ၾကားသိရသမွ်

၁၉လသားအရွယ်သာရှိနေသေးပေမဲ့ ကိန်းဂဏန်းအလုံး ၅၀ ကိုရေတွက်နိုင်ပြီး စာလုံးပေါင်း ၃၀၀ ကျော်ကိုပါဖတ်တတ်နေပြီဖြစ်တဲ့ ပါရမီရှင်ကလေးငယ်တစ်ဦး(ရုပ်သံ)

ကလေးအများစုဟာ အသက် ၅နှစ်အရွယ်လောက်မှ စာဖတ်ခြင်းနှင့်ကိန်းဂဏာန်းရေတွက်ခြင်းတို့ကို တတ်မြောက်ရန် သင်ယူတတ်ကြပေမဲ့လည်း ၁၉ လသားအရွယ်သာရှိသေးတဲ့ဒီကလေးငယ်ကတော့ ကိန်းဂဏာန်းအလုံး ၅၀ အထိ ရေတွက်နိုင်ပြီး စာလုံးရေ အလုံး ၃၀၀ တို့ကိုပါ တတ်မြောက်ထားပြီးဖြစ်ပါတယ်။ အိပ်ယာပေါ်မှာ ထိုင်ကာ place cards တွေကိုကိုင်ရင်း အသံကျယ်ကျယ်နဲ့အော်ဖတ်နေခဲ့တဲ့ ဥာဏ်ရည်ထက်မြက်တဲ့အဆိုပါကလေးငယ်ရဲ့ပုံရိပ်အမူအရာကို ဂုဏ်ယူနေတဲ့မိခင်ဖြစ်သူ LaToya က ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားခဲ့ပါတယ်။ အဆိုပါ Carter အမည်ရှိတဲ့ကလေးငယ်ဟာ “are ” ဆိုတဲ့စကားလုံးကို ဖတ်ပြီး မှန်မမှန်ကို မိခင်ဖြစ်သူအားအတည်ပြုပေးရန် မိခင်ဖြစ်သူအား စူးစမ်းသိချင်နေတဲ့အကြည့်တစ်ချက်ဖြင့်ကြည့်ခဲ့ပြီးနောက် သူ့ရဲ့စာများကို ပြန်ဖတ်ပြနေခဲ့တဲ့ပုံရိပ်ဟာ မိခင်တိုင်းကို အားကျမိသွားစေမဲ့ ကြည့်နူးစရာကောင်းတဲ့ရိုက်ချက်တစ်ခုလိုပါဘဲ။ Carter ဟာ ၇လသားအရွယ်လောက်ကတည်းက စကားလုံးများကို နားလည်သဘောလာခဲ့သလို ၎င်းတို့ရဲ့အဓိပ္ပါယ်ကိုလည်း နားလည်နေခဲ့ကြောင်း မိခင်ဖြစ်သူရဲ့အဆိုအရ သိရပါတယ်။ အသက်၁နှစ်ပြည့်သွားတဲ့အချိန်မှာတော့ […]

ကြားသိရသမျှ

Phone ဖြင့် Radio NUG နားဆင်လိုသူများအတွက်

Phone ဖြင့် Radio NUG နားဆင်လိုသူများ.. ပထမအဆင့် Tuneln Raido Application ကို Play Store ကနေ Download ရယူပါ ဒုတိယအဆင့် App ကိုဖွင့်ပြီး Search Box မှာ Radio NUG လို့ရိုက်ရှာပြီး နားဆင်နိုင်ပါပြီ ။ Download ရယူလို့မရရင် Vpn ဖြုတ်ပြီး Down ကြည့်ကြပါ ။ Radio NUG ကို မနက် ၈ နာရီမှာတကြိမ်၊ ည ၈ နာရီမှာတကြိမ် ထုတ်လွှင့်မယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက် ၈ နာရီမှာ ပထမဆုံးအကြိမ် စတင်ထုတ်လွှင့်မှုကတော့ မိနစ် ၃၀ ကြာမြင့်တာ တွေ့ရပါတယ်။ […]

