အလှပရေးရာ
ရက်ရက်စက်စက် သိသိသာသာကို အသားဖြူမြန်စေတဲ့ အာလူးပြုတ်အစွမ်း
ရက်ရက်စက်စက် သိသိသာသာကို အသားဖြူမြန်စေတဲ့ အာလူးပြုတ်အစွမ်း ဒီတစ်ခါတော့ ဈေးကြီးနာမည်ကြီးတဲ့ အလှကုန်တွေ သုံးစရာမလိုဘဲ မျက်နှာအသားအရေကို သိသိသာသာ ဖြူဝင်းစေနိုင်မယ့် မှော်ဆန်ဆန် အာလူးပြုတ်နည်းလမ်းအကြောင်း မျှဝေပေးပါရစေ ။ ဒီနည်းလမ်းလေးဟာ သင့်မျက်နှာကို ခဏတာသာ ဖြူဝင်းစေတာမဟုတ်ဘဲ ထာဝရဖြူစေနိုင်တဲ့ နည်းလမ်းလို့တောင် တင်စားကြပါတယ်ပထမဆုံး အာလူးကို ဆေးကြောပြီး ပြုတ်လိုက်ပါ ။ နူးသွားပြီဆိုလျှင် အခွံခွာပြီး ကောင်းစွာ ကြိတ်ခြေပါ။ ပြီးနောက် အရောအနှောမပါသော ဒိန်ချဉ် အနည်းငယ်ကို ထည့်မွှေပါ ။ ဒိန်ချဉ်မရှိလျှင် နွားနို့ ထည့်လို့ ရပါတယ် ။ နောက်ဆုံးတွင် ပျားရည် လက်ဖက်ရည် ၁ဇွန်းနှင့် သံပုယိုရည် ၃စက်ခန့် ထပ်ထည့်မွှေလိုက်ပါ ။ အားလုံးနှံ့စပ်အောင် မွှေပြီးလျှင်တော့ မျက်နှာပေါ်သို့ သုတ်လိမ်းထားလိုက်ပါ ။ နာရီဝက်ခန့်ကြာလျှင်တော့ […]
ဒီနေ့ခေတ်ထိ အသုံး ဝင်ဆဲဖြစ်တဲ့ ရှေးခေတ်က အလှအပလျှို့ဝှက်ချက်များ
ဒီနေ့ခေတ်ထိ အသုံး ဝင်ဆဲဖြစ်တဲ့ ရှေးခေတ်က အလှအပလျှို့ဝှက်ချက်များ ဒိန်ချဉ် အသားအရေအတွက် အသုံးဝင်တဲ့ ဒိန်ချဉ် ဒိန်ချဉ်ရဲ့ အသုံးဝင်ပုံကို ရှေးုတုန်း ကတည်းက သိကြသည်။ ရှေးတုန်း ချဉ်သွားတဲ့ နို့ခွက်ကို လက်နဲ့ သွန်ပြီး ဆေးကြောတဲမိ တဲ့အခါ နောက်နေ့မှာ ၎င်းလက်ဟာ နူးညံ့နေတာကို တွေ့ရင်း သူ့ရဲ့ အသားအရေအတွက် အသုံးဝင်ပုံကို သိလာခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဂေါ်ဖီထုပ်အရွက်များ ဒီနည်းလမ်း ကိုတော့ နို့တိုက်ကလေးမိခင်တွေ ရှေးနှစ်ပေါင်း ရာချီတည်းက အသုံးပြုလာကြတာပါ။ ရင်းသား နာကျင်ခြင်း၊ နီးရဲ ဖူးယောင်နေခြင်းများကို ဂေါ်ဖီရွက် အုပ်ပေးခြင်းဖြင့် ပျောက်ကင်းစေ သည်။ ကြက်ဥ မက်စ် (ကြက်ဥမျက်နှာဖုံး) ကြက်ဥမက်စ် လုပ်တဲ့နည်းများ စွာရှိသောလည်း လိုရင်းကတော့ အတူတူပါပဲ။ ကြက်ဥမက်စ်က ဆံပင်တွေကို […]
မာလကာရွက်ကို အသုံးပြုပြီး ဆံပင်ဖြူတာတွေ နက်အောင် လုပ်နည်း
မာလကာရွက်ကို အသုံးပြုပြီး ဆံပင်ဖြူတာတွေ နက်အောင် လုပ်နည်း မဂ်လာပါ ပရိတ်သတ်ကြီးရေအခုပြောပြ ပေးချင်တာကတော့ ဆံပင်ဖြူ နေတာ ကိုပြန်နက်ပြီး နက်မှောင်သောဆံပင်ရဖို့နဲ့၊ဆံပင် ပါးနေတာ တွေကို ထူလာ စေဖို့မာလကာရွက်ကို အသုံးပြုနည်း လေး အကြောင်း တင်ပြ လိုက်ပါတယ်။ဆံပင်ဟာ လူတစ်ယောက် ရဲ့ ဒုတိယ မျက်နှာ ဖြစ်လို့ ဆံပင်ကို အင်မတန် မှ ဂရုစိုက် သင့်ပါတယ် ။ဆိုရိုး စကား အရ မိန်းမ တို့ ဘုန်း ဆံထုံး လို့လဲ ဆိုရိုးစကား ရှိကြ ပါတယ်။ မိန်းကလေးတွေ အတွက် ဆံပင်ဟာ အလွန် အရေး ပါလှ ပါတယ် အဘယ်ကြောင့် ဆိုသော်၊ဆံပင်ရှည် သောမိန်းကလေး က မိန်းကလေး ချင်းပင် […]
