ကိုဗစ်ရောဂါကူးစက်မှု နှုန်းတွေကလည်း မြန်နေသလို သေဆုံးသူတွေလည်း တစ်နေ့တစ်နေ့ လျော့သွားတယ် မရှိပါဘူး ။ တာဝန်ယူ ကုသပေးမယ့် အဖွဲ့အစည်းတွေ ၊ နေရာတွေ မရှိလို့ ပြည်သူတွေခမျာ အတော်လေး အခက်ကြုံနေရပါတယ် ။ ဒီလိုအချိန်မှာ ပြည်သူတွေကို အခကြေးငွေမယူဘဲ စေတနာအပြည့်နဲ့ ထိပ်ဆုံးက ကူညီဆောင်ရွက်ပေးနေသူတွေကတော့ ပရဟိတ အသင်းသားတွေပဲ ဖြစ်ပါတယ် ။ ကိုဗစ်ရောဂါနဲ့ ပတ်သတ်သမျှ ကိစ္စအဝဝကို နေ့ရော ၊ ညရော ဆောင်ရွက်ပေးနေကြတာပါ ။ ဒါ့အပြင် ခုဆို ကိုဗစ်ကြောင့် သေဆုံးသူတွေ အရမ်းများတာကြောင့် အလောင်းတွေကိုလည်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကောက်ရသလို မီးသင်္ဂြိုဟ်မယ့် နေရာရောက် င်လည်း အလောင်းတွေ များလွန်းတာကြောင့် မိုးချုပ်ထိ PPE ဝတ်စုံတွေကို ပူလောင်စွာဝတ်ပြီး မြေကြီးပေါ်မှာ […]
Day: July 24, 2021
လီအန်ဒိုလ်ကိုအနိုင်ယူနိုင်ခဲ့ရင်အောင်လအန်ဆန်းဘာဖြစ်နိုင်မလဲ
လီအန်ဒိုလ်ကိုအနိုင်ယူနိုင်ခဲ့ရင်အောင်လအန်ဆန်းဘာဖြစ်နိုင်မလဲ။ ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ One championship ရဲ့ ဝိတ်တန်မြင့်ကစားသမားရှားပါးမှုပြသနာပါ။ One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့အပေါ်ဘက်ဝိတ်တန်းကြီးတွေမှာကစားတဲ့ကစားသမားဦးရေဟာ လက်ချိုးရေလို့ရပါတယ် ဒါဟာတော်တော်လေးဆိုးရွားတဲ့ပြသနာပါတစ်ခုပါ။ အောင်လနဲ့ ထိုးသတ်မယ့် လီအန်ဒရိုအားတိုင်းဒီးစ်ဟာ One Championship မစ်ဒယ်ဝိတ်တန်းရဲ့ ထိပ်ပိုင်းဖိုက်တာတစ်ယောက်ဖြစ်ပါတယ်သူအနိုင်ယူခဲ့တဲ့ ကစားသမားစာရင်းမှာ အရင်ချန်ပီယံဖြစ်တဲ့အောင်လခက်ခက်ခဲခဲအနိုင်ယူလာရတဲ့ ဘစ်ဒက်ရှ်လိုဖိုက်တာမျိုးတောင်ပါဝင်နေပါတယ်။ အဲ့ဒါကြောင့် အောင်လဟာ ဒီပွဲနိုင်ရင် ချန်ပီယံလုခွင့်ပြန်ရဖို့များပါတယ်။ ဒါကကစားသမားရှားပါးမှုပြသနာကြောင့်လဲပါဝင်သလို UFC မှာဆိုရင်လည်း အချိန်အကြာကြီး ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ဖိုက်တာတစ်ယောက်ဟာ ခါးပတ်ပြုတ်သွားရင်တောင် ထိပ်တန်းဖိုက်တာတစ်ယောက်ကို ပြတ်ပြတ်သားသားပြန်အနိုင်ယူပြနိုင်ရင် ခါးပတ်လုခွင့်ပြန်ရတတ်တာပုံမှန်ပါဘဲ။ အဲ့ဒါကြောင့် ဒီပွဲဟာ အောက်လအန်ဆန်အတွက်ရော ၊ သူ့ပြိုင်ဖက် လီအန်ဒရိုအတွက်ရော အရမ်းကို အရေးကြီးတဲ့ပွဲပါ။ လီအန်ဒရိုကလည်း ဒီပွဲကို အနိုင်ရရှိရင် ချန်ပီယံလုခွင့်ကိုရရှိမှာ အသေအချာပါဘဲ။ အောင်လအနေနဲ့လည်း နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် နိုင်ပွဲဆာလောင်မှု ပြင်းထန်နေမယ်ဆိုတာတော့အသေအချာပါဘဲ။ ပွဲကတော့ ချန်ပီယံခါးပတ်ပွဲ မဟုတ်တာကြောင့် […]