က်မၼာေရး ဗဟုသုတ

ခေါင်းအုံးတွေကို သတိထားပါ

ခေါင်းအုံး…. ခေါင်းအုံးတွေကို သတိထားပါ ခေါင်းအုံးညစ်ပတ်ခြင်းက လူကို အသက်ဆုံးရှုံးနိုုင်သည် အထိဖြစ်နိုင်ကြောင်းတွေ့ရှိ အသက်(36)နှစ် အရွယ် ရှိပြီဖြစ်တဲ့ Stewart Arms ဟာ ကိုယ်လက်မအီမသာ ဖြစ်ခဲ့ပါတယ်။ စီးပွားရေး သမား ဖြစ်တာကြောင့် ခရီးပန်းတာပဲလို့ ယူဆပြီး ပေါ့ပေါ့ဆဆနေခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိ ဒဏ်ရာက မသက်သာလို့ သူ့မှာ အဖျားရောဂါရှိနေပြီထင်ကာ ဆေးခန်းကို သွားပြခဲ့ပါတယ်။ ဒေါက်တာရဲ့ စစ်ဆေးမှု မှာလည်း တစ်ခြားထူးခြားမှုကို မတွေ့ရလို့ အဖျားကျဆေးကို ပေးပြီးပြန်လွှတ်ခဲ့ပါတယ်။ သွေးအဖြေကလည်း ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါ။ ဒါပေမယ့် နောက်တစ်ရက်အကြာမှာပဲ Stewart ဟာ ချောင်းဆိုးတဲ့အခါမှာ သွေးခဲတွေ ပါလာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအခါမှာတော့ရောဂါကို သေသေချာချာ စစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး ရောဂါရဲ့အဖြေကတော့ “အဆုတ်ကို မှိုစွဲ”တဲ့ ရောဂါ […]

ၾကားသိရသမွ်

ခြေလက်များမပါဘဲ မွေးဖွားလာတယ်ဆိုပေမဲ့ စစ်မှန်တဲ့ ချစ်ခြင်းမျိုးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ မိတ်ကပ်ပညာရှင်တစ်ဦး

လက်များနဲ့ ခြေများမပြည့်ဆုံပေမဲ့ အသက် ၂၂နှစ်အရွယ် မိတ်ကပ်ပညာရှင် Gabe Adams က TikTok နာမည်ကြီးတစ်ဦးဖြစ်လာခဲ့ပါတယ် ။ နောက်ပြီး သူဟာ သာမန်လူတွေထက် ဘာမဆိုလုပ်နိုင်တဲ့ သူပါ ။ “Gabe Adams” ကို ဘရာဇီးနိုင်ငံ၊ Sao Paulo မှာ မွေးဖွားခဲ့ပြီး ခြေလက်များမပါဘဲ မွေးဖွားလာခဲ့တာပါ ။ Hanhart Syndrome ရဲ့ ရလဒ်ကြောင့် သူဟာ အပြုသဘောဆောင်တဲ့ အတွေးများ အပါအဝင် အခြားများစွာသော အရာတွေက လှုံ့ဆော်ပေးလေ့ရှိပါတယ် ။ “Gabe” က TikTok မှာ နာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပြီး သူ့မှာ လက်မရှိသော်လည်း Follower ၁.၇ သန်းကျော်ပိုင်ဆိုင်ထားပြီး မိတ်ကပ်အလှဖန်တီးနိုင်တဲ့ eyeshadow ကို သုံးနိုင်ကာ သာမန်လူတွေထက် […]

ၾကားသိရသမွ်

အိမ်ရှင် ကျောင်းဆရာမရဲ့ ယောက်ျား နှင့် ရုပ်ချောလှတဲ့ အိမ်ဖော်မ ဇာတ်လမ်း

အိမ်ရှင် ကျောင်းဆရာမရဲ့ ယောက်ျား နှင့် ရုပ်ချောလှတဲ့ အိမ်ဖော်မ ဇာတ်လမ်း… မိန်းမ ဖြစ်သူက ကျောင်းဆရာမ ဖြစ်တော့ တာဝန်ကျရာ နယ်မြေဒေသမှာ တာဝန်ထမ်းဆောင်ရတယ်။ အိမ်မှာ ယောက်ျားတစ်ယောက်ပဲကျန်ခဲ့တယ်။ သားသမီးက မရှိ စားဖို့ သောက်ဖို့ ချက်ပြုတ်ဖို့က ပြသနာ မကြီးလှပေမယ့် အဝတ်လျှော်နဲ့ အိမ်သန့်ရှင်းရေး က ပြသနာရှိလာတော့….. ယောက်ျားဖြစ်သူက အိမ်ဖော်တစ်ယောက်ခေါ်လိုက်မယ်ဆိုပြီး အိမ်ဖော်ခေါ်ထားလိုက်တယ်။ တာဝန်ကျရာ မြို့မှ ကျောင်းပိတ်ရက် အိမ်ကို ပြန်ရောက် လာသော အခါ သူ့ယောက်ျားကို မိန်းမဖြစ်သူ ဆရာမက ….. ” ရှင့် အိမ်ဖော်ကလည်း ချောလှချည်လား ကိုမိုးကြီးရဲ့ ” ယောက်ျားဖြစ်သူ ကိုမိုးကြီးက ပြန်ပြောတယ် …. ” ချောလား မချောလား မသိပါဘူးကွာ […]

