ပင်စင်လစာရတဲ့ငွေကို (၁၁) နှစ်တိတိ နေ့စဉ်မပြတ် သောက်ရေအိုးတွေထဲ ရေသန့်ဝယ်ပြီး လာရောက်လှူတန်းနေတဲ့ အဖွား ညောင်ဦးမြို့ တက်သိမ်းမြောက်ရွာမှာ နေတဲ့ အဖွားပါ။ ဆေးရုံအနီးအနားရှိ အများသောက်သုံးနိုင်ရန် သောက်ရေအိုးစင်လေးများကို နေ့စဉ်မပြတ် သောက်ရေလာရောက်လှူတန်းတာ ယနေ့ ၂၈-၁၁-၂၀၂၀ ရက်မှာ ၁၁နှစ်ပြည့်ခဲ့ပါပီ။ အဖွားဟာ သူ့အမျိုးသားမှရရှိသော ပင်စင်လစာ လေးများထဲမှ ရေသန့်လေးတွေကို တကူးတက ဝယ်ပီး ၇ ရက်သားသမီးများ သန့်ရှင်းစွာသောက်သုံးနိုင်ရန် ယခုလို ရေပုံးလေးနဲ့ လိုက်လံပီးရေအိုးစင်လေးတွေကို နေစဉ်ရေဖြည့်နေခြင်းဖြင့်ကုသိုလ်ယူနေတာ ဖြစ်ပါတယ်။ အဖွားရေ သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်ခင်မျ။ရေလှူခြင်းအကျိုးကျေးဇူးများစွာကို အဖွား ရရှိပီး သက်ရှည်ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ပါစေလို့ အားလုံးကိုယ်စား ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည် ခင်ဗျာ အဖွားရေ၊ ရေအကျိုးဆယ်ပါး အကျိုးများစေ ပေးငှဝေသည် ကောင်းကျိုးကိုယ်၌ တည်ပါစေ။ Zawgyi ပင်စင်လစာရတဲ့ငွေကို (၁၁) နှစ်တိတိ […]
ကြားသိရသမျှ
ကမ္ဘောဇလေကြောင်း လေယာဉ် ၃စီးကို ပျက်ကျစေဖို့ ကြံစည်မှု
“လေယာဉ်ပျက်ကျရန် ရည်ရွယ်ချက်ဖြင့် ပျံသန်းနှုန်းတိုင်းတာသည့် အပေါက်ကို သစ်ရွက်များထိုးထည့်မှု ပြည်တွင်းလေကြောင်းလိုင်း တခုတွင်ဖြစ်ပွား” ကမ္ဘောဇ လေကြောင်းလိုင်းမှ ATR72-600 လေယာဉ်အသစ်သုံးစီးတွင် လေယာဉ်ပျံသန်းနှုန်းတိုင်းတာသည့် အပေါက် ပီတိုကျု(Pitot Tube)အတွင်း သစ်ရွက်များသစ်ကိုင်းများထိုးထည့်ကာ လေယာဉ်ပျက်ကျရန်ရည်ရွယ်လုပ်ဆောင်မှုပြီးခဲ့သည့်အပတ်အတွင်းဖြစ်ပွားခဲ့ကြောင်း အဲကမ္ဘောဇမှသိရသည်။ လေယာဉ်ကွင်းမှ ပျံတက်ရန်၊ ကွင်းဆင်းရန် အမြန်နှုန်းကို ထိုအပေါက်မှ တိုင်းတာပြသသောကိန်းဂဏန်းဖြင့် တွက်ချက်ရသည်ဖြစ်ရာ တွက်ချက်မှု လွဲမှားပြီး လေယာဉ်များပျက်ကျရန်ရည်ရွယ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ သို့သော်လေယာဉ်မှူးများ ၏ အတွေ့အကြုံရင့်ကျက်မှု ကြောင့် လေယာဉ်သုံးစီးလုံး ဘေးမသီရန်မခ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်ခဲ့သူများကို စုံစမ်းဖော်ထုတ်နေကြောင်းသိရသည်။ The River News – Via From celefans.com Unicode “လေယာဉ်ပျက်ကျရန် ရည်ရွယ်ချက်ဖြင့် ပျံသန်းနှုန်းတိုင်းတာသည့် အပေါက်ကို […]
စားဝတ်နေရေးအတွက် ပင်လယ်ကိုဖြတ်ကူးကာ ရေထဲမှာ ရေခဲမုန့်လိုက်ရောင်းနေရတဲ့ ဦးလေးတစ်ဦး
