ညအိပ်ရင် ဘယ်ဘက်စောင်းပြီး အိပ်ဖြစ်အောင် အိပ်ပါ သင်ညအိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်တတ်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီး တန်ဖိုးရှိသွားပါပြီ။ ဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သက်နေလို့ပါပဲ။ အကယ်၍ သင့်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲ ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက ဦးနှောက်ထဲက ဓာတုအညစ်အကြေးတွေကိုလည်း ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။သင့်ဆီမှာ နှလုံးပြဿနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ရင်ပူခြင်းဝေဒနာ ခံစားနေရသူတွေအနေနဲ့လည်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ […]
Month: August 2021
ကျဆုံးခဲ့တာငါးလပြည့်သွားခဲ့ပေမယ့် ပြည်သူလူထုကြီးက ယနေ့ထက်တိုင်သတိရနေဆဲဖြစ်တဲ့ သူရဲကောင်းမလေးကြယ်စင်
ပြီးခဲ့တဲ့ မတ်လ (၃) ရက်နေ့မှာကျဆုံးသွားခဲ့တဲ့ မန္တလေးက သူရဲကောင်မလေး ကြယ်စင် (ခ) တိန့်ကျားရှီကို ပြည်သူလူထုကြီးကသတိတရရှိနေဆဲပါပဲ။ ဒီနေ့ သြဂုတ်လ (၃) ရက်နေ့ဟာတော့ သူမ ကျဆုံးခဲ့တာ (၅) လ တိတိပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။ အမှန်တရားအတွက်တိုက်ပွဲဝင်ရင်း သိက္ခာရှိရှိ ကျဆုံးသွားခဲ့တာမို့ ပြည်သူတွေဟာ သူမရဲ့သေဆုံးမှုအတွက် နှမြောတသဖြစ်ရသလို ဂုဏ်လည်းယူနေကြပါတယ်။ အဖေတစ်ခု သမီးတစ်ခုဘဝမှာ ဖခင်ဖြစ်သူဟာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပေမယ့် ကြယ်စင်ရဲ့ ဖခင်ဟာ ကျဆုံးသွားတဲ့သမီးလေးအတွက် အမြဲတမ်းဂုဏ်ယူနေခဲ့သူတစ်ယောက်ပါ။ Photo Credit – MDY Revolution’s FB Acc သမီးလေးကျဆုံးခဲ့စဉ်က မေတ္တာကြေးတွေလာရောက်ပေးကမ်းကြတာရှိပေမယ့် ဒီငွေတွေကို လိုအပ်တဲ့နေရာမှာအသုံးပြုဖို့ အားလုံးပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ (၁၉) နှစ်အရွယ် မိန်းမငယ်လေးဟာ သတ္တိအပြည့်နဲ့ ယုံကြည်ရာအတွက် အသက်စွန့်သွားခဲ့တာတကယ်ကို […]
စနေ သားသမီးများအတွက် (၈)လပိုင်း တစ်လလုံးစာ ကံကြမ္မာဟောစာတမ်း
စနေ သားသမီးများအတွက် (၈)လပိုင်း တစ်လလုံးစာ ကံကြမ္မာဟောစာတမ်း ဤလအတွင်း အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့် ငွေဝင်လာလျှင် မြေဝယ်ထားပါ။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဉာဏ်ကို ဉာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ […]
