ၾကားသိရသမွ်

Right person ဆိုတာဘာလဲ ?

Right person ဆိုတာဘာလဲ ? ရှင်းရှင်းလေးပါဘဲ…💗 ပျော်စရာ အချိန်တွေ အကောင်းဆုံးအချိန်တွေမှာ အတူတူ ဖြတ်သန်းပြီး… ခက်ခဲတဲ့အချိန် အဆင်မပြေတဲ့အခါဆို ဘေးက ထွက်မသွားဘဲ…ကိုယ့်လက်ကို မြဲမြဲဆွဲထားမယ့် သူမျိုး….။ ဒုက္ခ သောကတွေ အတူရင်ဆိုင်ပြီး ပျော်စရာတွေ အတူဖန်တီးနိုင်မဲ့သူ…။ အတိတ်က ကိုယ့်အကြောင်းတွေ ဘာတစ်ခုမှမေးခွန်းမထုတ်ဘဲ… လက်ရှိအချိန်မှာ လိုလေသေးမရှိချစ်ပေးမယ့်သူ…. အနာဂတ်မှာ သူနဲ့အတူ ပျော်နိုင်ဖို့ ကြိုးစားတဲ့သူ…..။ ချစ်တယ် လို့ပြောတဲ့လူတိုင်းမှာ ဒါတွေသွားရှာလို့မရဘူးနော်…။တစ်ချို့က အပြောဘဲရှိတာ တကယ်မဟုတ်ဘူး…။ နီးစပ်ဖို့လဲ ဘယ်တုန်းကမှ မကြိုးစားဘူး..။ ကိုယ့်ကို ချစ်၏မချစ်၏ ဆိုတာ သူ့အပြုမှုတွေကနေသိနိုင်မှာပါ….။ ပြောသမျှယုံပြီး right person လို့သတ်မှတ်ထားတဲ့လူတွေကြောင့် ခဏခဏနာကျင်ဖူးပြီးပြီ မို့လား….။ သူပျော်ရွှင်ဖို့ ကိုယ့်ကိုလိုချင်တာမဟုတ်ဘဲ…. သူနဲ့အတူ ကိုယ့်ကိုပျော်စေချင်တဲ့သူ…။ အ့လို လူနဲ့တွေ့တဲ့အခါ ချစ်ခြင်းမေတ္တာဟာ […]

ၾကားသိရသမွ်

နွေဦးထီရောင်းရငွေ ပထမအသုတ် CDM ဝန်ထမ်း ၃,၅၀၀ ခန့်ကို ထောက်ပံ့မည်

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ရောင်းချသည့် နွေဦးထီ စမ်းသပ်ကာလ ရောင်းရငွေများမှ CDM ဝန်ထမ်း ၃,၅၀၀ ခန့်ကို ပထမအသုတ်အနေဖြင့် ကူညီထောက်ပံ့နိုင်မည်ဖြစ်ကြောင်း NUG အစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။ NUGက ရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီအား စမ်းသပ်ရောင်းချ ကာလဖြစ်သည့် ဩဂုတ် ၁၅ ရက်မှ ဩဂုတ် ၁၉ ရက်အထိ ငါးရက်တာ ကာလအတွင်း ထီလက်မှတ် နှစ်သိန်းခွဲ၊ ငွေကျပ်အားဖြင့် ကျပ်သိန်းငါးထောင်ဖိုးအထိ ရောင်းချနိုင်ခဲ့ပြီး ယင်းအနက် ငွေကျပ် သိန်း ၃၅၀၀ ကို CDM ဝန်ထမ်းများအား ကူညီထောက်ပံ့သွားမည် ဖြစ်သည်။ CDM ဝန်ထမ်းတစ်ဦးကို အများဆုံး ငွေကျပ်တစ်သိန်းအထိ ထောက်ပံ့ကူညီသွားမည်ဖြစ်သည့်အတွက် ပထမအသုတ် […]