မျက်နှာပေါ်မှာ(ဝက်ခြံအမြဲမပြတ်)သူတွေအတွက်တစ်သက်လုံးပြန်မထွက်တော့မယ့်နည်းလမ်းများ
ပျိုမေတို့မျက်နှာလေးလှလှလေးမှာဝက်ခြံတွေစဉ်ဆက်မပြတ်ထွက်နေမယ်ဆိုရင်အပြင်ထွက်လို့အလှပြင်ရင်လည်းအဆင်မပြေ၊မှန်ကြည့်တိုင်းလည်းစိတ်မချမ်းသာ၊ကိုယ့်ကိုယ် ကိုလည်းယုံကြည်မှုမရှိတွေဖြစ်နေပါလိမ့်မယ်ဝက်ခြံတွေမြင်မကောင်းအောင်အများကြီးထွက်နေတာမျိုးလည်းမဟုတ်ဘဲမျက်နှာပေါ်မှာ ဟိုနားနည်းနည်း၊ဒီနားနည်းနည်းနဲ့အမြဲမပြတ် ထွက်နေတာမျိုးပါဒါကြောင့်ပျိုမေတို့မျက်နှာပေါ်မှာအမြဲမပြတ်နေရာယူထားတဲ့ ဝက်ခြံတွေကိုလုံးဝသက်သာစေပြီးမှန်ကြည့်တိုင်းစိတ်ချမ်းသာစေမယ့်နည်းလမ်းလေးတွေကိုဖော်ပြ ပေးလိုက်ပါတယ်ဝက်ခြံလေးတစ်လုံး၊နှစ်လုံးထွက်လာရင်လက်နဲ့သွားသွားညှစ်ချင်ပါတယ်လုံးဝမညှစ်ပါနဲ့၊လက်နဲ့မကြာခဏထိတွေ့ခြင်းကဝက်ခြံကိုပိုဆိုးစေပြီးအမာရွတ် ထင်းထင်းကြီးတွေဖြစ်စေပါတယ်ဒါကြောင့်လက်နဲ့လုံးဝမထိ၊မညှစ်မိအောင်နေပမနက်တစ်ကြိမ်ညတစ်ကြိမ်ပုံမှန်မျက်နှာသစ်ပြီးပြီးချင်း၊ဝက်ခြံထွက်နေတဲ့နေရာကို မိနစ်အနည်းငယ် လောက်ရေခဲကပ်ပေးပြီးကိုယ်လုပ်နေကျskin care အဆင့်လေးတွေကိုသေချာလုပ်ပေးပါမျက်နှာသုတ်ပုဝါခေါင်းအုံးစွပ်နဲ့အိပ်ယာခင်းကိုသန့်အောင်ထားပေးပါ တတ်နိုင်ရင်တစ်ပတ်တစ်ခါလောက်လဲပေးပါနာရီဝက်လောက်လမ်းလျှောက်ပေးတာ၊ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးတာနဲ့အိပ်ချိန်လုံလောက်အောင်အိပ်ပေး တာကခန္ဓာကိုယ်တွင်းကဇီဝရုပ်ဖြစ်ပျက်မှုကိုမှန်မှန်ကန်ကန် လည်ပတ်စေတာကြောင့်မျက်နှာပေါ်ကဝက်ခြံတွေသက်သာအောင်ကူညီပေးပါတယ်စိတ်ဖိစီးမှုတွေအမြဲဖြစ်နေရင် cortisol hormoneကိုများများထွက်စေတာကြောင့်ဝက်ခြံကပျောက်တယ်ရယ်လို့မရှိတော့ပါဘူးဒါကြောင့်စိတ်ဖိစီးမှုလျော့နည်းအောင်စိတ်အပန်းဖြေတာမျိုးလုပ်ပေးပါ အဆက်မပြတ်ဖြစ်နေတဲ့ဝက်ခြံတွေပျောက်အောင်ဒီနည်းလေးတွေနဲ့ပေါင်းတင်ပါနနွင်းမှုန့်အနည်းငယ်ကိုရေအနည်းငယ်နဲ့ရောပြီးအနှစ်ဖြစ်အောင် လုပ်ကာဝက်ခြံဖြစ်နေ တဲ့နေရာမှာလိမ်းပေးထားလိုက်ပါနာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ဆေးချပေးပါတစ်နေ့တစ်ကြိမ်လုပ်ပေးလိုက်မယ်ဆို ပျိုမေတို့ကိုစိတ်ဒုက္ခပေးနေတဲ့ဝက်ခြံတွေလုံးဝသက်သာသွားပါ လိမ့်မယ်ရှားစောင်းလက်ပပ်အတွင်းသားအနည်းငယ်ကိုယူပြီးပျားရည်အနည်းငယ်နဲ့ရောမွှေကာဝက်ခြံရှိတဲ့နေရာမှာလိမ်းပေးပါနာရီဝက်လောက်ထားပြီးရေအေးနဲ့မျက်နှာသစ် ပေးပါတစ်နေ့တစ်ကြိမ်ပုံမှန်လုပ်ပေးရင်ဝက်ခြံအဆက်မပြတ်ထွက်နေတဲ့ပြဿနာကိုဖြေရှင်းပေးပါလိမ့်မယ်အာလူးကိုအလွှာလေးတွေလုပ်ပြီးဝက်ခြံရှိတဲ့နေရာမှာ၁၅မိနစ်လောက် ကပ်ထားပေးလိုက်ပြီးရေအေးနဲ့ပြန်ဆေးချပေးပါညအိပ်ခါနီးတိုင်းလုပ်ပေးရုံနဲ့ဝက်ခြံတွေထပ်မထွက်အောင်တားဆီးပြီးသားဖြစ်စေမှာပါ credit
အဆီပြန်တဲ့အသားအရေပိုင်ရှင် ပျိုမေတို့အတွက် သဘာဝပေါင်းတင်နည်း (၈)မျိုး
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက တခြားသူတွေထက် အရေပြား မှာ အဆီထုတ်လုပ်မှု ပိုများတာကြောင့် အဆီကြိတ်၊ ဆားဝက်ခြံ၊ ဝက်ခြံနဲ့ တခြား အရေပြားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက အရေးအကြောင်းတွေ လွယ်လွယ်နဲ့မဖြစ်တတ်ဘဲ အသက်ကြီးတဲ့အထိ အသားအရေတင်းရင်းနေနိုင်တာပါ။ အဆီပြန်တာက အရေပြားအပေါ်ယံလွှာမှာရှိတဲ့ အဆီဂလင်းတွေကနေ အဆီထုတ်လုပ်မှု များလွန်းတာကြောင့်ဖြစ်ပြီး ချွေးပေါက်ကျယယ်တွေကိုလည်းဖြစ်စေပါတယ်။ ဒီတော့ အဆီဂလင်းက အဆီထုတ်လုပ်မှုကို လျော့နည်းအောင် အဆီပြန်တာကို ပျောက်ကင်းအောင် လုပ်နိုင်မယ့် သဘာဝနည်းလမ်းလေးတွေကို ပျိုမေတို့ သိချင်ကြလိမ့်မယ်လို့ထင်ပါတယ်။ အခုပဲ ဖော်ပြပေးလိုက်ပြီမို့ ဖတ်ကြည့်ပြီး အခုပဲလုပ်လိုက်တော့နော်။ (၁) ကြက်ဥအကာ ကြက်ဥအကာမှာ ပါဝင်တဲ့ ဗီတာမင် အေက အသားအရေအတွက် အထောက်အကူအများကြီးဖြစ်ပြီး အဆီဂလင်းကနေ အဆီတွေအများကြီး မထုတ်လုပ်အောင် တားဆီးပေးနိုင်တာကြောင့် ကြက်ဥအကာနဲ့ တစ်ပတ်နှစ်ကြိမ် မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် […]
မြန်မာ့ ရိုးရာ သဘာ၀ တင်းတိပ် ပျောက်ဆေး
သဘာ၀ တင်းတိပ် ပျောက်ဆေး တင်းတိပ်ဆိုတာ မျက်နှာ အသားကို နေပူလောင်တာ၊ မီးပူမိတာက စတာပါ မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့” သုံးရမှာက အိမ်မှာ ငွေလည်းမကုန် ၊ လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ ။ ကျွန်တော် အဲဒီနည်းကို အမကြီးတွေ ၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ။ ဆေးနည်း ၁ ။မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီး ပုံထဲက အတိုင်း မပျစ် မကျဲလေး ဖျော်ထားပါ ။ […]
မျက်နှာလေးက နုဖတ်နေတာပဲလို့ အပြောခံချင်ချင်သူများအတွက်….
