Life Style

ချစ်စရာကောင်းအောင်စကားပြောနည်း…

ရုပ်လေးပဲ ချစ်ဖို့ကောင်းနေ လို့မပြီးပါဘူးစကားပြောဆိုရာ တွင်လည်း ချစ်စရာကောင်းအောင်ပြော တတ်ရ ပါတယ် ယာက်ကျားများ အသုံးပြု မည်ဆို ပါက တစ်ချို့နည်းများကို သာအသုံး ချရန် (အကုန်သုံးရင် Gay သွားနိုင်) 1.နော် စကားပြောဆိုရာတွင် “နော်” ဟုထည့်သွင်းပြော ဆိုခြင်းက စကားကို နူးညံ့သွားစေ ပါတယ်။ခိုင်းစေသည့် အရာများ/ပူဆာသည့်၊ အရာများတွင် နော်ဟု အသုံးပြုခြင်း ကသင့်တော် ပါတယ်။(ကိုကိုနော် / ကလေးကလည်းနော်) ဟုချွဲနိုင် 2.ဗျာ / ရှင်သုံးပါကျွန်တော်ချော ပါတယ် ဟုပြောမည့်အစား/ ကျွန်တော်ချော ပါတယ် ဗျာဟု ပြောခြင်းက ပိုချစ်စရာကောင်း ပါသည် 3.လေးဟုသုံးပါ လူတစ်ယောက်ရဲ့ နာမည် အပြည့်အစုံခေါ်မည့် အစား ကျော်ကြီးလေးဟု ခေါ်လိုက်ခြင်းက ကြားရ သူအ ဖို့ရင်ခုန်နှုန်း […]

အချစ်နှင့်ဘဝ

ရေစက်ဆုံခြင်း ဟုတ်မဟုတ်တော့ ဒီလိုလေး စစ်ကြည့်မယ်

ရေစက်ဆုံခြင်း ဟုတ်မဟုတ်တော့ ဒီလိုလေး စစ်ကြည့်မယ် ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ် .. ။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့်အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ် … ။ သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂ ။အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် […]

အထွေအထွေဗဟုသုတ

ချမ်းသာကြွယ်ဝချင်တဲ့သူတိုင်း သတိပြုစရာ အမူအကျင့် (၈) မျိုး

ချမ်းသာကြွယ်ဝချင်တဲ့သူတိုင်း သတိပြုစရာ အမူအကျင့် (၈) မျိုး (၁) ချမ်းသာမယ့်သူတွေဆိုတာ သူတစ်ပါးကို ပေးကမ်းစွန့်ကြဲဖို့အတွက် မတွန့်တိုတတ်တဲ့သူတွေပါ။ ကိုယ့်မှာရှိတာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူတစ်ပါးကို မျှဝေချင်စိတ်အပြည့်ရှိတဲ့သူတွေဖြစ်ပါတယ် (၂) တစ်ယောက်ယောက်က အကြံပေးစကားပြောတဲ့အခါတွေ၊ သူတို့ရဲ့ ထင်မြင်ချက်တွေကို ပြောလာတဲ့အခါမှာ လုံးဝအငြင်းအခုံမလုပ်ပါနဲ့။ သူတို့ပြောတာဟာ သင့်အမြင်နဲ့ ကွဲချင်ကွဲမယ်ဒါပေမယ့် သူတို့ကြည့်တဲ့ရှုထောင့်ကနေ မြင်တတ်အောင် ကြည့်ပါ (၃) အတင်းအဖျင်းတွေမပြောပါနဲ့။ အဲ့ဒီ့အစား အကျိုးရှိမယ့် စာတွေဖတ်တာ၊ အကျိုးရှိမယ့်အရာတွေကို လေ့လာတာမျိုးတွေလုပ်ပါ။ အချိန်ဟာ အရမ်းအရေးကြီးတဲ့အရာဖြစ်တာကြောင့်ပါ (၄) သင်ဟာ အမှန်တကယ်ကြီးပွားအောင်မြင်ချင်တယ်ဆိုရင်တော့ ဖြစ်ချင်တဲ့ဆန္ဒတွေကိုပဲ အားကိုးနေလို့မရပါဘူး။ ရည်မှန်းချက်တွေကို ချမှတ်ပြီး အမှန်တကယ်ဖြစ်အောင် လက်တွေ့ကြိုးစားရမှာပဲဖြစ်ပါတယ် (၅) သင့်ဘဝမှာ ကံကောင်းခြင်းတွေက နေ့ချင်းညချင်း လာလိမ့်မယ်လို့ လုံးဝမမျှော်လင့်ပါနဲ့။ ဥပမာ ထီပေါက်တာမျိုးပေါ့။ သင်ကိုယ်တိုင်ကြိုးစားပါ၊ […]