ဖိလစ်ပိုင်နိုင်ငံမှာ ဆင်းရဲမွဲတေမှုက အလွန်အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီး ၎င်းပြဿနာကိုအပြီးသတ်နိုင်မဲ့နည်းလမ်းလည်း မရှိသေးပါဘူး။ ဆင်းရဲတဲ့ ဖိလစ်ပိုင်လူမျိုးများစွာဟာ အသက်မွေးရန်နှင့် ၎င်းတို့ရဲ့မိသားစုကိုထောက်ပံ့ရန်အတွက် တစ်ချိန်တည်းမှာပင် အလုပ်များစွာကို လုပ်ဆောင်ခဲ့ကြရပါတယ်။ ထိုအချက်များကြောင့် လမ်းများပေါ်မှာ ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများစွာကို တွေ့နိုင်ပါတယ်။ ၎င်းတို့ဟာ ငွေရှာရန်အတွက် ဘာမဆိုကိုရောင်းချကြတာက အံ့ဩစရာမရှိတော့ပေမဲ့လည်း ပင်လယ်ထဲမှာ ရေခဲမုန့်လိုက်ရောင်းတဲ့လူတစ်ယောက်ကိုတော့ သင်မြင်ဖူးပါသလား။ ပင်လယ်ရေထဲမှာ ရေခဲမုန့်ရောင်းတဲ့ အမျိုးသားတစ်ယောက်ရဲ့အကြောင်းကို အားလပ်ရက်မှာကမ်းခြေသို့သွားပြီး သူမရဲ့မိသားစုနှင့်အတူ အပန်းဖြေခဲ့တဲ့ Ann Hernandez အမည်ရှိ netizen တစ်ဦးက ပြန်လည်မျှဝေပေးခဲ့ပါတယ်။ Ann က သူမနှင့်သူမမိသားစုတို့ဟာ လှေပေါ်မှာနေပြီး အပန်းဖြေနေစဉ် အမျိုးသားတစ်ဦးက သေတ္တာတစ်လုံးနှင့်အတူ သူတို့ရဲ့လှေဆီသို့ ရေပစ်ကူးလာခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ Ann က ပထမမှာ အဆိုပါအမျိုးသားအား သူကိုယ်သူရေကူးနေတယ်လို့ဘဲ တွေးနေခဲ့ပေမယ့် သူမတို့အနီးနားသို့ ရောက်လာတော့မှ အဆိုပါအမျိုးသာက ရေခဲမုန့်ရောင်းနေခဲ့မှန်းကို […]
ယခုလို ထူးထူးခြားခြားအဖြစ်အပျက်လေးကတော့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ Lanh Binh Thang 11ရပ်ကွက်မှ ဟော်တယ်တစ်ခုတွင် ဖြစ်ပျက်ခဲ့တယ်ဖြစ်ပါတယ်။စုံတွဲတစ်တွဲဟာ ဟော်တယ်သို့ အနားယူရန်အတွက် လာရောက်ခဲ့ပြီး အိပ်စက်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်တွင် ကုတင်ဟာကျိုးကျသွားခဲ့သောကြောင့် ဟော်တယ်ပိုင်ရှင်မှ လျှော်ကြေးငွေတောင်းခံခဲ့တာဖြစ်ပါတယ်။စုံတွဲဟာလည်း ကုတင်လျှော်ကြေးပေးရန် ငွေကြေးမပါလာသောကြောင့် ပြသနာတွေနှင့် ဒုက္ခရောက်နေခဲ့ရပါတယ်။ စုံတွဲ၏ပြောစကားအရ ကုတင်ဟာ ဟောင်းနွမ်းနေပြီဖြစ်ပြီး ကုတင်တွင်ကပ်ထားသော တိပ်အချို့လည်း တွေ့ရှိရသဖြင့် ဟော်တယ်ပိုင်ရှင်ဟာ ငွေကြေးရယူရန် ကြိုးစားခဲ့တာဟုဆိုပါတယ်။ထိုအကြောင်းအရာများကို ကြားသိသောအခါ လူအချို့တို့ဟာလည်း စုံတွဲမှ အရှက်ပြေပြောဆိုခြင်းမျိုးဖြစ်ပြီး အချို့ကလည်း ဟော်တယ်ပိုင်ရှင်က ငွေရယူရန်ကြိုးစားတာလို့ ထင်ကြေးပေးနေကြပါတယ်။ Shoon (Cele Daily) Unicode ဟော်တယ်တစ်ခုတွင် သွားရောက်တည်းခိုစဥ် ကုတင်းကျိုးကျသွားသောကြောင့် ဟော်တယ်ပိုင်ရှင်မှ လျှော်ကြေးတောင်းရာ မပေးနိုင်သဖြင့် ဒုက္ခရောက်နေသည့် စုံတွဲ ယခုလို ထူးထူးခြားခြားအဖြစ်အပျက်လေးကတော့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ […]