ၾကားသိရသမွ်

မိခင်နဲ့ ညီမလေးကို ကျွေးမွေးနိုင်ရန် စက်ဘီးတစ်စီးနဲ့ လမ်းဘေးက အမှိုက်တွေကိုစုဆောင်းပြီး ဝင်ငွေရှာနေခဲ့တဲ့ ၅ တန်းကလေး

မနေ့က Buriram ပြည်နယ်ရှိ လမ်းဘေးတစ်နေရာမှာ ဖြတ်သွားတဲ့ Thip Thanthai Nampanya အမည်ရှိ ကားမောင်းသမားတစ်ဦးက စက်ဘီးတစ်စီးနဲ့ လမ်းဘေးတစ်လျှောက်လုံးက ပလတ်စတစ်အမှိုက်တွေလိုက်ကောက်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ပြီး မေးမြန်းခဲ့ပါတယ် ။ နေရာအနှံ့မှာ ပလတ်စတစ်အမှိုက်တွေ လိုက်ကောက်ရတဲ့အကြောင်းရင်းက Nong Mark အမည်ရှိ ကောင်လေးဟာ သူ့ရဲ့ မိဘတွေရဲ့ ဝန်ထုပ်ဝန်ပိုး ပေါ့ပါးအောင် ကူညီလိုကြောင်း ပြောကြားခဲ့ပါတယ် ။ သူတို့မိသားစုက ဆင်းရဲတာကြောင့် ကောင်လေးရဲ့မိဘတွေက အမှိုက်များကို စုဆောင်းရောင်းချရန် အသက်မွေးဝမ်းကျောင်းပြုကြပါတယ် ။ သို့သော် Covid ကာလအတွင်းမှာ ယခင်ကလို အမှိုက်များကို စုဆောင်းရန်နဲ့ ရောင်းရန်အရာ များစွာမရှိတော့တဲ့အပြင် မိခင်က သူ့ရဲ့ညီမလေးကို ဂရုစိုက်ရတာကြောင့် ဖခင်က ပလတ်စတစ်များ စုဆောင်းရန်တစ်ယောက်တည်း အပြင်ထွက်ရှာခဲ့ရတာပါ ။ ဒါ့ကြောင့် […]

ကြားသိရသမျှ

“ဖုတ်” ဝင်တယ်ဆိုပြီး သေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ…

“ဖုတ်” ဝင်တယ်ဆိုပြီး သေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ… အမေဆာလို့ပါ သားရယ်တဲ့လား တကယ်ဖုတ်မဟုတ်ဘဲ မိဘအရင်းကို ဖုတ်ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြစ်စေသူတစ်ပါးကိုလုပ်ခွင့် ပေးသည်ဖြစ်စေ၊ အဲဒီသားသမီး ကိုယ်တိုင်မသိလိုက်သောပဉ္စာနန္တရိယကံကြီးထိုက်ပါတယ်။ ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ (ဒေသနှင့်အမည်များမပြောပါ။) ဒီအနေအထားက သားသမီးတွေငြိုငြင်ရုံတင်မက မြန်မြန်ပင်သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင်မစွန့်နိုင်တော့ဘူး …။ ပြုစုတဲ့သူတွေကရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တစ်ချို့အဖိုးအဖွားတွေက အသက်သာကြီးတာ ဝမ်းမီးကကောင်းတုန်း။အိပ်ရာထဲလဲနေပေမယ့် အစားကို ကောင်းကောင်းစားနိုင်ပါတယ်။ အဲဒီလိုအစားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပါတ်ဝန်းကျင်က “ဖုတ်ဝင်နေပြီ” တဲ့။ အသက်ကကြီး ရောဂါက နာတာရှည် ပြုစုရတာကြာလာတော့ သားသမီးတွေ စေတနာပျက်လာ ပြီလေ။ လူကြီး လူမမာဆိုပြီး ကျွေးတာကနည်းနည်း ဆိုတော့ ညသန်းကောင်အချိန်ရောက်တော့ ဆာလာပြန်ရော။ ကျွေးတုန်းက […]