ဟာသ

ဟိုတယ်အခန်းထဲက လူငယ်စုံတွဲ တစ်ပတ်လုံး အပြင်မထွက်လာတော့လို့ ဖွင့်ကြည့်လိုက်တဲ့အခါ…

လူငယ်စုံတွဲ ဟိုတယ် အခန်းထဲက တစ်ပတ်လုံး အပြင်မထွက်လို့ ဖွင့်ကြည့်လိုက်တဲ့အခါ… အဆင့်မြင့် ဟိုတယ်တစ်လုံး မှာ စုံတွဲတစ်တွဲ အခန်းငှားတည်းခိုခဲ့ပြီး ၇ ရက် တစ်ပတ်လုံးလုံး အခန်းထဲက ထွက်လာတာမတွေ့ရတဲ့အတွက် ဟိုတယ်ဝန်ထမ်းများနဲ့ ဟိုတယ်ပိုင်ရှင်ကပါ မသင်္ကာဖြစ်လာပြီး အခန်းကို ဖွင့်ကြည့်လိုက်တဲ့အခါ၊အားလုံး အံ့အားသင့် ဒေါသထွက်ခဲ့ကြရပါတယ်။ ဟိုတယ်ပိုင်ရှင် ကိုယ်တိုင် ပစ္စည်း ပို့သမားယောင်ဆောင်ကာ အခန်းတံခါးကို သွားခေါက်ခဲ့ပါတယ်။ အခန်းတံခါး ဟရုံလေးဖွင့်လာပါတယ်။တံခါးဟနေတဲ့ ကြားကနေ အခန်းထဲကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ထိတ်လန့်အံ့အားသင့်စရာ မြင်ကွင်းကို မြင်လိုက်ရပါတယ်။ ဟိုတယ်အခန်း နေရာအနှံ့မှာ စားကြွင်း စားကျန်များ အမှိုက်များ ပြန့်ကျဲပြီး စည်းကမ်းမဲ့ ပစ်ထားတာကြောင့် အနံ့တွေက မကောင်းတော့သလို အခန်းထဲက အသုံးအဆောင် ပစ္စည်းအချို့လည်း ဖျက်ဆီးခံထားရတာကိုတွေ့ရပါတယ်။ ဟိုတယ်ပိုင်ရှင်က ချက်ခြင်း ရဲစခန်းကို ဖုန်ဆက် […]

