Knowledge

ညားကာစ လင်မယားကို စကားတစ်ခွန်းထဲနဲ့ ကွဲအောင်လုပ်ခဲ့တဲ့ဘကြီး….

လက်ထပ်ပြီးတာမကြာသေးသောလင်မယား၂ ယောက် အိမ်ရှေ့မှာ အေးအေးလူလုထိုင်စကားပြောနေတုန်း ခြံရှေ့မှာအဘိုးကြီး တယောက် လာရပ်ကာ သမီး ဘကြီးဆီခဏလောက်ကွယ် မိန်းမဖြစ်သူက ဘကြီးအိမ်လိပ်စာမေးချင်လို့ ထင်ပါရဲ့ဟု ထိုင်ရာကထသွားတော့ အဘိုးကြီးကဒီလိုပါသမီးရယ် “ဘကြီးပြောတာ ဘယ်သူ့မှပြန်မပြောပါနဲ့ ” အဘိုးကြီးက ထိုမျှသာပြောကာ သူတို့အိမ်ရှေ့က ဆက်လက်ထွက်ခွာသွားလေရာ … မိန်းမဖြစ်သူမှာ ဘာကိုနားလည်ရမှန်းမသိဘဲ သူ့ယောက်ျားဘေး ပြန်လာထိုင်လေသည် “မိန်းမ ဟိုဘကြီးက ဘာပြောသွားတာလဲ” “အော် သူပြောတာ ဘယ်သူ့မှပြန်မပြောပါနဲ့တဲ့” “အေးလေ ဒါတော့ဒါပေါ့ ဒါပေမဲ့ မင်းနဲ့ငါက ချစ်လို့ယူထားတဲ့လင်မယားဘဲ ငါ့တော့ပြောပြ သင့်ပါတယ်” ” အင်းပါမောင်ရဲ့… ဘကြီးကသူပြောတာ ဘယ်သူ့မှမပြောပါနဲ့တဲ့” “မဟုတ်သေးဘူးလေကွာ တခြားသူတော့မပြောနဲ့ပေါ့ငါ့ကမင်းလင်လေ ငါ့ကိုတော့ မင်းမပြောဘဲနေလို့ရမလားဘာလဲ.. ဒီအဘိုးကြီးက မင်းနဲ့မကင်းမရှင်းဖြစ်ဘူး လို့လား…” “ရှင်နော် စကားပြောရင်ကြည့်ပြော လူကိုမစော်ကားနဲ့ အဲဒီဘကြီးက သူပြောတာ […]

Knowledge

ဝင်ငွေတွေတိုးလာစေဖို့ ဘုရားမှာ နှင်းဆီပန်း ကပ်လှူပူဇော်နည်း

ဝင်ငွေတွေ တိုးလာစေဖို့ ဘုရားမှာ နှင်းဆီပန်း ကပ်လှူပူဇော်နည်း ကံပွင့် လာဘ်ပွင့်ကာ ထူးထူးခြားခြား အကျိုးပေးပြီး ဝင်ငွေတိုးချင်သူတွေ အတွက် နှင်းဆီပန်း (၁၀) ပွင့် (ဘာအရောင်ပဲဖြစ်ဖြစ်)ကိုဆူးမပါအောင် သေချာ သန့်စင်ပြီး ဘုရားကျောင်းဆောက်ရှေ့မှာ ခုန်အမြင့်ပေါ်တင်ပြီး ဘုရားတွင် ကပ်လှူပါ။ပြီးလျှင် ‘နမော ဗုဒ္ဓဿ’ဂါထာကို ပုတီး (၁၀) ပတ်စိပ်ရပါမည်။ စနေနေ့ မှ စတင်၍ ဆယ်ရက်တိတိ အဓိဋ္ဌာန်ဖြင့် စိပ်ပါ။ ဆယ်ရက်အတွင်း နှင်းဆီပန်းများညှိုးသွားလျှင် အသစ် ပြန်လဲပြီး ကပ်လှူပေးပါ။ နှင်းဆီ ဆယ်ခက် စီးပွားတက် ထူးထူးခြားခြား အကျိုးပေးပြီး ကံပွင့် လာဘ်ပွင့်ကာ ဝင်ငွေတိုးချင်တဲ့ ခုနှစ်ရက်သားသမီး မိတ်ဆွေများအတွက် အလျင်မြန်အကျိုးထူးကို ရရှိစေမည့် နှင်းဆီ ဆယ်ခက် စီးပွားတက် အဓိဋ္ဌာန် စခမ်းဝင်နည်း ။ […]