က်မၼာေရး ဗဟုသုတ

နှလုံးကိုတောင်ထိခိုက်နိုင်လို့ အိပ်ယာဝင်ခါနီး ရေမသောက်ပါနဲ့

နှလုံးကိုတောင်ထိခိုက်နိုင်လို့ အိပ်ယာဝင်ခါနီး ရေမသောက်ပါနဲ့ “ ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။ ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်”လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။ မမှန်ဘူးခင်ဗျား… ။နှလုံးနာတဲ့ ဝေဒနာ… အဲ… (Heart Attack) နှင့် ရေဆိုတာ ဒွန်တွဲနေပါတယ်။ “ လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့် ဆီးပိုသွားတတ်သလဲ” “နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။ ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။ဝပ်နေတယ်။ ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။ လှဲနေ… အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေကကျောက်ကပ် (Kidney)နှင့် တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် […]

ၾကားသိရသမွ်

လေယာဉ်ပေါ်တက်ပြေးရင်း ဘီးကြားညှပ်ခဲ့ရသူ နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားဖြစ်နေ…

အမေရိကန်သယ်ပိုလေယာဉ်ဘီးအတွင်း သေဆုံးခဲ့သူမှာ အာဖဂန်လူငယ်ဘောလုံသမားတစ်ဦးဖြစ်နေ အာဖဂန်လူငယ်ဘောလုံးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူဟာ ကဘူးလ်လေဆိပ်က ထွက်ခွာခဲ့တဲ့ အမေရိကန်လေတပ်ဖွဲရဲ့ သယ်ပိုလေယာဉ်က Landing Gear အတွင်းမှာ သေဆုံးခဲ့တယ်လို သိရပါတယ်။တာလီဘန်တို ထိန်းချုပ်ခဲ့တဲ့ အာဖဂန်ကနေ ထွက်ပြေးဖိုအတွက် ကြိုးစားရင်းကနေ သေဆုံးခဲ့ရတာဖြစ်တယ်လိုလည်း New York Post က ဖော်ပြခဲ့ပါတယ်။… အသက် ၁၉ နှစ်အရွယ် Zaki Anwari ဆိုသူဖြစ်ပြီး သူဟာ ကဘူးလ်လေဆိပ်က ထွက်ခွာမယ့် C-17 လေ ယာဉ်ကို လိုက်ပါဖိုအတွက် ကြိုးစားရင်းကနေ သေဆုံးခဲ့တယ်လို East2West သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Zaki Anwari သေဆုံးခဲ့ကြောင်းကိုလည်း သတင်းထောက်တစ်ဦးဖြစ်သူ Babak Taghvaee က တွစ်တာမှာရေးသားကာ အတည်ပြုခဲ့ပါတယ်။… “အာဖဂန်လူငယ်ဘောလုံးအသင်းရဲ့ ကစားသမားတစ်ဦးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က USAF […]

တရားတော်

ကံကောင်းချင်တယ်ဆိုရင် နေထိုင်ကျင့်ကြံသင့်တဲ့ နည်းလမ်း ၇ မျိုး

1. Live in the present ပစ္စုပ္ပန်မှာပဲကိုယ့်စိတ်ကို နှစ်ထားပါ သင့်မှာရှိတာ ပစ္စုပ္ပန်တခုထဲဆိုတာ မမေ့ပါနဲ့ အတိတ်ဆိုတာ ပြီးသွားပြီ အနာဂတ်ဆို တာ မရေရာတာတွေနဲ့ မရောက်လာသေးပါဘူး သင့်လက်ရှိ ပစ္စုပ္ပန်ကိုပြောင်းလဲနိုင်မှ သင့်ဘဝကို ပြောင်းလဲနိုင်မှာ 2. Show kindness တပါးသူကို မေတ္တာထားပါ အများအကျိုးရှိမှာလုပ်ပါ ကိုယ်တယောက်ထဲ ကောင်းစားသွားမယ့် လမ်းမရွေးပါနဲ့ 3. Express gratitude ဘယ်လောက်ပဲ ဘဝဟာဆိုးနေနေ ကိုယ့်အပေါ်ကျေးဇူးရှိဖူးတွေ ရှိစအမြဲပါ ဒီလူတွေနဲ့ အဆက်အသွယ်လုပ်ပါ ကျေးဇူးတ င်ကြောင်းပြသပါ 4. Grow in love ချစ်တတ်ပါ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ တပါးသူကိုချစ်ပါ 5. Forgive and let go အတိတ်ကိုအတိတ်မှာထားခဲ့ ကိုယ့်အပေါ်မတရားလုပ်ခဲ့သူတွေကို ကိုယ့်ဘဝထဲကထုတ်ပြီး […]