လူတစ်ယောက်ရဲ့စရိုက်မှာ သူတို့လုပ်ရပ်အပြုအမူလေးတွေပေါ်မှာ မူတည်ကာ သိရှိနိုင်သည်။သို့ဖြစ်၍ တရုတ်နိုင်ငံမှ မီးရထားတစ်စီးတွင် လိုက်ပါစီးနင်းလာသော သားအမိနှစ်ယောက်မှ မိခင်ဖြစ်သူဧ။် လုပ်ရပ်ကိုကြည့်ပြီး ချီးမွမ်းခဲ့ကြသည်။ ရထားပေါ်တွင် လူတွေပြည့်နေပြီး ၃နှစ်အရွယ် သမီးလေးမှာ ကလေးတို့ဧ။် ထုံးစံတိုင်းအငြိမ်မနေပဲ အရာရာကို စူစမ်းချင်သည့်အတွက် ထိုင်ခုံပေါ်တွင် ဒူးထောက်လျက်နှင့် ပြတင်းပေါက်ဖက်ကို ငေးမောကြည့်နေခဲ့သည်။ ထိုစဉ် သမီးလေးဧ။် ညစ်ပေနေသော ဖိနပ်နှင့် အနားရှိမိန်းကလေးတစ်ဦးအား ကန်မိမည်ကို မိခင်ဖြစ်သူမှ တွေးမိပြီး သမီးလေးဧ။်ခြေထောက်ကိုလက်နှင့် ကိုင်ကာ မထိမိစေရန်ကာထားပေးခဲ့သည်။ အခြားသူများတွက် မတော်တဆဆိုပြီး ဖြစ်သွားမည့် အသေးအဖွဲကိစ္စလေးအား မိခင်ဖြစ်သူမှ စာနာစိတ်ထားကာ တစ်ဖက်သားအပေါ် မထိခိုက်စေချင်သည့် မြင်ကွင်းလေးမှာ ယဉ်ကျေးသောအပြုအမူကောင်းလေးတစ်ခုပင် ဖြစ်နေသည်။ Rain (For Ialinks) Unicode မီးရထားစီးနေစဥ် သမီးလေးဧ။် ညစ်ပတ်နေသောဖိနပ်မှာ နံဘေးရှိမိန်းကလေးကို သွားထိမိမည်စိုး၍ လက်လေးနှင့်ကာထားပေးသော […]
နှုတ်ဆက်ပွဲမှာ မက်ဆီ ငိုတုန်းက နှပ်သုတ်ခဲ့တဲ့ တစ်ရှုးကို ဒေါ်လာ ၁သန်း နဲ့ လေလံပစ်
မက်ဆီ ငိုတုန်းက နှပ်သုတ်ခဲ့တဲ့ တစ်ရှုးကို ဒေါ်လာ ၁သန်း နဲ့ လေလံပစ် မက်ဆီ ဘာစီလိုနာက ထွက်မယ်လုပ်တုန်းကနောက်ဆုံး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အချိန်မှာ ဝမ်းနည်းလွန်းလို့ ငိုမိတဲ့ ဗီဒီယိုဖိုင် ကို လူတိုင်းနီးပါး ကြည့်ဖူးပါတယ်။ သူက ပြောရင်း ဝမ်းနည်းလာလို့ မျက်ရည်တွေကျတဲ့ အခါ သူ့ရဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာရော်ကတ်ဇို က သူ့ကို မျက်ရည်တွေ နှပ်တွေသုတ်ဖို့အတွက် တစ်ရှုး တစ်ခု ထုတ်ပေးခဲ့ပါတယ်။ အခုတော့ အဲ့ဒိတစ်ရှုးက အွန်လိုင်းပေါ်မှာ ကန်ဒေါ်လာ ၁သန်း နဲ့ လေလံပစ်နေပါတယ်။ ဟီဘရူး လူမျိုးတွေရဲ့ အဆို တစ်ခုရှိပါတယ်။ လူတစ်ယောက်အတွက် အမှိုက်ဖြစ်ပေမဲ့ အခြားလူတစ်ယောက် အတွက် ရတနာဖြစ်သွားနိုင်ပါတယ်ဆိုတဲ့ အဆိုပါပဲ။ ဂျူးတွေက ကမ္ဘာ တစ်ဝှမ်းမှာ […]
အမျိုးသမီးတပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းရဲ့ ပြည်သူထံပေးစာ
