သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေ ခံစားရမယ့် အရာ(၅)မျိုး လောကမှာ…ကြောက်စရာအကောင်းဆုံးနဲ့အယုတ်ညံ့ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီလိုလူတွေကယာယီတော့ ပျော်ရွှင်ရမယ်။ ဒါပေမဲ့…ဘယ်တော့မှ ငြိမ်းချမ်းမှု ပျော်ရွှင်မှုကို ရရှိမှာ မဟုတ်ပါဘူး။ သူတစ်ပါးမိသားစုကို ဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူတွေ ခံစားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်း…သတိထား ဆင်ခြင်နိုင်ကြပါစေ။ ၁။ပူလောင်ခြင်း။ သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ဖောက်ပြန်တဲ့သူတွေအမြဲတမ်းခံစားနေရမယ့် အရာကတော့ပူလောင်ခြင်းပါပဲ။ သူတို့ရင်ထဲမှာ…နောင်တရသလိုလိုကျေနပ်သလိုလိုမှားနေသလိုလိုမှန်နေပြန်သလိုလိုမသေချာမရေရာတဲ့ ခံစားချက်တွေအမျိုးမျိုးဖြစ်နေပြီးဘယ်တော့မှ အေးချမ်းရမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေအလိုလိုနေရင်း ဒေါသတွေထွက်ရှူးရှူးရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ ထွက်မှန်းမသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။ ၂။စိုးရိမ်ထိတ်လန့်ခြင်း။ ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာမတရားသဖြင့်ရရှိထားတဲ့ပတ်သက်မှုမျိုးဖြစ်တာကြောင့်အမြဲတမ်းပူပင်သောက ရောက်နေရမှာပါ။ ဒါ့အပြင် ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များတခြားသူနောက် ပြန်ပါသွားမလဲ၊ကိုယ့်ကိုယ် ဘယ်တော့ ထားသွားမလဲဆိုပြီး တစ်ချိန်လုံး စိုးရိမ်သောက ရောက်နေရမှာပါ။ ဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြားမှာနည်းနည်းလေး ပြဿနာ ရှိလာတာနဲ့တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်း ညစ်လာရမှာပါ။ ၃။ဝဋ်လည်ခြင်း။ ဝဋ်ဆိုတာက…တကယ်ကိုလည်ပါတယ်။ ခုခေတ်မှာဝဋ်လည်တာ […]
Day: July 22, 2020
ခြောက်လွှာမှာနေရလို့ အိမ်လှလှလေးစိတ်ကူးယဉ်ခဲ့မိပြီး ပိုက်ဆံအလီလီခွဲပေးကာ အိမ်ဝယ်နိုင်ခဲ့အကြောင်း အစချီကာ အိမ်တွေ တစ်လုံးပြီးတစ်လုံး ကံကောင်းစွာနဲ့ ပိုင်ဆိုင်လာခဲ့ပုံကို ပြောပြလာတဲ့ သရုပ်ဆောင်/ဒါရိုက်တာ ဦးခင်လှိုင်
