အခ်စ္ေရး
ကိုယ့်လက်ကို တွဲထားတဲ့အချိန်မှ အရင်လူကို မေ့နိုင်ရဲ့လား မမေးပါနဲ့
ကိုယ့်လက်ကို တွဲထားတဲ့အချိန်မှ အရင်လူကို မေ့နိုင်ရဲ့လား မမေးပါနဲ့ ကိုယ့်လက်ကို တွဲထားတဲ့အချိန်မှာ အရင်လူကို မေ့နိုင်ရဲ့လား မမေးပါနဲ့ ဘယ်သူ့ကို ပိုချစ်လဲ မနှိုင်းယှဉ်ပါနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးဖြတ်ရာ ရောက်သလို သူများအပေါ်လည်း မယုံကြည်သလိုပဲ မေ့ဖို့ထပ်ချစ်တာ မဟုတ်သလို ထပ်ချစ်လို့ မေ့သွားတာလည်း မဟုတ်ဘူး ကိုယ်ဟာအရင်လူကို အရူးအမူး အသည်းအသန် ခံစားခဲ့ရရင်တောင် အတိတ်ဟာ အတိတ်ပါ သူ့ကို မရလို့ သူချစ်ချစ် မချစ်ချစ် ဘဝကိုတယောက်တည်း ဖြတ်သန်းတော့မယ်တို့ အသစ်ထပ်မရှာတော့ဘူး ဆိုတာတို့က ဒီခေတ်မှာ ပုံပြင်တွေ ဇာတ်လမ်းတွေထဲမှာတောင် ရှာမရတော့ပါဘူး လူတွေက သိပ်ပြီး သံယောဇဉ် တွယ်တတ်ကြသလို တယောက်တည်းလည်း အကြာကြီး မနေတတ်ပါဘူး တချိန်မဟုတ် တချိန်တော့ လက်တွဲဖော်ဆိုတာကို နှလုံးသားရဲ့အလိုဆန္ဒအရ ရှာဖွေကြတာပါပဲ အဲဒီအခါ အရင်လူဆိုတဲ့ […]
က်မၼာေရး ဗဟုသုတ
ဆုတောင်းစရာမလိုဘဲ ရနိုင်မယ့် V-SHAPE မျက်နှာလေ
လူသားတိုင်းရဲ့ဘဝဟာ မတူညီကြပါဘူး။ တချို့တွေက ဘဝပေးအခြေအနေတွေအရ ကျန်းမာ ချမ်းသာကြတယ်။ တချို့ကျပြန်တော့ ပင်ပန်းဆင်းရဲစွာ ရုန်းကန်လှုပ်ရှားကြရတယ်။ တချို့ တွေက ချောမောလှပကြပေမယ့် တချို့တွေကျတော့လည်း လှပချောမောသူတွေကို ငေးမောအားကျနေရတဲ့ ဘဝတွေလည်း ရှိတယ်။ ရုပ်ရည် ရူပကာက စိတ်ရင်းစေတနာလောက် အရေးမကြီးဘူး ဆိုပေမယ့်လည်း အထိုက်အလျောက်တော့ အရေးကြီးသည်သာ။ ရုပ်ရည်ဆိုတဲ့ နေရာမှာလည်း မျက်နှာ၊ ခန္ဓာကိုယ်အချိုးအစား၊ နေထိုင်မှုပုံစံ အားလုံးအကျုံးဝင်တယ်။ မျက်နှာကတဆင့် လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေ ၊ စိတ်နေစိတ်ထား အခြေအနေတွေကို ခန့်မှန်းနိုင်တယ်လို့ ဆိုကြတယ်။ လူတစ်ယောက်ရဲ့ မျက်နှာ အမျိုးအစား တစ်မျိုးနှင့် တစ်မျိုး မတူတတ်ကြပါဘူး။ မျက်နှာ အမျိုးအစားတွေ များစွာ ရှိပါတယ်။ တြိဂံပုံ မျက်နှာ ၊ လုံးဝန်းတဲ့မျက်နှာ ၊ ရှည်လျားတဲ့ […]
ၾကားသိရသမွ်
မြင်းခြံမြို့နယ် မုန့်ဟင်းခါး အချိန် ၂၀၀ အလှူလုပ်ခဲ့တဲ့ ငြိမ်းမြတ်သူ
