ၾကားသိရသမွ်
ရန်ကုန်မြို့ပတ်ရထားပေါ်က PDF များ၏ သည်းထိပ်ရင်ဖို အောင်မြင်မှု
ရန်ကုန်မြို့ပတ်ရထားပေါ်က PDF များ၏ သည်းထိပ်ရင်ဖို အောင်မြင်မှု ဩဂုတ်လ ၁၄ ရက်ကဖြစ်ပွားခဲ့သော မြို့ပတ်ရထားပေါ်မှ ပစ်ခတ်မှုတွင် ဗိုလ်လပြည့်ဝန်း အမည်လွှဲ လဲပါဝင်သည် သူသည် ၁၉၈၈ ခုနှစ်တွင်လည်း စစ်အာဏာသိမ်းမှုကို တစ်ကြိမ် ကြုံတွေ့ခဲ့ပြီး ဆိုးရွား ကြမ်တမ်သည့် စစ်အာဏာရှင် စနစ်အောက်တွင် ကြီးပြင်းခဲ့ရသည်။ တိုက်ခိုက်သည့်နေ့တွင် ပစ္စတိုသေနတ်ကို ဆွဲထုတ်ပစ်ခတ်နိုင်ရန် အဆင်သင့်ပြင်ထားကြသော ဗိုလ်လပြည့်ဝန်းတို့သည် မြို့ပတ်ရထားပေါ်တွင် ခရီးသည် ပုံစံဖမ်းကာ လိုက်ပါလာပြီး လက်နက် ကိုင်ရဲကို မည်သူတို့က ပစ်ခတ် မည်ဆိုတာ တာဝန်ခွဲ ထားကြပြီး ဖြစ်သည် ထိုလုပ်ကြံသတ်ဖြတ်မှုကို အချိန် ၃ မိနစ်အတွင်း အပြီးသတ်နိုင်ရန် စီစဉ်ထားကြသည်။ ပစ်ခတ်မှုများအပြီး ရဲများထံမှ AK အမျိုးအစားနှစ်လက် G3 တစ်လက်နှင့် BA – […]
အချစ်ရေး
မိန်းကလေးများ လုံးဝမချစ်သင့်သည့် ယောကျာ်းအမျိုးအစား ( ၅ ) မျိုး
မချစ်သင့်တဲ့သူကို ချစ်တဲ့အခါမှာ သင်မထင်ထားလောက်တဲ့အထိ သင့်ဘဝကို အဆိုးတွေ သယ်ဆောင်လာတတ် ကြပါတယ်။ ဒါကြောင့် မချစ်သင့်တဲ့ ယောကျာ်းအမျိုးအစားတွေကို ဝေးဝေးရှောင်တတ်ဖို့ လိုပါတယ်။ ဒီလိုယောကျ်ားတွေနဲ့ သွားပတ်သက်မိတဲ့အခါ အရှက်တကွဲအကျိုးနည်း၊ စိတ်ရောလူပါ ထိခိုက်နစ်နာတတ်တာကြောင့် ဝေးဝေးကရှောင်စေနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ (၁) ငါးရံ့နှစ်ကောင်ဖမ်းတတ်တဲ့ယောကျ်ား ယောကျ်ားတွေထဲမှာ ငါးရံ့နှစ်ကောင်ဖမ်းတတ်တဲ့ယောကျ်ားတွေကို ဝေးဝေးရှောင်ပါ။ ဒီလိုယောကျ်ားတွေဟာ တစ်ယောက်ကိုလိုက်နေရင်းမှာလည်း နောက်လူတွေနဲ့လည်း ဇယားတွေရှိနေတတ်တဲ့သူပါ။ သူတို့ရဲ့စိတ်ဓာတ်ဟာ ဘယ်တော့မှအတည်တကျမရှိသလို၊ သင့်ဆီက အကျိုးတစ်ခုခုမလိုလားပဲ တွဲမယ့်သူတွေမဟုတ်ပါဘူး။ နှစ်ယောက်၊ သုံးယောက်ကိုတစ်ပြိုင်တည်း လိုက်တယ်ဆိုကတည်းကိုက သင်ဟာသူ့အချစ်စစ်မဟုတ်သလို၊ ယုံကြည်ထိုက်တဲ့သူလုံးဝမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုလူမျိုးကို ဝေးဝေးကရှောင်ပါ။ (၂) ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး မျက်နှာများတဲ့ယောကျ်ားတွေကိုလည်း ဝေးဝေးကရှောင်ရပါမယ်။ ဒီလိုလူမျိုးတွေဟာ အရမ်းဟန်ဆောင်ကောင်းတာကြောင့် လူကောင်းတစ်ယောက်လို့ အမှတ်တမဲ့ ထင်မိသွားတတ်ပါတယ်။ လူတွေရှေ့ရောက်ရင် လူကောင်းလိုလို၊ စိတ်ကောင်းရှိသလိုလိုနေပြီးနောက်ကွယ်မှာကျ ကြောက်စရာကောင်းလောက်တဲ့ သရုပ်မှန်တွေရှိနေတယ်၊ […]