ရောဂါပေါင်း၂၆ မျိူးကျော်ကိုသက်သာစေတဲ့ ကြိတ်မှန်ပင်
ရောဂါပေါင်း၂၆ မျိူးကျော်ကိုသက်သာစေတဲ့ ဆေးဖက်ဝင် ကြိတ်မှန်ပင် (၁) အပင်တစ်ပင်လုံး (ပဉ္စငါးပါး) ပြုတ်ရည်ကို အားတိုးဆေးအဖြစ်လည်းကောင်း၊ အသည်းရောင် ရောဂါနှင့် အရေပြားရောဂါကုဆေးအဖြစ်လည်းကောင်း၊ အသုံးပြုလေ့ရှိပါတယ်။ျ (၂) အမြစ်ပါမကျန် အပင်တစ်ပင်လုံးကိုကြိတ်၍ ရရှိလာသော သတ္တုရည်နှစ်စက်ခန့်ကို ပျားရည်နှင့် ရော၍ မွေးကင်းစကလေးများကို တိုက်ကျွေးပေးခြင်းဖြင့် နှာစေးချောင်းဆိုးရောဂါတို့ကို ပျောက်ကင်း စေပါတယ်။ (၃) ဆံံပင်ကျန်းမာရေးအတွက် ကြိတ်မှန်ပင်ကို အောက်ပါနည်းလမ်းအသွယ်သွယ်တို့ဖြင့် အသုံးပြု နိုင်ပါတယ်။ (က) ဆံပင်ပေါက်မှုကို အားပေးသည့်အပြင် ဆံပင်ကိုနက်မှောင်သန်စွမ်းစေပါတယ်။ အပင်တစ်ပင် လုံးကို ကြိတ်ချေ၍ ရလာသောသတ္တုရည်ကို ဆံပင်နက်ဆိုးဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ၎င်းအ ရည်ဖြင့် ဦးရေပြားကိုနှိပ်နယ်ပေးခြင်းဖြင့်လည်း ဆံပင်သန်စွမ်းစေပါတယ်။ (ခ) ကွမ်းရွက်၊ ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ထောလပတ်ရွက်၊ လက်ဖက်ပုပ်နှင့် ဆီးဖြူသီး စတဲ့ ခြောက်မျိုးကို အလေးချိန်ပမာဏ […]
နောက်(၃)ရက်အတွင်း မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်နိုင်တဲ့ ဒေသများ
နောက်(၃)ရက်အတွင်း မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်နိုင်တဲ့ ဒေသများ (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၂၅.၇.၂၀၂၁)မှ (၂၈.၇.၂၀၂၁) ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။ အကြံပြုချက် ၂။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ […]
ဆရာမင်းသိမ်းခိုင်၏ ၂၀၂၁ ဇူလိုင်လ (၂၄) ရက်မှ (၃၁) ရက်အတွင်း ဆောင်ရန် ရှောင်ရန် ယတြာပြုရန်