Knowledge

ဒါကို ဖတ်သွားသူတိုင်းဟာ သန်းပေါင်းများစွာသော လူများထက် ကံကောင်းသောသူ ဖြစ်ပါတယ်…

ဒါကို ဖတ်သွားသူတိုင်းဟာ သန်းပေါင်းများစွာသော လူများထက် ကံကောင်းသောသူ ဖြစ်ပါတယ်… ဖတ်သွားသူတိုင်း သန်းပေါင်းများစွာသော လူများထက် ကံကောင်းသောသူ ဖြစ်နေပြီဆိုတာ ဖတ်သွားသူတိုင်း သိသွားပါပြီ။ ကံထူးရှင်တိုင်း ဖတ်ခွင့်ရမည်။ဖတ်သွား ရှဲသွားသူတိုင်း ကမ္ဘာမှာ သန်းပေါင်းများစွာသော လူများထက် ကံကောင်းသောသူ ဖြစ်နေပြီဆိုတာ ဖတ်သွားသူတိုင်း သိသွားပါပြီ။သင့် ရေခဲသေတ္တာထဲမှာ စားစရာရှိနေတယ်။ ခါးကိုအလှဆင်ဖို့ရာ အဝတ်အစားတွေရှိနေတယ်။ သင့်ခေါင်းပေါ်မှာ ခေါင်မိုးတစ်ခုရယ်…နောက်ကျောခင်းအိပ်စရာ နေရာတစ်ခု ရှိနေတယ်ဆိုရင် သင်ဟာ ကမ္ဘာမှာရှိတဲ့ (၇၅) ရာခိုင်နှုန်းသောလူတွေထက် ပိုမိုချမ်းသာပါတယ်။ သင့် ဘဏ်ထဲမှာရော သင့်ပိုက်ဆံအိတ်ထဲမှာရောနောက်ပြီး..အလွယ်သုံးစရာ အကြွေငွေစလေးတွေရှိနေရင် သင်ဟာ ကမ္ဘာမှာ (၈) ရာခိုင်နှုန်းသာလျှင်ရှိတဲ့ …ချမ်းသာသူ စာရင်းဝင်ဖြစ်နေပါပြီ။ သင်ဟာ ဒီကနေ့မနက်မှာ နေမကောင်းဖျားနာဘာမှမဖြစ်ဘဲ အိပ်ရာက ကျန်းမာစွာ နိုးထလာတယ်ဆိုရင်တော့ ဒီတစ်ပတ်အတွင်း ကမ္ဘာမှာအသက်မရှင်နိုင်တော့တဲ့ သန်းနဲ့ချီ […]

Knowledge

စီးပွားပျက်ကပ်ကို ကျော်လွှားနိုင်စေဖို့ အခုကစ ကြိုတင်လုပ်ဆောင်ထားရမယ့် အချက်(၃)ချက်