အမျိုးသမီးစစ်သည်ရဲ့သတ္တိ အမျိုးသမီးတပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းရဲ့ ပြည်သူထံပေးစာပါ။ လက်ရှိမှာ တောတွင်းရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပထမတင်ထားတဲ့ ပို့စ်ဟာ Report ကြောင့် ပျက်သွားပါတယ်။ သူ့လိုအမျိုးသမီးတစ်ယောက်တောင် ရုန်းထွက်နိုင်ခဲ့ပါလျှက်… တပ်မတော်မှတ်တမ်းဌာမှ အမျိုးသမီးစစ်သည်တစ်ဦးသည် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ဘက်သို့ ရပ်တည်လာကြောင်း People’s Soldier မှ သတင်းထုတ်ပြန်သည်။ “အမျိုးသားစစ်သည်တွေက ပြည်သူ့ဘက်ရပ်တည်နေချိန်မှာ အမျိုးသမီးစစ်သည်က ရဲဝင့်စွာဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အခုအခါမှာတော့ တောတွင်းတစ်နေရာကို ရောက်ရှိနေပါပြီ” ဟု လည်းဖော်ပြထားသည်။ ကိုယ်ပိုင်အမှတ် မ ၄၉၃၃ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်း သည် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ဘက်မှ ရပ်တည်ခဲ့ခြင်းဖြစ်ကာ ၎င်းကိုယ်တိုင် လက်ရေးဖြင့် ရေးသားထားသည့် လက်ရေးစာကိုလည်း ထပ်မံဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။ အာဏာသိမ်းပြိးနောက်တွင် စစ်ကောင်စီ၏ လုပ်ရပ်များကို လက်မခံနိုင်သည့် စစ်သည်များ တပ်ကိုစွန့်ခွာ၍ ပြည်သူ့ဘက်သို့ […]
ဝယ်တာဝိတ်ဝိတ်ချန်ပီယံ Abbasov ၏ သတိပေးခြင်းကိုခံလိုက်ရတဲ့ အောင်လအန်ဆန်
ဝယ်တာဝိတ်ဝိတ်ချန်ပီယံ Abbasov ၏ သတိပေးခြင်းကိုခံလိုက်ရတဲ့ အောင်လအန်ဆန် One Championship ရဲ့ လက်ရှိ ဝယ်တာဝိတ်ချန်ပီယံ Abbasov ကတော့ဒီနေ့မှာ သူ့ရဲ့နောက်ပွဲတွေအကြောင်းနဲ့ပတ်သက်ပြီး ခုလိုဘဲ တင်ထားပါတယ်။ “မစ်ဒယ်ဝိတ်တန်းကဖိုက်တာတွေ ငါမင်းတို့ဆီလာပြီ” ဆိုပြီးသတ်ပေးစကားတစ်ခုကို သူ့ရဲ့ facebook ရော Instagram ရောမှာ တင်ထားခဲ့တာပါ။ သူ့ရဲ့လေ့ကျင့်နေတဲ့ ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရင်လည်း မစ်ဒယ်ဝိတ်တန်းကို တက်လာဖို့ ပြင်ဆင်နေပုံရပါတယ်။ Abbasov ဟာ သူဝယ်တာဝိတ်ချန်ပီယံဖြစ်ပြီး မကြာခင်မှာဘဲ မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လကို စိန်ခေါ်ခဲ့တာပါ။ ပွဲဖြစ်မဖြစ်ကိုတော့ ဆက်လက်တင်ပေးသွားပါမယ်။ #FightNews မူရင်းရေးသားသူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ။ ကူးယူမျှဝေခြင်းဖြစ်ပါသည်။ Unicode Version ဝယ်တာဝိတ်ဝိတ်ချန်ပီယံ Abbasov ၏ သတိပေးခြင်းကိုခံလိုက်ရတဲ့ အောင်လအန်ဆန် One Championship ရဲ့ လက်ရှိ […]
