လူတိုင်းလိုလို ညောင်းညာ နာကျင် ကိုက်ခဲခြင်းတွေကို အနည်းဆုံး တစ်ခါမဟုတ် တစ်ခါတော့ ခံစားဖူးကြ မှာပါ။ ဒီလို ခန္ဓာကိုယ်ရဲ့ဘယ်နေရာ မဆိုညောင်းညာ ကိုက်ခဲခြင်းကို ခံစားနေရပြီ ဆိုရင်တော့ ဘယ်လို နေရာလေးတွေကို နှိပ်နယ်ပေး လိုက်တာနဲ့ သက်သာသွားစေနိုင် သလဲဆိုတာ 1. မျက်ခုံးနစ်ခုကြားနေရာ ဒီနေရာလေးတွေကိုဖိနှိပ်ပေးလိုက်တာနဲ့ခန္ဓာကိုယ်အနှံ့ကနာကျင်ကိုက်ခဲမှုတွေကိုသက်သာစေတယ်ဆိုပဲ မျက်ခုံးနှစ်ခုကြား မျက်ကြောဟာ နေရာကို လက်မလေး နဲ့ဖိဖိပြီးနှိပ်နယ်ပေးခြင်းဟာ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲ မှုတွေ ကိုပြေလျော့စေ ပါတယ်။ 2. လက်ကောက်ဝတ် ဒီနေရာလေးတွေကိုဖိနှိပ်ပေးလိုက်တာနဲ့ခန္ဓာကိုယ်အနှံ့ကနာကျင်ကိုက်ခဲမှုတွေကိုသက်သာစေတယ်ဆိုပဲ လက်ကောက် ဝတ်နားကို လက်ချောင်းလေးနဲ့ အသာလေး ဖိပေးပြီး နှိပ်နယ်ပေးခြင်းဟာလည်း ညောင်းညာ ကိုက်ခဲခြင်း သက်သာစေ တာပါပဲ။ 3. နားထင် ဒီနေရာလေးတွေကိုဖိနှိပ်ပေးလိုက်တာနဲ့ခန္ဓာကိုယ်အနှံ့ကနာကျင်ကိုက်ခဲမှုတွေကိုသက်သာစေတယ်ဆိုပဲ ဒီနည်းလေး ကတော့ အထူးသဖြင့် […]
Day: August 24, 2021
စားဝတ်နေရေးအတွက် အမှိုက်ကောက်သမားလေးဘဝကနေ သြစတေးလျရှိပညာသင်ဆုကို ဆွတ်ခူးရရှိခဲ့သော မိန်းကလေး
လောကကြီးရှိ လူသားတိုင်းဧ။် ကံတရားသည် အဆိုးတလှည့် အကောင်းတလှည့် ဖြစ်နေပြီး ဆင်းရဲသားကနေလည်း နေ့ချင်းညချင်း ချမ်းသာသွားနိုင်သလို သူဌေးသားကနေလည်း ဆင်းရဲသွားတာမျိုးရှိသည်။ ယခုအခါမှာတော့ ကမ္ဘောဒီးယားနိုင်ငံမှ Phiy Ron အမည်ရှိသော ကလေးမလေးသည် အဆင်ပြေသောမိသားစုမှ မွေးဖွားလာခြင်း မဟုတ်ပဲ တစ်မိသားစုလုံးက အမှိုက်ကောက်ရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသည်။ ထို့ကြောင့် မိဘတို့လုပ်ကိုင်ရာအတိုင်း ကလေးမလေးသည်လည်း ဆာလာအိတ်စုတ်တစ်လုံးကို ထမ်းကာ မိုးလင်းတာနဲ့ အမှိုက်ပုံကြီးဆီသို့ သွားပြီး စားစရာများ ရှာကြံစားခဲ့ရသည်။ တစ်နေ့တွင် ကလေးမလေးသည် ကံကောင်းစွာဖြင့် ပရဟိတအသင်းအဖွဲ့နှင့် တွေ့ရှိပြီး ကျောင်းနေအရွယ်လေးဖြစ်သည့်အတွက် စာသင်ကြားနိုင်ရန် ထောက်ပံ့ကူညီပေးခဲ့သည်။ ကလေးမလေးသည် စာကိုစိတ်အားထက်သန်စွာ သင်ယူခဲ့ပြီးနောက် အသက် ၂၃နှစ်အရွယ်တွင် သြစတေးလျရှိ Melbourne Universityမှ ပညာသင်ဆုကို အောင်မြင်စွာ ဆွတ်ခူးရရှိခဲ့သည်။ Rain (For Ialinks) […]
