ညကကျန်နေတဲ့ ရေနွေးတွေကိုမနက်ရောက်ရင် သွန်ပစ်ပါ သောက်မိရင် အဆိပ်ထက်ပြင်းပါတယ်။ ၁။ ထမင်းစားပြီးရင် ရေနွေးတစ်ခွက်သောက်ပေးရပါတယ် ။ ၂။ ရေနွေးကို အအေးခံထားရင်ရေကျက်အေး ဖြစ်သွားပါတယ် ။ ပိုးမွှေးကင်းစင်ပြီး ဝမ်းကိုထိန်းစေပါတယ် ။ဝမ်းပျက်ဝမ်းလျှောကို ကာကွယ်စေပါတယ် ။ ၃။ နေ့ကျိုရင် နေ့သောက်ပါ ညကျို ရင် ညသောက်ပါ။ နေ့ကျိုတာကို ညသောက်ပြီးညကျိုတာကို နေ့သောက်မိ ရင်တေဇောဓာတ်ညံ့သွား၍ ဝမ်းချုပ်စေသည် ။ ၄။ ရေကျက်အေးကို ရေနွေးလုပ်လျှင်မသင့်အဆိပ်နှင့် တူပါတယ် ။ ၅။ ရေနွေး ကျိုချက်တဲ့အခါ ဆူပွက်ပြီးကျက်အောင်ကျိုပါ ။ ၆။ ကော်ဖိဖျော်ရင် ၆ နာရီအတွင်းကျိုချက်ထားတဲ့ ရေနွေးနဲ့ ဖျော်ပါ ။ ၇။ ဓာတ်ဘူထဲက ရေနွေးနဲ့ဖျော်ရင်၆ နာရီထက်ကျော်ပြီး လှောင်ထားတဲ့ရေနွေးကို မသုံးသင့်ပါ ။ […]
ကျမ္မာရေး ဗဟုသုတ
အပူချိန်မြင့်မားလာချိန်တွေမှာ သတိပြုရမည့် အချက်များ
အပူချိန်မြင့်မားလာချိန်တွေမှာ သတိပြုရမည့် အချက်များ အပူကြောင့်ဖြစ်ပေါ်တတ်သောရောဂါ ဝေဒနာများ နိဒါန်း လူများစွာတို့အတွက်နွေရာသီကာလဆိုတာကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ ခရီးသွားရက်၊ အပန်းဖြေရက် ဖြစ်ပါတယ်။ တနည်းပြောရပါက လေအေးပေးစက်များတပ်ဆင်ထားတဲ့ ရုံးခန်း၊ အိမ်ဧည့်ခန်းတွေထဲက ပင်နေပူထဲအထွက်များတဲ့ကာလဖြစ်ပါတယ်။ အဲဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထီတွေ့မှုများတဲ့ကာလ၊ အအေးဓါတ်သင့်တင့်အောင်မရှိတဲ့ ပတ်ဝန်းကျင မှာအနေများတဲ့ကာလဖြစ်ပါတယ်။ အဲဒီမှာ ပူပြင်းလွန်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့ အခါ လူအတော်များများမှာ နေရောင်ခြည်နဲ့ ဆက်စပ်တဲ့ဖျားနာမှုတွေကို ခံစားကြရပါတော့တယ်။ အပူဒဏ်ခံရမှုအပေါ်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှု နေပူထဲတွင်အလုပ်လုပ်ကြရသူများ၊ သွားလာနေထိုင်ကြသူများအနေနဲ့ အပူဒဏ်ခံစားရမှု အနည်း အများဟာ သဘာဝရေးရာအခြေအနေ(၄)မျိုးအပေါ်မှာမူတည်နေပါတယ်။ အဲဒါတွေကတော့ (၁) အပူချိန်၊ (၂)ရေငွေ့၊ (၃)အပူရှိန် နဲ့ လေတိုက်နှုန်း တို့ဖြစ်ကြပါတယ်။ အထူးသဖြင့် နှလုံးရောဂါရှိ သူများ၊ water pills ဆောင်ထားရသူများအနေနဲ့ အပူဒဏ်ခံစားရမှုဟာ ပိုမိုဆိုးဝါးတတ်ပါတယ်။ အမှန်တော့ […]
