ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ လိုက်နာကြတဲ့ အချက် (၅) ချက် (1) ကိုယ်က အဖိုးတန်တာကို သိတယ် မိန်းကလေးတိုင်းက ကိုယ်က ဘယ်လောက် အဖိုးတန်တယ်ဆိုတာကို သိကြတာမျိုး မဟုတ်ပါဘူး။ တခြားသူတစ်ယောက် ရှိမှ ဘဝကို ရပ်တည်နိုင်တာမျိုးကို ကိုယ်က အဖိုးတန်မှန်း သိတဲ့သူတွေက မလုပ်ကြပါဘူး။ကိုယ်က တစ်စုံတစ်ယောက် မြတ်နိုးဖို့ ထိုက်တန်လို့ ခခယယ လုပ်တာမျိုးကို မလုပ်သလို ကိုယ့်ကို တန်ဖိုးကျစေအောင် လုပ်တဲ့သူတွေနားမှာ မနေတတ်ကြပါဘူး။ (2) ကိုယ့်ကိုယ်ကို အချိန်ပေးတယ် မိသားစုနဲ့ ချစ်သူ၊ သူငယ်ချင်းတွေကို အချိန်ပေးတာက ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာကို ပြသတဲ့ သဘော ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူတွေက ကိုယ့်အတွက်လည်း အချိန်ပေးတတ်ကြပါတယ်။တစ်ယောက်တည်း သက်တောင်သက်သာလေး […]
ဗဟုသုတ
“ကိုယ့်ဘဝမှာ ရှေ့ဆက်နိုင်ဖို့ လွှတ်ချခဲ့သင့်တဲ့ အရာ ၁၀ ခု”
နေ့စဉ်နဲ့အမျှတော့ ဘဝကို ဖြတ်သန်းနေကြရတယ်။ ရှေ့ဆက်နေရတယ်။ အချိန်တွေကို ရပ်တန့်လို့ မရသလို ဘဝကိုလည်း ခဏရွှေ့ဆိုင်းထားလို့ မရဘူး။ သို့သော်လည်း အချိန်တွေကသာ ရှေ့ကို သွားနေတာ ကိုယ့်ဘဝက တစ်နေရာရာမှာ ကျန်နေခဲ့တဲ့သူတွေ အများကြီးပါ။ အဲ့လိုလူတွေအတွက် အကြံပြုချက် ၁၀ ခုကို ပြောပြပေးချင်ပါတယ်။ ၁။ တခြားသူတွေရဲ့ အတွေးအမြင်ကို ကိုယ့်ဘဝအပေါ် လွှမ်းမိုးခွင့် ပေးထားခြင်း ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး ဆိုတာ မကောင်းသလို၊ သူများ ဘယ်လိုထင်မလဲလို့ အမြဲတမ်း ထည့်စဉ်းစားနေတာကလည်း ကိုယ့်ကို မပျော်မရွှင် ဖြစ်စေနိုင်ပါတယ်။ လောကမှာ လူတိုင်း ၁၀၀ % ထောက်ခံတာ ခံရသူရယ်လို့ ဘယ်သူမှ မရှိဘူး။ မကြိုက်တဲ့သူ ရှိတယ်။ မုန်းတဲ့သူတောင် ရှိမယ်။ ဒါကို […]
အိမ်ဆောက်နေတုန်းမှာ အုတ်ခဲတွေ လာတောင်းရင် မပေးလိုက်ပါနဲ့
ကျွန်တော့်ကားပျက် သွားလို့ ကားပြင်ဖို့ ဝပ်ရှော့ကို ပို့ထားလိုက်ရတယ်။ ဒါကြောင့် မြို့ပတ်ရထားစီးပြီး အလုပ်သွားဖို့ အိမ်နဲ့ သိပ်မဝေးတဲ့ ဘူတာရုံကို လမ်းလျှောက် သွားလိုက်တယ်။ ဘူတာရောက်တော့ ရထားလာဖို့ စောင့်နေတုန်း ဘူတာရုံ ပလက်ဖေါင်းပေါ်မှာ ခွက်လေးတစ်လုံး ရှေ့ချပြီး ငုတ်တုပ်လေး ထိုင်နေတဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်ကို သတိထားမိလိုက်ပါတယ် … ။ သူဟာ အဝတ်အစား နွမ်းနွမ်းပါးပါးကို ဝတ်ထားတယ်။ သူ့မျက်နှာမှာ ထမင်းအလွန် ဆာနေပုံ ပေါ်နေတယ်။ ဒါပေမဲ့ သူ့ရုပ်ရည်ဟာ သန့်ပြန့်လို့ သူတောင်းစားတစ်ယောက် မဟုတ် လောက်ဘူးလို့ ကျွန်တော်တွက်မိတယ်။ ကျွန်တော်လည်း သူ့ကို သနားတာနဲ့ ဘူတာရုံဘေးက ထမင်းတစ်ထုတ်ဝယ်ပြီး သူ့ဆီ သွားပေးလိုက်တယ်။ ဒီအချိန်မှာ ရထားဝင်လာလို့ သူ့ကို စကားမပြောနိုင်ဘဲ […]