ကြားသိရသမျှ

မြန်မာပြည်မှာ အနုပညာ ‌ေ.သ.ဆုံးသွားပြီ ဖြစ်ကြောင်း ဒေါသနဲ့ ပြတ်ပြတ်သားသား ဖွင့်ဟပြောလာတဲ့ Rဇာနည်

အနုပညာ သမားတွေ အနေနဲ့ နာကျည်းကြဖို့ သင့်နေပြီ ဖြစ်ကြောင်းကို ခံပြင်း ဒေါသထွက်ပြီး ပြတ်ပြတ်သားသား ဖွင့်ဟလာတဲ့ Rဇာနည် အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တ စ်ယောက်ဖြစ်သလို တော်လှန်ရေး တိုက်ပွဲကြီး မှာလည်း ပြည်သူတွေနဲ့ အတူ ရပ်တည်ကာ ဖေဖော်ဝါရီလတည်းက လမ်းပေါ်ထွက်လှု ပ်ရှားမှုတွေမှာ အင်တိုက်အားတို က်ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်။ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့နဲ့ ရပ်တည်ခဲ့တာကြောင့် Rဇာနည်ဟာ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူ ခံထားရပြီး လက်ရှိအချိန်မှာ ဆိုရင် ပုန်းရှောင်နေရတာ ဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ကပ်ရောဂါ အ‌ခြေအနေတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေ ကြရသလို အနုပညာသမား တွေနဲ့လည်း ဖမ်းဆီးခံရသူ၊ ရှောင်ပုန်းနေရသူတွေ များပြားနေပြီး အနုပညာအလုပ်တွေ လုပ်ကိုင်ခွင့်မရကြပဲ စားဝတ်နေရေး ကြပ်တည်းသူတွေပါ […]

ဗဟုသုတ

ရိုးသားလို့ ဆင်းရဲတာမဟုတ် ချမ်းသာအောင် မလုပ်တတ်လို့ ဆင်းရဲတာ..(အောင်သင်း )

ရိုးသားလို့ ဆင်းရဲတာမဟုတ် ချမ်းသာအောင် မလုပ်တတ်လို့ ဆင်းရဲတာ..(အောင်သင်း ) အရပ်ထဲပြောစကားအရ ရိုးသားတဲ့လူက ဆင်းရဲ တယ်လို့ပြောတယ်။ ကိုယ်ကျင့်တရားကောင်းတဲ့ သူကသူများနောက်က နေရတယ်လိုပြောတယ်။ ဒီမှာ ကျနော်တို့သဘောပေါက်နားလည်ဖို့က ကြီးပွားချမ်းသာခြင်းနဲ့ ကိုယ်ကျင့် တရားကောင်းတာနဲ့ မသက်ဆိုင်ပါ။ ကြီးပွား ချမ်းသာ ဖို့ဆိုတာလုပ်ရည်ကိုင်ရည် ကောင်းတယ်။ အမြော်အမြင် ရှိတယ်။အခွင့်အလမ်း သာမှုကိုလည်းကြည့်တတ်တယ်။ တနည်းအားဖြင့် ငွေရအောင်ရှာဖွေတတ်မှု အပေါ်မှာ မူတည်ပြီး ကြီးပွားချမ်းသာမှု ဆိုတာဖြစ်လာတာပါ။ တရားမျှတအောင် စီးပွားရှာခြင်း မရှာခြင်း ဆိုတာကတော့သူ့ရဲ့ပုဂ္ဂလိက ကိစ္စ ပဲဖြစ်ပါတယ်။ ကိုယ်ကျင့်တရားကောင်းတယ်ဆိုတာက ကိုယ့်အတွက်တပါးသူ စိတ်ဆင်းရဲစေမှု မရှိတာ။ဒုက္ခအခက်အခဲ ဖြစ်စေမှုနည်းတာ။ ဒါပါပဲ။ ကိုယ့်ကျင့်တရားကောင်းလို့ ငွေကြေး ချမ်းသာရမယ်လို့ ဘယ်သူမှအာမခံချက်မရှိဘူး။ငွေကြေးချမ်းသာဖို့ လူအောက်မကျဖို့ ဆိုတာ ကိုယ်ကျင့်တရားနဲ့ မဆိုင်။ ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည် ညံ့ရင် ညံ့သလို […]

