ၾကားသိရသမွ်

လယ်သမားမိသားစုမှ မွေးဖွားလာခဲ့ပေမယ့် ဗီယက်နမ် Miss 2020သရဖူကို အရယူနိုင်ခဲ့တဲ့ ၁၉နှစ်အရွယ်အလှမယ်

အသက်၁၉နှစ်အရွယ်Ðo Thi Hà အမည်ရှိတဲ့အခုအလှမယ်ဟာ လယ်သမားတစ်ဦးရဲ့သမီးဖြစ်ပြီး မကြာသေးခင်က Miss Vietnam 2020 အလှမယ်ဖြစ်လာဖို့ အခြားကိုယ်စားလှယ်လောင်း ၃၄ဦးကို ယှဉ်ပြိုင်ကျော်ဖြတ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က ဗီယက်နမ်နိုင်ငံ မြောက်အလယ်ပိုင်းပြည်နယ် Thanh Hoaမြို့က အရပ် ၅ပေ ၈လက်မရှိတဲ့အလှမယ်တစ်ဦးဟာ သရဖူဆောင်းနိုင်ခဲ့ကြောင်း Tuoi Tre News သတင်းကဖော်ပြထားပါတယ်။ Hàဟာ အမျိုးသားစီးပွါးရေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး တစ်ဖက်မှာလည်း ဖက်ရှင်အလုပ်လုပ်ကိုင်နေတဲ့အပြင် သူမဟာ နွားပေါက်တွေကို သယ်ဆောင်ပေးတဲ့အလုပ်လည်း လုပ်ကိုင်ပါတယ်။ Hàဟာ ပထမဦးဆုံး NEUကကျင်းပတဲ့အလှပြိုင်ပွဲကိုစဝင်ပြိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဗီယက်နမ်နိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုပြိုင်ပွဲအထိ ပါဝင်နိုင်ခဲ့ပါတယ်။Hàဟာ Ho Chi Minh Cityမှာပြုလုပ်ကျင်းပတဲ့အလှပြိုင်ပွဲကြီးမှာ ပန်းဦးသရဖူဆောင်းနိုင်ဖို့ သူမကိုယ်ပိုင်စုဆောင်းငွေတွေကို အသုံးပြုပြီးမှ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ Miss Vietnam 2020 ပြိုင်ပွဲဝင်အဖြစ် Hàရဲ့ခရီးတစ်လျှောက်မှာ […]

အခ်စ္ေရး

သိပ်ချစ်တတ်လွန်းတဲ့သူကို ခဏခဏ အနိုင်မယူပါနဲ့

သိပ်ချစ်တတ်လွန်းတဲ့သူကို ခဏခဏ အနိုင်မယူပါနဲ့ သူက ငါ့ကို သိပ်ချစ်တာပဲလေ ဘယ်တော့မှ ပစ်မသွားပါဘူးဆိုတဲ့အတွေးမထားနဲ့ အချစ်ကြီးတာကိုပဲ မမြင်ပါနဲ့ အနောက်မှာ အမျက်လဲ ကြီးတတ်တယ် … သိပ်ချစ်တယ်လို့ တဖွဖွပြောနေတုန်းမှာ နဲနဲလေးဖြစ်ဖြစ် ပြန်ပြီး ဂရုစိုက်ပေးဖို့ သတိရပေးပါ လိုအပ်တယ်လို့ပြောနေတုန်းမှာ နဲနဲလေးပဲဖြစ်ဖြစ် အလေးထားပေးပါ မျက်ရည်တွေနဲ့ ဆွဲနေတုန်းမှာ နဲနဲလေးဖြစ်ဖြစ် ပြန်ငဲ့ကြည့်ပေးပါ ။ သူ င့ါကို ချစ်တာပဲ ငါ ဘာလုပ်လုပ် သူခွင့်လွှတ်နေမှာပါဆိုပြီး တစ်ယူသန်ကြီး မတွေးထားနဲ့ လူတစ်ယောက်ဆိုတာ အသွေးနဲ့ အသားနဲ့တည်ဆောက်ထားတာလေ ဘယ်လောက်နူးညံ့တဲ့ စိတ်ထားပဲ ဖြစ်ဖြစ် ဘယ်လောက် ချစ်တတ်တဲ့ နှလုံးသားပဲ ဖြစ်ဖြစ် နာကျင်လွန်းလာတဲ့အခါ အချိန်အတိုင်းအတာ တစ်ခုထိ နာကျင်လာရတဲ့အခါ ထုံအသွားတတ်တယ် ဒါမှ မဟုတ် မာကျောသွားတတ်တယ် ။ […]