စီးပွားပျက်ကပ်ကို ကျော်လွှားနိုင်စေဖို့ အခုကစ ကြိုတင်လုပ်ဆောင်ထားရမယ့် အချက်(၃)ချက် စီးပွားကျတဲ့ ဒဏ်ကို ကျော်လွှားနိုင်စေဖို့ ကြိုတင် လုပ်ဆောင်ထားရမယ့် အချက် (၃) ချက်ကို အများ သိရှိထားနိုင်ကြစေဖို့ ‘စီးပွားရှင်’ ရဲ့ သတင်း ဆောင်းပါးတစ်ပုဒ်အား ပြန်လည် မျှဝေပေးလိုက်ပါတယ်။ စီးပွားရေးက ကျနေပါပြီ။ ပညာရှင်တွေ အပြော စောင့်နေစရာ မလို စီးပွားရှင်တို့ ကိုယ့်ဘေးနားနဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်ရင်ကို သိနေပြီ။ စီးပွားကျရင် တကိုယ်ရေ လုပ်ရမှာ ၃ နည်းပဲ ရှိပါတယ်။ ၁။ ကျန်းမာရေး ဂရုစိုက်ပါ ၂။ ချွေတာပါ ၃။ ငွေရှာပါ ၁။ ကျန်းမာရေး ဂရုစိုက်ပါ ကျန်းမာရေးက နံပါတ်တစ်။ ပထမအလုပ်ဖြစ်တဲ့ ကျန်းမာရေး ဂရုမစိုက်ရင် ဒုတိယနဲ့ တတိယဖြစ်တဲ့ […]

Knowledge

မြန်မာငွေ (၆၅)သိန်းကျော်တန်ဖိုးရှိတဲ့ ကြက်နက်အကြောင်း

မြန်မာငွေ (၆၅)သိန်းကျော်တန်ဖိုးရှိတဲ့ ကြက်နက်အကြောင်း ရေမြေဒေသကြောင့် အရိုး၊ အသား၊ အနှစ်၊ သွေး၊ ဥကအစ အနက်ရောင်ပြောင်းနေတဲ့ ကြက်ဟာ ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာပဲ ရှိပါတယ်။ အဲဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာပဲ ဖြစ်ပါတယ်။ အင်ဒိုရဲ့ ဂျာဗားကျွန်းမှာ အများဆုံး ရှိပါတယ်။ မလေးရှားမှာလည်း တွေ့ရသလို တခြားနိုင်ငံတွေမှာ ရှိပေမယ့် အင်ဒိုက တကယ့် မိခင်ရင်းမြစ်နေရာပါ။ ကမ္ဘာပေါ်မှာ လက်ရှိ အကောင်ရေ ၃၅၀၀ ပဲ ရှိတော့တဲ့ ကြက်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဈေးကလည်း သိန်းဆယ်ချီ၊ ရာချီ ပေးဝယ်ကြတယ်လို့ဆိုပါတယ်။ ကြက်လောကမှာ ဈေးအကြီးဆုံး ကြက်လို့ ဆိုရပါမယ်။ အနည်းဆုံး ဒေါ်လာ နှစ်ထောင့်ငါးရာပေးရတယ်။ ပြင်သစ်မှာဆို ဒေါ်လာ ငါးထောင်ပေးဝယ်ရပါတယ်။ အဲဒီကြက်ကို ဆယ်မာနီ တညင် ကြက် Ayam […]

Knowledge

မိခင်တစ်ယောက်၏ အလှပဆုံးသော မုသားစကားကြီး ရှစ်ခွန်း….

ကျွန်တော် ကလေးဘဝအရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ “စား .. ငါ့သား အမေ သိပ်မဆာဘူး..” အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ။ ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ ပိန်လှီသေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ် ။ အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချိုလုပ်တိုက်တယ် ။ ကျွန်တော် ဟင်းချိုကို အားရပါးရသောက်နေတုံး အမေက ကျွန်တော့်ဘေးကနေထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ […]

Knowledge

ဘယ်သောအခါမှ မကြီးပွားနိုင်စေသည့် သား သမီး အမျိုးအစားများ

(၁)မိဘကို အိမ်စောင့်ထားခြင်း။ (၂)မိဘကနေ အဝတ်လျှော်ဖွတ်ပေးရခြင်း။ (၃)မိဘက သား သမီးပြန်လာလျှင် ခြံတံခါးဖွင့်ပေးရခြင်း။ (၄)မိဘကို သား သမီး ထိန်းခိုင်းခြင်း။ (၅)မိဘက ထမင်းချက်ပြုတ် ကျွေးမွေးရခြင်း။ (၆)မိဘကို လစာပေးသလိုမျိုး ငွေပေးခြင်း။ (၇)မိဘအမှားပြုလျှင် လူရှေ့သူရှေ့ ဆူပူအပြစ်တင်ခြင်း။ (၈) မိဘက ဘုရားရှိခိုးလျှင် ကျယ်ခြင်း တိုးခြင်းကို ကဲ့ရဲ့ခြင်း။ (၉)မိဘကို မောင်နှမလို သေဘာထားဆက်ဆံခြင်း။ (၁ဝ)မိဘကို နှမျောတွန့်တို ပေးကမ်းခြင်း။ (၁၁)မိဘစကားကို ပစ်ပယ်ခြင်း။ အလေးမထားခြင်း။…. ဒါမျိုးတွေကို ရှောင်ရှားကြပါ၊ ဆင်ခြင်ကြပါ၊ မလုပ်မိကြပါစေနဲ့။ မိဘဆိုတာ အစားထိုး မရနိုင်တဲ့ တန်ဖိုးအကြီးမားဆုံး ရတနာတွေပါ။ Crd   (၁)မိဘကို အိမျစောင့ျထားခွငျး။ (၂)မိဘကနေ အဝတျလြှောျဖှတျပေးရခွငျး။ (၃)မိဘက သား သမီးပွနျလာလြှငျ ခွံတံခါးဖှင့ျပေးရခွငျး။ […]

Knowledge

လူသားတွေ ကျေးဇူးကန်းတဲ့အခါနတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုးတဲ့

ဖတ်ကြည့်နော် လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။ စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။ ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး အာမတောင်ခံလိုက်သေး။ အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။ အချိန်တန်လို့ ပြောင်းပေးဖို့ပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။ တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့မပြောနဲ့ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။ သူငယ်ချင်းတစု အတူတူပေါင်းပြီးအဆောင်ငှါးနေကြတယ်။ စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။ အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။ ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။ အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။ လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။ နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ […]

