ဆိုင်ကယ်စီးသူတိုင်းသတိထားသင့်တဲ့အချက် အင်းဆက် အကောင်လေးတွေဆိုတာက အမှောင်ကို ကြိုက်ကြတာများပါတယ်။ ဂျောင်ဂျိုဂျောင်ကြားတွေထဲ ဝင်နေတတ်ပြီးတချိူ့ အကောင်တွေဆိုရင်လူ့အသကိုတောင် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ မလေးရှားနိုင်ငံက Wak Sarepလို့ခေါ်တဲ့အမျိုးသားကTiktok မှာvideoတစ်ခုကိုတင်ခဲ့ပါတယ်။၄၈နာရီအတွင်းမှာပဲ ကြည့်ရှူသူ ပေါင်း၃၀၀၀၀၀ ကျော်ရရှိခဲ့ပါတယ်။ Video ထဲမှာတော့ကင်းခြေများတစ်ကောင်ကဦးထုပ်ထဲမှာဝင်နေတာကို မြင်ရမှာပါ။သူဟာ Perak မြို့ကို သွားနေတဲ့အချိန်ဆိုင်ကယ်စီးဦးထုပ်ထဲနဲ့ နားရွက်ကြားထဲမှာ တစ်ခုခု ထောက်နေတယ်လို့ ခံစားမိပါတယ်။ မိနစ် ၄၀ လောက်အကြာမှာတော့ စိတ်မရှည်တော့ပဲ ဦးထုပ်ကို ချွတ်ပြီး အတွင်းထဲကို သေချာရှာကြည့်ခဲ့ပါတယ်။ အဲ့လို ရှာရင်းကနေ ကင်းခြေများဟာ ဦးထုပ်ထဲမှာ ဝင်အိပ်နေတာကို တွေ့ခဲ့ရတာပါ။ တော်တော်ကို ကံကောင်းမှုလို့ ဆိုရမှာပါပဲ။ ကင်းခြေများက စိတ်အခန့်မသင့်လို့ ခေါင်းကို ထကိုက်လိုက်ရင်တော့ မတွေးဝံ့စရာပါပဲ။ Rider တို့လဲ ခရီးမသွားခင် မိမိရဲ့ ဦးထုပ်ကို သေချာစစ်ဆေးစေချင်ပါတယ်။ […]
Knowledge
“ရှေးရိုးစွဲ အယူလွဲများအကြောင်း´´
ညဖက်လက်သည်းမညှပ်ကောင်လျှပ်စစ်မရှိသေးတုန်းက ညဖက်ညှပ်ရင် ဓားရှပြီး ထိခိုက်မှုတခုခုဖြစ်မှာစိုးလို မညှပ်ခိုင်းတာဖြစ်ပါတယ်။ ထမင်းစားပြီး မလှဲရဘူး…မြွေဖြစ်တတ်တယ် အမှန်က…အစာမကြေဖြစ်မှာစိုးလို့…အိပ်နေတုန်း အစာများလို့ ပြန်အန်ထွက်ရင် အိပ်နေတဲ့သူက အန်ဖတ်ဆို့နိုင်တယ်။ လမ်းဦးတိုက်…လှေဦးတိုက် အရပ် မနေရဘူး…ခိုက်မှာစိုးလို့ ရှေးခေတ်တုန်းက သူခိုး ဓားပြတွေဟာ ဝင်လမ်း ထွက်လမ်း စီးပွားရေး သာတဲ့ အဲသည်အိမ်ကို ချက်ချင်း တိုက် ချက်ချင်းပြန်ထွက်နိုင်လို့ မနေအပ်ယဘူး။ မိန်းခလေးတေ ဓမ္မတာ လာချိန် မီးဖိုမဝင်ရ…ဘုရားမတက်ရ မိန်းခလေးတွေကို သက်တောင့်သက်သာ နားစေလိုတဲ့ အတွက်ကြောင့်ရယ် ယနေ့ခေတ်လို လစဉ်သုံးတွေ မပေါ်သေးတဲ့အတွက် သန်ရှင်းရေး ကရိကထ မများစေဖို့ အတွက်ရယ်ကြောင့်ဖြစ်ပါတယ်။ ညဖက်ခရီးသွားတုန်း ကြောင်တွေ့ရင် သေတတ်တယ် ကြောင်မျိုးတွေဟာ ညဖက်မျက်လုံးတောက်လေ့ရှိတယ် ရှေးက ညဖက်ခရီးသွားရင် နွားလှည်း မြင်းလှည်းတွေနဲ့ သွားလေ့ရှိပါတယ် ဒီလိုခရီးလမ်းမှာ တောကြောင်တွေကို လှည်းမှာပါတဲ့ […]