ရုပ်အရမ်းကြီး မလှပေမယ့် ချစ်စရာကောင်းတဲ့ စိတ်ထားလေးနဲ့ ငြိမ်းမြတ်သူရဲ့ တရွာလုံးအတွက် မုန့်ဟင်းခါးအလှူ မြင်းခြံမြို့နယ် ရွှေပြည်သာရွာတစ်ရွာလုံး မုန့်ဟင်းခါးအလှူလုပ်ခဲ့တဲ့ ငြိမ်းမြတ်သူ အနုပညာသရုပ်ဆောင် ငြိမ်းမြတ်သူဟာဆိုရင်တော့tiktok ပေါ်ကနေ လူသိများလာခဲ့ပြီးသရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တာပါ…။ ရုပ်အရမ်းကြီး မလှပေမယ့်စိတ်သဘောထား အလွန်ကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်…။ ခုဆိုရင်လဲ မြင်းခြံမြို့နယ်မှာရှိတဲ့ ရွှေပြည်သာရွာမှာတစ်ရွာလုံးစားနိုင်ဖို့ မုန့်ဟင်းခါး အချိန် ၂၀၀ ဖြင့်အလှူဒါနလုပ်ခဲ့တယ်လို့ သိရပါတယ်…။ ပရိတ်သတ်ကြီးလဲငြိမ်းမြတ်သူရဲ့ အလှူဒါနလေးကိုဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ကြပါစေ…။ photo credit မြင်းခြံမြို့နယ် ရွှေပြည်သာရွာတစ်ရွာလုံး မုန့်ဟင်းခါးအလှူလုပ်ခဲ့တဲ့ ငြိမ်းမြတ်သူ အနုပညာသရုပ်ဆောင် ငြိမ်းမြတ်သူဟာဆိုရင်တော့ tiktok ပေါ်ကနေ လူသိများလာခဲ့ပြီးသရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တာပါ။ ရုပ်အရမ်းကြီး မလှပေမယ့်စိတ်သဘောထား အလွန်ကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ခုဆိုရင်လဲ မြင်းခြံမြို့နယ်မှာရှိတဲ့ ရွှေပြည်သာရွာမှာတစ်ရွာလုံးစားနိုင်ဖို့မုန့်ဟင်းခါး အချိန် ၂၀၀ ဖြင့်အလှူဒါနလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပရိတ်သတ်ကြီးလဲငြိမ်းမြတ်သူရဲ့ […]
တရားတော်
စတု မဟာရာဇ် နတ်မင်းကြီး(၄)ပါး၏ စွမ်းရည်
စတု မဟာရာဇ် နတ်မင်းကြီး(၄)ပါး၏ စွမ်းရည် မဟာသမယ သုတ်တော်ထဲတွင်ပါသောသနာစောင့် စတုမဟာရာဇ် နတ်မင်းကြီး(၄)ပါး (၁)- ဓတရဋ္ဌ နတ်မင်းကြီး ။ ။ ( မြင့်မိုရ်တောင်၏အရှေ့အရပ်မျက်နှာကိုအစိုးရတော်မူသည် ) ဤနတ်မင်းကြီးလက်အောက်တွင် များမြှောင်လှသော ဂန္ဓဗ္ဗနတ်များရှိကြသည် ။ ဝမ်းတွင်းစုန်းကို အမိဝမ်းတွင်းရှိစဉ်ကပင် ဂန္ဓဗ္ဗနတ် များစောင့်ရှောက်ကြသည် ။ ၄င်းတို့စောင့်သော ပုဂ္ဂိုလ်၏ဆန္ဒ ကြံရွယ်ချက်များ အစစပြည့်စုံအောင် ဆောင်ရွက်ပေးသည် ။ ထိုပုဂ္ဂိုလ်က တစ်ဖက်သားအား ဒုက္ခရောက်ရန် စိတ်ဖြင့် ကြံလိုက်လျှင်ပင် ကြံတိုင်းဖြစ်အောင် ထိုရည်ရွယ်သောလူအား ဒုက္ခပေးတတ်သည် ။ စုန်းထံတွင် အမိဝမ်းတွင်းကပင် ဂန္ဓဗ္ဗနတ် ထပ်ချပ် မကွာ စောင့်ရှောက်သည့်အတွက် ဝမ်းတွင်းစုန်းဟုခေါ်သည် ။ သာမာန် ( ကျင့်စဉ်ဖြင့်ဖြစ်သော တပည့်ခံ၍ဖြစ်လာသော ) စုန်း ကဝေတို့ထက် […]