အမျိုးသမီးထုကြီးအား တစ်နေ့ သုံးကြိမ်ရေချိုးတဲ့အမျိုးသားများကို ဘယ်တော့မှလက်မထပ်ရန် အကြံပေးခဲ့တဲ့ အမျိုးသမီးတစ်ဦး
ဂါနာ-နိုင်ဂျီးရီးယား လူရွှင်တော်သရုပ်ဆောင်တစ်ဦးဟာ အမျိုးသားအချို့ရဲ့ထောက်ခံမှုကို အပြည့်အဝရထားတဲ့ tweet တစ်ခုနှင့်အတူ social media ပေါ်မှာ ဂယက်ထသွားခဲ့ပါတယ်။ Social media ကို ကိုင်တွယ်သူနှင့် ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ Twitter အသုံးပြုသူ @heiressjacinta ဟာ သူမရဲ့follower အမျိုးသမီးများအား အိမ်ထောင်ဖက်အဖြစ် ထည့်သွင်းမစဉ်းစားသင့်တဲ့ အမျိုးသားများရဲ့အကြောင်းကို အကြံပေးခဲ့ပါတယ်။ သူမဟာ အမျိုးသမီးများအား တစ်နေ့သုံးကြိမ်ရေချိုးတတ်တဲ့ အမျိုးသားများနှင့်မလက်ထပ်ရန် အကြံပေးခဲ့ပါတယ်။ ဟာသသရုပ်ဆောင်ဖြစ်တဲ့သူမက တကယ့်အမျိုးသားတွေက ရေချိုးတာကို မကြိုက်ကြဘူးဟုလည်း ထပ်မံပြောကြားခဲ့ပါတယ်။ တစ်ကယ်လည်း ဟားဗတ်ဆေးကျောင်းမှ ထုတ်ဝေခဲ့တဲ့စာစောင်ကလည်း အဆိုပါဟာသသရုပ်ဆောင်အမျိုးသမီးနှင့်နည်းတူ လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် သုံးကြိမ်ရေချိုးရန်မလိုအပ်ကြောင်း ရေးသားထားခဲ့ပါတယ်။ ၎င်းဆောင်းပါးအရ နေ့စဉ်ရေချိုးခြင်းဟာ တစ်ဦးတစ်ယောက်ရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သိရှိခဲ့ရပါတယ်။ မကြာခဏရေချိုးခြင်းဟာ အရေပြားကို ခြောက်သွေ့စေပြီး ဘက်တီးရီးယားများနှင့်ဓာတ်မတည့်မှုများဖြင့် အရေပြားကို ပိုးကူးစက်စေနိုင်ပါတယ်။ […]
အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တခြားတစ်ယောက်ကို မနာကျင်စေပါနဲ့ …
အချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တခြားတစ်ယောက်ကို မနာကျင်စေပါနဲ့ … အချစ်တဲ့ … တကယ်သိပ်ချစ်တတ်သွားရင် ဖြတ်ရခက်တယ် ဒါကြောင့် တကယ်မှ မချစ်ရင် ချစ်တယ် ဆိုတဲ့စကားလုံး တွေ ယောင်လို့တောင် မသုံးမိပါစေနဲ့ ။ တစ်ခါတစ်လေမှာ စိတ်ကစားတာနဲ့ ချစ်တာကို မှားတတ်ကြတယ်လေ … တကယ်ချစ်မှန်းမသေချာသေးပါနဲ့ သိပ်ချစ်တာပဲ ဆိုတဲ့ စကားကို သုံးတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ လမ်းခွဲခြင်းတွေ ဆီ ဦးတည်သွားတတ်တယ်လေ ။ တချို့ကတော့ တကယ်ကို မချစ်မှန်းသိသိရဲ့နဲ့ သေသေချာချာကို ချစ်တယ်ပြောပြီး လှည့်စားတတ်ကြသေးတယ် … ဂရုစိုက်သလို အပြုအမူတွေ ပြရင်းနဲ့ ချည်နှောင်တတ်သေးတာလေ … တကယ်မှ မချစ်ရင် အစကတည်းက မချစ်ခဲ့ သလို နေခဲ့တာပဲ ကောင်းပါတယ် တစ်ဖက်မှာ တကယ်ချစ်တယ်အထင်နဲ့ တကယ်ကြီး […]