အလှပရေးရာ

တစ်မိနစ်အတွင်း မျက်နှာသွယ် နည်း

တစ်မိနစ်အတွင်း မျက်နှာသွယ် နည်း ရှိတယ်။ ကျွန်တော်လုပ်တဲ့နည်းလေးပါ။ အရမ်းလွယ်ပြီး မျက်နှာတကယ်ထိရောက်တဲ့နည်းဖြစ်ပါတယ်။ အစကတော့ ဝိတ်ချနည်းစာအုပ်ထွက်မှ လက်ဆောင်ထည့်ပေးမလို့ပဲ။ အခုတော့ မနေနိုင်ဘူး။ အရမ်းကောင်းတဲ့နည်းလေးမို့ ဖော်ပြလိုက်ပါမယ်။ လုပ်ရမှာက လေ့ကျင့်ခန်း သုံးခုတည်းရယ်၊ လေ့ကျင့်ခန်းတခုကို တခါလုပ်ရင် ဆယ်စက္ကန့်လောက် စီပဲလုပ်ရုံနဲ့ရတယ်။ တရက်ကို နှစ်ကြိမ်လုပ်ပေးရုံနဲ့ သိသိသာသာ မျက်နှာသွယ်လာတဲ့နည်းဖြစ်ပါတယ်။ (၁) မျက်လုံးကို အပေါ်ကြည့်ပါ။ ပါးစပ်ကို တတ်နိုင် သမျှ စူထားပြီး “အို” ပုံစံလုပ်ပါ။ တခါလုပ်ရင် ၁၀ စက္ကန့်ကြာ လုပ်ပါ။ တရက်နှစ်ကြိမ်သာ ပြုလုပ်ပါ။ (၂) မျက်လုံးကို ပြူ းနေအောင် ဖွင့်ထားပြီး ရှေ့တည့်တည့်ကြည့်ပါ။ ပါးစပ်ကို တတ်နိုင်သမျှဟပြီး လျှာကို ရသလောက်ထုတ်ပါ။ လျှာဖျားက မေးစေ့ကို ရသလောက်ထိပါ။ ဆယ်စက္ကန့်ကြာထားပါ။ မနက်တကြိမ် […]

ၾကားသိရသမွ်

ပြောလက်စအဖွဲ့တွေကို ရှိတဲ့ငွေကိစ္စဖြတ်ပြီးရင် လုံးဝရပ်ပြီ ဆက်မလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီဆိုတဲ့ပန်ဆယ်လို

ပြောလက်စအဖွဲ့တွေကို ရှိတဲ့ငွေကိစ္စဖြတ်ပြီးရင် လုံးဝရပ်ပြီ ဆက်မလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီဆိုတဲ့ပန်ဆယ်လို တော်လှန်ရေးမှာ အတ္တကြီးကြတာလား၊ တမင်သောက်ကျ င့်ယု တ်တာပဲလား။ ကိုယ့်မယ် အိပ်တောင် မအိပ်ရဲဘူး။ နိုးတာနဲ့ သော က်ပွဲက ကြိုနေပြီ။ ပြီးခဲ့တဲ့ရက်က ၁၀ သိန်းအလိမ်ခံရတယ်ဆိုတဲ့ကိစ္စ။ ဓါတ်ပုံတူနေတဲ့ကိစ္စကစတယ်။ ဓါတ်ပုံပိုင်ရှင်နဲ့ နားလည်မှုလွဲတယ်၊ ဖြေရှင်းပြီးပါပြီဆိုတဲ့ ပိုစ့်လောက်နဲ့ပဲ ပြီးချင်ခဲ့တာ။ ဒါပေမယ့် အဆင်မပြေဘူး။ Public ရှင်းရတယ်။ နောက်ဆက်တွဲအနေနဲ့ တစ်ဖက်မှာလည်း ကွိုင်(အဲ့ကွိုင်ကတော့ ထပ်ပြောမရဘူး)။ ကိုယ်ဘက်မှာလည်း ထောက်ပို့ကလေးတွေ အကုန်ပြေးရပြီ။ ဖေ့စ်ဘုတ်ပေါ် Public နဲ့ တင်ရှင်းရတာ ဘယ်လောက် Risk များတယ်ဆိုတာရယ်၊ အချက်အလက်ပေါက်ကြားမှာစိုးလို့ ကိုယ်မှန်နေလျက်နဲ့ ခေါင်းငုံ့ခံလိုက်ရတာတွေ အများကြီး။ အခုလည်း လုပ်လာပြန်ပြီ။ ကိုယ်ပေးတဲ့ငွေ သူတို့မရပါဘူးဆိုတဲ့ ဟာတွေ။ ဒီတစ်ခေါက်တော့ နပ်သွားပြီး […]