ချစ်သူကို ပွေ့ဖက်ခြင်းက ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူးများ… ချစ်သူတွေ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်လိုက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာ ဖော်ပြ ပေးသွားမှာပဲ ဖြစ်ပါတယ်နော် …။ ၁။ ယုံကြည်မှု ရှိစေပါတယ်” ချစ်သူစုံတွဲတွေ ကြားထဲမှာ နွေးထွေးမှု ၊ လုံခြုံမှု ၊ ထပ်တူကျမှု နှင့် ယုံကြည်စိတ်ချရမှု တွေဟာ အရေးပါလှတဲ့ အချက်တွေပါပဲ …။ မကြာခဏ ချစ်သူနှင့်ပွေ့ဖက်ခြင်းက သင့်အတွက် စိတ်ဓာတ်ခွန်အားနဲ့ ချစ်သူနှစ်ဦး သံယောဇဉ် ပိုမိုခိုင်မာလာစေတဲ့ အချက်ပါပဲ …။ ၂။ နွေးထွေးမှုကို ရရှိစေပါတယ်” ဒီအချက်က အဓိကရိုးရှင်းပြီး လူတိုင်း ပွေ့ဖက်ခါနီး ပြောကြပါတယ်။ အထူးသဖြင့် ပတ်ဝန်းကျင် အအေးဓာတ်ပိုလာတဲ့ အခါမျိုးမှာ အနားမှာ ရှိနေတဲ့ချစ်သူကို ထွေးဖက်ထားမိမှာ အသေအချာပါပဲ။ […]
အချစ်နှင့်ဘဝ
“အို” သွေးပိုင်ရှင်လေးတွေကို ချစ်သူတော်မယ်ဆိုရင် သိထားသင့်တဲ့အချက်(၇)ချက်…။
အချစ်ရေး အဆင်ပြေဖို့ဆိုရင် ချစ်သူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ပေးဖို့ အရေးကြီးဆုံးပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ချစ်သူကို နားလည်ဖို့ဆိုရင် သူ့ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်လေးတွေကို သိမှဖြစ်မှာပါ။ ဒါကြောင့် အိုသွေး ပိုင်ရှင်လေးတွေကို ချစ်သူတော်ထားရင် ဒီအချက်လေးတွေကိုသိထားမှ သူတို့လေးတွေကို နားလည်ပေးနိုင်မှာပါနော်။ (၁) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူလေးတွေ အိုသွေး ပိုင်ရှင်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေဖြစ်တာကြောင့် တွေဝေတုံ့ဆိုင်းနေတာမျိုးမရှိဘဲ ဆုံးဖြတ်ချက်ချရာမှာ ပြတ်သားကြပါတယ်။ ဒါပေမယ့် တခြားသူတွေအမြင်မှာတော့ အားနည်းတဲ့သူ၊ အပျင်းကြီးတဲ့သူတစ်ယောက်ဖြစ်နေတတ်ပြီး ပျော့ညံ့တယ်လို့ အထင်ခံရတတ်ပါတယ်။ (၂) စိတ်ဓာတ်ပြင်းထန်တယ် ဖြစ်ချင်တာတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်တဲ့သူ၊ လိုချင်တာကို မရရအောင်ယူတဲ့သူတွေဆိုတာ အို သွေးတွေပါပဲ။ စိတ်ဓာတ်ပြင်းထန်ပြီး ကိုယ်လိုချင်တဲ့ result မျိုးမရတာ၊ ရှုံးနိမ့်တာမျိုးကိုလုံးဝလက်မခံနိုင်ကြပါဘူး။ ကိုယ်မျှော်လင့်ထားတဲ့ result နဲ့လွဲသွားရင် စိတ်ထိခိုက်တတ်ကြပါတယ်။ဒါကြောင့် မျှော်လင့်ချက်ကြီးကြီးမထားသင့်တဲ့သူမျိုးတွေပေါ့။ […]
အိမ်ထောင်ပြုဖို့ အကောင်းဆုံး ယောကျာ်းဆိုတာ…