ဗဟုသုတ

သင့်ရဲ့ စိတ်နေ စိတ်ထား ကို ပြောပြပေးမယ်

မြန်နိုင်သမျှအမြန်ဆုံး ဖြေဆိုရမှာ ဖြစ်ပါတယ်။ဒီပဟေဠိမှာပါတဲ့ မေးခွန်းတွေကို ဖြေဆိုတဲ့အခါမှာ မြန်နိုင်သမျှအမြန်ဆုံး ဖြေဆိုရမှာ ဖြစ်ပါတယ်။ မေးခွန်းကို ဖတ်ကြည့်ပြီးတာနဲ့ အတတ်နိုင်ဆုံးအာရုံသေချာစူးစိုက်ပြီး သင့်စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့အဖြေကို ပေါ်လာတဲ့အတိုင်း ချရေးရမှာ ဖြစ်ပါတယ်။ – သင်က လမ်းမတစ်ခုပေါ်မှာ ရပ်နေတယ်လို့ စိတ်ထဲမှာ မှတ်ထားလိုက်ပါ။ အဲဒီလမ်းက ဘယ်လိုပုံစံမျိုးလမ်းလဲဆိုတာကို ပုံဖော်ကြည့်ရမှာ ဖြစ်ပါတယ်။ ဥပမာ – မြေနီလမ်းလား၊ ကားတွေ အရမ်းကြပ်နေတဲ့လမ်းမကျယ်ကြီးလား၊ အဝေးပြေးအမြန်လမ်းမကြီးလား စသဖြင့် စိတ်ထဲမှာ ချက်ချင်းပေါ်လာတဲ့အတိုင်း ချရေးထားရမှာ ဖြစ်ပါတယ်။ – သင်ရပ်နေတဲ့အချိန်မှာ နေလုံးက ဘယ်နားမှာ ရှိနေတာလဲ။ ဥပမာ – ညဖက်၊ နေ့လည်၊ နေ့ခင်း၊ မနက်အစောကြီးနေမထွက်သေးဘူး။ – သင်က အဲဒီလမ်းအတိုင်းဆက်လျှောက်လာရင်းနဲ့ ခြံစည်းရိုးတစ်ခုကို တွေ့တယ်။ အဲဒီခြံစည်းရိုးက ဘယ်လိုပုံစံမျိုးလေးလဲ […]