ဆရာမင်းသိမ်းခိုင်၏ ၂၀၂၁ ဇူလိုင်လ (၂၄) ရက်မှ (၃၁) ရက်အတွင်း ဆောင်ရန် ရှောင်ရန် ယတြာပြုရန် မိတ်ဆွေများအားလုံးအတွက် ၂၀၂၁ ဇူလိုင်လ (၂၄) ရက်မှ ၊ (၃၁) ရက်အတွင်း ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန် (၁) ပတ်စာ ဟောစာတမ်း အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသော ဟောပြောချက်များ မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသော ဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေ သတည်း ။ မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း မြန်မာ တစ်နိုင်ငံလုံး ကပ်ရောဂါ တတိယလှိုင်းကို အံတုရင်ဆိုင်နေရသော မိုးစက်မိုးပေါက်များကြားမှ စိတ်လှုပ်ရှား ရင်ခုန်ဖွယ် […]
မိခင်နဲ့ ဗိုက်ထဲက အမွှာပူးကလေးတွေရဲ့အသက်ကို မကယ်တင်ပေးလိုက်နိုင်လို့ အရမ်းဝမ်းနည်းပြီး ယူကြုံးမရဖြစ်နေတဲ့ ပရဟိတလူငယ်လေးတစ်ဦး
မိခင်နဲ့ ဗိုက်ထဲက အမွှာပူးကလေးတွေရဲ့အသက်ကို မကယ်တင်ပေးလိုက်နိုင်လို့ အရမ်းဝမ်းနည်းပြီး ယူကြုံးမရဖြစ်နေတဲ့ ပရဟိတလူငယ်လေးတစ်ဦး လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ သက်ကြီးရွယ်အိုတွေအပြင် ကိုယ်ဝန်ဆောင်မိခင်၊ကလေးငယ်တွေလည်း ကိုဗစ် positive နဲ့ အသက်ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။ပြည်သူတွေကလည်း အချင်းချင်းကူညီဖေးမမှုနဲ့ပဲ ဒီရောဂါဆိုးကြီးကို တိုက်ထုတ်နေရတာဖြစ်ပါတယ်။ ပြည်သူတိုင်းနီးပါးက ဒီကာလမှာ ပရဟိတအလုပ်တွေကိုတတ်နိုင်သလောက်လုပ်ဆောင်ကြပြီး ကိုဗစ်ရောဂါခံစားနေရသူတွေကိုလည်း အားပေးစကားပြောပေးနေကြတာဖြစ်ပါတယ်။တချို့လူငယ်လေးတွေကလည်း ဒီအခြေအနေကြောင့် PPE ဝတ်စုံတွေဝတ်ဆင်ပြီး ကိုဗစ်လူနာတွေကို လိုက်လံကူညီပေးနေတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရဟိတလူငယ်လေးတစ်ဦးက ကိုယ်ဝန်ဆောင်မိခင်ကို ကြိုးစားပြီးကူညီပေးခဲ့မယ့် အသက်ကိုမကယ်လိုက်နိုင်လို့ အရမ်းဝမ်းနည်းနေတာဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်က အမွှာပူးရင်သွေးလေးတွေကို လွယ်ထားရတဲ့အပြင် အောက်ဆီဂျင်(၆၀)လောက်နဲ့ အသက်လုနေခဲ့ရတာဖြစ်ပါတယ် ကိုယ်ဝန်ဆောင်အမျိုးသမီးကို Ambulance ပေါ်တင်ပြီး ဆေးရုံသွားပို့တဲ့အခါမှာ ဆေးရုံက လက်မခံခဲ့ဘူးလို့ သိရပါတယ်။ကားပေါ်မှာ အောက်ဆီဂျင်နည်းနေလို့ လက်ခံပေးပါပြောလည်း လုံးဝလက်မခံတာကြောင့် အိမ်ကိုပဲအရောက်ပြန်မောင်းခဲ့ရတာဖြစ်ပါတယ်။ အိမ်ရောက်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်ကိုကယ်ခဲ့ပေမယ့်တစ်ချက်သတိလည်လာပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ပရဟိတလူငယ်လေးကတော့ လူသားသုံးယောက်ရဲ့အသက်ကို […]