တပ်မတော်ထောက်ခံသူပါဟုလိမ်ညာပီး ကျွေးမွေးသောမုန့်ဟင်းခါးများစားပီးနောက် ရဲ ၅ဝကျော်ဝမ်းလျှေ
တပ်မတော်ထောက်ခံသူပါဟုလိမ်ညာပီး ကျွေးမွေးသောမုန့်ဟင်းခါးများစားပီးနောက် ရဲ ၅ဝကျော်ဝမ်းလျှော တပ်မတော်ထောက်ခံသူပါဟုလိမ်ညာပီး ကျွေးမွေးသောမုန့်ဟင်းခါးများစားပီးနောက် ရဲ၅၀ကျော် ဝမ်းလျှောဖြစ်စဉ်မှာ ယနေ့မနက် အစော ပိုင်း တွင်ဇင်ကမာလမ်း နှင့် ထူပါရုံလမ်းထောင့်စိန်သုံးလုံးမုန့်ဟင်းခါးသည်ဆိုင်ရှင်က မိမိကိုယ်ကိုတပ်မတော်ထောက်ခံ သူဟုဆိုကာ တာဝန်ကျ ရဲအရာရှိများ အား ငါးမုန့်ဟင်းခါးအိုးဘဲ ဉ ဖြင့်လာရောက်သုံးဆောင်ဖို့ဖိတ်ကာကျွေးမွေးခဲ့ပီးနောက် ဖိတ်ကာကျွေးမွေးခဲ့ပီးနောက်၊နောက်ထပ်ရဲအယောက်၅၀ကျော်စာအတွက်မုန့်ဟင်းခါးများပါဆယ်ထည့်ပေးလိုက်ရာစားသုံးမိသောရဲဝန်ထမ်းများမှာဝမ်းလျှောဝမ်း ပျက်ဖြစ်ကုန်သဖြင့်ထိုဆိုင်သို့ပြန်လည်သွားရောက်မေးမြန်းရာမှ ဆိုင်ပိတ်ထားသည်ကိုတွေ့ရှိရပီး ပိုင်ရှင်လည်းထွက်ပြေးသိမ်းရှောင်နေကြောင်းသိရပါတယ် ထိုဆိုင်အားရဲနှင့်စစ်သားများမှဖျက်ဆီးလိုက်ကြသည်ကိုအနီးရှိရပ်ကွက်နေပြည်သူများကလှုမှုကွန်ယက် ပေါ် တွင်ပြောဆိုဝေဖန်ခဲ့ကြပီး တာဝန်ကျရဲများ ဝေဒနာခံစားနေရသဖြင့် သကေတသို့တပ်ကူများစေလွှတ်ရသည်ဟုကြားသိ ရပါတယ် ဝမ်းလျှောဝမ်း ပျက်ခံ စား နေရသောရဲများမှာ အရေးပေါ်ဆေးရုံကြီးသို့သွားရာ တာဝန်ကျဆရာဝန်များCDMလုပ်နေသဖြင့် စစ်ဆေးရုံသို့လွှဲပြောင်းကုသခဲ့ရပါတယ်လို့ သာကေတဒုရဲအုပ် ကျော်ဇင်လတ်ကပြန် လည်ဖြေရှင်းခဲ့ပါတယ်။ဆက်လက်ပီး မုန့်ဟင်းခါးဆိုင်ပိုင်ရှင်အား ပုဒ်မ၅၀၅ ခ ဖြင့်သာကေတရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းကြားသိရပါတယ် Credit တပ်မတော်ထောက်ခံသူပါဟုလိမ်ညာပီး ကျွေးမွေးသောမုန့်ဟင်းခါးများစားပီးနောက် ရဲ၅၀ကျော် ဝမ်းလျှောဖြစ်စဉ်မှာ ယနေ့မနက် အစော […]
လက်သူကြွယ်နှင့် လက်ညိုးအရွယ်အစားက ပြောပြနေသော သင့်အကြောင်
