သေသည့် တိုင်အောင် (သွားခိုင်) တဲ့ဆေးနည်း. အသက်ကြီးလာရင် (သွား)နာတာ သွား(နဲ့ )တာဖြစ်လာတတ်ပါတယ် ။နောက်တော့(သွား)ကကျိုးတော့တာပါဘဲ ကျိုးပီးရင်ပြန်မပေါက် တော့ပါ (သွား)ကျိုးရင်မိမိစားတဲ့ အစာကျေညှက်စွာမဝါးနိုင်ခြင်းကြောင့်အဟာရဖြစ်ထွန်းမှု နည်းတော့တာပါ။ အသက်ကြီးလာတာနဲ့ မိမိ၏(သွား) မကျိုးရအောင် ကြိုတင်ကာကွယ် နိုင်ရန်စေတနာရှေ့ထား၍ငွေမကုန်တဲ့ဆေးနည်းလေးကိုမျှဝေရခြင်းဖြစ်ပါတယ်။ မသိရင်ရွှေတစ်ဆုပ်လောက်တန်ဘိုး ရှိသလို သိရင်ဖွဲတစ်ဆုပ်လောက်) တန်ဘိုးမရှိသော်လည်း ဒီဆေးနည်းလးကို သုံးစွဲသူ သက်ကြီးရွယ်အိုများ(သွား)မကျိုး သွားခိုင်တာကိုတွေ့ မြင်ရ၍ ဒီဆေးနည်းမျှဝေခြင်းအားဖြင့်ပီတိဖြစ်မိပါတယ်။ ဆေးနည်း ၁။ကုက္ကိုခေါက်(တောကုက္ကို) ၂။တမာခေါက် ၃။ထနောင်းခေါက် လည်းကောင်းအခေါက်သုံးမျိုးကို ဆတူရေနှင့်သုံးခွက်တစ်တင်ပြုပ်ပါ ပြုပ်ရေကို မနက်မျက်နှာမသစ်ခင် ၁၅မိနစ်ခန့်ငုံထားပါ ပြီးမှမျက်နှာသစ်ပါသုံးရက်ဆက်တိုက်ပုံမှန်ပြုလုပ်ရင် (နဲ့)နေတဲ့(သွား)ပြန်ခိုင်ပါတယ်။အသားငါးစားရင် သွားနာပြီးပြန်( နဲ့) လာတတ်ပါတယ် ၎င်းပြုပ်ရေကို ထပ်ငုံပါ သေသည့်တိုင်အောင်(သွား)မကျိုးတော့ပါ။
Health Care
ချိုင်း၊ ပေါင်ခြံနဲ့ ဒူးမည်းနေတာတွေကို ဖြူဝင်းသွားစေမယ့် နည်းလမ်း (၅) မျိုး
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ချိုင်း ၊ ဂုတ် ၊ ပေါင်ခြံ ၊ ဒူး ၊ တံတောင်ဆစ် တွေဟာ တခြား အစိတ်အပိုင်းတွေ နဲ့ ယှဉ်ရင် မည်းနေ တတ်ပါတယ် ။ ဒီလို မည်းနေတဲ့ အစိတ်အပိုင်းလေး တွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့ နေတယ် ဆိုရင်တော့ ဒီနည်းလမ်း လေးတွေဟာ သင့်အတွက် အရမ်းကို အသုံးဝင်မှာ ဖြစ်ပါတယ် ။ ( ၁ ) ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်ကို ခွဲပြီး အနှစ်ကို ထုတ်ယူလိုက်ပါ ။ ရလာတဲ့ အနှစ်ကို ခန္ဓာကိုယ်ရဲ့ မည်းနေတဲ့ အစိတ်အပိုင်းလေး တွေကို လိမ်းပြီး မိနစ် ၂၀ အကြာမှာ […]
သင့်ရဲ့ ပတ်ဝန်ကျင်းမှာ အိပ်တဲ့အခါ ဟောက်တတ်တဲ့သူ တစ်ဦးရှိနေပြီဆိုရင်… ဒါလေးဖတ်ကြည့်ပါ
ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူ ၄၅ ရာခိုင်နှုန်းခန့်ဟာ အိပ်ရင် ဟောက်ကြပါတယ်။ မတူညီတဲ့ လူနေမှုပုံစံပေါ် မူတည်ပြီး ဟောက်သံ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ တချို့က ကျန်းမာရေး မကောင်းတာ ၊ တချို့က အိပ်နေရင်း အသက်ရှုကျပ်တာတွေကြောင့် ဟောက်သံ ထွက်ပေါ်လာပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အခြားသူတွေနဲ့ တူတူအိပ်ရတဲ့အခါ သင့်ရဲ့ ဟောက်သံက စိတ်အနှောင့်အယှက် ဖြစ်တတ်ပါတယ်။ ဒီဟောက်သံကို လျော့နည်းအောင် ဘယ်လိုလုပ်ရမလဲ။ ပက်လက်အိပ်ခြင်းက သင့်ရဲ့ လျှာကို အာခေါင်ဘက်သို့ နောက်ပြန်ကျစေပြီး လေလမ်းကြောင်းကို ပိတ်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဘေးစောင်းပြီး အိပ်ပေးပါ။ တကယ်လို့ ပက်လက်ပဲ အိပ်ဖြစ်နေတယ်ဆိုရင် ခေါင်းအုံးသုံး၊ လေးခု ခံပြီး အိပ်ပါ။ ဒါမှသာ လေလမ်းကြောင်း ပွင့်ပြီး ဟောက်သံရပ်သွားမှာ ဖြစ်ပါတယ်။ လည်ပင်းတစ်ဝိုက်မှာ […]
လက်ဖက်ရည် သောက်တတ်သူတိုင်း ကျော်မသွားပဲကြည့်သွားစေချင်
လက်ဖက်ရည် အချိုသောက်ရင်ဖြင့် အသက်တွေ အမှန်ပျောက်ကြမှာမို့ ဆင်ခြင်ကြဖို့ ကြည့်စေချင် (လက်ဖက်ရည်ဆိုင်တွေက ပြန်သိမ်းလာတဲ့ အချိုခြောက် အဟောင်းတွေကို နေလှမ်း လွှစာမှု န့်ရော အရောင်ဆိုး အနံ့ဖြန်းပြီး ပြန်ရောင်ြး ကပါသည်) လက်ဖက် အစို နဲ့ သုတ်ထားတဲ့ လက်ဖက်သုတ်ရယ် .. လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်း ရယ် .. နှပ်ပြီးဖျော်ထားတယ်ဆိုတဲ့ လက်ဖက်ရည်ချိုရယ် .. ဘာလို့ အရောင်၊ အနံ့၊ အရသာ မတူကြတာလဲလို့ FDA က ဝန်ထမ်းတွေရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ ဆရာဝန်တွေရယ် ဝိုင်းပြီး အဖြေရှာသင့်ကြပြီလို့ မြင်ပါတယ် .. ဆိုလိုချင်တာက လက်ဖက်အစိုမှာကော လက်ဖက်အဖန်ခြောက်မှာကော လက်ဖက်အချိုခြောက်မှာကော လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုဗေဒ ဆိုးဆေး ဓအရောင် အနံ့တွေပါသလား မပါသလား […]
ညအိပ်ရာဝင်ခါနီး တိုင်း ပျားရည်တစ်ဇွန်းစားပေးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူး (၇) မျိုး
ညအိပ်ရာဝင်ခါနီး တိုင်း ပျားရည်တစ်ဇွန်းစားပေးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူး (၇)မျိုး ပျား ရည်လို့ပြောလိုက်ရင် အသားအရေ လှစေတဲ့၊ အလှအပအတွက် အရမ်းအသုံးဝင်တဲ့အရာလို့ လူတွေက သိကြပါတယ်။ ဒါပေမယ့် ပျားရည်မှာ တခြားအကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်။ အိပ်ရာဝင်ခါနီးတိုင်းမှာ ပျားရည်ကို စားပေးမယ်ဆိုရင် ဒီလို