ယခု သတင်းကို Shwe Yaung Myanmar မှ ကူးယူဖော်ပြပါသည် ဟာသလူရွှင်တော်ဘဝနဲ့ မြန်မာပြည်ရဲ့ အတော်ဆုံး လူရွှင်တော်တွေထဲမှာ ပါဝင်ခဲ့ပြီး သရုပ်ဆောင်ဘဝနဲ့လည်း ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့/ရိုက်ကူးနေဆဲ ဖြစ်တဲ့ ဦးခင်လှိုင်ကတော့ သာယာလှပတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ယခုဆိုရင် ဦးခင်လှိုင်ဟာ ဒါရိုက်တာဘဝနဲ့ဇာတ်ကားကောင်းတွေ ဖန်တီးရိုက်ကူးနိုင်တဲ့ အထိ ဘဝကို အဆင့်ဆင့်တက်လှမ်းလာနိုင်ခဲ့ပါပြီ။ ဦးခင်လှိုင်က သူရဲ့ လက်ရှိအိမ်ကလေး ဝယ်ယူဖြစ်ခဲ့ပုံကို ခုလိုပဲရှင်းပြလာခဲ့ပါတယ်။”တိုက်ခန်းမှာ နေရတာ တက်ရ၊ ဆင်းရ ပင်ပန်းတော့ လုံးချင်းအိမ်မျိုး လိုချင်ခဲ့တယ်။ အခုနေတဲ့ အိမ်လေး ကို ရိုက်ကူးရေး လုပ်ရင်း တွေ့တော့ အရမ်းသဘောကျခဲ့တယ်။ ဒီအိမ်လေး ပိုင်ရပါစေ လို့ ဘုရားမှာ ဆုတောင်းခဲ့ပြီး ကြိုးစားတော့ ပိုင်ဆိုင်ခွင့် ရခဲ့တယ်။ အိမ် ဆိုတာ […]
မိဘချွေးနဲ့ ခြေဆေးကာ ဘဝကို မစတေးမိကြစေချင်…ဒီခေတ်လူငယ်အချို့ဟာ မိဘချွေးနဲ့ခြေဆေးပြီး ကိုယ့်ဘဝကိုယ် စတေးနေကြသလိုဖြစ်နေတယ်
မိဘချွေးနဲ့ ခြေဆေးကာ ဘဝကို မစတေးမိကြစေချင်…ဒီခေတ်လူငယ်အချို့ဟာ မိဘချွေးနဲ့ခြေဆေးပြီး ကိုယ့်ဘဝကိုယ် စတေးနေကြသလိုဖြစ်နေတယ် မိဘချွေးနဲ့ ခြေဆေးကာ ဘဝကို မစတေးမိကြစေချင်…… ဒီခေတ်လူငယ်အချို့ဟာ မိဘချွေးနဲ့ခြေဆေးပြီး ကိုယ့်ဘဝကိုယ် စတေးနေကြသလိုဖြစ်နေတယ်။ အထူးသဖြင့် အချို့ကျောင်းသူကျောင်းသားတွေပါပဲ။ မိဘတွေက ကိုယ့်သားသမီးတွေပညာတတ်ပြီး ဘဝမှာလူတန်းစေ့နေနိုင်အောင် နေပူမိုးရွာမရှောင်ရုန်းကန်ရှာဖွေပြီး ကျောင်းထားကြရတာများပါတယ်။ ဒါပေမယ့်သားသမီးတွေကတော့မိဘတွေကိုမငဲ့ညှာဘဲ အသိမဲ့စွာအပျော်အပါးမှာပဲနစ်မွန်းနေကြတယ်။ ကျောင်းတွေ တက္ကသိုလ်တွေဟာ အချို့ခေတ်လူငယ်တွေအတွက် ပညာရှာရာမဟုတ်ဘဲပျက်စီးရာနေရာလိုဖြစ်နေပါပြီ။ဒကာတစ်ယောက်က လျှောက်တယ်။ ခုခေတ် ကျောင်းသူကျောင်းသားတွေ မလွယ်ဘူးဘုရား၊တက္ကသိုလ်မှာ ပညာသင်တယ်သာ ပြောတာဘုရား၊အမျိုးမျိုး ပျက်စီးနေကြတာဘုရားတဲ့။ လိုက်ထရပ်ကားနဲ့ အကြိုအပို့လုပ်နေတဲ့ ကားသမားကို ဘယ်လောက်ပေးမယ်လို့ပြောပြီးတော့ ပြင်ဦးလွင်ကို ပို့ခိုင်းတယ်။ ဟိုမှာ ကဲကြတယ်။ နောက်နေ့ မုံရွာပို့ခိုင်းတယ်။ ကျောင်းမတက်ပဲ အဲလိုတွေ လုပ်နေကြတယ်ဘုရား။ဒီလမ်းလေးအတိုင်း (ကားမောင်းရင်း ဒကာကညွှန်ပြ) လိုက်သွားရင် ငှက်ပျောတောရှိတယ်ဘုရား၊အဲဒီမှာ ထန်းရည်ရတယ်။ တက္ကသိုလ်ပေါင်းစုံက ကျောင်းသူတွေ […]
(၈)တန်းနှင့်(၁၀)တန်း ကျောင်းသူ(၂)ဦးအား သတ်ခဲ့မှုသတင်းအပြည့်အစုံ