လက်ဖ၀ါးပေါ်က လက်ချောင်းလေးတွေရဲ့အတိုအရှည်ကနေ လူတွေရဲ့စိတ်တစ်ချို့ကို ပြောပြနေတယ်ဆိုတာ သင်တို့သိပါသလား၊ အများကြီးတော့ကွက်တိမှန်နိုင်မယ်မထင်ပင်မဲ့အနည်းငယ်တော့ တူလိမ့်မယ်လို့ယုံပါတယ် ဘယ်လို လက်အတိုအရှည်ပုံစံတွေက ဘယ်လို စိတ်နေစိတ်ထားမျိုးလဲဆိုတာ ကြည့်လိုက်ရအောင် လက်သူကြွယ် က လက်ညိုးထက်ပိုရှည်တဲ့ လက်မျိုးကိုပိုင်ဆိုင်ထားရတဲ့သူတွေဟာ ချောတာထက်ဆွဲဆောင်မှုရှိပြီးလူချစ်လူခင်ပေါသူတွေပါ။ လူမှုပေါင်းသင်းဆက်ဆံရေးမှာသူတစ်ပါးတွေရဲ့စိတ်ကိုအကဲခက်တတ်တာကြောင့် လူချစ်များတတ်ကြပါတယ်။ စိတ်မြန်ပြီး စိတ်ဆတ်တတ်တဲ့အကျင့်လေးရှိတာကြောင့် လူအများအမြင်မှာဒေါသကြီးတယ်လို့တော့ထင်တတ်ကြပါတယ်။ ဒါပင်မဲ့မဟုတ်မခံစိတ်မျိုးလေးပါ။ ရည်မှန်းချက်တွေခိုင်မာပြီး အမြင့်ဆုံးဆိုတာတွေကိုမှန်းထားလေ့ရှိတတ်ကြပါတယ်။ စိတ်ကိုအကြာကြီးမညစ်တတ်ပဲ တစ်လမ်းမရရင် နောက်တစ်လမ်းဖောက်ဖို့တွေးနေတတ်ကြသူတွေပါ။ လက်ညိုးကလက်သူကြွယ်ထက်ပိုရှည်တဲ့သူတွေဟာ ခေါင်းဆောင်မှုအားကောင်းပြီးသူတစ်ပါးအပေါ်ကူညီဖေးမဖို့ဝါသနာပါသူတွေပါ။ ဦးဆောင်မှုအားပြင်းထန်လွန်းပြီး သူတစ်ပါးအပေါ်တင်းကြပ်ရင်းကနေ ဆရာလုပ်တယ်လို့အထင်ခံရတတ်ပါတယ်။ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကြား ကိုယ့် ကိုယ်ကိုယ်သိက္ခာကျစေမဲ့အပြုမူမျိုးကိုလုပ်လေ့မရှိတတ်ကြဘူး။ တစ်စုံတစ်ခုကိုပြုမူလုပ်ဆောင်မယ်လို့ရည်ရွှယ်လိုက်ရင်မလုပ်ခင်မပြောခင်ကတည်းက ဒီအလုပ်ကိုလုပ်ပြီးလို့ဖြစ်လာမဲ့အကျိုးရလာဒ်ကို ထည့်တွက်တတ်ကြတယ်။ ကောက်ခါငင်ကာထလုပ်တာမျိုးထက်စိတ်ထဲအကွက်ချစီစဉ်ပြီးမှ လုပ်တာမျိုးကိုပိုပြီးစိတ်အားထက်သန်ကြပါတယ်။ နှစ်ချောင်းလုံးကညီနေတဲ့သူတွေကတော့တရားမျှတမှုကိုလိုလားပြီး စိတ်အေးတဲ့သူတွေပါ။ ပေါင်းရသင်းရအရမ်းကောင်းပြီး စိတ်သဘောထားပြည့်ဝတယ်လို့ပြောရင်လည်းမမှားနိုင်ပါဘူး။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်ဆိုနှစ်ဆလောက်ပိုကောင်းတတ်ပြီး နားလည်မှုအပြည့်ရှိတဲ့သူမျိုးပါ။ ကိုယ့်ရဲ့အပြုမူကတစ်ဖက်သားကိုထိခိုက်ပြီးနစ်နာသွားစေတာမျိုးဖြစ်မှာကိုသိပ်ကြောက်ကြပါတယ်။ (လေးစားမှုဖြင့် ခရက်ဒစ်) Unicode လက်ဖဝါးပေါ်က လက်ချောင်းလေးတွေရဲ့အတိုအရှည်ကနေ လူတွေရဲ့စိတ်တစ်ချို့ကို ပြောပြနေတယ်ဆိုတာ […]
တစ်လအတွင်းမှာ တင်ပါးလေးကို လုံးဝန်းကျစ်လစ်သွားစေမယ့် လေ့ကျင့်ခန်း (၅)မျိုး
တစ်လအတွင်းမှာ တင်ပါးလေးကို လုံးဝန်းကျစ်လစ်သွားစေမယ့် လေ့ကျင့်ခန်း (၅) မျိုး ပျိုမေတို့ တင်ပါးလေးတွေ လှဖို့ ထိုင်ထလေ့ကျင့်ခန်းတစ်မျိုးပဲ လုပ်လို့ရတယ်လို့ မထင်ပါနဲ့နော်။ ထိုင်ထလုပ်ရတာ မကြိုက်တဲ့သူလေး တွေအတွက် တင်ပါးလေးတွေ လုံးဝန်းကျစ်လစ်လှပဖို့ လေ့ကျင့်ခန်းလွယ်လွယ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော် …. လေ့ကျင့်ခန်း (၁) ပုံထဲကလို လက်ဝါး၊ ဒူးနဲ့ ခြေဖမိုးတွေ ကြမ်းပြင်မှာ ထိထားတဲ့ပုံစံမျိုးနေပါ။ ခြေထောက်တစ်ဖက်ကို ဘေးဘက်ကို ဆန့်တန်းလိုက်ပြီး နဂို ပုံစံအတိုင်းနေပါ။ အဲ့ဒါကို ခြေထောက်တစ်ဖက်ကို (၁၀)ခေါက်စီ လုပ်ပေးရုံနဲ့ တင်ပါးဘေးဘက်မှာ ချိုင့်နေတဲ့နေရာတွေမှာ အသားပြည့်လာမှာပဲ ဖြစ်ပါတယ် ။ လေ့ကျင့်ခန်း (၂) ကြမ်းပြင်ပေါ်မှာ လက်ဝါးနှစ်ဖက်နဲ့ ခြေဖျားနှစ်ဖက်ကို ထောက်ထားပြီး ခန္ဓာကိုယ်က လေးကိုင်းပုံစံမျိုးနေပါ။ ခြေထောက်တစ်ဖက်ကို အနောက်ဘက် မြှှောက်နိုင်သလောက်မြှောက်ပေးပြီး နဂိုပုံစံအတိုင်းပြန်နေပေးပါဘယ်ညာ တလှည့်စီ […]
ညအိပ်မပျော်တဲ့ရက်များလာရင် သင့်ခန္ဒာကိုယ်ထဲမှာဖြစ်လာမယ့် ကြောက်မက်ဖွယ်ရာ ဆိုးကျိုးတွေ
လူတိုင်းလိုလိုဟာ ဘဝမှာ တစ်ခါတော့ ညအိပ်မပျော်ခြင်းကို ခံစားရတတ်ပါတယ်။ ညအိပ်မပျော်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများ စွာရှိပါတယ်။ ကမ္ဘာ့လူပေါင်းသန်း၆၀လောက်ဟာ နာတာရှည်ညအိပ်မပျော်ခြင်းကို ခံစားနေရတယ်လို့ဆိုပါတယ် ညအိပ်မပျော်ခြင်းဟာ ရက်အနည်းငယ်ကနေ နှစ်ရှည်လများအထိ ကြာမြင့်တတ်ပါတယ်။ ရေရှည်ညအိပ်မပျော်တဲ့အခါ ဘာတွေခံစားရမလဲ (1)အက်ဆီးဒန့်များကို ဖြစ်စေခြင်း အိပ်ရေးမဝသောကြောင့် စွမ်းအင်နည်းပါးပြီး နုံးခွေလာတတ်ပါတယ်။ထိုအခါ ကားတိုက်မှုများဖြစ်ပေါ်စေတာ သိကြမယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်အိပ်ငိုက်ခြင်းကြောင့် ဖြစိသော ကားတိုက်မှုပေါင်း ၁သိန်းကျော်နဲ့ သေဆုံး မှုပေါင်း ၇ထောင်ကျော် ရှိပါတ ယ် (2)ဉာဏစွမ်းရည်လျော့ကျခြင်း