အချစ်နှင့်ဘဝ

မုဆိုးဖို ၊မုဆိုးမ ဖြစ်နိုင်သူတွေမှာ ပါရှိတတ်တဲ့ လက္ခဏာများ

မုဆိုးဖို၊မုဆိုးမ ဖြစ်နိုင်သူတွေမှာ ပါရှိတတ်တဲ့ လက္ခဏာများ လောကမှာ ချစ်ခြင်းနှင့်အစတည်လာခဲ့တဲ့ သိပ်ချစ်တဲ့ချစ်သူတွေဟာ တစ်နေ့တော့ အိမ်ထောင်ပြုလို့ မိသားစုဘဝကို တည်ဆောက်ပြီး သား၊မြေတွေရတဲ့ အထိ ရိုးမြေကျ အဖိုးကြီး၊အဖွားကြီးဖြစ်တဲ့အထိ ချစ်ခင်ကြင်နာစွာ နေထိုင်လိုကြတာဖြစ် တယ်။ ဒီလိုအခြေအနေမျိုးကိုမျှော်လင့်ရည်မှန်ပြီး ကိုယ်အလွန် ချစ်တဲ့ ချစ်သူနဲ့ လက်ထပ်ရဖို့ ဘဝအခက်အခဲများစွာကို ဖြတ်ကျော်ပြီး စွန့်စားခဲ့ကြတာပါ ဒီလိုအချစ်ရဲ့အားတွေ၊သတ္တိတွေနဲ့ တူနှစ်ကိုဘဝလမ်းကို လျှောက်လှမ်းရတဲ့အချိန်မှာ တစ်ဦးတစ်ယောက်က လူ့လောကကြီးကနေ မိမိကိုထားခဲ့ပြီး ထွက်ခွာသွားမယ်ဆိုရင် ဘယ်လောက်ဝမ်းနည်း ကြေကွဲဖို့ ကောင်းလိုက်မလည်း။ ဒီလိုထွက်ခွာသွားလို့ မိမိမှာ သူမရှိတော့တဲ့နောက် တစ်ကိုယ်တည်း မုဆိုးဖို-မုဆိုးမ ဘဝနဲ့ ဘဝခရောင်းလမ်းကို ဖြတ်ရတဲ့အခါ ဘယ်လောက်များ ကြေကွဲဖို့ကောင်းလိုက်လေမလည်း အဖော်မဲ့ပြီး လောကဒဏ်ရိုက်ခတ်တဲ့အချိန်မှာ သူ့ကိုတမ်းတလို့ မျက်ရည်တွေနဲ့ တိပ်တခိုးငိုနေရတဲ့ ဘဝတွေကို ဖြတ်သန်းနေရတဲ့ မိတ်ဆွေတွေ လောကမှာ […]

ကြားသိရသမျှ

ပုဂံတွင် ထူးခြားလှတဲ့ နေထီးဆောင်းမှု….မြန်မာနိုင်ငံအတွက် ကောင်းသောအတိတ်နိမိတ်ပါ…

ပုဂံတွင် ထူးခြားလှတဲ့ နေထီးဆောင်းမှု ပုံရိပ်တစ်ချိူ့ မေလ ၂၈၊၂၀၂၁။ မြန်မာ နိုင်ငံတွင် နေထီးဆောင်းခြင်း နှင့် ပတ်သက် ၍ အတိတ် နိမိတ် တဘောင် များစွာရှိ ပြီး… ယနေ ့ နေထီးဆောင်း ခြင်း နှင့် ပတ်သက် ၍ အတိတ်၊နိမိတ် ကောက် ယူမှု ဆိုင်ရာ သုတေသီဦး ကျော်မြင့် က နေထီးဆောင်း တယ် ဆိုတာ မြန်မာ ဘုရင် တွေ နန်းကျချိန် တို ့မင်းလောင်ပေါ်တဲ့ အချိန် တို ့တိုင်းပြည် မှာ အငတ် ဘေး တို ့ဆိုက် တဲ့ အချိန် မှာ ပေါ်တဲ့ နိမိတ် ဟု ပြောကြားသည်။ […]