(၈)တန်းနှင့်(၁၀)တန်း ကျောင်းသူ(၂)ဦးအား သတ်ခဲ့မှုသတင်းအပြည့်အစုံ အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာမှ(၈)တန်းနှင့်(၁၀)တန်း ကျောင်းသူ(၂)ဦးအား သတ်ခဲ့မှုသတင်းအပြည့်အစုံ အင်းတော်မြို့နယ်က နှစ်လောင်းပြိုင်လူသတ်မှုကိုကသာခရိုင်ရဲမှုးကြီး အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်ဖော်ထုတ်ကာ လူသတ်တရားခံအားတရားစွဲဆိုနိုင်တော့မည် ဖြစ်ကြောင်းသိရ။ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်အင်းတော်မြို့နယ်နတ်မဟုတ်ကလေးကျေးရွာအနီးမောင်းအင်းကန်နံဘေးတွင်အသက်၁၇နှစ်အရွယ်နှင့်အသက်၁၄နှစ်အရွယ်ကျောင်းသူနှစ်ဦးကိုဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခဲ့သည့်အမှု၁၃-၇-၂၀၂၀ရက်နေ့ကဖြစ်ပွားခဲ့သည်။ အဆိုပါအမှုကိုသေဆုံးသူညီအစ်မ၏မိခင်ဒေါ်တင်ဖြူ ဦးကတရားလိုပြုလုပ်ကာအင်းတော်မြို့မရဲစခန်း၌(ပ)၅၆/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အမှုဖွင့်ပြီးနောက်အမှူမှမသင်္ကာသူသန်းထွန်း(ခ)အံထော်ကိုသက်သေခိုင်မာစွာဖြင့်တရားစွဲဆိုတင်ပို့နိုင်ရေးအတွက်ကသာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမြင့်သောင်းမှအနီးကပ်ကြီးကြပ်ကွပ်ကဲလျှက်ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှုခင်းနှိမ်နင်းရေးဌာနစုမှရဲအုပ်သက်နိုင်ဦးရဲအုပ်တင်မျိုးထွဋ်ဦးဆောင်သောတပ်ဖွဲ့ဝင်များအင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးအေးဆွေအင်းတော်မြိ့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်မင်းအောင်ဦးဆောင်သောတပ်ဖွဲ့ဝင်များအမှုစစ်ခေတ္တမြို့မရဲစခန်းမှုးဒုရဲမှုးစိန်ရတို့မှအထူးအမှူစစ်အဖွဲ့ဖွဲ့စည်းကာအမှုကိုတိကျစွာဖော်ထုတ်ခဲ့ရကြောင်းသိရသည်။ စစ်ဆေးချက်အရမသင်္ကာတရားခံသန်းထွန်းသည် (၁၃-၇-၂၀၂၀)ရက်နေ့နံနက်၆နာရီအချိန်ကနတ်မဟုတ်ကလေးကျေးရွာအနောက်ဖက်(၁)ဖာလုံခန့်အကွာရှိ၎င်း၏အစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တွင်သူရင်းငှားအလုပ်လုပ်ကိုင်နေခဲ့ကြောင်းထိုနေ့နေ့လယ်တစ်နာရီခန့်အချိန်ကဦးနှင်းအောင်၏အခင်းတောထဲ၌၎င်းစုပုံထားသောထင်းချောင်းအခြောက်အားယူဆောင်ရန်သွားစဉ်ထင်းများစုပုံထားသောနေရာမှတစ်ဖာလုံခန့်အကွာတွင် တစ်ရွာထဲနေ သိန်းသန်းစိုး(ခ)မောင်စိုး၏သမီးနှစ်ယောက်ဖြစ်သော မနီလာစိုးနှင့် မသွယ်သွယ်ဟိန်းတို့နှစ်ဦးမှာ ၎င်းယူဆောင်ရန်ထားရှိသောထင်းတုံးနှင့် ထင်းချောင်းတစ်ချောင်းတို့အားသယ်ဆောင်လာသည်ကိုတွေ့ရသဖြင့်ထင်းများကို ယူမသွားရန်တားမြစ်ခဲ့ပြီး ထိုညီအစ်မနှစ်ဦးနှင့် စကားများရန်ဖြစ်ရာအငယ်မဖြစ်သူက မကြားဝံမနာသာ စကားများဖြင့်ဆဲဆိုခဲ့ကြောင်း စောက်ပတ်ရုပ်/ဆေးစားဘဲကြီး/ဘိန်းဆီစားကြီးဟု ဆက်တိုက်ဆဲဆိုခဲ့ကြောင်း ထိုသို့မဆဲဆိုရန် တားမြစ်သော်လည်းမရသဖြင့်၎င်းမှာမူးယစ်ဆေးဝါးလည်းအလွန်အကျွံသုံးစွဲထားသဖြင့် စိတ်ရိုင်းများဝင်ကာ မသွယ်သွယ်ဟိန်း၏ ညာဘက်နားထင်အား ညာလက်ဖြင့်ရိုက်ချခဲ့ကြောင်း ထို့နောက်ကျောတွင်လွယ်ထားသောအပြာရောင်ရေပိုက်စဖြင့်ချုပ်ထားသည့်ဓါးထည့်အိတ်အတွင်းမှအရိုးအသွားအရှည်တစ်တောင်ခန့်ရှိဓားဦးချွန်ဖြင့်မသွယ်သွယ်ဟိန်း၏ဝမ်းဗိုက်အားအရင်ဆုံးထိုးခဲ့ကြောင်း ထို့နောက်အကြီးမဖြစ်သူမနီလာစိုးမှာ အနားကပ်လာသဖြင့်လက်တွင်ကိုင်ထားသောအဆိုပါဓားဦးချွန်ဖြင့်ထိုးခဲ့ကြောင်းညီအစ်မနှစ်ဦးအား လိုက်လံထိုးနှက်စဉ် အခင်းဖြစ်လမ်းဘေးခြုံဘုတ်အတွင်းပုံလျှက်လဲကျသွားခဲ့ကြောင်း ထိုအခါသူမတို့နှစ်ဦး၏ခန္ဓာကိုယ်အနှံဓားဖြင့်းအဆက်မပြတ်ထိုးခဲ့ပြီးအစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တဲသို့ပြန်လာခဲ့ကြောင်းအခင်းဖြစ်နေရာတွင်၎င်းစီးနင်းသည့်နံပါတ်(၁၀)ခွဲအဝါရောင်သဲကြိုးပါရှိုးဝါးဖိနပ်တစ်ဘက်ကျန်ရစ်ခဲ့ကြောင်းညာဘက်ဖိနပ်မှာမည်သည့်နေရာတွင်ကျန်ခဲ့သည်ကို မမှတ်မိသောဓားနှင့် အင်္ကျီများကိုလည်းလိုက်လံပြသခဲ့ပြီးနောက်အင်းတော်တရားရုံးရှိတရားသူကြီးရှေ့မှောက်တွင်ဖြောင့်ချက်ပေးကာဝန်ခံထွက်ဆိုခဲ့သည်။ ယင်းလူသတ်မှုအားအမှုမှန်ပေါ်ပေါက်အောင်မနားမနေစုံစမ်းထောက်လှမ်းဖော်ထုတ်ခဲ့သောကသာခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှုးကြီးမြင့်သောင်းသည်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဆုလက်မှတ်ပေါင်း(၂၄)ကြိမ်ဆုတံဆိတ်(၂)ကြိမ်ရရှိခဲ့သူဖြစ်ပြီးတစ်ဆင့်မြင့်ရာထူးတိုး နှစ်ကြိမ်ရခဲ့သည်။ ၂၀၀၅ ခုနှစ်က မင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်လေးအနီးတွင်ဖြစ်ပွားခဲ့သောအောင်အောင်(LGBT)အား လူ ၃ဦးကအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သော အမှုအမှတ်(ပ)၁၂၆၄/၂၀၀၅ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၅ […]
ချစ်သူ နဲ့ လမ်းခွဲပြီးနောက် ပိုင်း အရင် ကထက် အဆပေါင်း များစွာ ပို လှလာခဲ့တယ် ဆိုတဲ့ ဆုအိမ့်စံ…
သင့်ရဲ့ ချက်ပုံစံက ပြောပြနေတဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ
သင့်ရဲ့ ချက်ပုံစံက ပြောပြနေတဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ လူ တွေ တစ် ယောက် နဲ့ တစ် ယောက် မ တူ ညီ ကြ သ လို ပဲ ချက် ပုံ စံ တွေ လည်း အ မျိုး မျိုး ကွဲ ပြား ကြ ပါ တယ်။ လူ တစ် ယောက် ရဲ့ ခန္ဓာ ကိုယ် အ စိတ် အ ပိုင်း တွေ က နေ တ ဆင့် သူ့ ရဲ့ ပု ဂ္ဂိုလ် ရေး ဆိုင် ရာ […]