ချမ်းသာချင်ရင် ငွေမစုပါနဲ့ (ချမ်းသာချင်သူတိုင်းဖတ်ဖြစ်အောင်ဖတ်ပါ)
ပိုက်ဆံစုရင်ချမ်းသာမယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော် ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ် ပိုက်ဆံကို ကြိုးစားပမ်းစားရှာ ရှာပီးတာနဲ့အသေအလဲစုဘဏ်မှာပဲစုစု လက်ထဲမှာပဲစုစုအချိန်တန် အဲ့စုထားတဲ့ငွေတန်ဖိုးက လျော့ကျလာမှာပါ ကုန်စျေးနှုန်းတွေကလဲမြင့်တက်လာနေအုံးမှာပဲမိတ်ဆွေ ငယ်ငယ်က ငွေ ၁သောင်းဟာ သိပ်တန်ဖိုးကြီးပါတယ် ခုချိန်မှာတော့ ငွေ ၁သောင်းဟာ ဘာမှမပြောပလောက်တဲ့အနေအထားဖြစ်နေပါပြီကျနော်တို့ငယ်ငယ်တုံးက ဇီးထုပ်တထုပ်မှ ၁ကျပ် ငွေ၁၀ရှိရင် ဗိုက်ကားအောင်စားလို့ရတဲ့အထိ အဖိုးတန်ခဲ့တဲ့ ၁၀တန်ဟာလဲ ခုဆို ဘယ်သူမှမယူတော့တဲ့ပိုက်ဆံဖြစ်နေပါပြီသီလရှင်ကိုတောင်လောင်းလို့မရတော့ပါဘူးတန်ဖိုးတွေလဲလျော့ကျသွားပါပြီမိတ်ဆွေတို့ ကလေးနောင်ရေး အတွက် ဘဏ်မှာ တလ၃သောင်းစီဖြစ်ဖြစ် ပုံမှန်စုထားတဲ့ငွေဟာလည်း တချိန်ငွေကြေးဖောင်းပွလာမှု ကုန်စျေးနှုန်းမြင့်တက်လာမှုတွေရဲ့ မိုးကြိုးပစ်မှုကို ဘဏ်မှာစုတာအတိုးရတယ်ကွဆိုတဲ့ ထန်းလက်သေးသေးလေးနဲ့ကာနိုင်မယ်ထင်ပါသလား? အမှန်တကယ်က ချမ်းသာချင်ရင် ပိုက်ဆံကိုသုံးရမှာပါ ငွေကိုအသေမထားပဲ ငွေနဲ့ငွေ မိတ်ဆွေဖွဲ့ခိုင်းရပါလိမ့်မယ် ဒါမှသာ တိုးပွားမှုရှိလာနိုင်မှာပါ ပိုက်ဆံသုံးတဲ့နေရာမှာ ဦးနှောက်လေးပါ တွဲသုံးရင် ပိုမြန်ဆန်ပါလိမ့်မယ်ဥပမာတစ်ခုအနေနဲ့ ပြောရရင် အဝတ်အစားတွေဝယ်ဖို့ ပိုက်ဆံသုံးလိုက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူချမ်းသာဖို့အတွက် […]
သင့်အိမ်မက်ထဲ သူ့အကြောင်းတွေ ခဏခဏမက်နေတာဒါ့ကြောင့်ပါနော်