အံ့မခန်းအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာကတော့ သိတဲ့သူတွေ ရှားပါတယ်။ ဒီတော့ ပျားရည်စားခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရလာတဲ့အကျိုးကျေးဇူးလေးတွေကို အခုပဲဖတ်ကြည့်ပြီး မျှဝေလိုက်တယ်။ (၁) ကောင်းကောင်းအိပ်ပျော်စေတယ် ပျားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ tryptophan, amino acid တို့ ပါဝင်တာကြောင့် ညအိပ်ခါနီး ပျားရည်တစ်ဇွန်းကို ရေနွေးလေးနဲ့ရောပြီး သောက်ပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေပါတယ်။ (၂) သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးတယ် သွေးတိုးရောဂါဟာ နောက်ပိုင်းမှာ နှလုံးကို အပြင်းအထန်ထိခိုက်စေပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်တာကြောင့် […]
သိထားသင့်တဲ့ ကြက်ဟင်းခါးသီးရဲ့ ဆေးဖက်ဝင်ပုံများ
ကြက်ဟင်းခါးသီးဆိုတာ သိကြတဲ့အတိုင်း ခါးတဲ့အရသာရှိပြီး ကျန်းမာရေးအတွက်များစွာအသုံးဝင်လို့ အချို့သော ဆေးတွေမှာလည်း ၎င်းဓာတ်ကို ထည့်သွင်းနေကြတာဖြစ်ပါတယ်။ ဘာတွေများ အသုံးဝင်တာလဲ ကြက်ဟင်းခါးသီးက ? ဆီးချိုရောဂါ… ကြက်ဟင်းခါးသီးကိုဆီးချိုကျဆေးတွေမှာအသုံးများပြီးကြက်ဟင်းခါးသီးဖျော်ရည်ကို ပုံမှန်သောက်ပေးမယ်ဆိုပါက ဆီးချိုဖြစ်ခြင်းကို တားဆီးပေးပါတယ်။ တခြားမည်သည့်ဆေးမှ မသောက်ရပဲ အင်ဆူလင်ခံနိုင်ရည်ကိုလည်း တိုးမြှင့်စေပါတယ်။ အသည်းရောဂါ… အသည်းရောင်ရောဂါကာကွယ်တဲ့ဓာတ်တွေပါတဲ့ ကြက်ဟင်းခါးသီးက အသည်းကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ် ။ အသည်းမှ စစ်ထုတ်မှုကို ပိုကောင်းစေပြီး သွေးတွင်းသန်းရှင်းဖို့ကူညီပေးကာ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။အသည်းပုံမှန် အလုပ်လုပ်ရင် အဝလွန်ခြင်းကိုလျော့ကျစေပြီး နှလုံးအားနည်းခြင်း ၊ အာရုံကြောအားနည်းခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အစာမကျေခြင်း နှင့်အခြားသောရောဂါအချို့ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။ အာရုံကြော… ကြက်ဟင်းခါးသီးပုံမှန်စားပေးပါက အာရုံကြောစနစ်ကောင်းမွန်စေပြီး ပြင်ပရောဂါတွေကိုလည်း ခုခံနိုင်စေပါတယ်။ ၎င်းတွင်ပါရှိတဲ့ antioxidant ကလည်း ရာသီအကူးအပြောင်း အအေးမိဖျားနာခြင်းကိုလည်း […]
အိပ်ယာဘေးသံပုရာသီးလေးထားအိပ်ရင် ဘာတွေအကျိုးပြုသလဲ?