ဗဟုသုတ
စကားတွေ မပြောခင်ကတည်းက ဆင်ခြင်ပါ စကားလုံးတွေနဲ့ တစ်ဖက်သားကို နာကျင်သွားစေတာမျိုး မဖြစ်စေနဲ့
စကားမပြောတတ်ရင် ဆဲသလိုပဲတဲ့ ။ ရိုးသားပါ ပွင့်လင်းပါ ဒါပေမယ့် အချိန်အခါလေး သိရတယ် ။ ငါမှန်တာပဲဆိုပြီး တစ်ဖက်သားကို ထိခိုက်စေမယ့် စကားလုံးတွေကို အာဘောင်အာရင်းသန်သန် ပြောနေတာကျ ရိုးသားပွင့်လင်းတာ မဟုတ်တော့ဘူး သိက္ခာချတာ ဖြစ်သွားပြီ ။ ဘယ်သူအတွက်မှ အကျိုးမရှိရင် အဲ့ဒီ အမှန်တရားကြီးကို မြိုချပစ်လိုက်ပါ အစာအိမ်နာမသွားပါဘူး ။ ဒေါသထွက်တဲ့အခါ စကားတွေ မပြောတာ အကောင်းဆုံးပဲ ဒေါသနဲ့ပြောတဲ့စကားမှာ အမှားတွေ အများကြီးပါသွားတတ်တယ်လေ ဒေါသဆိုတာ အသိကို အမှောင်ဖုံးပစ်တတ်တယ် ကိုယ်နိုင်ရင် ပြီးရောဆိုတဲ့ စိတ်က ဒေါသထွက်တဲ့အချိန် ပိုပြီး ထုထည်ကြီးမားလာတတ်တယ် ပြီးတော့မှ ငါ ပြောမိလေခြင်းဆိုတဲ့ နောင်တတွေနဲ့ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ပြန်မနိုင်တော့တဲ့အထိ ဆုံးရှုံးသွားရတတ်တယ်လေ နောင်တတွေ မရချင်ရင် ဒေါသတွေထွက်တဲ့အခါ စကားတွေ မပြောမိအောင်နေတာ […]
ၾကားသိရသမွ်
ပိုက်ဆံမရှိလို့သမီးလေးရဲ့ အဝတ်အစားလေးတွေကိုမရောင်းရက်ပဲ လာရောင်းရရှာတဲ့ အဘရဲ့ ငိုရှိုက်သံ (ရုပ်သံ)
ၾကားသိရသမွ်
သိန်း ၂၀ဝ ထက်အပိုထားပါက အရေးယူခံရမည်ဆိုခြင်းမှာ နားလည်မှု လွှဲမှားခြင်းသာဖြစ်ဟု ဗဟိုဘဏ် ဒုဥက္ကဌပြော
သိန်း ၂၀ဝ ထက်အပိုထားပါက အရေးယူခံရမည်ဆိုခြင်းမှာ နားလည်မှု လွှဲမှားခြင်းသာဖြစ်ဟု ဗဟိုဘဏ် ဒုဥက္ကဌပြော ဇွဲပြည့် (NPNews) မေ ၁၁ အိမ်တွင် သိန်း (၂၀ဝ) ထက်အပိုထားပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဆိုသည့် သတင်းသည် နားလည်မှု လွှဲမှားခြင်းသာဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်ကNPNews သို့ မေလ (၁၁) ရက် ညနေပိုင်းတွင် ပြောသည်။ အိမ်တွင် သိန်း (၂၀ဝ) ထက်အပိုထားပါက အရေးယူခြင်းခံရမည်ဆိုသည့်သတင်းများသည် ယနေ့ မေလ (၁၁) ရက် နံနက်ပိုင်းမှ စတင်၍ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းသတင်းမှာ ပြည်သူများ နားလည်မှု လွဲမှားခြင်းသာဖြစ်သည်ဟု ဦးဝင်းသော်က NPNews ကို အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။ “ ကျွန်တော်ပြောတဲ့အထဲမှာ အဲ့ဒီငွေပမာဏ ထက်ကျော်ရင် […]
ၾကားသိရသမွ်