သင့်အိပ်မက်ထဲ သူခဏခဏဝင်ရောက်နေတာ ဒါတွေကြောင့်ပါနော် တစ်ခါတစ်လေမှာ ကိုယ်သူ့အကြောင်းတွေးအိပ်တာလည်း မဟုတ်ပါပဲနဲ့ တစ်စုံတစ်ယောက်ကို အိပ်မက်မက်တာမျိုး ဖြစ်ဖူးကြတယ်မှတ်လား။ ဒီလိုမျိုး ကိုယ့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းမှာ သင့်ကို အံ့သြသွားစေမယ့် အကြောင်းအရင်းတွေ ရှိလို့နေပါတယ်။ သင့်အိပ်မက်ထဲကို တစ်စုံတစ်ယောက် ဝင်ရောက်လာခြင်းဟာ ဒီအချက်တွေကြောင့် ဖြစ်ပါတယ်နော်။ (၁) သူသင့်ကို သတိရနေလို့ ကိုယ့်အိပ်မက်ထဲကို မဖိတ်ခေါ်ပဲ ရောက်လာတဲ့သူဟာ ကိုယ့်ကို သတိတရရှိနေတဲ့ အတွက်ကြောင့် အိပ်မက်ထဲကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်တွေဟာ တကယ့်ကို အစွမ်းထက်လှပြီးတော့ တစ်စုံတစ်ယောက်က ပြင်းပြစွာ သတိရတဲ့အခါမှာ အဲဒီ့လူရဲ့ အတွေးထဲ၊ အိပ်မက်ထဲထိတိုင်အောင် ဝင်ရောက်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က သင့်ကိုအရမ်း သတိရလွမ်းဆွတ်နေတဲ့ အတွက်ကြောင့် သင်သူ့ကို အိပ်မက်မက်ခြင်း ဖြစ်ပါတယ်။ (၂) […]
၁၃၈၅ခု (2023)ခုနှစ်အတွင်းမှာ သူဌေးဖြစ်မယ့် အင်္ဂါသားသမီးများအကြောင်း
အင်္ဂါ ထွဋ်ခေါင် အင်္ဂါသားသမီးမှန် ဒီစာ ကို ယူသွားကြပါ နှစ်နှစ်တာကာလ အတွင်း အင်္ဂါသားသမီးတွေ ဘယ်လောက်ဒုက္ခ သုက္ခတွေကြားရုန်းကန်နေရတယ်ဆိုတာ အင်္ဂါသားသမီးတွေ ကိုယ်တိုင် အသိဆုံးနေမှာပါ ရန်သတ္တုကြီးစိုးတဲ့ နှစ်နှစ်တာကာလအတွင်း အင်္ဂါသားသမီးတွေအတိုက်အခံပေါများမယ် အခက်အခဲပေါင်းစုံ ရင်ဆိုင်ရမယ် အဆင်မပြေခြင်းတွေသာ အဖော်ပြုနေရမယ် မိမိ ပင်ကိုယ်စိတ်ကိုကလဲ ဒေါသတရားတွေသာ ကြီးစိုးနေမယ် စီးပွားရေး အဆင်မပြေမှုတွေကြားကဒီ post ကို မြင်လိုက်ပြီဆိုကတည်းကသင့်အတွက် ရောင်နီ လာပါပြီ သက္ကရာဇ်ကူးပြီးတာနဲ့နှစ်ဆန်းတရက်နေ့ ရောက်တာနဲ့ အင်္ဂါဟာ အဓိပတိပါ အင်္ဂါဟာ ထွဋ်ခေါင်ပါ ကံကောင်းတဲ့ အင်္ဂါသားသမီးတွေ ဘာမှလုပ်စရာမလိုပဲ ရတနာပုံ ဆိုက်ကိန်း ကြုံမယ် နှစ်နှစ်တာကာလ ပင်ပန်းခဲ့သမျှ ၁၃၈၅ ခုကတော့ ဇိမ်နဲ့နေရမယ့် နှစ်ပါအလိုလိုနေရင်း ငွေတွေဝင်လာမယ် ရန်တွေကို အနိုင်ယူမယ် အခက်အခဲတွေ တားဆီးပိတ်ပင်မှုတွေကနေလာ […]