ကိုယ်လိမ်းနေကျ ထောပတ်စေ့အကြောင်းလေးပါ။ အချိန်ရရင် ဖတ်ကြည့်ပေးစေချင်ပါတယ်။မနေ့က ကိုယ့်အကိုတစ်ယောက်နဲ့ video call ပြောရင်း ဒီပို့စ်လေးရေးဖို့ စိတ်ကူးရတယ်ဆိုပါတော့….. ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်….ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့ မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေ…ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့ တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။ရန်ကုန်ရောက်ပြီး ၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bella ပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း ၂ကြိမ်ရယ်ပါ …. ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီး ပွဲတွေရှိတဲ့အခါနဲ့ စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ်…. သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့ အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ […]
အသားညိုမည်းသူများအတွက် 100ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့အသားဖြူနည်း…
အသားညိုမည်းသူများအတွက် 100ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့အသားဖြူနည်း… အသားဖြူဆေးတွေသောက်တာက တကယ်ရောဖြူရဲ့လား၊ ဘေးရောကင်းရဲ့လား၊ လိုးရှင်းတွေကရော အမှန်တကယ် ဖြူလာရဲ့လား? နေရောင်ခြည်ဒဏ်ကိုခံရခြင်း ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း၊ ကျန်းမာရေးအခြေအနေ၊ အသားခြောက်ခြင်း ၊ စိတ်ဖိစီးမှု၊ လူနေမှုပုံစံမှားယွင်းခြင်း၊ ဓါတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းတို့ကြောင့် အသားညိုမည်းခြင်းကို ဖြစ်လာစေပါတယ်။ အသားဖြူချင်လို့ နည်းလမ်းများစွာသုံးပြီး ပြုလုပ်နေကြပေမယ့် အမှန်တကယ် ထိရောက်မှုရှိရဲ့လား၊ ဘေးကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေကိုတော့ သေချာမဖြေနိုင်ကြပါဘူး။ ဒ့ါအပြင် အချို့နည်းလမ်းတွေကလည်း ငွေကုန်ကြေးကြများတဲ့အတွက် လူတိုင်းမတတ်နိုင်ကြပါဘူး။ ဒါ့ကြောင့် ဘေးကင်းပြီး ထိရောက်တဲ့ အသားဖြူနည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။ ဒီနည်လမ်းကို အပိုင်း ၂ပိုင်းခွဲပြီး လုပ်ရမှာပါ။ ပထမအပိုင်းမှာတော့ scrub လုပ်ရမှာဖြစ်ပါတယ်။ ပထမဦးစွာ scrub လုပ်ရန်အတွက် ပန်းကန်လုံးတစ်ခုထဲသို့ သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲခန့် ထည့်ပါ။ […]
နှုတ်ခမ်းသားလေး ပန်းရောင်သမ်းပြီး နူးညံ့လှပနေဖို့ အုန်းဆီ အသုံးပြုနည်း
အုန်းဆီက အသားအရေအတွက်ရော ဆံကေသာအလှအပအတွက်ပါ အသုံးတည့်တဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းသားလေး နူးညံ့ပြီး သဘာဝအတိုင်း ပန်းရောင်သမ်းနေစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ အသုံးပြုပုံနည်းလမ်းလေးတွေကတော့ အများအပြားရှိတဲ့အတွက်ကြောင့် မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုနိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။ နည်းလမ်း (၁) အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဂျိုဂျိုးပါး အဆီ ၅ စက်ခန့်ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဘူးအလွတ်တစ်ဘူးထဲမှာ ထည့်ပြီး ရေခဲသေတ္တာ အအေးခံစက်ထဲမှာ မိနစ် ၂၀ကနေ မိနစ် ၃၀ ခန့်အထိ အအေးခံထားလိုက်ပါ။ ရရှိလာတဲ့အဆီကို နှုတ်ခမ်းမှာ သုတ်လိမ်းပေးလိုက်ပါ။ နည်းလမ်း (၂) အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် Vaseline အလှဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါမယ်။ အရင်ဆုံး Vaseline […]