မနေ့က ကားနားလာပြီး ကလေးငယ်ငယ်တစ်ယောက် “ငုံးဥပြုတ်ဝယ်ပါဦး” လာရောင်း လို့ ဝယ်လိုက်မိသောအခါ…
က်မၼာေရး ဗဟုသုတ
ခြင်ပြေးအောင် အိမ်မှာစိုက်နိုင်တဲ့ အပင် (၅) မျိုး
အခုလို မိုးရာသီမှာ ခြင်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေဆိုတာလည်း ပေါမှပေါ ။ ဒီတော့ ခြင်မကိုက်အောင် နေဖို့ ကျန်းမာရေးဌာနတွေက အမြဲတမ်းဆော်ဩနေကြတာပေါ့။ နေ့နေ့ ညည အိပ်တဲ့အခါတိုင်း ခြင်ထောင်နဲ့ အိပ်ဖို့ ၊ ခြင်နိုင်ဆေးဖြန်းဖို့ နဲ့ ခြင်မပေါက်ပွားအောင် ဖုံး/သွန်/လဲ/စစ်နည်းတွေ သုံးဖို့ တိုက်တွန်းနေကြပါတယ်။ အခုပြောမှာကတော့ ခြင်ပြေးစေဖို့ နည်းလမ်းထဲမှာ အသုံးလည်းတည့်ပြီး စိတ်ကိုပါ ကြည်နူးစေမယ့် အပင်လေးတွေအကြောင်း ဖြစ်ပါတယ်။ (၁) ကြောင်ဆေးပင် Photo: Freepik တစ်ခြားနေရာမှာတော့ မသိဘူး။ မြန်မာနိုင်ငံမှာ ကြောင်ဆေးပင်လို့ခေါ်သလို ကြောင်ရိုသေပင်လို့လည်း ခေါ်ကြပါတယ်။ စိုက်ရတာ အလွန်လွယ်တဲ့ သဘာဝပေါက်ပင်ဖြစ်ပါတယ်။ နာမည်အတိုင်း ကြောင်တွေ သိပ်ကြိုက်တဲ့ အပင်ဖြစ်ပါတယ်။ အပင်ရှိရုံနဲ့တင် ခြင်တွေ မလာအောင် မောင်းထုတ်ပေးနိုင်ပါတယ်။ ခြင်မကိုက်စေဖို့ တစ်ချို့တွေက […]
ဗဟုသုတ
မနက် စောစော အိပ်ရာမထတတ်တဲ့သူတွေ ဒီစာစောင်လေးကို ဖတ်ကြည့်ပါ
“စောစောထတဲ့ငှက်က အစာပိုဝတယ်” တဲ့။ အဲဒီလိုပဲ လူသားတွေမှာလည်း ဝီရိယရှိရှိနဲ့ စောစောထ၊ ဘဝအစီအစဉ်တွေအတွက် မနက်ခင်းတွေကို အကောင်းဆုံး အသုံးချနိုင်တဲ့သူတွေက အောင်မြင်မှုရဖို့ ပိုမို လွယ်ကူတာကို တွေ့ရပါတယ်။ မနက်စောစောဆိုတာ အရုဏ်တက်ချိန် ၄-၅နာရီကို ဆိုလိုတာ မဟုတ်ပါဘူး။ မနက် ၆နာရီလောက်ထရင်ကို တစ်နေ့တာအတွက် ကောင်းကောင်းလုံလောက်နေပါပြီ။ မနက် ၆နာရီ အိပ်ရာထသင့်တဲ့ အကြောင်းရင်းတွေကတော့ ၁။ ကိုယ်စွမ်းကိုယ်စတွေကို ထုတ်ဖော်နိုင်ဖို့ အချိန်ပိုရလို့ ၂။ တစ်နေ့တာအတွက် အချိန်ဇယားဆွဲဖို့ အချိန်ရလို့ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ ၃။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့အတွက် မနက်ခင်းက အကောင်းဆုံးအချိန်ဖြစ်နေလို့ ၄။ အလုပ်သွားဖို့ ပြင်ဆင်ချိန်ပိုရတဲ့အတွက် မနက်စာကို အေးအေးဆေးဆေးစားနိုင်လို့ ၅။ မနက်စောစောထတဲ့သူတွေက သူများတွေထက် ခြေတစ်လှမ်းပိုသာနေတတ်လို့ ပဲဖြစ်ပါတယ်။ မနက်အိပ်ရာစောစောထခြင်းက […]