အသိပညာ
တကယ်တော့မိဘဆိုတာ တံခါးတွေပါပဲ
ကျမ္မာရေး ဗဟုသုတ
အားတိုင်း Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ
ဒီဘက်ခေတ်မှာ စမတ်ဖုန်းတွေက သိပ်ကို အသုံးတည့်လာပါတယ်။ လူနေမှုဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာသလို တဖက်မှာလည်း စမတ်ဖုန်းနဲ့ ဆက်နွယ်နေတဲ့ ရောဂါဘယတွေကလည်း အမျိုးမျိုး ပေါ်ထွက်လာနေပါတယ်။ ဒီလို စမတ်ဖုန်းတွေနဲ့ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေသာမကပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေလည်း ပါဝင်နေပါတယ်။ ဥပမာတစ်ခုပြောရရင်တော့ Selfie Syndrome ပေါ့။ ရောက်လေရာအရပ်မှာ ဖုန်းလေးဖွင့်ပြီး Selfie ဆွဲနေပြီဆိုရင် ဒီပြဿနာကို သတိထားဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင်တော့ ဒါက Selfie Syndrome ဖြစ်နေတာဖြစ်နိုင်လို့ပါပဲ။ ယျေဘယျအားဖြင့် Selfie ရိုက်တာကို လှချင်ပချင်တဲ့ အမျိုးသမီးငယ်လေးတွေ အများဆုံးပြုမူကြပါတယ်။ ဒီလိုပြောလို့ အမျိုးသားတွေနဲ့ အမျိုးသမီးကြီးတွေရော မရိုက်ဖူးလားလို့တော့ မမေးပါနဲ့။ သူတို့လည်း လုပ်ကြတာပါပဲ။ အရေအတွက် အနည်းငယ်သာ နည်းပါးတာပါ။ ဒီလို နေရာတကာ Selfie […]
က်မၼာေရး ဗဟုသုတ
အစားဆိုတိုင်း အလွန်အကျွံစားတတ်တဲ့ အကျင့်ကို ဒီလိုဖျောက်ပါ
အစားဆိုတိုင်း အလွန်အကျွံစားတတ်တဲ့ အကျင့်ကို ဒီလိုဖျောက်ပါ (၁) တီဗွီကြည့်ရင်းအစားစားတဲ့ အကျင့်ကိုပြင်ပါ အစားစားတဲ့အခါ အခြားတစ်ခုခုကို အာရုံစိုက်ထားတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ ပိုစားမိသွားနိုင်တာကြောင့်ပါ။ ဒါကြောင့် အစားစားနေချိန်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီကြည့်တာမျိုးတွေမလုပ်ပါနဲ့။ အများကြီးမစားမိစေဖို့ အစားစားနေချိန်မှာ စားစရာကလွဲလို့ အခြားအရာတွေကိုအာရုံစိုက်မထားပါနဲ့။ (၂) ကိုယ့်ရဲ့အားနည်းချက်ကိုသိအောင်လုပ်ပါ အစားကိုလိုတာထက်ပိုမစားမိစေဖို့ အရင်ဆုံးလုပ်ရမှာက ကိုယ့်ရဲ့အားနည်းချက်ကိုသိအောင်လုပ်ဖို့ပါ။ ညနေစာစားပြီးတိုင်းရေခဲမုန့်တစ်ခွက်စားနေကျဆိုရင် နည်းနည်းချင်းစီလျှော့စားပြီးနောက်ဆုံးလုံးဝမစားမိတဲ့အထိ ကျင့်ယူပါ။ အချိုစာတွေအစား သစ်သီးတွေပြောင်းစားတာမျိုးလုပ်ပါ။ (၃) အရမ်းကြိုက်တဲ့ အစားတွေအကုန်လုံးကို တစ်ခါတည်းနဲ့ မဖြတ်ပါနဲ့ အကြိုက်ဆုံးပါဆိုတဲ့ အစားအစာတွေကို တစ်ခါတည်းနဲ့ မစားတော့ဘဲဖြတ်လိုက်တာက အဆင်ပြေမယ့်နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုချင်းစီလောက်ကနေ စဖြတ်တာမျိုးလုပ်ရင်လုပ်၊ မဟုတ်ရင် နည်းနည်းစီလျှော့စားသွားတာမျိုးက ပိုအဆင်ပြေမှာပါ။ (၄) ဗူးလိုက်ချစားတာမျိုးမလုပ်ပါနဲ့ အာလူးကြော်တွေ၊ရေခဲမုန့်တွေကို အထုပ်လိုက်၊ ဗူးလိုက်ချစားတာက အများကြီးစားမိစေနိုင်ပါတယ်။ ဒါကြောင့် ကုန်သလောက် […]