အိမ်ထောင်ပြုဖို့ အကောင်းဆုံး ယောကျာ်းဆိုတာ ကိုယ့်ဘဝတစ်လျှောက် ကြုံတွေ့ရမယ့် ကောင်းခြင်းဆိုးခြင်းတွေထဲက တဝက်မို့ သေချာလေး ရွေးချယ်ဖို့ လိုပါတယ်။ မိန်းကလေးပရိသတ်ကြီးရေ အိမ်ထောင်ပြုဖို့ စဉ်းစားနေပြီလား။ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာကို အရင်းခံလို့ ကိုယ့်ချစ်သူပေါ် အားကိုးအားထား ပြုခြင်းပါပဲနော်။ အိမ်ထောင်ပြုတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူးနော်။ ကိုယ့်ရဲ့တဘဝစာနဲ့ ဆိုင်တယ်မလား၊ ဒီတော့ ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ ယောကျာ်းရဖို့ ဘာတွေကို ကြည့်ပြီး ရွေးချယ်ရမယ်ဆို ဖတ်ကြည့်ပါဦးနော်။ တကယ်ချစ်တာလား အိမ်ထောင်ရေးမှာ ချစ်ခြင်းမေတ္တာဆိုတာ အရမ်းအရေးကြီးတဲ့အချက် တစ်ချက်ပါ။ အိမ်ထောင်ရေးမှာ ကံကောင်းဖို့ဆိုတာ ကိုယ့်ရဲ့ လက်တွဲဖော်က ကိုယ့်ကို တကယ်ချစ်ဖို့ လိုပါတယ်။ ချစ်ခြင်းမေတ္တာပေးနိုင်တဲ့ ယောက်ျားကသာ ကိုယ့်အတွက် အကောင်းဆုံး ယောက်ျား ဖြစ်မှာပါ။ သစ္စာတရား မိန်းကလေးတို့ ကိုယ့်ရဲ့လက်တွဲဖော်ကို လေ့လာတဲ့အခါမှာ သူ့ရဲ့ […]
အိမ်ထောင်ရေးဖောက်ပြန်ခြင်း (ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ)
အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကိုရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ။ အတိုင်ပင်ခံ – ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့မိန်းကလေးဆိုတာ သင်သေချာလား။ အမျိုးသား – ဟုတ်ပါတယ်။ အတိုင်ပင်ခံ – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။ အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာကျမလား။ အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခုမင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။ အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။ အတိုင်ပင်ခံ – ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။ […]
အချစ်နဲ့ပတ်သက်မိသူတိုင်း…
၁။ အနွံတာခံနိုင်ရမယ် ဒါကတော့ ပြောနေစရာ မလိုဘူးလို့တော့ ထင်ပါတယ်။ ချစ်ပြီဆိုရင် အနွံတာက အော်တိုခံနိုင်ပြီလေ။ ဒါပေမဲ့ ကိုယ်က အလျော့ပေး အလိုလိုက်တာများရင် ခေါင်းပေါ် ချေးတက်ပါနိုင်တဲ့ လူ့သဘာဝကို မေ့လို့တော့ မဖြစ်ဘူးနော်။ ၂။ သူ့အကြိုက်၊ ကိုယ့်အကြိုက် လိုက်ညှိပေးရမယ် ဒါပေါ့၊ နေရာတကာ ဗိုလ်ကျနေလို့မှ မရတာနော်။ relationship တစ်ခုက ကြိုးတစ်ချောင်းလိုပါပဲ။ တင်းရင်လည်း ပြတ်တတ်သလို၊ လျော့လွန်းရင်လည်း ပြေလျော့သွားတတ်ပါတယ်။ ချစ်သူတွေဖြစ်လာပြီဆိုရင်တော့ သူ့အကြိုက်လေးတွေကို သိအောင်လုပ်၊ တစ်ခါတလေလေးတော့ အလိုလိုက်၊ အကြိုက်ဆောင်ပေးပေါ့လေ။ ၃။ အဆင်မပြေတာကို အရင်ညှိပါ ဒီကောင်လေးကို စတွဲဖို့ ဆုံးဖြတ်လိုက်ပြီဆိုကတည်းက သူ့မှာ ရှိတဲ့ မကောင်းကွက်တွေကို အနည်းနဲ့ အများတော့ သိထားရပါမယ်။ (အလုံးစုံကို ပြောတာမဟုတ်ပေမဲ့ တစ်ချို့အချက်တွေကိုတော့ စကားပြောနေရင်းကပဲဖြစ်ဖြစ် […]