ၾကားသိရသမွ်

ဂျိုးဘိုင်ဒန်ခန့်အပ်လိုက်တဲ့ သံတမန်အသစ်ကြောင့် အမေစု လွတ်တော့မည်

မြန်မာ့အရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်မယ့် အထူးသံတမန်တစ်ဦးကို ခန့်အပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရကို အမေရိကန်-အာဆီယံစီးပွားရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ ခန့်လိုက်တဲ့အထူးသံတမန်ဟာ ထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေကို မဟာဗျူဟာကျကျ ဘယ်လိုညှိနှိုင်းဆောင်ရွက်မယ်ဆိုတာကို ဖော်ဆောင်နိုင်မှာဖြစ်သလို မဟာမိတ်တွေဖြစ်တဲ့ Quad အဖွဲ့ဝင်၊အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ထိထိရောက်ရောက်ဆောင်ရွက်လာနိုင်မယ်လို့ ယူဆပြီး ကောင်စီဘက်က တောင်းဆိုလိုက်တာပါ။ crd zawgyi မြန်မာ့အရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်မယ့် အထူးသံတမန်တစ်ဦးကို ခန့်အပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရကို အမေရိကန်-အာဆီယံစီးပွားရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ ခန့်လိုက်တဲ့အထူးသံတမန်ဟာ ထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေကို မဟာဗျူဟာကျကျ ဘယ်လိုညှိနှိုင်းဆောင်ရွက်မယ်ဆိုတာကို ဖော်ဆောင်နိုင်မှာဖြစ်သလို မဟာမိတ်တွေဖြစ်တဲ့ Quad အဖွဲ့ဝင်၊အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ထိထိရောက်ရောက်ဆောင်ရွက်လာနိုင်မယ်လို့ ယူဆပြီး ကောင်စီဘက်က တောင်းဆိုလိုက်တာပါ။ crd

ဗဟုသုတ

ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်သဘောကျဖို့ လိုအပ်တဲ့အရာတွေကဘာတွေလဲ

ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်သဘောကျဖို့ လိုအပ်တဲ့အရာတွေကဘာတွေလဲ ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်သဘောကျဖို့ဆိုတာ လူတစ်ယောက်မှာလိုကိုလိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားတယ်။ ကိုယ့်ရဲ့အကျင့်သိက္ခာနဲ့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းကို ကိုယ်တိုင်သဘောကျတယ်၊ နှစ်သက်တယ်ဆိုတာမျိုးက ကိုယ့်အတွက်မဖြစ်မနေလိုအပ်ပါတယ်။ မဟုတ်ရင် ကိုယ့်စိတ်နဲ့ကိုယ်တောင် အလိုမကျဘဲ ရန်ဖြစ်နေတာ၊ ကိုယ်တိုင် မလုပ်ချင်တာ၊ မလုပ်သင့်တာကို လုပ်မိလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ပြီ မုန်းတီးတာ ၊ စိတ်တိုဒေါသထွက်တာ ၊ ကိုယ့်ကိုယ်ကိုယ်အလိုမကျတာတွေဖြစ်လာနိုင်ပါတယ်။ ဖြစ်လည်းဖြစ်ဖူးကြမယ်ထင်ပါတယ်နော်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သဘောကျဖို့ လိုအပ်တဲ့အဓိက အချက်တွေကိုပြောပြပေးချင်ပါတယ်။ ၁) အရည်အချင်း အဓိကက အရည်အချင်းရှိအောင် ကြိုးစားဖို့ပါပဲ။ ကိုယ့်ရဲ့ပင်ကိုယ်အရည်အချင်းကိုသိပြီး အဲဒီ့အရည်အချင်းနဲ့အပ်စပ်တာကို ကိုယ်တိုင်ကလုပ်နိုင်တယ်၊ ဖန်တီးနိုင်တယ်၊ အဲဒီ့အရည်အချင်းကြောင့် အောင်မြင်နိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သဘောကျမိမှာပါပဲ။ လူဆိုတဲ့အမျိုးက မသိမသာ အခြားသူနဲ့ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ပြီး အားငယ်စိတ်၊ သိမ်ငယ်စိတ် တခါမဟုတ်တခါတော့ဖြစ်တတ်ကြပါတယ်။ (အမြဲတမ်းမဟုတ်ရင်တောင်မှ တခါတလေပေါ့) ဒါပေမယ့် ကိုယ့်မှာ […]

ၾကားသိရသမွ်

စစ်ဘေးရှောင်တောင်ပေါ်ဒေသလေးမှာ မီးမရှိတဲ့ကြားကနေ ထိခိုက်ဒဏ်ရာရနေတဲ့လူနာအတွက် ဆေးကုပေးနေတဲ့ ဆရာ၀န်မလေး