ဒီရက်ပိုင်းအတွင်း အခြေနေတွေ ပြောင်းလဲခြင်းတွေ အလွန်ကောင်းပြီး လာဘ်အထူးရွှင်နေလိမ့်မည့် နေ့နံပိုင်ရှင်များ
၂၀၂၀ ခုနှစ် ၊ ဇူလှိုင်လ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ ဗုဒ္ဓဟူးသား/သမီးများအတွက် ဒီရက်ပိုင်းအတွင်း လာဘ်အထူးရွှင်နေလိမ့်မည်။အလှူမင်္ဂလာနှင့်ပွဲလမ်းသဘင်တွေနဲ့လည်း ကြုံတွေ့ရတတ်သည်။ နိုင်ငံခြားလူမျိုးနှင့်ပတ်သက်သော အလုပ်တွေ အကျိုးပေးအောင်မြင်ပါလိမ့်မည်။ပြည်တွင်းခရီးတွေလည်း ကောင်းပါသည်။ ထီး၊ဖိနပ်၊အထည်လိပ်လုပ်ငန်းတွေကတော့ တိုချဲ့သင့်သော လုပ်ငန်းတွေဖြစ်ပါသည်။မိတ်ရင်းဆရာရင်းတွေနှင့်တော့ အဆင်မပြေလမ်းခွဲရတတ်သည်။ ပညာရေးကိစ္စ သင်တန်းကိစ္စတွေမှာတော့ စိတ်ရှုပ်ရတတ်သည်။ရေလုပ်ငန်းအထူးကောင်းမွန် အကျိုးပေးပါလိမ့်မည်။ အိမ်ထောင်ရှင်များ စိတ်ညစ်စရာလေးတွေ ကြုံတွေ့ရတတ်သည်။ငယ်ရွယ်သူများ အချစ်ရေးကြည်နူးဖွယ်ရာများ ကြုံတွေ့ရတတ်သည်။ သင့်ကျန်းမာရေးကတော့ အနည်းငယ် ဖျားနာတတ်သည်။သင့်အတွက် ကံကောင်းစေသော အရောင်မှာ အနီရောင်ဖြစ်ပါသည်။ သင်ထီထိုးမယ်ဆိုရင် ကံကောင်းစေမည့်ဂဏန်း (၅၆)အတွဲဟာ သင့်အတွက် ကံကောင်းစေပါသည်။သင့်အတွက် ကံကောင်းစေရန်ယတြာ-အိမ်ဘုရားတွင် နန်းကြီးသုပ်(၂)ပွဲလှူပြီး လိုရာဆုတောင်းပါ။ သင်၏အခက်အခဲများအားလုံးတို့သည်ပြီးစီးအောင်မြင်ပါလိမ့်မည်ဟုကျွန်ုပ်မှယုံကြည်ပါသည်။သင်၏အခက်အခဲများကို 1875 Baydin Messenger တွင်မေးမြန်းနိုင်ပါသည်။ #အချစ်ရေး #အိမ်ထောင်ရေး #စီးပွားရေး #1875Baydin #ဗေဒင် ၂၀၂၀ […]
သွေးတိုးရှိသူများ သိထားသင့်တဲ့ နှစ်မိနစ်အတွင်းသွေးတိုးကျစေမယ့်နည်း
သွေးတိုးတာဟာ ဘယ်သူမှမခံစားချင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီး အသက်ကြီးငယ်မရွေးဖြစ်တတ်တာမျိုးပါ..။ သွေးတိုးရောဂါဟာ လုံးဝအရှင်းပျောက်အောင် ကုသဖို့နည်းလမ်းမရှိသေးတဲ့ရောဂါမျိုးဖြစ်ပြီး အမြဲလိုလိုသတိထားပြီး ကျန်းမာရေးကိုဂရုစိုက်နေဖို့လိုပါတယ်..။ ဒါကြောင့် သွေးတိုးရောဂါနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေနဲ့ အချိန်တိုအတွင်း သက်သာအောင်လုပ်နိုင်မယ့် နည်းလမ်းလေးကိုဖော်ပြပေးချင်ပါတယ်..။ သွေးတိုးရောဂါလက္ခဏာများ..၊ ခေါင်းကိုက်ခြင်း..