင်းစိန်အကျဉ်းထောင်၊ မိထ္ထီလာ အကျဉ်းထောင်၊ မြင်းခြံအကျဉ်းထောင်နဲ့ မြစ်ကြီးနား အကျဉ်းထောင်တို့က လွတ်မြောက်လာသူတွေထဲက လွှတ်တော် ကိုယ်စားလှယ်တဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ် စစ်ကောင်စီဟာ ကလေးမီးဖွားထားတာ လပိုင်းသာ ရှိသေးတဲ့ နို့တိုက်မိခင် မပိုးပြည့်သူကိုလည်း အောက်တိုဘာ ၁၉ […]
ကြားသိရသမျှ
ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေတဲ့ရွာ
zawgyi ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေတဲ့ရွာ အဲဒီ ရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ ပေ အထိ ရှိတယ်လို့သိရပါတယ်။ အမျိုးသမီးတွေအတွက် ဆံပင်ဆိုတာ အရေးကြီးတဲ့ အရာပါ။ အမျိုးသမီးအများစုအနေနဲ့ ဆံပင်ရှည်ထားရခြင်းကို နှစ်သက်မြတ်နိုးလေ့ ရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ဆံပင်အရှည်ဆုံး အမျိုးသမီးတွေနေထိုင်တဲ့ ရွာကတော့ တရုတ်နိုင်ငံမှာရှိတဲ့ Huangluo Yao ဆိုတဲ့ ကျေးရွာပဲဖြစ်ပါတယ်။ အဲဒီရွာမှာ နေထိုင်တဲ့ လူမျိုးစုတွေကတော့ ဆံပင်ရှည်ထားခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါကြောင့်လည်း အဲဒီရွာမှာ နေထိုင်တဲ့ မိသားစု ၆၀ လောက်က ဆံပင်အရှည်ထားလေ့ ရှိကြပါတယ်။ အဲဒီ ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဆံပင်အရှည်က ၃ ပေကနေ ၆ […]
ကြားသိရသမျှ
ဖလမ်းမြို့က ဒုဗိုလ်တစ်ယောက် တပ်ရံပုံငွေသိန်း (၂၀၀) နဲ့အတူ မိန်းမပါ ခိုးပြေး ….
ဖလမ်းမြို့က ဒုဗိုလ်တစ်ယောက် တပ်ရံပုံငွေသိန်း (၂၀၀) နဲ့အတူ မိန်းမပါ ခိုးပြေး ချင်းပြည်နယ်၊ ဖလမ်းမြို့ ခလရ (၂၆၈)တပ်ရင်းက တပ်ရင်းရေးရာမှူး ဒုဗိုလ် ရဲရင့်သူဟာ မနေ့အောက်တိုဘာ ၁၉ ရက်နေ့လည် ၁၂ လောက်က မြို့နယ်ရဲစခန်းမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်က တပ်ရံပုံငွေ သိန်း (၂၀၀)ကျော်ကိုထုတ်ပြီးနောက် မိန်းမကိုတခါထဲခိုးပြေးကာ ထွက်ပြေးကြတယ်လို့သတင်းရရှိပါတယ်။ ဖလမ်းမြို့ ဒေသခံတစ်ဦးက “ဘဏ်က ရဲစခန်းမှာပြောင်းရွေ့လာတာကြာပြီ။ အဲ့မှာသွားထုတ်တာ။ တပ်ရံပုံငွေ သိန်း (၈၀၀)လောက်ရှိတယ်။ အဲ့ထဲက သိန်း ၂၀၀ ကျော်နဲ့ထွက်ပြေးတာ။ သူ့ဆိုင်ကယ်ကို ဖလမ်းအထွက် ကျင်မွှာလ်ရပ်ကွက်မှာတွေ့ကြတယ်။ ကျနော်ထင်တာကတော့ သူ့မိန်းမရဲ့ ဆိုင်ကယ် ဒါမှမဟုတ် ကားနဲ့ပြေးကြတာနေမယ်။ လက်နက်တော့မပါဘူးလို့သိရတယ်” လို့ပြောပါတယ်။ တပ်ကထွက်ပြေးလာတဲ့ ဒုဗိုလ်ဟာ နယ်စပ်မှာရှိတဲ့ ချင်းကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်လာတာမရှိသေးဘူးလို့လည်းသိရတယ်။ Unicode ဖလမျးမွို့က […]
ၾကားသိရသမွ်
အခုလိုသီတင်းကျွတ်မှာ အဖေနဲ့အမေကိုကန်တော့ချင်တယ်ဆိုပြီး စိတ်မကောင်းစွာပြောလာတဲ့ ထားထက်ထက်