ငယ်ရွယ်စဉ်မှာ မလုပ်ခဲ့ပါက ကြီးလာတဲ့အခါ ကြုံတွေ့လာရမယ့် နောင်တတွေ
Unicode) ၁။ ခရီးမသွားခြင်း ခရီးသွားခြင်းဟာ ငယ်ရွယ်စဉ်အချိန်မှာပဲ သွားလို့ကောင်းပါတယ်။ ပျော်ရွင်မှု့အပြည့်အဝခံစားနိုင်တဲ့အပြင် လွတ်လပ်ပေါ့ပါးတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ကျန်းမာရေး စတဲ့အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားဖို့ခက်ခဲတဲ့ အပြင် သွားဖြစ်ခဲ့ရင်တောင်မှ ငယ်စဉ်ကလောက် လွတ်လွတ်လပ်လပ် မပျော်နိုင်တော့လို့ ဖြစ်ပါတယ်။ ၂။ သင့်တော်တဲ့ လေ့ကျင့်ခန်းမလုပ်ခြင်း ငယ်ရွယ်စဉ်မှာ ကျန်းမာရေးလေ့ကျင့်ခန်း တစ်ခုမှ မလုပ်ခဲ့ဖူးဆိုရင် အသက်ကြီးလာတဲ့အခါ သင်ဒုက္ခရောက်ပါလိမ့်မယ်။ ဒါကြောင့် ကျန်းမာရေးကောင်းချင်ရင် အခုငယ်တုန်းမှာ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်သင့်ပါတယ်။ ၃။ ထွက်သင့်တဲ့အလုပ်က မထွက်ခြင်း တစ်ခါတစ်ရံမှာ တစ်ချို့လူတွေဟာ ကိုယ့်အတွက် တက်လမ်းမရှိသောအလုပ်ကို ထွက်သင့်မှန်းသိပါလျှက် မထွက်ပဲ စွဲစွဲမြဲမြဲ လုပ်နေတတ်ကြပါတယ်။ ငယ်ငယ်ကတည်းက အသက်ကြီးလာတဲ့အထိ အလုပ်တစ်ခုတည်းမှာလုပ်ပြီး ဘာမှသိသိသာသာ မတိုးတက်လာတဲ့ လူတစ်ချို့ကို သင်မြင်ဖူးပါလိမ့်မယ်။ ဒါဟာ ထွက်သင့်တဲ့အချိန်မှာထွက်ပြီး ကိုယ့်တိုးတက်မှု့ကိုပေးမယ့်အလုပ်ကို […]
(ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ) အိမ်ထောင်ရေးဖောက်ပြန်ခြင်း
(ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ) အိမ်ထောင်ရေးဖောက်ပြန်ခြင်း အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကိုရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ။ အတိုင်ပင်ခံ – ဒီမိန်းကလေးဟာ သင့်ဘဝအတွက် နောက်ဆုံး ချစ်နိုင်တဲ့မိန်းကလေးဆိုတာ သင်သေချာလား။ အမျိုးသား – ဟုတ်ပါတယ်။ အတိုင်ပင်ခံ – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။ အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာကျမလား။ အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခုမင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။ အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။ အတိုင်ပင်ခံ – ဒါဆို သူက […]
စိတ်တွေ အရမ်း ပင်ပန်းလာတဲ့အခါ အပြည့်အ၀ ပြန်အနားပေးနိုင်မယ့် နည်းလမ်းများ