တွေးခေါ်ခြင်း၊သင်ယူခြင်းနဲ့ဆောင်ရွက်ခြင်းတို့အတွက် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။အိပိရေးပျက်ပေါင်းများပါက အာရုံမစိုက်နိုင်ခြင်း၊တ က်ကြွမှုမရှိခြင်း၊နဲ့ လုပ်ငန်းခွင်ပြဿနာများ ကြုံတွေ့ရတတ်ပါတယ် (3)ရောဂါဆိုးများ ဖြစ်ပေါ်စေခြင်း လေ့လာချက်များအရ ညအိပ်မပျော်သူ ၉၀ရာနှုန်းဟာ အောက်ပါ ရောဂါများကို ခံစားရတယ်လို့ဆိုပါတယ် ဆီးချိုရောဂါ နှလုံးတုန်ခြင်း သွေးတိုးခြင်း နှလုံးအားနည်းသောရောဂါ လေဖြတ်ခြင်း […]
ညဘက် အိပ်မပျော်သူများအတွက် ချက်ချင်းအိပ်ပျော်စေမည့် နည်းလမ်း (၆)ခု အရမ်းကောင်းလို့ လုပ်ကြည့်လိုက်တော့
ညဘက် အိပ်မပျော်သူများအတွက် ချက်ချင်းအိပ်ပျော်စေမည့် နည်းလမ်း (၆)ခု လူအနည်းစုက အိပ်ယာဝင်တာနဲ့ အိပ်ပျော်သွားတတ်ကြပါတယ်။ အာရုံကြော အဖွဲ့အစည်းတွေကို အနားပေးပြီး အေးအေးဆေးဆေးနဲ့ စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားနိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ၁။ ခြေကိုနံရံပေါ် မြှောက်တင်နည်း ခါးအောက်မှာ ခေါင်းအုံးတစ်လုံးကို ထားလိုက်ပါ။ ပြီးရင်တော့ ခြေဖနောင်နဲ့ ဒူးခေါင်းကို နံရံပေါ် ဆန့်ထားလိုက်ပါ။ လက်ကိုတော့ ခန္ဓာကိုယ်နဲ့ တပြေးညီထဲ ဆန့်ထားလိုက်ပါ။ ဒီပုံစံအတိုင်း ၂ မိနစ်ခန့်နေပါ။ ပြီးရင်တော့ ဒူးကိုဖြည်းဖြည်းချင်း ကွေးလိုက်ပါ။ ၂။ မှောက်နည်း ဗိုက်အောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး မှောက်ချလိုက်ပါ။ လက်သီးဆုပ်ပြီး ကျောအထက်မှာ ဆန့်ထားပါ။ ပြီးတော့ အသက်ပြင်းပြင်းရှူပါ။ ခြေဖနောင့်က လက်ကိုထိအောင် ကွေးပါ။ ပြီးတော့ နားပြီး အသက်ပြန်ရှူပါ။ ဒီလေ့ကျင့်ခန်းကို ၅ ကြိမ်ကနေ […]
ကျန်းမာလိုသူတိုင်း နှစ်၁၀၀ သီးကိုစားပါ
Hitotsubashi University ရဲ့ Kunitachi Campus မှာ ကမ္ဘာဦးပင် (Ginkgo) တွေကို လမ်းဘေးမှာ တန်းစီ စိုက်ထား ပါတယ်။ မြန်မာပြည်မှာ နှစ်တစ်ရာသီး လို့လဲ ခေါ်ပါတယ် (၁၀) မိနစ်လောက် ပြုတ် အအေးခံ အခွံနွှာ ဒညင်း သီး လို့ သဘောထားပြီး ငပိရေ နဲ့ အဝစား ပါတယ်။ နှမ်းဆီ နဲ့ ဆားဖြူး စားပြီး လဘက်ရည် ကြမ်း လေးနဲ့ သောက်ကြည့်ပါ ဆေးပညာမှာ ဘာတွေအသုံးကျလဲဆိုတော့ …. လေ့လာသိရှိရ သလောက် ကမ္ဘာဦးပင် (Ginkgo) အရွက်ထဲမှာ ဓာတု အမျိုးအစားပေါင်း ၄ဝကျော် ပါရှိပါတယ်..အဲဒီအထဲက Flavonoid (ဖလေ ဗိုးနွိုက်ဓာတ်) နဲ့ Terpenoids […]