ကျန်းမာရေးအတွက်ရောအသားအရေအတွက်ပါအကျိုးကျေးဇူးတွေများလှတဲ့သံပရာသီးရဲ့အသုံးဝင်ပုံတွေကိုတော့ လူတိုင်းသိကြမှာပါ အခုဖော်ပြပေးမှာကတော့ညဘက်အိပ်စက်တဲ့အခါသံပရာသီးစိတ်ကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အိပ်ရာအနီးတဝိုက်ကစားပွဲပေါ်မှာထားပေးရုံနဲ့ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေပဲဖြစ်ပါတယ် (၁)သွေးတိုးရောဂါကိုသက်သာစေနိုင်တယ်သံံပရာသီးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရနံ့ကုထုံးတွေမှာအသုံးပြုခဲ့ကြတာဖြစ်ပြီးသံံပရာသီးရနံ့ဟာသွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်မို့ိလိုသွေးတိုးရောဂါရှိသူတွေအနေနဲ့အိပ်စက်တဲအ့ခါအိပ်ရာဘေးအနီးတဝိုက်မှာသံပရာသီးစိတ်ထားပေးခြင်းက သွေးပေါင်တက်ခြင်းကိုသက်သာစေနိုင်ပါတယ်။ (၂)အခန်းတွင်းလေထုကိုသန့်စင်ပေးနိုင်တယ်အိပ်စက်တဲ့အခါအိပ်ရာအနီးတဝိုက်မှာသံပရာသီစိတ်ထားပေးခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တဲ့ဘက်တီးရီးယားပိုးမွှားတွေကိုသေေစနိုင်တဲ့အပြင်ခြင်၊ယင်ကောင်စတဲ့အင်းဆက်တွေရဲ့အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ (၃) ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုပိုမိုကောင်းမွန်စေနိုင်တယ်ဂျပန်နိုင်ငံကဆေးပညာရှင်တွေရဲ့ lသုတေသနလေ့လာမှုတွေအရသံပရာသီးရနံ့ဟာဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုပိုမိုကောင်းမွန်စေပြီးအာရုံစူးစိုက်မှုကိုပိုမိုမြင့်တက်စေနိုင်တယ်လို့ဆိုပါတယ်။ (၄)စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်တယ်ရနံ့ကုထုံးပညာရှင်တွေဟာစိုးရိမ်ပူပန်မှုများသူတွေနဲ့စိတ်ကျရောဂါခံစားနေရသူတွေကိုသံပရာသီးရနံ့ကုထုံးကို အသုံးပြုကာကုသပေးလေ့ရှိပါတယ်အိပ်ခန်းတွင်းမှာသံပရာသီးစိတ်ထားပေးခြင်းကတနေ့တာစိတ်ပင်ပန်းမှုနဲ့စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်မှာဖြစ်ပါတယ်။ (၅)စိတ်လန်းဆန်းပေါ့ပါးစေတယ်အိပ်ရာနိုးတဲ့အခါလေးလံထိုင်းမှိုင်းပြီးလန်းဆန်းတက်ကြွမှုမရှိခြင်းတွေကိုသံပရာသီးရနံ့က ကုစားပေးနိုင်ပါတယ်အိပ်ရာ ဘေးမှာသံပရာသီးစိတ်ထားပေးခြင်းက ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေနိုင်တဲ့အပြင် လန်းလန်းဆန်းဆန်း နိုးးထနိုင်စေပါတယ်။
အဖုအကျိတ်အတွက် ဆေးတစ်လက်….