ဖြူဖြူထွေးလိုပဲ အလှူကိုဗန်းပြကာ လုပ်စားနေတယ် ဆိုပြီး ဝေဖန်တိုက်ခတ်လာသူကို ထိထိမိမိတုံ့ပြန်လိုက်တဲ့ အဆိုတော် ချယ်ရီသင်
ဖူဖြူထွေးလိုပဲ အလှူကိုဗန်းပြကာ လုပ်စားနေတယ် ဆိုပြီး ဝေဖန်တိုက်ခတ်လာသူကို ထိထိမိမိတုံ့ပြန်လိုက်တဲ့ အဆိုတော် ချယ်ရီသင်း ပရိတ်သတ်ကြီးရေ ဂီတလောကမှာ အချစ်သီချင်းကောင်းလေးတွေကိုသီဆိုတတ်ပြီး ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာကိုအပြည့်အဝရရျိထားတဲ့ တေးသံရှင်ကတော့ ချယ်ရီသင်းပဲဖြစ်ပါတယ်နော်.. ချယ်ရီသင်းက လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ တရားမျှတတဲ့ ဒီမိုကရေစီပြန်လည်းရရှိဖို့အတွက် ကြိုးပမ်းနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ချယ်ရီသင်းက နွဦေးတော်လှန်ရေးမှာ ပါဝင်ရင်း က်ဆုံးသြားတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုအတွက် အလှူငွေများကိုလည်း သူမတတ်နိုင်သေ လာက်ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုလည်း တွေ့ခဲ့ရပါသေးတယ်နော်.. အခုတစ်ခါမှာဆိုရင်လည်း သူမအလှူအတန်းလုပ်နေတာကို ဘေးထိုင်ဘုပြောနေတဲ့သူကို ထိထိမိမိချေပလိုက်တာပဲဖြစ်ပါတယ်နော် နာက်ဆိုအဲ့လိုမတည်ပြီးအလှူခံပေးဖို့အရမ်းစဉ်းစားသွားပါပြီကိုယ်မှန်တာဘုရားသိတယ်ဆိုပေမဲ့ဘုရားဒကာဘေးထိုင်ဘုပြောလူ့ကန့်လန့်တွေကမသိဘူးဖြစ်နေေ တာ့ ကျမဘယ်လောက်မှန်မှန်ကျမလည်းဘယ်လိုနေပြီးဘာလုပ်ပေးရမှန်းတကယ်မသိတော့ပါဘူးပထမအဲ့ရပ်ကွက်ကိုမထင်မှတ်ပဲလှူဖြစ်မိရာကနေအဲ့ကတာဝန်ရှိလြူ ကီးမင်းကပြောပြလို့သူတို့ကျူးအတွက်ရေရဖို့ရာအခက်အခဲဖြစ်နေတယ်ပြောလို့တားနေတဲ့ကြားကကျမ၁သိန်းခွဲမတည်ပြီးအလှူခံခဲ့တာပါ ဒါတောင် Post တင်အလှူခံတာမဟုတ်ပဲကျမလှူခဲ့တဲ့ Post အောက်မှာပဲ Comment မှာရေးပြီးစေတနာရှိသလောက်ပါဝင်ဖို့ရေးခဲ့တာပါဒီအချိန်အားလုံးခနနားဖို့စိတ် ပူပြီးတားတဲ့ကြားကအဲ့ကျူးရေရဖို့ကိုစိတ်ကမနေနိုင်လို့ကိုလုပ်လိုက်တာပါ ကျမကသီချင်းဆိုတဲ့ Artist တယောက်ထက်မပိုပါဘူးကျမစိတ်ထဲသဒ္ဒါထက်သန်ပြီးကျမလှူနိုင်ရင်လှူလိုက်တယ်မနိူင်တဲ့အခါပရိတ်သတ်ထဲကရပ်ဝေးရပ်နီး ကမိဘပြည်သူတွေနိုင်သလောက်ပါဝင်လှူဒါန်းပေးကြယဒီလောက်ပါပဲ ပရဟိတအသင်းကြီးထောင်ထားတာလည်းမဟုတ်ပါဘူးအလှူခံပြလှူပြပြီး Attention ယူရအောင်လည်းကျမကဒီနေရာကိုကြုံတဲ့အပေါက်ကဝင်လာတဲ့သူမဟုတ်ပါ […]