အောင်ဘာလေထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းပြီ
အောင်ဘာလေထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းပြီးဖြစ်လို့ လက်ကားဝယ်ရောင်းနေတဲ့ ထီလုပ်ငန်းရှင်ကြီးတွေအနေနဲ့ စစ်ကောင်စီထံကနေ အောင်ဘာလေထီလက်မှတ်တွေ ဝယ်ယူ၊ ရောင်းချ၊ ဖြန့်ဖြူးခြင်း မပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဩဂုတ် ၂၁ ရက်မှာ အထူးသတိပေး တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။ လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်သည့် ဥပဒေကို ဩဂုတ် ၆ ရက်က ပြင်ဆင် ပြဋ္ဌာန်းကာ “အောင်လံလွှင့်ချီ နွေဦးထီ”ကို ရောင်းချနေပြီဖြစ်လို့ လက်ကားထီလုပ်ငန်းရှင်ကြီး တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်လောင်းကစား ဖြစ်တဲ့ အောင်ဘာလေထီ လက်မှတ်တွေ ဝယ်ယူရောင်းချဖြန့်ဖြူးခြင်း မလုပ်ဖို့ တားမြစ်လိုက်တာပါ။ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ လည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ပြန်ထားပါတယ်။ NUG အစိုးရက အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး […]
မင်းတုန်းကမြို့က စိတ်မနှံ့သူတဦး၏ မီးရှို့မှုကြောင့် တိုင် ၁၀၀ ရှေးဘုန်းကြီးကျောင်း မီးရှို့ဖျက်ဆီးခံရ
မင်းတုန်းကမြို့က စိတ်မနှံ့သူတဦး၏ မီးရှို့မှုကြောင့် တိုင် ၁၀၀ ရှေးဘုန်းကြီးကျောင်း မီးရှို့ဖျက်ဆီးခံရ မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် ပန်းတောကျေးရွာ ရွာဟောင်းကကျွန်းတိုင်ပေါင်း ၁၀၀ ကျော်နဲ့ ရှေးကတည်းက တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းကျောင်းဒီကနေ့မနက် ၄နာရီခန့်က မီးရှို့ဖျက်ဆီးခံရတယ်လို့ သတင်းသိရှိရပါသည်။ မီးရှို့သူမှာ ပေါက်ကိုင်းရွာက စိတ်မနှံ့သူတဦးလို့ သိရပြီးပေါက်ကိုင်းက ယာတဲတလုံးငလှိုင်စမ်းရွာက တဲတလုံး ညဦးပိုင်းက မီးရှို့ပြီးမနက်ပိုင်း မှာ အဆိုပါ ရှေးဟောင်းကျောင်းဆောင်ကို မီးရှို့ခဲ့တာ လို့ဒေခံတဦးက ပြောပါတယ်။ မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ အနီးနားက ကျေးရွာနေ ပြည်သူတွေက စိတ်မနှံ့သူကိုတောနင်းရှာဖွေနေပေမဲ့ အခုညနေထိမတွေ့ရှိရသေးဘူးလို့ ဒေသံတွေက ပြောပါတယ်။အရင်ရက်တွေထဲက တောင်ယာတဲတွေ မီးရှို့တယ်ပြောတယ်။ အလေးမထားကြတော့ အခုရှေးဟောင်းအမွေအနှစ် နစ်နာပြီလေကိုယ့်ထိမှ သိကြရင်တော့ သိတဲ့အတိုင်းဘဲ လို့ အငြိမ်းစား ကျောင်းဆရာတဦးက ပြောပါတယ်။ပန်းတောကျေးရွာက သွားလာရေး […]