အကုန်အကျ သက်သာစေမည့် ခန္ဓာ ကိုယ်မှ အဖုအကျိတ်တွေကိုအလွယ်တကူ ပျောက်ကင်းစေ မည့် ဆေးနည်း ဆေးနည်း မှာ (၁) ထုံး(ကွမ်းစားထုံး) ။ (၂) မန်ကျည်းမှည့်(အစေ့မပါ) (၃) ပျားရည်စစ် ။ ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးလိုက်ပါ။လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာ ရောစပ်သွားသော ဆေးကိုအဖုအကြိတ် ပေါ်တင်ရန်ဖြစ်ပါသည် ။ အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည် ပြန်ပြီးမခွာရပါ တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည်။အဖုအကျိတ်ဖြစ်ကာစ ဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာ ပျောက်ကင်းပါသည် ။ အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည်။ ရဲမျိုးသူ (ဗောဓိမြိုင်)
ငါးရက်အတွင်း ပွေး၊ ညှင်း ၊ တင်းတိတ် ၊ ဝက်ခြံကို ကြက်သွန်နီဖြင့် သက်သာပျောက်ကင်းစေတဲ့နည်း ပွေး၊ ညှင်း၊ တင်းတိတ်၊ က်ခြံ ဖု မပေါက်ဖူးတဲ့သူမရှိပါဘူး။ ပေါက်ဖူးတဲ့သူတွေပါပဲ။ စိုးရိတ်စရာ ရောဂါ အနာ မဟုတ်ပေမယ့် မျက်နှာ ပေါ်မှာ အပေါက်များတဲ့ ရောဂါဖြစ်လို့ အလှပျက်၊ မျက်နှာ ပြရခက်ပါတယ်။ ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာ လိမ်ဆေး လိမ်းကြည့်ပါ။ ဆေးဖော်ဖို့ ကလည်း အလွန် လွယ်ကူပါတယ်။ ဆေးနည်းမှာ ကြွက်သွန်နီ ဥသေးသေးတစ်လုံးကို အခွံနွှာပြီး ညက်နေအောင်ထောင်းပါ။ ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီး တစ်လုံါ်ကို အရည်ညစ်ချလို့ ရောဖျော်ပါ။ သင့်ရဲ့ပွေးကွက်၊ ညှင်းကွက်၊ တင်းတိတ်ကွက်၊ ဝက်ခြံဖုကို လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။ […]
ဆီးချိုဘယ်နေရမှန်း မသိအောင်ဖြစ်သွားတဲ့ ကြက်သံပုရာပေါင်း
ဆီးချိုဘယ်နေရမှန်း မသိအောင်ဖြစ်သွားတဲ့ ကြက်သံပုရာပေါင်း အခုတလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကြက်သံပုရာပေါင်း အကြောင်းကို မဖတ်ရသေးတဲ့သူများအတွက် ကျန်းမာရေးသတင်းများစာမျက်နှာမှ ပြန်လည်ရေးသားမျှဝေပေးလိုက်ပါတယ်။ ထိုင်ဝမ်နိုင်ငံမှ အသက် ၅၅ နှစ်ရှိ လူတစ်ယောက်ဟာ ဆီးချိုရောဂါဖြစ်နေတဲ့အတွက် ဆရာဝန်ကြီးပေးတဲ့ ဆီးချိုရောဂါဆေးကို သောက်နေတာ ၂ နှစ်လောက် ရှိသွားပါပြီ။ အသက် ၅၇ နှစ်လောက်မှာ မလေးရှားက အမျိုးတွေဆီ အလည်အပတ်သွားတဲ့အခါ သူ့မှာ ဆီးချိုရောဂါရှိနေမှန်းသိခဲ့လို့ သူ့ညီက ကြက်သံပုရာပေါင်းကိုလုပ်ပြီး တိုက်ကျွေးပေးခဲ့တယ်။ ကြက်သံပုရာပေါင်းဟာ ဆီးချိုရောဂါ ၂၅ နှစ်လောက် ဖြစ်နေတဲ့သူတွေတောင် ပျောက်တယ်ဆိုတာ သိခဲ့ရလို့ သူလည်း ယုံကြည်စွာ သောက်ခဲ့တယ်။ ဒီဆေးနည်းဟာ ထိုင်ဝမ်ကျွန်းမှာ နေထိုင်နေကြတဲ့ ဟော့ပ်ကင် ( Hokkien ) လူမျိုးတို့ရဲ့ ရိုးရာဆေးနည်းလို့ သိရပါတယ် မလေးရှားမှာရှိနေစဉ် […]