က်မၼာေရး ဗဟုသုတ
ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်
ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ် ၁ – ရေသောက်ခြင်း ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။ ၂ – တရုတ်နံနံ တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။ ၃ – ဗိုစားပဲ ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။ ၄ – ပန်းသီး ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. […]
အေထြအေထြဗဟုသုတ
ရှားစောင်းလက်ပတ် အသုံး၀င်ပုံ
ရှားစောင်းလက်ပတ် အသုံး၀င်ပုံ ၁။ ရှားစောင်း လက်ပပ်သည် မီးယပ် ဆေးအဖြစ် အလွန် ထင်ရှား ၏ ။ ရှားစောင်း လက်ပပ် အတွင်း သားကို ပေါက်ပင် ပဉ်စငါးပါး မီးရှို့ ၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ် ဖြူးစားသော် မီးယပ်သွေး စင်ကြယ် စွာဆင်း၏။ ၂။ရှားစောင်း လက်ပပ်သည် အနာ စိမ်း ၊ ဖျဉ်းစွဲ ရောဂါ ၊ အသည်း ရောဂါ ၊ အရေပြား ရောဂါ ၊ အဖျား ရောဂါ ၊ ပန်းနာ ၊ နူနာ ၊ ကိုယ်ရေဝါ ရောဂါ ၊ ဆီး၌ ကျောက်တည် သော ရောဂါများ […]
ၾကားသိရသမွ်
Face appသုံးပြီး ချောမောလှပသည့် မိန်းကလေးအဖြစ် လိုင်းပေါ်တင်ခဲ့သော အသက်၅၃နှစ်အရွယ် အမျိုးသားကြီး
ယနေ့ခေတ်တွင် စမတ်ဖုန်းများ ပေါများလာပြီး အမျိုးမျိုးသော ဆော့ဝဲလ်များလည်း ထွက်ပေါ်လာရာ ယောကျာ်းလေးကနေလည်း မိန်းကလေးအဖြစ်သို့ ပြောင်းလဲနိုင်နေပြီဖြစ်သည်။ သို့ဖြစ်၍ ဂျပန်နိုင်ငံမှ အသက် ၅၃နှစ်အရွယ် အမျိုးသားကြီးသည် အပျော်သဘောဖြင့် Face appသုံးပြီး အသက် ၂၀အရွယ် မိန်းကလေးငယ်တစ်ဦးလို ဟန်ဆောင်ပြီး လူမှုကွန်ယက်တွင် selfieပုံများစွာ ရိုက်ပြီးတင်ခဲ့သည်။ အမျိုးသားဧ။် အသွင်အပြင်ကြောင့် မြင်တွေ့သူများမှာ မိန်းကလေးတစ်ယောက်လို့သာ ထင်မှတ်ခဲ့ကြပြီး ချောမောလှပပြီး ဆွဲဆောင်မှုရှိသော မျက်နှာထားလေးကြောင့် နောက်လိုက်များခဲ့ပြီး ကောင်လေးများကြားလည်း အတော်လေး ရေပန်းစားသွားခဲ့သည်။ သို့သော်လည်း မထင်မှတ်ပဲ အမျိုးသားကြီးဧ။် အလုပ်ရှင်မှ လိုင်းပေါ်တွင် သူတို့အိမ်၌ အလုပ်လာလုပ်သော အသက်၅၃နှစ်အရွယ် အမျိုးသားအစစ်သာ ဖြစ်ကြောင်း အခြေအနေမှန်ကို ဖော်ထုတ်ခဲ့သည်။ ထို့ကြောင့် အဖြစ်မှန်ကို သိရှိသွားသော ကောင်လေးအများစုမှာ အတော်လေးကြေကွဲသွားခဲ့ကြသည်။ Hlaing (Love […]