အရင်နှစ်တွေကနဲ့ လုံးဝ မတူတဲ့ ခံစားချက် ပေါင်းစုံ နဲ့ အဆိုးဆုံး နှစ်တနှစ်လို့ ခံစားရတယ် နေ့စဉ်ကန်တော့တယ် ဆိုပေမယ့် ဒီလိုနေ့မျိုးမှာ နှစ်စဉ် မောင်နှမတွေ စုံစုံညီညီ နဲ့ မိဘ နှစ်ပါး စုံ ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကန်တော့ကြ ၊ မုန့်တွေ လုပ်စားကြ ၊ မီးပန်းတွေ ဖောက်ကြ နဲ့ သိပ်ပျော်စရာကောင်းတဲ့ အချိန်တွေပေါ့ မှတ်မှတ်ရရ အမအကြီးဆုံးနဲ့ အတူတူ အိမ် ဆောက်လက်စ ရဲ့ အပေါ်ဆုံးထပ်မှာ မီးရှူးမီးပန်းအကြီးကြီးတွေကို ဖောက်ကြလို့ ရုံးခန်းရောက်ခဲ့ရတာတွေ ၊ ခြံထဲ မှာ အဖေ အမေတို့နဲ့ အတူတူ မီးထွန်း ၊ ငရဲမီးဆော့ခဲ့တာတွေ မေ့မရနိုင်တဲ့ အမှတ်တရတွေပါပဲနောက် ဘယ်တော့မှ ပြန်မရနိုင်မယ့် အမှတ်တရတွေ […]
ၾကားသိရသမွ်
စူပါမန်းလို ဆိုင်ကယ်မောင်းတဲ့သူရဲ့ အဖြစ်ဆိုး (ရုပ်သံ)
စူပါမန်းလို ဆိုင်ကယ်မောင်းတဲ့သူရဲ့ အဖြစ်ဆိုး (ရုပ်သံ) ဘယ်နေရာမှာမဆို လုံခြုံရေးကို ဦးစားပေးတာက အကောင်းဆုံးပါပဲ။ မိမိအသက်လောက်လဲ ဘယ်အရာမှ အရေးမကြီးပါဘူး။ နေရာတကာမှာ လူထင်ကြီးခံရဖို့ထက် မိမိအသက် လုံခြုံရေးကိုသာ ဦးစားပေးသင့်ပါတယ်။မလေးရှားနိုင်ငံက လူငယ်တစ်ယောက်ဟာ stunt ထွင်စီးရင်း ဂငယ်ကွေ့ ကွေ့လာတဲ့ ကားတစ်စီးနဲ့ Pasir Tumboh လမ်းဆုံမှာ တိုက်မိသွားပါတယ်။ သူဟာ အရှိန်မထိန်းနိုင်တော့ပဲ ကားနဲ့တိုက်မိသွားတာပါ။ စိတ်မကောင်းစွာနဲ့ပဲ လူငယ်ဟာ တိုက်မိတဲ့အရှိန် ပြင်းလွန်းတာကြောင့် သေဆုံးသွားပါတယ်။ ဒါကိုလဲ အမှတ်မထင် ရိုက်ကူးမိသွားတဲ့ လူလဲရှိပါတယ်။ဆိုင်ကယ်စီးရင် ဦးထုပ်ကို ဆောင်းသင့်ပါတယ်။ ဦးထုပ်ဟာ သင့်အသက်နဲ့ ခေါင်းကို အများကြီး အကာအကွယ်ပေးနိုင်ပါတယ်။ Pasir Tumboh မီးသတ်နှင့် ကယ်ဆယ်ရေးဋ္ဌာနအကြီးအကဲ Taraff Mohd Bin Zachariah ရဲ့ ပြောဆိုချက်အရကတော့ […]
ၾကားသိရသမွ်
ဗဟိုဘဏ်က မသိချင်ယောင်ဆောင်ထားတဲ့ ပုဂ္ဂလိက ဘဏ်တွေရဲ့ လူပါးဝအမြတ်ကြီးစားနေမှုကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ဖွင့်ချ
ပုဂ္ဂလိက (AD) ဘဏ်တွေမှာ မြန်မာကျပ်ငွေဘီလီယံနဲ့ချီပြီး ငွေသားတွေလက်ခံရရှိနေပေမဲ့ ဘဏ်လုပ်ငန်းရှင်တွေဟာ ပြည်သူတွေ အပ်နှံ ထားတဲ့ငွေတွေကို အလွယ် တကူပြန်ထုတ်မပေးဘဲ လူထုဆီက ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ကိုင်နေတယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာ ဏာသိမ်းပြီးနောက် လူထုက ဘဏ်တွေမှာ စုဆောင်းထားတဲ့ မိမိပိုင်ငွေကြေးတွေ ဆုံးရှုံးမှာစိုးရိမ်တဲ့အတွက် ငွေထုတ်ယူမှုရှိလာတာကို အကြောင်းပြုပြီး ဘဏ်ပိုင်ရှင် တွေက နည်းမျိုးစုံဖြင့် ကန့်သတ်မှုတွေ လုပ်လာခဲ့ပါ တယ်။စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း ဘဏ်တွေမှာ ပြည်သူပိုင်ငွေကြေးတွေ အလွယ် တကူထုတ်ယူခွင့်မရရှိအောင် ဘဏ် ပိုင်ရှင်တွေနဲ့ လက်ဝါးရိုက်ပြီး ထိန်းချုပ်ထားတာ အချိန်အားဖြင့် ၈ လတာ ကြာပြီဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားစီးဆင်းမှုမရှိလို့ ပြည်သူပိုင်ငွေကြေးတွေ ထုတ်မပေးနိုင်ဘူးဆိုတဲ့ […]