ကြီးပွား ချမ်းသာနိုင်မည့် အသက်အရွယ်အပိုင်းအခြား
ကြီးပွား ချမ်းသာနိုင်မည့် အသက်အရွယ်အပိုင်းအခြား… ကြီးပွားချမ်းသာနိုင်မည့်နှစ် ကဲပါဗျာ…အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲနဲ့ ပူပင်သောကတွေ ရောက်နေတဲ့ သူတွေအတွက် …၊ အလုပ်အကိုင် အခွင့်အလန်းတွေ ပွင့်လန်းပြီး မိမိတို့အတွက် ကြီးပွားချမ်းသာစေနိုင့်မယ့် အသက်အပိုင်းအခြားလေးတွေကို ကြိုတင် တွက်ချက်ပြီး သိရှိကာ မလျှော့သောဇွဲလုံ့လတွေနဲ့ စိတ်ခွန်အားများ ဖြစ်ပေါ်လာစေဖို့ …၊ ဆရာက မိတ်ဆွေတို့ အားလုံးအတွက် ကြီးပွားချမ်းသာ နိုင်မည့် လောကဓံ အကောင်းခွင်အသက်အပိုင်းတွေကို ကြိုတင် တွက်ချက်ဖော်ပြ ပေးလိုက်ပါတယ်နော် …။ တနင်္ဂနွေ သားသမီးများ” မိမိအသက်ကို တည်ပြီး(၈)နဲ့ စားပါ …။ အကြွင်း = ၀၊ ၁၊ ၂ တနင်္လာ သားသမီးများ” အသက်ကို တည်ပြီး (၈)နဲ့ စားပါ …။ အကြွင်း = ၀၊ […]
စားသောက်ကုန်တွေ ငွေ၁ဝဝနဲ့ရောင်းချတဲ့အဖွဲ့ကို သက်ဆိုင်ရာက တားမြစ်တဲ့အတွက် အိမ်တိုင်ရာရောက်ရောင်းချပေး
စားသောက်ကုန်တွေ ငွေ၁ဝဝနဲ့ရောင်းချတဲ့အဖွဲ့ကို သက်ဆိုင်ရာက တားမြစ်တဲ့အတွက် အိမ်တိုင်ရာရောက်ရောင်းချပေး ရန်ကုန်၊သြဂုတ် ၃-၂၀၂၁ KK(VOM) စားသောက်ကုန်ပစ္စည်း(၄)မျိုးကို ငွေ၁ဝဝနဲ့ ရောင်းချပေးနေတဲ့ MazelyFannelအဖွဲ့ကို သက်ဆိုင်ရာကနေ လူစုလူဝေးဖြစ်တယ်ဆိုပြီး တားမြစ်တဲ့အတွက် ဒီကနေ့မှာ အိမ်တိုင်ရာရောက်လိုက်လံရောင်းချပေးခဲ့ရတယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ တောင်ဒဂုံမြို့နယ်အတွင်းရှိအခြေခံလူတန်းစားတွေအတွက် ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန်နီ ကုန်ပစွည်း(၄)မျိုးကို ငွေ၁ဝဝနဲ့ အိမ်တိုင်ရာရောက် သွားရောက်ရောင်းချပေးခဲ့တယ်လို့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက VOMကိုပြောပါတယ်။ “လှိုင်မှာရောင်းတုန်းက သတ်မှတ်ထားတဲ့လူဦးရေထက်များတယ်ဆိုပြီး သက်ဆိုင်ရာကလာတားတယ်၊ အဲ့ဒါကြောင့် ကျနော်တို့အိမ်တိုင်ရာရောက် လိုက်ရောင်းတဲ့အစီအစဉ်ကိုလုပ်လိုက်တာ”လို့ သူကရှင်းပြပါတယ်။ တောင်ဒဂုံရှိ သစ်ဆိမ့်ရပ်ကွက်၊၆၅ရပ်ကွက်၊၁ဝရရပ်ကွက်အပါအဝင် ရပ်ကွက်အချို့ရှိ အိမ်ထောင်စု ၃ဝဝကိုရောင်းချခဲ့တယ်လို့ သိရပါတယ်။Mazely Flannel အဖွဲ့က ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ငါးဆယ်ကျပ်သား၊ကြက်ဥဆယ်လုံး၊ကြက်သွန်နီငါးဆယ်သားကို ငွေတစ်ရာကျပ်နဲ့ ရောင်းချခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁ရက်က လှိုင်မြို့နယ်မှာရှိတဲ့ လူဦးရေ သုံးရာနီးပါးကိုရောင်းချခဲ့ပါသေးတယ်။ […]