တစ်ခါတစ်လေမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ အခြေအနေမျိုးတွေကို ကြုံဖူးကြမှာပါ။ နေ့စဉ် တွေ့ကြုံနေရတဲ့ လူမှုရေး၊ စီးပွါးရေး၊ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေး စသဖြင့် ရှုပ်ထွေးလှတဲ့ အရာတွေကြားမှာ ပိတ်မိနေရင်း အားအင်တွေ ကုန်ဆုံးလာနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ စိတ်ပင်ပန်းမှုလေးတွေကို ဒီလိုနည်းလမ်းလေးတွေနဲ့ အနားပေးကြည့်ပါ။ ကိုယ့်ကိုယ်ကို အချိန်ပေးပါ ရှေ့ဆက်လျှောက်ဖို့ အားအင်တွေ ကုန်ခမ်းနေပြီလို့ ခံစားလာရတဲ့အခါ သင့်ကိုယ်သင် အနားပေးလို့ ရပါတယ်။ တစ်ချိန်လုံး ဘဝအတွက်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် မနားမနေ ကြိုးစားနေစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ခဏလောက် အချိန်ပေးပြီး ရှေ့ဆက်ဖို့ ပြန်လည်အားမွေးသင့်ပါတယ်။ ဒီလို လုပ်လိုက်တာက သင့်အတွက် ဘာလုပ်သင့်တယ်ဆိုတဲ့ ပိုကောင်းမွန်တဲ့ အတွေးတွေကိုတောင် ရလာနိုင်ပါသေးတယ်။ ဒီတော့ အရမ်းပင်ပန်းလာတဲ့အချိန်မှာ ကော်ဖီလေးတစ်ခွက်၊ စာအုပ်လေးတစ်အုပ်နဲ့ ဇိမ်ယူပြီး ကိုယ့်ကိုယ်ကို […]
ရေရှည်ကို တွေးတတ်ဖို့လိုတယ်
တစ်ခါတစ်လေ လက်ရှိမှာ သာယာမိတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် နောက်ငါးနှစ်ကျရင် ဆိုတဲ့ စကားလေးနဲ့ သတိ ကပ်မိတယ်။ နဖူးပေါ် လက်တင်စဉ်းစားကြည့်ရင် လွယ်တယ်လို့ ထင်ရပေမယ့်လည်း ကိုယ်ဖြတ်သန်းခဲ့တာတွေ ပြန် စဉ်းစားကြည့်ရင် အချိန်ဖြုန်းခဲ့တာတွေ၊ လေထဲ အိမ်ဆောက်ခဲ့မိတာတွေက ခပ်များများရယ်… တွေးမိတော့ ရင်မောရပါရဲ့။ ဒါကြောင့်ပဲ ရေရှည် ဆိုတာလေးကို မမေ့မလျော့ ခေါင်းထဲ ထည့်ထားရတာပေါ့။ နောင်တစ်ချိန်မှာ အတိတ်ကို ပြန်ကြည့်ရင် ကိုယ်အကောင်းဆုံး ကြိုးစားခဲ့တာကိုပဲ မှတ်မိနေချင်တယ်လေ။ ဘယ်သူကများ မအောင်မြင်ချင်ဘဲ နေလိမ့်မလဲနော်။ ဒါပေမယ့်လည်း ကျွန်တော်တို့ လူသားတွေက သိပ်ဆန်းကြယ်ပါတယ်။ အိမ်မက်တွေကျ အကြီးကြီး မက်ပြီး အချိန် တော်တော်များများမှာ မနက်ဖြန် စားဖို့ ရှိရုံလောက်နဲ့ ကျေနပ်နေတတ်ပြန်တယ်။ လက်ရှိ ပျော်ရွှင်မှုလေးနဲ့ ရောင့်ရဲနေကြပြန်ရော ခနနေတော့လည်း မှိုင်တွေပြီး […]
သူတောင် မစဉ်းစားမိတဲ့ကိစ္စ နိုင်ငံခြားသားတစ်ဦးမေးလာလို့ အံ့သားသင့်သွားရတဲ့ ဦးသုမောင် “ခင်ဗျားတို့မြန်မာစာက အဝိုင်းလေးတွေချည်းပဲနော်” တဲ့