ဖုန်းအသုံးများတဲ့ သူတိုင်းလုပ်ပေးသင့်တဲ့ မျက်စိအားကောင်းစေ တဲ့လေ့ကျင့်ခန်းများ
ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ အခုခေတ်မှာ လူတိုင်းလိုလို ဖုန်း၊ကွန်ပျူတာ အသုံးပြုကြပြီး မျက်စိကို တစ်ချိန်လုံး အနားမရအောင် ကြည့်နေကြပါတယ်။ screen အလင်းရောင်ကို တောက်လျှောက် ကြည့်နေတဲ့အခါ ရေရှည်မှာ မျက်စိကိုထိခိုက်လာစေပါတယ်။ screen အလင်းရောင် အကြည့်များလို့ ပင်ပန်းပြီး အားနည်းနေတဲ့ မျက်လုံးတွေကို သွေးလှည့် ပတ်မှုကောင်းစေပြီး အမြင်ကြည်လင်စေဖို့ နေ့စဉ်လုပ် ပေးသင့်တဲ့ မျက်လုံးလေ့ကျင့် ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ (၁) နှစ်မိနစ်မျက်တောင်ခတ်ခြင်း screen ကိုကြည့် တာများတဲ့အခါ မျက်တောင် ခတ်တဲ့အကြိမ်အရေ အတွက်နည်းပြီး မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်း၊ ကွန်ပျူတာကို ဆက်တိုက်ကြည့်ပြီး တဲ့အခါ နှစ်မိနစ်လောက်မျက်တောင်ခတ်ပေးပါ။ မျက်လုံးညောင်း ညာနေတာ ကိုပြေစေပြီး အမြင်ကြည်လင် စေပါတယ်။ (၂) မျက်နှာကျက် ကိုမော့ကြည့်ပြီး ဦးခေါင်းဘယ် […]
အိမ်မှာမစိုက်ပဲနဲ့တအားပေါက်နေတာ ရှုပ်လို့ဆိုပြီး နှုတ်ပစ်နေတာ အခုလိုအဖိုးတန်မှန်း မသိခဲ့ဘူး
အိမ်မှာမစိုက်ဘဲနဲ့တအားပေါက်နေတာ ရူပ်လို့ဆိုပြီး နူတ်ပစ်နေတာ အခုလိုအဖိုးတန်မှန်း မသိခဲ့ဘူး “ကျောက်သင်ပုန်းရွက်အစွမ်း အံ့မခမ်း” ဒါကတော့(Peperomia pellucida)ကျောက်သင်ပုန်းရွက်(သို့) နတ်သမီး ကွမ်းရွက်လို့ ခေါ်ပါတယ်။ ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။ ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidants ပါဝင်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် ဒီအပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။ ဆေးအဖြစ် အသုံပြုပုံများ- (၁) ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။ (၂) […]