Knowledge

မြန်မာရာဇဝင်ထဲက ကိုးသင်္ချိုင်းဓါး အကြောင်း

ကနောင်မင်းသားကြီးသည် တုတ်ပြီး၊ ဓားပြီး သေနတ်ပြီးတယ်လို့ ဖတ်ရှုသိရှိရသည်။ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင်က ကိုးသချႋုင်းဓားအစီအရင်နဲ့ လုပ်ကြံ သတ်ဖြတ်လို့ သေရတယ်တဲ့။ ဒါ့ကြောင့် ကိုးင်္သချိုင်းဓားအကြောင်းကို အနည်းငယ် မျှဝေချင်ပါသည်။ကိုးသချႋုင်းးဓားသည် အမည်နှင့်လိုက်အောင်ပင် သချႋုင်းကိုးခု၏ ခေါင်းတလားမှသံများကိုစုပေါင်း၍ သံရည်ကျိုပြီးသွန်းလုပ်ရသည်။ သံရည်ကျိုပြီးသောအခါ စနေသားပန်းပဲဆရာမှက ဓားပုံလောင်းရသည်။(အများအားဖြင့် စနေနေ့တွင်ဓားကိုပုံလောင်းကျသည်။)ဓားကိုပုံချောအဖြစ်ရအောင်ယူပြီး ဓားဆေးသောအခါ သချႋုင်းး၌ဆေးရသည်။ ဓားမဆေးမှီ ရ ရက်တိုင်တိုင် သက် ဆိုင်ရာပုဂ္ဂိုလ်တို့ကိုပင့်ဖိတ်ပြီးသက်ဆိုင်ရာဂါထာမန္တာန်တို့ကို ရ ရက်တိတိရွတ်ဖတ်ရသည်။ဓားဆေးသောအခါ ရေဖြင့်မဆေးရပဲ အစိမ်းသေသွေးဖြင့်သာဆေးရသည်။ အကယ်၍ အစိမ်းသေမှရသောသွေးမများပါက ၎င်းသွေးအနည်းအငယ်သာယူပြီး အခြားကျွဲ၊နွားသွေးများရောနှောကာဆေးရသည်။ဓားဆေးပြီးသောအခါ စနေသမီးအုံးသော ခေါင်းအုံးအောက်၌ ရ ရက်ပြည့်အောင်ထားရသည်။ ထိုသို့ပြီးသည်နှင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများ ကမ္မဝါဖတ်နေချိန်၌ဘုန်းတော်ကြီးများမသိအောင် ကျောင်းနှင့်မနီးမဝေး ကမ္မဝါဖတ်သံကြားရသောနေရာ၌ ထားရသည်။ပြီးလျှင် မြို့တော်ရှင်ဟုလူအသိများသော ကိုးမြို့ရှင်နတ်ကွန်းတွင် ဓားကို ၉ ရက်တိတိထားရသည်။ ဓားပြီးသောအခါ […]

Knowledge

အဖိုးပြောတဲ့မြေးလေး အိမ်ထောင်ပြုရင် ကနခိုလေးဝယ်ထားကွယ်တဲ့

အဘိုးပြောဖူးသည်။ မြေးလေး အိမ်ထောင်ပြုရင် ကနခိုလေးဝယ်ထားရတယ်။ အရေးအကြောင်းရှိရင် တန်ဖိုးကြီးတယ်ဆိုခဲ့သည်။ အမှန်ပင်ကလေးငယ်၏ ကြက် ညှာ ချောင်းဆိုး ရောဂါကိုကနခို ီနှင့်ချင်းစိမ်း ရေရော ၍ သွေးကာ အနည်းငယ်ရင်ဘတ်တွင် လူးလူးပေးရာ ကြက်ညှာရက်(၁၀၀) မကြာဘဲအမှန်ပျောက် ကင်းခဲ့ သည်။ နောက်တစ်ဖန် လက်တွေ့ကြုံသည်က ကင်မြီးကောက်အထိုးခံရသူအား ကနခိုစေ့သွေးလိမ်း ပေးခဲ့ရာ ချက်ချင်းဒဏ်ရာသက်သာ ပျောက်ကင်းခဲ့ သည်။ ကနခိုကို စိတ်ဝင်စား၍ ဖတ်မှတ်ကြည့်ရာ ဆေးကျမ်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြထားခြင်း ရှိသည်။ ရွှေမြန်မာတို့ ကနခိုဟုဆိုလျှင် ပြင်းထန်သော ဓာတ်သွားစေသည့် အစေ့(သို့) အဆံအဖြစ်သိကြသည်။ ကနခို၏ ရုက္ခဗေဒအမည်မှာ Croton tiglium Linn ဖြစ်သည်။ မျိုးရင်းမှာကြက်ဆူ မျိုးရင်းဖြစ်သည်။ အမြဲစိမ်းပင်လတ်မျိုးဖြစ်သည်။အမြင့်ပေ(၁၅)ပေမှ(၂၀)ထိရှိသည်။ ပင်စည်ခေါက်မှာညိုပြာပြာဖြစ်သည်။ ရွက်နားတွင်ခွေးသွားစိတ်ရှိပြီးဘဲဥပုံသဏ္ဍာန်အဖျားချွန်သည်။ ရွက်ညှာရှည်ကာ လိမ္မော်ရောင်မှအစိမ်း […]