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ အလျောက်စစ်ဘေးရှောင်ပြည်သူတွေလည်းတစ်ဆထက် တစ်ဆတိုးပွားလာနေပြီး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာလည်း အခက်အခဲဒုက္ခတွေများစွာကြုံတွေ့နေရပြီး အစားအသောက်၊ဆေးဝါးပစ္စည်းတွေ လုံလုံလောက်လောက်မရှိကြတဲ့အတွက် စစ်ဘေးရှောင်ရင်း အသက်သေဆုံးသွားကြရတဲ့ပြည်သူတွေလည်း ရှိလာနေတယ်လို့သိရပါတယ်။ အစားအသောက်နဲ့ဆေးဝါးလုံလုံလောက်လောက်မရရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်သူတို့ဘက်ကနေ တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်ပေးနေကြတာပါ။ လှူဒါန်းသူတွေရှိနေပေမယ့်လည်း သွားလာရေးခက်ခဲမှုတွေနဲ့ ဆေးရုံ ဆေးခန်းမရှိတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဒုက္ခတွေတွေ့ကြုံခံစားနေကြရပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေ စေတနာရှင်ဆရာ၀န်မလေးတစ်ယောက်ကတော့ စစ်ဘေးရှောင်ပြည်သူတွေဆီအရောက်သွားကာ ဆေးကုသမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။ မကြာသေးခင်က သူမရဲ့ Facebookစာမျက်နှာမှာလည်း စစ်ဘေးရှောင်ဒေသကပြည်သူတစ်ယောက်ကို မီးမရှိတဲ့ကြားကနေ Operationပြုလုပ်ပေးနေတဲ့ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ထိုသူမှာ ဝါးရှသဖြင့် နှာခေါင်းပြတ်လုနီးပါးဖြစ်ခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုပေးခဲ့ရတာပါ။ အခုလိုမွန်မြတ်လှတဲ့ အဖြစ်အပျက်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Photo credit-Original Uploader

ၾကားသိရသမွ်

သမီးရှင်များ သတိထားဖို့ပါ (နားနဲ့မနာ ဖဝါးနဲ့နာ ပါ)

မရေးချင်ပေမယ့်_ရေးလိုက်ပါဦးမည်။ဒီနေ့ဆေးခန်းမှာ case 2 ခု တပြိုင်တည်း ရပါသည်။ ပထမ case က ၂၃နှစ်ပါ။ကျမရဲ့ထုံးစံက ultrasoud ကြည့်ရင်း early pregnancy တွေ့ရင် ကိုယ်ဝန်ရှိနေပြီလို့ တခါတည်း တန်းမပြောပဲ အိမ်ထောင်ရှိလားလို့ အရင်မေးတတ်ပါတယ်။ အိမ်ထောင်မရှိတဲ့ ကိုယ်ဝန်ဆောင် တနေ့တခြား များလာတဲ့ခေတ်ကြီးမှာ လူနာနဲ့အဖော်ပါလာတဲ့သူကို မသိစေချင်လို့ပါ။ အိမ်ထောင်မရှိဘူးလို့ ဖြေတော့ ရည်းစားရောရှိလားပေါ့။ ရည်းစားလည်းမရှိဘူး ဆရာမ။ အဲ့သလိုဆိုပြန်တော့ မတတ်နိုင်တော့ သမီး ကိုယ်ဝန် ၆လပြည့်တော့မယ်။ အတူနေဖူးတဲ့ ယောကျ်ားတော့ ရှိကိုရှိနေမှာမို့ အဲဒီလူကို လက်ထပ်လိုက်ဖို့ ကြိုးစားပါလို့ ပြောလိုက်ရော.. ဆရာမရေ့ ကူပါကယ်ပါနဲ့ ငိုပါလေရော။.. အဲ့ဒါနဲ့ အဓိက ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်လည်းဆိုတာပဲ အရေးကြီးဆုံးလေ.. အရင်ဆုံး လင်ကောင်ဖော်ရမှာမို့ ဘယ်သူနဲ့ရတာလည်းသမီး.. ပထမတော့မဖြေပါ… ကဲ […]