ၾကားသိရသမွ်

ပျက်ယွင်းသွားသည့်မြန်မာနိုင်ငံဟာ စစ်ကောင်စီကြောင့်မဟုတ်ဟု စစ်ကောင်စီအမိန့်ထုတ်ငြင်းဆို

ဗီဒီယိုဖိုင်အောက်တွင်ဖော်ပြထားပါသည် ပျက်ယွင်းသွားသည့်မြန်မာနိုင်ငံဟာ စစ်ကောင်စီကြောင့်မဟုတ်ဟု စစ်ကောင်စီအမိန့်ထုတ်ငြင်းဆို

ၾကားသိရသမွ်

မနက် ၄ နာရီ ဒေါ်စုခြံကိုဝင်လိုက်တဲ့အချိန်မှာ ဂိတ်မှာလူမရှိဘူး၊ အရာရှိဆောင်ရော၊ ကိုယ်ရေးအရာရှိဆောင်မှာရော

စစ်တပ်အာဏာသိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဝင်ရောက်စီးနင်းရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များရှိမနေ ဘဲ စကားပြောစက်များသာတွေ့ခဲ့သည်ကို ယနေ့တရားခွင် စစ်မေးမှုများအရ ပေါ်ပေါက်ကြောင်း ရှေ့နေများက ပြောသည်။ ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ဝင်းထွဋ်ဦး အား စစ်မေးခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်ရှာဖွေမှုအတွက်လည်း ဝရမ်းမပါရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။ ရှေ့နေတဦး က “မနက် ၄ နာရီ ဒေါ်စုခြံကိုဝင်လိုက်တဲ့အချိန်မှာ ဂိတ်မှာလူမရှိဘူး၊ အရာရှိဆောင်ရော၊ ကိုယ်ရေးအရာရှိဆောင်မှာရော လူမရှိဘူး၊ ဒါကထူးခြားတာပေါ့၊ လူမရှိဘဲ စက်တွေပဲမိတယ်ပေါ့၊ ဝန်ထမ်းတွေက ရှိနေရမှာပေါ့၊ ဒါဘာအ ဓိပ္ပါယ်လဲ စဉ်းစားကြည့်ပေါ့၊ ဒါကြောင့် အမှုပေါ်သွားပြီလို့ ပြောတာ၊ လာရှာတာ ဝရမ်းလဲမပါဘူး” ဟု ပြောသည်။ စကားပြောစက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်းတို့ကိုယ်တိုင် ဝယ်ယူကိုင်ဆောင်ကြောင်း သက်သေပြနိုင်သည့် ပြေစာများလည်း […]

ၾကားသိရသမွ်

အောက်စီဂျင်ဗန်းပြပြီးsocial mediaပေါ်ပြန်ရောက်လာတဲ့မုံရွာသားsee more

Social Media facebook ​ပေါ်တွင် ​အောက်ဆီဂျင်အိုး အလှူပိုစ့်များ ခပ်စိတ်စိတ် ​ရေးသားနေတဲ့ မုံရွာသား အဆို​တော် မိုးမိုးဟာ ၎င်း၏ လူမှု ကွန်ယက် Facebook စာမျက်နှာထက်၌ ​အောက်ဆီဂျင်အိုး လှူဒန်းနိုင်ရန်အတွက် အလှူများ ဦး​ဆောင်​ကောက်ခံပြုလုပ်​နေသည်ကို ​တွေ့ရှိရပါတယ်။ နှင်းဆီ အငြိမ့်အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ဖူးသူ၊ အဆို​တော်နှင့် သရုပ်​ဆောင်တဦး ဖြစ်သူ မိုးမိုး သည် Covid19တ​ကျော့ပြန်လာချိန်၌ ၎င်း၏ လူမှု ကွန်ယက် Facebook စာမျက်နှာထက်၌ ​အောက်ဆီဂျင်အိုး လှူဒန်းနိုင်ရန်အတွက် အလှူများ ဦး​ဆောင်​ကောက်ခံ​နေ ​ပါသည်။ အဆို​​တော် မိုးမိုးသည် လူ​ပေါင်းများ​စွာ၏ ​အငြင်းပွားစရာ ဝေဖန်မှုခံခဲ့ရသည့် ယုန်​လေး၏ MTV သီချင်းသရုပ်​ဆောင်တွင်လည်း ပါဝင်ခဲ့ဖူးသလို နန်းတွင်းမှာကျင်းပခဲ့သည့် တပ်မ​တော်သားများသကြ်န် တွင်လည်း တက်​ရောက်ခဲ့ သူဖြစ်ခြင်း​ကြောင့် ပရိတ်သတ်များ […]