သွေတိုးအတွက် ဆေးမခက်ပါ..စမ်းကြည့်မှ သိပါမယ်
သွေတိုးအတွက် ဆေးမခက်ပါ..စမ်းကြည့်မှ သိပါမယ် မြန်မာပြည်သားတိုင်းသိကြသောပန်းအမည်ခံအရွက် ကအောင်သပြေပင်ဖြစ်သည်။ ကောင်းသောနိမိတ်ကို ယူကြသည့်။အောင်သပြေသည် မြန်မာတို့၏ ကိုးကွယ်ယုံကြည်မှု ပူဇော်ပွဲလမ်းသဘင်များတွင် မပါမရှိသော ဇာတ်လိုက်ပန်းပင်လည်းဖြစ်သည်။ ဝိဇ္ဇာဓရပညာရပ်တွင် သပြေ(၆+၅)=၁၁ (၁၁)မီးငြိမ်းရာက သပြေ၏ရှေ့တွင် တနင်္ဂနွေ အောင်(၁)ကို ထည့်ပေါင်းခြင်း ဖြင့် (အောင်သပြေ)သည်ဂဏန်း ပေါင်းခြင်း(၁၂)ကိုရပြန် သည်။ထိုနိမိတ်မှာ (၁၂)ရာသီ အောင်မြင်သောပန်း၊ အောင် နိမိတ်အောင်ဟိတ် ကို ရစေသောပန်းဟု မှတ်သားဖူးသည်။ တင်ပြလိုသည်မှာ သွေးတိုးရောဂါသည် ဆေးသောက်နေစဉ် သက်သာသလိုရှိသော်လည်းမကြာခဏသွေးပြန်တိုးတတ် ပါသည်။ ထို ကြောင့်ဆရာဝန်များက သွေးတိုးသည် လုံးလုံးလျားလျားမပျောက်နိုင်ကြောင်း၊ဆေးက ိုပုံမှန်သောက်ဖို့လိုကြောင်း ညွှန်ကြားကြသည် ချည်းသာ။ သို့သော် အင်္ဂလိပ်သွေးတိုးကျဆေးများသောက်ပြီး သွေးပေါင် ကျသွားပြီးတိုင်း လူခန္ဓာနုံးချိပြီး ခံစား ကျန်ရစ် ရတတ်ပြန် သည်။ကြာ လျှင်မလွယ်လောက်ဟုလည်းထင်မိသည်။လွယ်ကူပြီးထိရောက်သောဆေးနည်းမှာ သွေးပေါင်းတက်၍ ခေါင်းမူးခြင်း၊ခေါင်းအုံ၍လေး လံထိုင်းမှိုင်းဖြစ်နေပါက#အောင်သပြေအညွန့်မှ […]
တချို့ တချို့တွေက သိပ်ပေါ့ဆလွန်းတယ်
ဆရာဝန်အကြံပြုချက်)မသေသင့်ဘဲ သေကြရသူတွေ များပြီ။ (အဆုံးထိ သေချာဖတ်ပေးပါ။ လိုက်နာကျင့်သုံးကြပါဗျာ။) တချို့ တချို့တွေက သိပ်ပေါ့ဆလွန်းတယ်။ ဘာကြောင့်ဖျားဖျား၊ ဘယ်ပုံစံ ဖျားဖျား၊ ဖျားရင် ကိုဗစ်လို့မှတ်ပါဆိုတာကို ဘယ်လောက် ပြောပြော မယုံဘူး။ ပြီးမှ အောက်စီဂျင်အတော်ကျမှ ဆေးခန်းလာ၊ ဆေးရုံသွားနဲ့ တချို့ဆို ဘယ်လိုမှ ကယ်လို့မရတော့ဘူး။ ပုံမှန် ၉၈ – ၉၉ ရာခိုင်နှုန်း ရှိတဲ့သူတစ်ယောက်က ၉၅ ကနေ မတက်တော့ဘူးဆိုရင် ကျတော့မယ်ဆိုတာ သိရပါမယ်။ လိုအပ်တဲ့ကု သမှု အချိန်မီ စတင်ရပါမယ်။ ကျရင် အောက်စီဂျင်ရှူရုံနဲ့ ကိုဗစ်က မပျောက်ပါဘူး။ လေအိတ်တွေ ပျက်စီးကုန်လို့ အောက်စီဂျင်ကျ တာပါ။ ဒါ့အပြင် လေအိတ်ပတ်ဝန်းကျင်မှာ ယောင်ရမ်းကုန်လို့ အောက်စီဂျင်ကျတာပါ။ ဒါကိုမကုဘဲ အောက်စီဂျင်ပဲရှူနေလို့ မရပါဘူး။ လေအိတ်တွေပျက်စီးတာကို […]