ကြားသိရသမျှ

ရုပ်ရှင်သရုပ်ဆောင် သူရိယ ရဲ့ ဖခင် ဒီကနေ့ သြဂုတ်လ(၂၄)ရက်နေ့မှာ ကွယ်လွန်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော သူရိယရဲ့ ဖခင်ကြီးက ဒီနေ့ သြဂုတ်လ (၂၄)ရက်နေ့မှာ ဆုံးပါးကွယ်လွန်သွားကြောင်းကြားသိရပါတယ်။ သူရိယ ရဲ့ ဖခင်ကြီး ဆုံးပါးကွယ်လွန်သွားတဲ့အတွက် ခင်မင်ရတဲ့ မိတ်ဆွေတွေက စိတ်မကောင်းဖြစ်နေခဲ့ကြပါသေးတယ် အခုလို ဖခင်ကြီးကို ဆုံးရှုံးလိုက်ရတဲ့ သူရိယရဲ့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြောင့် သူရိယတို့ မိသားစုနဲ့ထပ်တူ ကလည်းစိတ်မကောင်းကြေကွဲဝမ်းနည်းရပြီး သူရိယရဲ့ ဖခင်ကြီးကောင်းရာဘုံဘဝကို ရောက်ရှိစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေထဲက သူရိယရဲ့ ပရိသတ်တွေ အတွက် ဝမ်းနည်းစရာသတင်းလေးကို စိတ်မကောင်းစွာနဲ့ပဲပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်   ပရိသတ်ကြီးတွေထဲက သူရိယရဲ့ ပရိသတ်တွေ ဖခင်ကြီးကို ဆုံးရှုံးလိုက်ရတဲ့ သူရိယအတွက် အားပေးနှစ်သိမ့်စကားလေးတွေပြောပေးခဲ့ကြပါ ဦး Photo Credit from – Thu RiYa Unicode ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် […]

ၾကားသိရသမွ်

(၈၈)မျိုးဆက်ဖြစ်တဲ့ ဖခင်ရဲ့သွေးတွေစီးဆင်းနေတဲ့မင်းမော်ကွန်းရဲ့တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်ပုံကို ထုတ်ပြောပြလာတဲ့ ပြည်သူတစ်ဦး

သရုပ်ဆောင် မင်းမော်ကွန်းကတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စွန့်လွှတ်အနစ်နာခံပြီး ပြည်သူတွေဘက်ကနေ ရပ်တည်ပေးနေတဲ့ မင်းမော်ကွန်းရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က လူမှုကွန်ယက်စာမျက်နှာတွင် (၈၈)မျိုးဆက်ဖြစ်တဲ့ ဖခင်ရဲ့သွေးတွေစီးဆင်းနေတဲ့မင်းမော်ကွန်းရဲ့တော်လှန်ရေးစိတ်ဓာတ်ပြင်းထန်ပုံကို ပြည်သူတစ်ဦးမှ ဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ပြည့်စုံနေတဲ့ မိသားစုဘဝရှိပြီး လက်ရှိမှာလည်း အောင်မြင်ကျော်ကြားမှုတွေ ရရှိပိုင်ဆိုင်နေတဲ့ လူလတ်ပိုင်းအကယ်ဒမီရ မင်းသားတစ်လက် ဖြစ်ပေမယ့်လည်း ဖခင်ရဲ့ (၈၈) တုန်းက သွေးတွေဟာ သူ့ကိုယ်ထဲမှာ စီးဆင်းနေတာကြောင့် အရေးကြုံတဲ့အခါ ပြည်သူတွေဘက်ကနေ ရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ကြသူများထဲတွင် အယောင်ပြလုပ်တဲ့သူနဲ့ တကယ့်လက်တွေ့လုပ်သူဆိုတာ မြေပြင်အခြေအနေမှာ ကွာသွားကြောင်းရေးသားထားပါတယ်။ သမ္မတရုပ်ရှင်ရုံရှေ့မှာ ဦးဇင်ဝိုင်းတို့ သားအဖနှစ်ယောက်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့ချိန်က ” brother ကျွန်တော်တို့ […]

တရားတော်

နေ့စဉ် မျက်နှာသစ်တိုင်း ရွတ်ဖတ်ပါ

မျက်နှာ သစ်ရာ ရွတ်ကြပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ … ဓမ္မံ သရဏံ ဂစ္ဆာမိ .. သံဃံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ … ဒုတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ … ဒုတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ တတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ … တတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ … တတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ ကျွန်ုပ်အား မွေးထုတ်ပေး ခဲ့သော မိဘနှစ်ပါး တို့သည် ဘေးရန်ခပ်သိမ်းကင်းပါစေ။ ဒေါသခပ်သိမ်း ကင်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းပါစေ။ မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။ […]