cele

ချစ်သူသက်တမ်း (၁၃)နှစ်နီးပါး ရှိပြီဖြစ်တဲ့ ချစ်သူ ရုတ်တရက် ဆုံးပါးသွားတာကြောင့် လက်ခံပေးဖို့ မယုံကြည်နိုင်လောက်အောင် ခံစားနေရတဲ့ ညီထွဋ်ခေါင်နဲ့ သူငယ်ချင်းများ ဗီဒီယိုဖိုင်

ချစ်သူသက်တမ်း (၁၃)နှစ်နီးပါး ရှိပြီဖြစ်တဲ့ ချစ်သူ ရုတ်တရက် ဆုံးပါးသွားတာကြောင့် လက်ခံပေးဖို့ မယုံကြည်နိုင်လောက်အောင် ခံစားနေရတဲ့ ညီထွဋ်ခေါင်နဲ့ သူငယ်ချင်းများ ဗီဒီယိုဖိုင် လတ်တလောတွင် အကြောင်းအမျိုးမျိုးကြောင့် လူကြီးလူငယ်မရွေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေကိုဝမ်းနည်းစွာဖြင့် မကြာခဏ မြင်တွေ့နေရပါတယ်။ အနုပညာလောကမှာလည်း တန်ဖိုးရှိလွန်းတဲ့ ကြယ်ပွင့်တွေ ချစ်ရသူများထံမှ အပြီးပိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့ကြတာ ဖြစ်တဲ့အတွက် ပရိသတ်များက စိတ်မကောင်း ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ချစ်သူ ရုတ်တရတ် ကွယ်လွန်သွားကြောင်း လူမှုကွန်ယက်တွင် ရေးသားဝေမျှထားကြတာကို မြင်တွေ့လိုက်ရပါတယ်။ သရုပ်ဆောင် ကျော်ကျော်ကလည်း ညီထွဋ်ခေါင်ရဲ့ကောင်မလေးဟာ ရုတ်တရတ် နှလုံးရပ်တန့်ပြီး နေအိမ်တွင်ကွယ်လွန်သွားကြောင်း အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်များနဲ့ အနုပညာအသိုင်းဝိုင်းမှညီအစ်ကိုမောင်နှမများကလည်း ဒီသတင်းကြားကြားချင်း ညီထွဋ်ခေါင်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်ခဲ့ကြတာပါ။ မနေ့ညကလည်း […]

ကြားသိရသမျှ

ပြည်သူက ပြည်သူသို့ ဒေါက်တာဇော်ဝေစိုးရဲ့ တိုက်တွန်းနှိုးဆောက်ချက်(ရုပ်သံ)

“ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကှိုဗစ် ရောဂါကို အနိုင်ယူပါ” ဒေါက်တာဇော်ဝေစိုး ရုပ်သံ “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကှိုဗစ် ရောဂါကို အနိုင်ယူပါ” မြန်မာပြည်သူများ ကပ်ဘေးကင်းရှင်းကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကှိုဗစ် ရောဂါကို အနိုင်ယူပါ” ဒေါက်တာဇော်ဝေစိုး ရုပ်သံ “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကှိုဗစ် ရောဂါကို အနိုင်ယူပါ” မြန်မာပြည်သူများ ကပ်ဘေးကင်းရှင်းကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ  