ကင်းမြီးကောက် ကင်းခြေများ အကိုက် ခံရပါက အမြန်အဆိပ်ဖြေနည်း
ကင်းမြီးကောက် ကင်းခြေများ အကိုက် ခံရပါက အမြန်အဆိပ်ဖြေနည်း ၁။ ကင်းခြေများ မတော်တဆ ကိုက်ခံရပါက –သင်္ဘောသီး အစိမ်း အခွံမှ အစေးကို ကိုက်ခံရသော နေရာတွင်လိမ်းပေး ခြင်းဖြင့် အဆိပ် ချက်ချင်း ပြေနိုင် ပါတယ်။ ၂။ ကင်းမြှီးကောက် ကိုက်ခံ ရပါက –သံပုရာသီး အရည်နှင့် အချိုမှုန့် သမအောင် ရောစပ်၍ရသော အရည်ဖြင့် ကိုက်ခံရသော နေရာအား လိမ်းပေးပါက၁၀ မိနစ် အတွင်း အဆိပ်ပြေ နိုင်သည်။ ၃။ ကြက်သွန်နီ ၃ လုံးကို မီးဖုတ်ပါ –မီးဖုတ်ပြီးသော ကြက်သွန်နီကို ထောင်း၍ အရည် ညစ်ယူပါ။ကြက်သွန် မီးဖုတ် အရည်ကို အကိုက် ခံရသည့် နေရာကို လိမ်းပေးပြီးအဖတ်များ ကိုလည်း အနာပေါ်ကို […]
ညဘက်ဘုရားရှိခိုးနေတုန်း အိမ်မြောင် စုပ်ထိုးပြီဆိုရင်တော့…
ညဘက်ဘုရားရှိခိုးနေတုန်း အိမ်မြောင် စုပ်ထိုးပြီဆိုရင်တော့… “မိမိ ဘုရားရှိခိုးတဲ့ အချိန်မှာ အိမ်မြောင်စုပ်ထိုးရင်” အိမ်မြောင်ဆိုတာ အိမ်တော်တော်များများမှာရှိတက်ပါတယ် အိမ်မြောင်ဟာ အလကားနေရင်း အားတိုင်း စုပ်မထိုးပါဘူး။ အိမ်မှာ အကြောင်းတစ်ခုခုရှိရင်လဲ စုပ်ထိုးတက်ပါတယ်။ မိမိ ဘုရားရှိခိုးနေတဲ့အချိန် အမျှဝေတဲ့အချိန် ဆွမ်းကပ်တဲ့ အချိန်တွေမှာ အိမ်မြောင်စုပ်ထိုးရင် ကောင်းပါတယ် ။တစ်ခါတစ်လေ သူဘာသူ စုပ်ထိုးတက်တာလဲရှိပါတယ်။ ကိုယ်စောင့်နတ် အိမ်စောင့်နတ် နတ်ကေင်းနတ်မြတ်များဟာ မိမိ ဘုရားရှိခိုးတာ ဆွမ်းကပ်တာ အမျှဝေတာကို လိုလားနှစ်သက်ကြပါတယ်။ မိမိက အမျှဝေတာ မေတ္တာပို့တာတွေကြောင့် နတ်ကောင်း နတ်မြတ်တွေဟာ ကိုယ်ရောင်ကိုယ်ဝါတောက်ပလာခြင်း ဘုန်းတန်ခိုးကြီးမာလာခြင်း ကုသိုလ်ထက်တူရခြင်း ဖြစ်ပေါ်လာတက်ပါတယ်။ ဒါကြောင့် မိမိ ဘုရားရှိခိုးတဲ့အချိန်မှာ အိမ်မြောင် စုပ်ထိုးခြင်းသည် နတ်များက မိမိအား နှစ်သက်ခြင်းကြောင် သာဓု ခေါ်ခြင်းဖြစ်ပါတယ် မိမိ စိတ်အေးချမ်းလာစေပါတယ်။ […]
ကြက်ဥခွံတွေကို ပြန်ပြီးအသုံးပြု နိုင်တဲ့ နည်း( ၁၂ ) မျိုး
