မိခင်တစ်ယောက်ရဲ့ အလွမ်းတွေကို ဖွင့်ချပြလာတဲ့ ပိုင်ဖြိုးသုအမေ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက်မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့ အချစ်တွေကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်ဖြိုးသုကပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုကဒါရိုက်တာဏကြီးနဲ့ လက်ထက်ထိမ်းမြားထားပြီးတော့သာယာပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။ပိုင်ဖြိုးသုကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ခံရထားပြီးဘေးကင်းရာကိုတိမ်းရှောင်နေရပါ တယ်၊တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲလူမှူကွန်ယက်ကနေပြည်သူများအတွက်ခွန်အားဖြစ်စေမယ့်စာသားတွေကိုရေးသားဖော်ပြလေ့ရှိပါတယ်။ ဘေးကင်းရာကိုတိမ်းရှောင်နေရတာကြောင့်လည်း ပိုင်ဖြိုးသုတို့အနေနဲ့ ခင်ပွန်းဖြစ်သူရဲ့အမေဆုံးတော့လည်း လိုက်ပါပို့ဆောင်ခွင့်မရသလို အဖွားဖြစ်သူသေဆုံး တော့လည်း လိုက်ပါပို့ဆောင်ခွင့်မရနိုင်အောင် ပေးဆပ်ရမှုတွေ များနေပြီဖြစ်ပါတယ်။ ဒီနေ့လေးမှာလည်း တိမ်းရှောင်နေရတာကြောင့်မိခင်ဖြစ်သူကပိုင်ဖြိုးသုကိုလွမ်းတဲ့အကြောင်းလေးကိုအခုလိုပြောကြားလာပါတယ်၊လွမ်းလိုက်တာသမီးလေးရယ်ဆိုပြီးတော့သူမရဲ့လူမှုကွန်ရက်ထက်မှာရေးသားဖော်ပြထားပါတယ်။ ပိုင်ဖြိုးသုတို့မိသားစုများသာမကခွဲခွာနေရတဲ့မိသားစုအားလုံးလဲပြန်လည်ဆုံးဆည်းနိုင်ပြီးတော့မတရားဖမ်းဆီထားတဲ့သူတွေအားလုံးအမြန်ဆုံးပြန်လွှတ်ပြီးအေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်၊ ဖတ်ရှုပေးတဲ့အတွက် Weekly Myanmar ပရိသတ်ကြီးလည်း မိသားစုတွေ ပြန်ဆုံဆည်းနိုင်ဖို့ ဆုတောင်းပေးကြပါအုံးနော်… Zawgyi မိခင်တစ်ယောက်ရဲ့ အလွမ်းတွေကို ဖွင့်ချပြလာတဲ့ ပိုင်ဖြိုးသုအမေ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း … Read more