ကြားသိရသမျှ

ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေခဲ့မှု စစ်ဆေးပေါ်ပေါက်

ဒေါ်​အောင်ဆန်းစုကြည်​​နေအိမ်သို့ ရှာ​ဖွေဝရမ်းမပါဘဲ ဝင်​ရောက်ရှာ​ဖွေခဲ့​ကြောင်း တရားလိုပြသက်​သေအား စစ်​ဆေး​ပေါ်​​ပေါက် နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်​နေအိမ်သို့ ရှာ​ဖွေဝရမ်းမပါဘဲ ဝင်​ရောက်ရှာ​ဖွေခဲ့ခြင်းဖြစ်​​ကြောင်း ယ​နေ့(ဇူလိုင် ၁၂)ရုံးချိန်းတွင် တရားလိုပြသက်​သေအား စစ်​ဆေး​ပေါ်​​ပေါက်ခဲ့​ကြောင်း တရားလွှတ်​တော်​ရှေ့​နေ ​ဒေါ်မင်းမင်းစိုးက​ပြောသည်။ ၎င်းက”စစ်​ဆေး​ပေါ်​ပေါက်ချက်က သူတို့ရှာ​ဖွေတဲ့အခါ မနက်၄နာရီ​လောက်မှာစပြီးဆက်သွယ်​ရေးပစ္စည်း​တွေကို ရှာတယ်ဆိုတဲ့အခါမှာ ရှာ​ဖွေဝရမ်းမပါခဲ့ဘူးဆိုတာလည်း​ ပေါ်​ပေါက်တယ်။ သူတို့မှာ ရှာ​ဖွေပုံစံ​တွေလည်း မပါခဲ့ဘူးဆိုတာ​ပေါ်​ပေါက်တယ်”ဟု​ပြောသည်။ ယ​နေ့ရုံးချိန်းတွင် နိိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကိုစွဲဆိုထားသည့် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ ၂၅နှင့်ပတ်သတ်ပြီး ​​နေပြည်​တော် ​ရွှေကြာပင်ရပ်ကွက်မှ တရားလိုပြသက်​သေ ၁ ဦးကိုစစ်​ဆေးခဲ့​ကြောင်း သိရသည်။ ထို့​နောက်ဒေါ်​အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်ဥပ​ဒေပုဒ်မ ၈၊ ဆက်သွယ်​​ရေးဥပ​ဒေပုဒ်မ ၆၇ တို့နှင့်ပတ်သတ်ပြီး ​နေပြည်​တော်တိုင်းစစ်ဌာနချုပ်မှ တရားလိုပြသက်​သေ ၃ဦးကိုဆက်လက် စစ်​ဆေးခဲ့​ကြောင်းသိရသည်။ ယ​နေ့ရုံးချိန်းတွင် ​ဒေါ်​အောင်ဆန်းစုကြည်က ​ရှေ့​နေအဖွဲ့နှင့် ​တွေ့ဆုံရာတွင် COVID-19 ဖြစ်ပွားမှုများနှင့် ပတ်သတ်ပြီး အမှာစကား​ပြောကြားခဲ့​ကြောင်း […]

ၾကားသိရသမွ်

တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးခဲ့သည့် သူနာပြုဆရာမ သေဆုံး

ထိုင်းနိုင်ငံမှာ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးခဲ့တဲ့ သူနာပြုတစ်ယောက် သေဆုံးခဲ့ပြီးနောက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေအပေါ် ကာကွယ်ဆေးထိုးမှုတွေ မြှင့်တင်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒီသေဆုံးမှုသတင်းကိုတော့ ဇူလိုင် ၁၁ ရက်က ဆီဝါကွန်ရက်တနာကန်ထီ အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ယောက်က မျှဝေခဲ့တာဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ သူနာပြုရဲ့ အမည်ကိုတော့ ဒိုးနတ်လို့ ဖော်ပြထားခဲ့ပြီး သူနဲ့ ဝမ်းကွဲ ညီအစ်မ တော်စပ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ “သူဟာ စီနီယာဆေးပညာရှင်တွေက သေဆုံးမှုနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ လျှော့ချနိုင်တယ်လို့ ပြောထားခဲ့ကြတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသူ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျမရဲ့ ဝမ်းကွဲညီအစ်မဟာ ရောဂါကူးစက်ခံရပြီး တပတ်အကြာမှာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်” ဒီသေဆုံးမှုဟာ […]

ၾကားသိရသမွ်

လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော

လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော မဇ္ဈိမ လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်ယူနစ်အတိုင်း လျှပ်စစ်မီတာခတွေ ပေးဆောင်ရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ နိုင်ငံကြီးသား ပီသကြဖို့ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ (ဇူလိုင်လ ၁၂ ရက်) နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။ “လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်နေတာတွေ ရှိပါတယ်။ ပြန်လည်စဉ်းစား သုံးသပ်ပေးနိုင်မယ့်အထဲမှာ တကယ့်ကို အကျပ်အတည်းတွေ့နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေ၊ လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်သုံးစွဲထားတဲ့ သူတွေကတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဓိကတော့ နိုင်ငံကြီးသား ပီသကြဖို့ […]