ဖုန်းအသုံးများတဲ့ သူတိုင်း လုပ်ပေးသင့်တဲ့ မျက်စိ အားကောင်းစေတဲ့ လေ့ကျင့်ခန်းများ
အခုခေတ်မှာ လူတိုင်းလိုလို ဖုန်း၊ကွန်ပျူတာ အသုံးပြုကြပြီး မျက်စိကို တစ်ချိန်လုံး အနားမရအောင် ကြည့်နေကြပါတယ်။ screen အလင်းရောင်ကိုတောက်လျှောက် ကြည့်နေတဲ့အခါ ရေရှည်မှာ မျက်စိကိုထိခိုက်လာစေပါတယ်။ screen အလင်းရောင် အကြည့်များလို့ ပင်ပန်းပြီး အားနည်းနေတဲ့ မျက်လုံးတွေကို သွေးလှည့် ပတ်မှုကောင်းစေပီး အမြင်ကြည်လင်စေဖို့ နေ့စဉ်လုပ် ပေးသင့်တဲ့ မျက်လုံးလေ့ကျင့် ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ (၁) နှစ်မိနစ်မျက်တောင်ခတ်ခြင်း screen ကိုကြည့် တာများတဲ့အခါမျက်တောင် ခတ်တဲ့အကြိမ်အရေ အတွက်နည်းပြီး မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်း၊ ကွန်ပျူတာကို ဆက်တိုက်ကြည့်ပြီး တဲ့အခါ နှစ်မိနစ်လောက်မျက်တောင်ခတ်ပေးပါ။ မျက်လုံးညောင်း ညာနေတာ ကိုပြေစေပြီး အမြင်ကြည်လင် စေပါတယ်။ (၂) မျက်နှာကျက် ကိုမော့ကြည့်ပြီး ဦးခေါင်းဘယ် ညာလှည့်ခြင်း ခေါင်းကိုမော့ပြီ းမျက်နှာကျက်ကို […]
အဲကွန်းသုံးစရာမလိုပဲ အေးမြနေစေမယ့် နည်းလမ်း (၆) ခု
အဲကွန်းသုံးစရာမလိုပဲ အေးမြနေစေမယ့် နည်းလမ်း (၆) ခု ခုရက်ပိုင်းအတွင်း ရာသီဥတုက မမှန်ပါဘူး။ ပူလိုက်၊ အေးလိုက်၊ မိုးရွာလိုက်တဲ့ တစ်ပတ်အတွင်းကို ရာသီဥတု (၃) မျိုးလုံး ခံစားနေရပါတယ်။ အေးတာကို အနွေးထည်တွေဝတ်၊ စောင်ထဲကွေးနေရုံနဲ့ ကာကွယ်လို့ ရပေမယ့် ပူတာကိုတော့ ရှောင်လွှဲလို့ မရပါဘူး။ အဲ့ဒါကြောင့် အဲကွန်းမရှိလည်း ဘယ်လိုအေးအောင်နေလို့ရလဲ ဆိုတဲ့ အကြောင်းတွေကို love media ကနေ ပြောပြပေးသွားပါမယ်နော်။ ၁။ လက်ကောက်ဝတ် (သို့) လည်ပင်းနားကို ရေစိုဝတ်ကပ်ပါ လည်ပင်းနဲ့ လက်ကောက်ဝတ်နားမှာ ရှိတဲ့သွေးကြောတွေက တစ်ကိုယ်လုံးကို လည်ပတ်နေတာကြောင့် သွေးကြောတွေကို အေးစေခြင်းဟာလည်း သင့်ကိုအပူသက်သာစေမှာပါ။ ၂။ ချည်ထည်များဖြင့် အိပ်ပါ။ ချည်ထည်တွေဟာ အေးမြပြီးတော့ လေဝင်လေထွက် ကောင်းတာကြောင့် အိပ်စက်တဲ့အခါ ချည်နဲ့အိပ်တာက […]