အမှိုက်လို့ ယူဆပြီး လွှင့်ပြစ်မိနေတဲ့ ကြက်ဥခွံ တွေကို ပြန်ပြီး အသုံးပြု နိုင်တဲ့နည်း( ၁၂ )မျိုး ကြက်ဥဆိုတာ အာဟာရဓါတ်တွေ ပြည့်ဝနေတဲ့ အစားအစာ တစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ ကြက်ဥစားပြီးရင် ကြက်ဥအခွံတွေကို လွှင့်ပြစ်လိုက်ကြပါလိမ့်မယ်။ဒီအချက်လေးတွေကို ဖတ်ကြည့်ပြီးရင်တော့ ကြက်ဥခွံတွေ လွှင့်ပစ်ခဲ့တာ ငါတော်တော်မိုက်မဲပါလား ဆိုတဲ့ အတွေးမျိုးတွေးမိမှာ အမှန်ပါဘဲ။ ဒါကြောင့်မို့ အသုံးဝင်တဲ့ကြက်ဥအခွံတွေကို ဘယ်လိုအသုံးချကြမလဲ ဆိုတာ ဖတ်ကြည့်ရအောင်။ (၁) ခရမ်းချဉ်ပင်တွေကို သန်စွမ်းစေတယ် ဟုတ်ပါတယ်။ ခရမ်းချဉ်ပင်တွေကို ကြက်ဥခွံတွေက အကျိုးပြုပါတယ်။ကြက်ဥခွံတွေကို ခြေမွပြီးတော့ ခရမ်းချဉ်ပင်ရဲ့ အမြစ်အနီးတွင်းတူးပြီး ထည့်လိုက်ရပါမယ်။ ကြက်ဥခွံဟာ ကယ်ဆီယမ် ကြွယ်ဝတဲ့အတွက် ခရမ်းချဉ်သီးပင်တွေ လိုအပ်တဲ့ ကယ်ဆီယမ်ဓါတ်ကို ပေါပေါများများရရှိစေမှာဖြစ်ပါတယ်။ (၂) သန့်ရှင်းရေးမှာ အသုံးပြုနိုင်ပါတယ် ကြက်ဥခွံကို အော်ဂဲနစ် သန့်ရှင်းရေးသမားလို့ […]
(၇) ရက်သားသမီးများ စီးပွားလာဘ်လာဘတိုးပွားစေဖို့ တန်ခူးလအတွက် အကောင်းဆုံးယတြာ
တန်ခူးလအတွက် အကောင်းဆုံးယတြာ နှောင်းတန်ခူးလဆန်း(၁)ရက်နေ့ (21.3.2023) မှ တန်ခူးလကွယ်(18.4.2023)အထိတစ်လတာလုံး “ကြွေပန်းကန်လုံးအသေး တစ်လုံးထဲတွင် ဆန်အပြည့် နီးပါးထည့်ထားလိုက်ပါ။ပြီးလျှင်သရက်ရွက်အသန့် တစ်ရွက်ပေါ်တွင် ဆော့ပ င် (သို့)ဘောပင် အပြာဖြင့် ပုံမှာပြထားသည့်အတိုင်းငွေဝင်မြဲပါစေ ဟူ၍အောက်မှအပေါ်သို့ အတက် ရေးပေးလိုက်ရမည်။ ထိုသရက်ရွက်ကို ဆန်ထည့်ထားသော ပန်းကန်လုံးမှ ဆန်ထဲတွင် ထိုးထည့်၍ ထောင်ထားပေးရပါမည်။ ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍မြတ်စွာဘုရားရှင်အား ရိုသေစွာ လှူဒါန်းပေးထားရပါမည်။ ယခုလတစ်လတာတွင် #သကြားရည်တစ်ခွက်နေ့စဉ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဉ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစားနေရမည်ဖြစ်သည်။ ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။*နေ့စဉ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။* ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက် / ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက် / ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿာနံ=၂၁ တန်ခူးလနေ့စဉ်လာဘ်ပွင့်အရပ်မျက်နှာများ တနင်္ဂနွေနေ့=မြောက်အရပ် /တနင်္လာနေ့=တောင်အရပ်/ အင်္ဂါနေ့=အရှေ့အရပ် /ဗုဒ္ဓဟူးနေ့=အနောက်အရပ် /ကြာသပတေးနေ့=အရှေ့အရပ်/သောကြာနေ့=မြောက်အရပ် / စနေနေ့=တောင်အရပ် အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်းအရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။ […]
အသံတိတ် လူသတ်သမားနဲ့ ဒန့်သလွန်စေ့
အသံတိတ် လူသတ်သမားနဲ့ ဒန့်သလွန်စေ့ သွေးတိုးရောဂါသည်ကမ္ဘာတစ်လွှား အဖြစ်များသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနောက်ဆုံးသတ်မှတ်ချက်အရ သွေးပေါင်ချိန်၁၃၀/၈၀ နှင့်အထက်ကို သွေးတိုးပြီဟု သတ်မှတ်ထားသည်။ သွေးတိုးရောဂါ၏ နောက်ဆက်တ ွဲ ရောဂါများမှာလည်း များပြားလှပါသည်။ သွေးတိုး၏လက္ခဏာများ သွေးတိုးရောဂါသည်မည်သည့်လက္ခဏာမှမပြဘ ဲ ရှိနေတတ်သော အသံတိတ် လူသတ်သမားတစ်မျိုးပင်ဖြစ်သည်။ သွေးတိုးလာလျှင်ခေါင်းမူးသည်ခေါင်းကိုက်သည်ဟု ပြောလေ့ရှိကြသော်လည်း ထိုလက္ခဏာများသည် သွေးတိုးရှိတိုင်း ပေါ်လေ့ရှိသည်မဟုတ်ပါ။ တစ်ချို့ဆိုလျှင်သွေးတိုးရှိလို့ရှိမှန်းပင်မသိဘဲ သွေးတိုး၏ နောက်ဆက်တွဲ ရောဂါတစ်ခုခုပေါ်မှ သိကြသည်လည်းရှိသည်။ သွေးတိုးရောဂါ၏ နောက်ဆက်တွဲများ သွေးတိုးရောဂါသည်အလွန်ဆိုးသော ရောဂါ တစ်ခုဖြစ်သည်။ သွေးတိုးရောဂါကို သေချာမထိန်းမိလျှင်ဦးနှောက်သေ ွးကြောပြတ်ခြင်း၊ လေဖြတ်ခြင်း၊ သွေး အရမ်းတိုး၍ သတိလစ်ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးအားနည်းခြင်း၊ နှလုံးသေ ွးကြောနှင့်တခြားသွေးကြောများ ပိတ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ မျက်စိထိခိုက်ခြင်း စသည့်နောက်ဆက်တ ွဲ ဆိုးကျိုးများ […]