၊ သွေးတိုးရောဂါရှိတဲ့သူတွေဟာ မကြာခဏခေါင်းကိုက်တတ်တဲ့အကျင့်မျိုးမရှိဘဲ သွေးတိုးလာတော့မှသာ ရုတ်တရက်ခေါင်းတွေတအားထိုးကိုက်တတ်တာမျိုးပါ..။ ဒါကြောင့် သင့်အနေနဲ့ ခေါင်းကိုက်လေ့မရှိဘဲ နေရင်းက ရုတ်တရက်ခေါင်းတွေထိုးကိုက်လာတာမျိုး၊ နှာခေါင်းသွေးလျှံတာမျိုးတွေဖြစ်လာရင်တော့ သွေးတိုးရှိမရှိစစ်ကြည့်ဖို့လိုနေပါပြီ..။ မျက်လုံးထဲမှာ သွေးကြောပြတ်ရာလေးတွေတွေ့ရခြင်း၊ ရုတ်တရက်အမြင်တွေဝေဝါးခြင်း..၊ သွေးဖိအားရုတ်တရက်များလာခြင်းဟာ မြင်လွှာမှာရှိတဲ့သွေးကြောလေးတွေကို ပျက်စီးသွားစေနိုင်ပြီး မျက်လုံးရဲ့ဆုံချက်ကိုကမောက်ကမဖြစ်သွားစေနိုင်တာကြောင့် ရုတ်တရက်အမြင်အာရုံဝေဝါးသွားတာမျိုးဖြစ်စေနိုင်ပါတယ်..။ ဒါကြောင့် မျက်လုံးမှာ သွေးကြောပြတ်ရာလေးတွေဖြစ်ပြီး အမြင်အာရုံတွေဝေဝါးနေရင် သွေးတိုးရောဂါရှိမရှိ အမြန်ဆုံးစစ်ဆေးကြည့်ပါ..။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ နှလုံးအရမ်းခုန်ခြင်း..၊ လမ်းမြန်မြန်လျှောက်တာမျိုး၊ ပြေးတာမျိုးနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေလုပ်ပြီးတဲ့အချိန်တွေမှာ နှလုံးအရမ်းခုန်ပြီး နားထဲမှာပါ တဒုန်းဒုန်းဖြစ်နေတာမျိုးဆိုရင်တော့ သွေးတိုးရောဂါအခံရှိတာကြောင့်ဖြစ်နိုင်တာကြောင့် ချက်ချင်းစစ်ဆေးကြည့်ဖို့လိုနေပါပြီ..။ နောက်ဆက်တွဲဆိုးကျိုးများ..၊ သွေးတိုးရှိနေတာကို ဂရုမစိုက်ဘဲ၊ […]
အမျှအတမ်း ပေးဝေခြင်းအကျိုး
အမျှအတမ်း ပေးဝေခြင်းအကျိုး မိမိတို့အပေါ် ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေ တမလွန်ဘဝ ရောက်သွားပြီဆိုတဲ့အခါ ကျေးဇူးဆပ်တဲ့ အနေနဲ့ ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှဝေရတယ်။ အမျှအတမ်း ပေးဝေတာကို မြတ်စွာဘုရား က ဉာတိဓမ္မဆွေမျိုးတွေ လိုက်နာကျင့်သုံးရ မယ့် ဝတ္တရား အဖြစ်ဖြင့်ဟောကြားတာဖြစ် လို့ လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စကို ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်တယ်၊ လုပ်ရမယ့်ကိစ္စ ထဲမှာလည်း အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်။ ဘာကြောင့် အကျိုးရှိတယ်လို့ ပြောရတုန်းဆိုရင်… နံပါတ်(၁) – ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်၊ ဒါက တစ်ခု။ နံပါတ်(၂) – မိမိရည်စူးတဲ့ပုဂ္ဂိုလ်က အမျှရနိုင်တဲ့ဘုံဘဝမှာ ရောက်နေရင် ကုသိုလ် ကောင်းမှုရဲ့ အကျိုးကျေးဇူးကို ခံစားရမယ်၊ ဒါ အကျိုးရှိခြင်းတစ်ခု။ နံပါတ်(၃) – သံဃာတော်အရှင်မြတ်များမှ မိမိတို့ […]