သောကြာ သားသမီးများအတွက် (၈)လပိုင်း တစ်လလုံးစာ ကံကြမ္မာဟောစာတမ်း
သောကြာ သားသမီးများအတွက် (၈)လပိုင်း တစ်လလုံးစာ ကံကြမ္မာဟောစာတမ်း ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေဝင်တတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် […]
နောက်၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သော တိုင်းနှင့်ပြည်နယ် ဒေသကြီးများ
နောက်၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သော တိုင်းနှင့်ပြည်နယ် ဒေသကြီးများ သြဂုတ်လ ၁ ရက်နေ့ မိုးလေဝသထုတ်ပြန်ချက် များအရ နောက်၂၄နာရီမှ ၄၈နာရီ အတွင်းမိုးများစွာရွာသွန်းနိုင်တဲ့ ဒေသတွေကေတာ့မန္တလေးပုသိမ်ကြီး မေမြို့ အုန်းချော မတ္တရာ ဟံလင်း ဝက်လက် လှတော အရာတော် ဒီပဲယင်း ဘုတလင် ညောင်ကန် ကနီယာ ကြီး မင်းကင်း ကလေးဝ ကလေး ဟားခါး ဂန့်ဂေါ ကျော ပုံတောင်ပုံညာ ယင်းမာပင် ဆားလင်းကြီး မုံရွာ မတူပီ မင်းတပ် ကန်ပက်လက် ဆောကျောက်ထု ထီးလင်း ချပ်သင်း ချပ်ကြီး ကောလင်း မိုးများစွာရွာသွန်းနိုင်ပြီး နောက် ၄၈နာရီအတွင်း ပဲခူးတိုင်းအေရှ့ပိုင်း စစ်တောင်းမြစ်ဝှမ်းဒေသ နေပြည်တော် မန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်တောင်ပိုင်းမိုးရွာသွန်းနိင်ပြီး […]
အိမ်ထောင်(၃)ခါကျဖူးတယ် ဒါပေမယ့် အခုအချိန်ထိ အပျိုစင်ပဲရှိသေးတဲ့ မိန်းကလေးအကြောင်း
တစ်ခါက အိမ်ထောင်သုံးခါကျဖူးတဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်။ ဒါပေမယ့်…သူဟာခုချိန်ထိ အပျိုစင်ဘဝမှာပဲ ရှိသေးတယ်တဲ့။ ထူး ဆန်း နေတာပေါ့ နော် ဒါနဲ့ သတင်းထောက် တစ်ယောက်က သွားပြီး အင်တာဗျူး တယ်…အမကြီးရယ်…. အိမ်ထောင်သုံးခါကျတာတောင် အပျိုစင်ပဲဆိုတော့ ဘာ့ကြောင့်လဲဆိုတာ သိပါရစေလို့ မေးလိုက်တော့ …..ဒီလိုပါ… ပထမယူတဲ့အမျိုးသားက သွေးတိုးရောဂါရှိတယ်၊ မင်္ဂလာဦင်္းညမှာ သူငယ်ချင်းတွေနဲ့ အပျော် လွန်ပြီးမူးလိုက်တာ ဦးနှောက်သွေးကြော ပြတ်ပြီးသေပါလေရော … အော်…. ဒုတိယအိမ်ထောင် ကျတော့ရော… ဒုတိယယူတဲ့စစ်ဗိုလ်လေးက မင်္ဂလာဆောင်တဲ့နေ့ပဲ ရှေ့တန်း ထွက်သွားတာ၊ ပြန်မလာတော့ဘူးလေ ….. အော်… နောက်ဆုံးတစ်ယောက်ရော… မင်္ဂလာဦး ညမှာပဲ ကွဲသွား ပြန်တာလား ခုထိပေါင်းနေပါသေးတယ် ကွယ် ဒါ… ဒါဆို ဘယ်လို ဖြစ်လို့..???သူက… ဖေ့စ်ဘုတ် ခရေဇီလေ၊ […]