မိန်းကလေးတွေ သဘောကျတဲ့ ယောကျာ်းလေးတွေရဲ့ အရည်အချင်းများ
အမျိုးသမီးတွေရဲ့သဘောသဘာဝက နားလည်ရတော်တော်ကိုခက်ပါတယ်။ အားလုံးနီးပါးပြည့်စုံနေတဲ့သူတောင် မိန်းကလေးတွေနဲ့ပတ်သက်လာရင် သူတို့နှလုံးသားကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတာ တွေးဆရခက်နေတတ်ပါတယ်။ အမြဲလိုလို ယောင်္ကျားလေးတွေကိုဆွဲဆောင်နိုင်မယ့် မိန်းကလေးတွေရဲ့ပုံစံကိုပဲ ဖော်ပြခဲ့တော့ ဒီတစ်ခါမှာတော့ မိန်းကလေးတွေရဲ့အာရုံကို ဆွဲဆောင်နိုင်မယ့်ပုံစံကို တစ်ပြန်ဖော်ပြပေးလိုက်ပါတယ်။ဖော်ပြထားတဲ့အချက်တွေထဲက တစ်ဝက်လောက် သင်ပိုင်ဆိုင်နေရင်ကို ခြေလှမ်းတိုးဖို့လမ်းစပါပဲ။ ။ 1.ယောင်္ကျားဆန်ခြင်း ယောင်္ကျားဆန်တယ်ဆိုတဲ့နေရာမှာ စိတ်ဓာတ်ခိုင်မာခြင်း၊ရက်ရောပေးကမ်းခြင်း ၊မြင့်မြတ်တဲ့စိတ်ထား၊ရဲစွမ်းသတ္တိတို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ စိတ်ဓာတ်ကိုဆိုလိုတာ ပါ။ဒီလိုယောကျာင်္းဆန်တဲ့စိတ်ဓာတ်နဲ့ယောင်္ကျားလေးတွေကို ဘယ်လိုဘယ်ပုံပြည့်စုံ တဲ့မိန်းကလေးဖြစ်ဖြစ် ခေါင်းမခါနိုင်ပါဘူး။ 2.ဟာသညဏ် ဟာသညဏ်ရှိတဲ့ယောင်္ကျားလေးတွေကလည်း အေးခဲနေတဲ့မိန်းကလေးတွေကိုတောင် အရည်ပျော်စေနိုင်စွမ်းရှိပါတယ်။ဒါပေမယ့် အမြဲလိုလိုပေါတောတောနေတာမျိုးတော့ မဟုတ်ဘူးပေါ့။ အမြဲပေါတောတောနေသူကိုတော့ အထင်မှားနိုင်ပြီး သင်ပြောသမျှစကားတွေကို သူမအ ယုံအကြည်ရှိတော့မှာမဟုတ်ပါ။ဒါပေမယ့် အခြေအနေအချိန်အခါအလိုက် ထုတ်သုံးတတ်တဲ့ သင့်ဟာသညဏ်ကိုတော့ သူမအသိအမှတ်ပြုသဘောကျပါတယ်။ 3.ဂရုစိုက်တတ်ခြင်းနဲ့အာရုံစိုက်တတ်ခြင်း ဘသူမဆို မိမိကိုဂရုစိုက်တာ၊အာရုံစိုက်တာကို ခံလိုကြပါတယ်။ထို့အတူပဲ မိန်းကလေးတွေ အနေနဲ့လည်း တချိန်မိမိရင်သွေးတွေရဲ့ ဖခင်ဖြစ်လာမယ့်သူကို ဂရုစိုက်နွေးထွေးတတ်၊ အာရုံစိုက်တတ်သူတွေကိုပဲ မျှော်လင့်တတ်ကြပါတယ်။ […]
စိတ်ကောင်းရှိတဲ့ မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်း(၅)ချက်…..
တချို့မိန်းကလေးတွေဟာ ကိုယ်တိုင်ကစိတ်ကောင်းရှိတဲ့သူတစ်ယောက်၊ လူကောင်းတစ်ယောက်ဖြစ်ပါရက်နဲ့ သူတို့အပေါ်မကောင်းတဲ့သူတွေနဲ့တွေ့ဆုံရပြီး အချစ်ရေးမှာကံမကောင်းတတ်ကြပါဘူး။ တကယ်တော့ ဒါဟာအကြောင်းမဲ့မဟုတ်ပါဘူး။ ခိုင်လုံတဲ့အကြောင်းရင်းလေးတွေရှိပါတယ်။ စိတ်ကောင်းရှိတဲ့မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့အကြောင်းရင်းတွေကတော့ ဒီလိုပါ။ ၁။ နားပဲထောင်တယ် မပြောဘူး freepik by freepikစိတ်ထားကောင်းတဲ့သူလေးတွေဟာ သူများရဲ့ပြဿနာတွေ မကျေနပ်ချက်တွေကိုပဲတစ်ချိန်လုံးနားထောင်ပေးပြီး ကိုယ့်ရဲ့ခံစားချက်တွေကိုတော့ဖွင့်မပြောတတ်ပါဘူး။ ဒီလိုမျိုး တစ်ချိန်လုံးနားထောင်ပေးပြီး ကိုယ့်ဘက်ကခံစားချက်တွေကိုမပြောဘဲနေရာက ကိုယ့်ရဲ့အဆင်မပြေမှုတွေကို လုံးဝပြောခွင့်မရတဲ့အခြေအနေမျိုးဖြစ်လာတန်ပါတယ်။ ဒီကတဆင့် ကိုယ်ကချည်းနားထောင်ပေးဖေးမပေးရတဲ့ တစ်ဖက်စောင်းနင်းဆက်ဆံရေးမျိုးဖြစ်လာတတ်ပါတယ်။ ၂။ ကိုယ့်အချိန်တွေကိုတခြားသူအတွက်ဖြုန်းတယ် freepik by freepikကိုယ့်မှာအချိန်ရှိရှိမရှိရှိ သူ့အတွက်အချိန်ပေးတယ်၊ ကိုယ့်အားလပ်ချိန်တွေတင်မက အလုပ်လုပ်နေချိန်တွေကိုတောင်ဖျက်ပြီး သူ့အတွက်အချိန်ပေးတာမျိုးတွေက တဖြည်းဖြည်းနဲ့ သူဖြစ်ချင်တာမှန်သမျှကိုယ်ကပဲ လိုက်ဖြည့်ဆည်းပေးရတဲ့သူမျိုး ဖြစ်လာပါတယ်။ ကြာလာတော့ ကိုယ်ကချည်း အချိန်ပေးရသူဖြစ်လာပါလိမ့်မယ်။ ၃။ ဟန်မဆောင်တတ်ဘူး စိတ်ကောင်းရှိသူတို့ထုံးစံအတိုင်း တစ်ခုခုဆို အဆင်ပြေတယ်ဆိုတာချည်းပဲ။ ငါအဆင်မပြေဘူး၊ မရဘူး၊ အချိန်မရှိဘူး၊ မလုပ်ပေးနိုင်ဘူး ဆိုပြီး ဟန်ဆောင်ပန်ဆောင်ငြင်းတာမျိုးတောင်မရှိဘူး။ […]
တချိန်ယူမယ့် ဇနီးလောင်းသို့…
ငါ့ထက် တော်သည်ဖြစ်စေ ငါ့ထက်ညံ့သည်ဖြစ်စေ ထိုအရာတွေကို မေ့လိုက်ပါငါက သွားမယ်ဆို နင့်တိုင်ပင်မယ် နင်ကလုပ်စရာရှိမယ်ဆိုလည်း ငါ့အကုန်ပြောရမယ် နင်မပြောတဲ့ကိစ္စမှန်သမျှ ငါမမေးဘူး ငါမပြောတဲ့ကိစ္စ မှန်သမျှလည်း နင်နားလည်ပေးဖို့လိုတယ်နင်မဖြေရှင်းနိုင်တော့တဲ့ ပြဿနာမျိုးတွေဆို ငါ့ကိုပြောပါ ငါမဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးတွေဆိုလည်း ရင်ဖွင့်တိုင်ပင်ပါ့မယ်ငါတို့အနာဂတ်အတွက် အစီအစဉ်ကိုဆွဲပါ ဘယ်အရာမှ အစီအစဉ်မရှိပဲ စနစ်တကျ မအောင်မြင်နိုင်ဘူးဆိုတာ ယုံပေးပါ နင်ဗြူးတီးစလွန်းသွားသွား ကြိုက်တာတွေပဲဝယ်ဝယ် ငါဘယ်တော့မှဝင်မပြောဘူးငါတို့ဝင်ငွေ ထွက်ငွေကိုလည်း နင်သိနေလောက်ပြီ ငါရွေးချယ်ခဲ့တဲ့ ဇနီးလောင်းအပေါ် ငါယုံတယ် နင့်ကိုလည်း လိုတာထက် ပိုမချုပ်ချယ်ပါဘူး ငါ့ကိုလည်း တချို့ကိစ္စတွေနားလည်ပေးပါ နင်လည်း ငါ့ကနင့်ကို ပိုချစ်လာအောင် အမြဲကြိုးစားပါ ငါလည်း နင်’ငါ့ကို တနေ့ထက်တနေ့ပိုချစ်လာအောင် အမြဲကြိုးစားနေမှာပါ ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေပါ စကားမရှုပ်ပါနဲ့ မိန်းကလေးတစ်ယောက် စကားရှုပ်တာယောက်ျားလေးတစ်ယောက် နောက်မိန်းမငယ်နဲ့ရှုပ်တာနဲ့ အကျိုးရလဒ်အတူတူပဲ ငါလည်း ဘယ်တော့မှမရှုပ်ဘူး နင်လည်းဘယ်တော့မှမရှုပ်ပါနဲ့ငါတို့သားသမီးတွေအတွက် […]