အေထြအေထြဗဟုသုတ
ကိုယ့်ကိုယ်ကို ချစ်တတ်လာအောင် နေထိုင်နည်း…
ကိုယ့်ကိုယ်ကို ချစ်တတ်လာအောင် နေထိုင်နည်း… ကိုယ့်ရဲ့ဘဝက ဘယ်လောက်ထိ ချို့ယွင်းချက်တွေရှိနေပါစေ… ချစ်နိုင်အောင် လက်ခံနိုင်အောင် ကြိုးစားကြည့်ပါ။ ကိုယ့်ဘဝကို သူများဘဝနဲ့ယှဉ်ပြီး အားမငယ်မိပါစေနဲ့။ လူတိုင်းက ဘဝပေးအခြေအနေအရ တစ်ခုခုကတော့ အားသာချက် အားနည်းချက်တွေဆိုတာ ပါလာပြီးသားပါ။ သူ့မှာလဲ သူ့အားသာချက်ရှိသလို အားနည်းချက်ဆိုတာလဲ ရှိပါတယ် ။ သူက သင်မဟုတ်တဲ့အတွက် ဘယ်လိုမှ မတူညီနိုင်တာကိုနှိုင်းယှဉ်ပြီး အားမငယ်လိုက်ပါနဲ့ ။ မိမိကိုယ်ကိုယ် ကြိုက်နှစ်သက်တဲ့ အချက်တွေကို မြင်အောင်ကြည့်ပါ။ လူတစ်ယောက်မှာ တစ်ခုခုကတော့ အားသာချက်ဆိုတာ ရှိပြီးသားပါ စကားမပြောတတ်တဲ့ သူအတွက် အားငယ်နေတာထက် အသက်ရှင်ရက်နဲ့ ကိုယ်လက်အင်္ဂါပြည့်စုံနေခြင်းက သူ့ရဲ့ အားသာချက်ပဲ မဟုတ်လား။ မိမိကိုယ်ကိုယ် မှမချစ်တတ်သေးရင် တစ်ပါးသူကို အချစ်တွေမျှဝေဖို့ မဖြစ်နိုင်ပါဘူး။ ချစ်တယ်ဆိုတာက အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်နိုင်တာမျိုးပါ အကောင်းမြင်စိတ်နဲ့ […]
ကြားသိရသမျှ
အမေစု နဲ့ တစ်တိုင်းပြည်လုံးကို လိမ်ခဲ့တဲ့ ဒေါက်တာ အဲရစ်ရန်း အကြောင်း ဟိန်းဇော်ညို ဖွင့်ချပြီ…
ဟင်းပဲချက်ပြနေတတ်တဲ့ ဆယ်လီဒေါက်တာ အပုန်းမကြီး ဒေါက်တာ အဲရစ်ရန်း ရဲ့အကြောင်းကို မြန်မာနိုင်ငံက ဆရာဝန်တစ်ယောက်လည်းဖြစ် ဆယ်လီတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ ဟိန်းဇော်ညိုက ဖွင့်ချလိုက်ပါပြီ ။ သူပြောပြလာတာက …. “မေမေရန်းက ဆေးပညာနဲ့ပတ်သက်ပြီး သိနေတာက အရင်က အသက်ကြီးသူတွေ Care Home တစ်ခုမှာ Care Worker လုပ်ခဲ့ဖူးလို့ တချို့ဟာတွေသိနေတာ။ သူ့ကို‌ဆေး၁ဘယ် Batch ကလဲမေးရင် မဖြေသလို တန်းလဲဘလော့တာ။ Covid စဖြစ်တော့မြန်မာနိုင်ငံရဲ့ကျေးဇူးရှင်ဆိုပြီး မြှောက်လိုက်ကတည်းက သူ့ကိုယ်သူဆရာဆိုပြီးဖြစ်သွားတာအခုထိပဲ။ သူကိုဗစ်ဖြစ်တုံးက ဘယ်လိုတွေလုပ်ခဲ့တယ်ဆိုတဲ့liveကလဲ လုပ်ကြံပြောတာတွေ… သူကအိမ်ပေါ်ထပ်မှာနေတယ်။ အောက်စီဂျင်အမြဲရှုနေရတယ်ပြောပြီး ဇာတ်နာချင်တော့ကျ အောက်စီဂျင်ရှုနေရတာကို သူ့သားသမီးအတွက် ထမင်းဟင်းတွေထချက်ပေးတာတဲ့။ တခါထဲ မီးသဂြိုလ်ပြီးသား ဖြစ်မသွားဘူးလား။ လို့မေးချင်တာ …” ဆိုပြီးရေးသားထားပါတယ် ဆက်လက်ပြီး “သူပြောတဲ့ဇာတ်လမ်းက တကယ့်စောက်တလွဲ။ USမှာကကိုဗစ်+ဖြစ်ရင် […]