Unicode Version> သူတောင် မစဉ်းစားမိတဲ့ကိစ္စ နိုင်ငံခြားသားတစ်ဦးမေးလာလို့ အံ့သားသင့်သွားရတဲ့ ဦးသုမောင် “ခင်ဗျားတို့မြန်မာစာက အဝိုင်းလေးတွေချည်းပဲနော်” တဲ့ သုမောင်ရဲ့ By the way ဆိုတဲ့ စာအုပ်ထဲမှာပါတယ်။ သူ့ကို နိုင်ငံခြားသားတစ်ယောက်က မေးတာ “ခင်ဗျားတို့မြန်မာစာက အဝိုင်းလေးတွေချည်းပဲနော် ”တဲ့ ။ သုမောင် အံ့သြသွားတယ်။ သူသတိမထားမိခဲ့တဲ့အရာမို့လို့။ ဘာဖြစ်လို့မြန်မာအက္ခရာတွေ ဝိုင်းနေသလဲသိချင်ရင်ဆက်ဖတ်ကြည့်လိုက်ပါ ။ မြန်မာဗျည်း(၃၃)လုံး ဆိုတာ ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ။ သေချာဖတ်ကြည့်ပါ။ ဗဟုသုတ ရပါတယ်။ မြန်မာဗျည်း( ၃၃-လုံး) ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာBC- 500 လောက်ကနေ700 -ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်းပညာရှင်တွေက […]
ဘယ်သူကများ လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲ
မေးခဲ့ဖို့သင့်တာ… တနေ့မှာ လယ်သမားအဖိုးကြီးတစ်ယောက်ဟာ ဘဏ်ကို ငွေချေးဖို့ ရောက်လာပါတယ်။ ဘဏ်အရာရှိက သူ့ကို မေးလိုက်တယ်။ – “ဦးလေးက ပိုက်ဆံ ဘယ်လောက် ချေးချင်လို့လဲ။” – “တစ်သိန်းပါ” ဘဏ်အရာရှိဟာ ငွေချေးတဲ့ ပုံစံကို သူ့ကို ထုတ်ပေးရင်း ခုလို မေးလိုက်ပြန်ပါတယ်။ – “အဲဒီငွေက ဘာအတွက် သုံးမှာလဲ” – “မြို့က ပစ္စည်းတွေ ဝယ်ပြီး ရွာမှာ အမြတ်နဲ့ ပြန်ရောင်းဖို့ပါ” – “ဦးလေးမှာ ဘာအပေါင်ပစ္စည်း ရှိလဲ” – “အပေါင်ပစ္စည်းဆိုတာ ဘာကို ပြောတာလဲ” – “အခု ချေးသွားတဲ့ ငွေတစ်သိန်းနဲ့ ညီမျှတဲ့ ပစ္စည်းတစ်ခုခုပေါ့။ ဦးလေးက ချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်ရင် အဲဒီပစ္စည်းကို ဘဏ်က သိမ်းယူခွင့်ရှိပါတယ်” […]
ချမ်းသာတဲ့လူ နဲ့ ဆင်းရဲတဲ့လူ တွေရဲ့ အတွေးများ
#Unicode Version (၁) လူချမ်းသာက “ငါ့ဘ၀ ငါဖန်တီးမယ်” လို့ ယုံကြည်ထားတယ်။ ဆင်းရဲသားက “ငါ့ဘဝ ငါ့အပေါ် ကျရောက် ချင်သလို ကျရောက်လာတယ်” လို့ ယုံကြည်တယ်။ (၂) လူချမ်းသာတွေက ငွေကြေးကစားပွဲကို အနိုင်ရအောင် ကစားကြတယ်။ ဆင်းရဲသားတွေက ငွေကြေးကစားပွဲကို မရှုံးရရုံသာ ကစားကြတယ်။ (၃) လူချမ်းသာတွေက ချမ်းသာဖို့ကို ဇောက်ချလုပ်တယ်။ ဆင်းရဲသားတွေက ချမ်းသာချင်ရုံမျှပဲ လုပ်တယ်။ (၄) လူချမ်းသာတွေက ကြီးကြီးကျယ်ကျယ် စဉ်းစားကြတယ်။ ဆင်းရဲသားတွေက သေးသေးကွေးကွေးပဲ စဉ်းစားကြတယ်။ (၅) လူချမ်းသာတွေက အခွင့်အလမ်းများအပေါ် အာရုံစိုက်ကြတယ်။ ဆင်းရဲသားတွေက အတားအဆီးများ အပေါ် အာရုံစိုက်ကြတယ်။ (၆) လူချမ်းသာတွေက အောင်မြင်ပြီး ချမ်းသာကြတဲ့ သူတွေကို ချီးကျူးအားကျကြတယ်။ ဆင်းရဲသားတွေကတော့ အောင်မြင်ပြီး […]