အမျိုးသားရေး လှုပ်ရှားသူ ကိုလတ်(မင်္ဂလာတောင်ညွှန့်)က သူ့အမေအလောင်း မီးသင်္ဂြိုဟ်ဖို့စောင့်ရင်း စစ်ကောင်စီ၏ အသုံးမကျမှုများကို Live လွှင့်ပြီး ပြောဆို ဝေဖန်
အမျိုးသားရေး လှုပ်ရှားသူ ကိုလတ်(မင်္ဂလာတောင်ညွှန့်)က သူ့အမေအလောင်း မီးသင်္ဂြိုဟ်ဖို့စောင့်ရင်း စစ်ကောင်စီ၏ အသုံးမကျမှုများကို Live လွှင့်ပြီး ပြောဆို ဝေဖန် တပ်မတော်ထောက်ခံသူဟု လူသိများသော အမျိုးသားရေး လှုပ်ရှားသူ ကိုလတ်(မင်္ဂလာတောင်ညွှန့်) ဟာ သူ့အမေ ကိုဗစ်ကြောင့် အသက်ဆုံးပါးသွားရတဲ့ အတွက် ရေဝေး သုသာန်မှာ မီးသင်္ဂြိုဟ်ဖို့စောင့်ရင်း ရေဝေးသုသာန်မှ ပကတိမြေပြင် အခြေအနေများဟာ စစ် ကောင်စီ ဝါဒဖြန့်သလို အဆင်ပြေနေသည်မဟုတ်ပဲ လူများဒုက္ခ ပင်လယ်ဝေနေပြီဖြစ်ကြောင်း Live လွှင့်ကာ ပြသခဲ့ပါတယ်။ ကိုလတ်(မင်္ဂလာတောင်ညွှန့်)၏ အမကြီးဖြစ်သူနှင့် တူမလေးမှာလည်း မကြာသေးခင်ရက်ပိုင်းအတွင်းကပင် ကိုဗစ်ရောဂါကူးစက်မှုခံရ ပြီး ကျန်းမားရေးစောင့်လျှောက်မှုဘမရသောကြောင့် ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရသည်။ ယခုအခါ သူ၏မိခင်ကိုယ်တိုင် ဆုံးပါးသွားခဲ့ရပြီး မိခင်၏ အလောင်းကို မီးသင်္ဂြိုဟ်ဖို့တောင် ဖြစ်ဖြစ်မြောက်နြောက် မစီစဥ်နိုင်ပဲ ဝါဒဖြန့် သတင်းမီဒီယာများတွင် […]
မြန်မာနိုင်ငံအလံသာပါပြီး ကစားသမားတွေမပါတဲ့ တိုကျိုအိုလံပစ်ဖွင့်ပွဲ
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဒီကနေ့ပြုလုပ်တဲ့ တိုကျိုအိုလံပစ် ၂၀၂၀ ဖွင့်ပွဲမှာ နိုင်ငံအသီးသီးက အားကစားအဖွဲ့တွေ ကွင်းထဲဝင်လာပြီး ပါဝင်ကြချိန်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားအဖွဲ့က အားကစားငမားတွေ ဖွင့်ပွဲကျင်းပတဲ့ ကွင်းထဲလိုက်ပါမလာဘဲ မြန်မာအလံသာ ကိုင်ဆောင်ခါတာ တွေ့ရပါတယ်။ Getty Images ကွင်းထဲဝင်ရောက်လာတဲ့ Myanmar ဆိုတဲ့ ဆိုင်းဘုတ်အနောက်မှာ မြန်မာပြည်အလံသာ ရှိပြီး တိုကျိုအိုလံပစ် ဝင်ရောက်ယှဥ်ပြိုင်တဲ့ မြန်မာကစားသမား တစ်ဦးမှ လိုက်ပါလာခြင်း မရှိပါဘူး။ “တိုကျိုအိုလံပစ်ရဲ့ မြန်မာ ကိုယ်စားပြုအသင်းမှာ အလံပဲပါပါတယ်။ ကစားသမား တစ်ယောက်မှမပါလာဘူး။ အစီအစဥ်ကြေညာသူပြောသွားတာက ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာယူထားတယ်လို့ ပြောသွားတယ်။ ပြည်တွင်းစစ်ကြောင့် အားကစားမှာ ပြင်ဆင်တာတွေ မလုပ်နိုင်ဘူးလို့လည်း ပြောပါတယ်“လို့ တိုကျိုမြို့ရောက် ကိုမျိုးဇော်ဟိန်းက ပြောသည်။ Getty Images နိုင်ငံကိုယ်စားပြုအုပ်ချုပ်သူတွေ […]
မိသားစုဝင်(၅)ဦးလုံး positive ဖြစ်ခဲ့ပေမယ့် အောက်ဆီဂျင်လုံးဝမလိုဘဲ ကိုဗစ်ကိုတိုက်ထုတ်နိုင်ခဲ့ကြတဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး
မိသားစုဝင်(၅)ဦးလုံး positive ဖြစ်ခဲ့ပေမယ့် အောက်ဆီဂျင်လုံးဝမလိုဘဲ ကိုဗစ်ကိုတိုက်ထုတ်နိုင်ခဲ့ကြတဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး ကိုဗစ်တတိယလှိုင်းမှာတော့ သေဆုံးသူတွေလည်းများပြားသလို ပျောက်ကင်းသွားတဲ့သူတွေလည်းရှိပါတယ်။ ကိုဗစ်ကိုခုခံကာကွယ်နိုင်ဖို့အတွက် အာဟာရပြည့်ဝအောင်စားသောက်နေထိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း အရေးကြီးပါတယ်။ ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘွားတချို့ရောဂါပျောက်ကင်းခဲ့ကြတဲ့သတင်းတွေလည်း ကြားသိနေရပါတယ်။ ဒီကာလမှာတော့ စိတ်မကောင်းစရာအခြေအနေတွေကိုသာ နေ့စဉ်တွေ့မြင်နေရပေမယ့် ပြည်သူတွေက အားတင်းရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ အသက်(၈၂)အရွယ် အဘိုးတစ်ဦးအပါအဝင် မိသားစုဝင် (၅)ဦး COVID positive ဖြစ်ခဲ့ပေမယ့်ပျောက်ကင်းခဲ့တဲ့အကြောင်းကို ရေးသားပြောပြလာတာဖြစ်ပါတယ်။ သူမတို့မိသားစုဝင်တွေက သုံးခွမိုးကုတ်ရိပ်သာ Q စင်တာမှာ နေထိုင်ခဲ့ကြပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ မိသားစုဝင်(၅)ဦးလုံးအောက်ဆီဂျင်လုံးဝမလိုခဲ့ဘဲ သောက်ဆေးနဲ့ အစားအသောက်တွေကြောင့် ပြန်လည်ကောင်းမွန်ခဲ့ကြတာဖြစ်ပါတယ်။ အစားအသောက်ကတော့ ကြက်စွပ်ပြုတ်၊ကြက်ဥနဲ့ အသီးအနှံတွေအပြင် အိုဗာတင်း၊ကွေကာအုပ်တို့ကို စားသုံးခဲ့ကြပါတယ်။ နောက်ထပ်လည်း မြန်မာ့ရိုးရာနည်းလမ်းလေးတွေဖြစ်တဲ့ ရေနွေးနဲ့ဂွေးတောက်ရွက်ကို တစ်နေ့နှစ်ကြိမ်ရှူကြပြီးတရားထိုင်ကြပါတယ်။ လေ့ကျင့်ခန်းတွေလည်း နိုင်သလောက်လေးလုပ်ဆောင်ကြပြီး အိပ်ချိန်မှန်မှန်နဲ့ […]









