ၾကားသိရသမွ်

လာမယ့်အပတ် ကိုဗစ်ကူးစက်မှု အမြင့်မားဆုံးရောက်ဖွယ်ရှိ

လာမယ့်အပတ် ကိုဗစ်ကူးစက်မှု အမြင့်မားဆုံးရောက်ဖွယ်ရှိ ဆရာဝန်တချို့က မြန်မာ့လူဦးရေ …ကိုဗစ်ကူးစက်နိုင်ပြီး ဖြစ်ပွါးသူ ၅% အထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ လူ ၁ သိန်းခွဲလောက် အသက်ဆုံးပါးနိုင်တဲ့ သဘောပါပဲ။ သေဆုံးသူ ဒီထက်ပိုများနိုင်ကြောင်း တခြားပြောဆိုချက်တွေလည်း ကြားသိကြပြီး ဖြစ်မှာပါ။ WHO က ကိုဗစ်တတိယလှိုင်းကူးစက်မှုဟာ မြန်မာပြည်မှာ လာမယ့် ဩဂုတ်လ ပထမအပတ်မှာ အမြင့်မားဆုံးကို ရောက်မယ်။ (ရန်ကုန်တိုင်း အများဆုံးခံရကိန်းရှိ။) ပြီးရင် ပြန်ကျဖို့ နောက်ထပ်သီတင်းပတ် အနည်းငယ် ကြာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ဒါကြောင့် ဩဂုတ်လဟာ ကျနော်တို့လူထုအတွက် ကိုဗစ်ဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်ရမယ့်ကာလ ဖြစ်လာနိုင်ပါတယ်။ မိသားစုထဲက တစုံတယောက်ပြင်ပနဲ့ ဆက်ဆံမှုရှိတာနဲ့ ကူးစက်နေတာ မြင်ရပါတယ်။ မလွယ်ပေမယ့် တိုက်တွန်းပါရစေ။ အဆိုးဆုံး […]

လကၡဏာ

သင့် အသက် ဘယ်လောက် လဲ? ဘာ နေ့မွေးလဲ ? သာ မှန်မှန် ပြောပါ…မှန်လွန်း လို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ် တဲ့ ဇနက ဟောကိန်း

မှန်လွန်းလို့ ထပ်ခါ ထပ်ခါ ဖတ်ဖြစ်တဲ့ ဇနက ဟောကိန်း… ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ် ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်း ဖြစ်သည်။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။ တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြား တွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည်။ အဟောကြည့်နည်း…. ဥပမာ – မိမိက တနင်္ဂနွေသားသမီး အခုရောက်သက် ၂၅ နှစ် ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ * နန်း * အကွက် ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ။ မိမိက တနင်္လာသားသမီး အခု ရောက်သက် ၂ဝနှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ။ […]

ဗေဒင်

(၇)ရက်သားသမီးများအတွက် သြဂုတ်လ(၁)ရက်မှ (၇)ရက်နေ့ထိ တစ်ပါတ်စာ ဟောစာတမ်း

မိတ်ဆွေများအားလုံးအတွက်၂၀၂၁ သြဂုတ်လ (၁)ရက်မှ ၊ (၇)ရက်အတွင်းဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန် (၁)ပတ်စာ ဟောစာတမ်း             အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက် များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။ မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း မြန်မာတစ်နိုင်ငံလုံး ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကို အံတုရင်ဆိုင်နေရသော မိုးစက်မိုးပေါက်များကြားမှ စိတ်လှုပ်ရှားရင်ခုန်ဖွယ်ကော င်းလှသည့် မိုးတွင်းကာလ သြဂုတ်လ၏ နေ့ရက်များ ဆရာ မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း ) ၏ နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက တယ်လီနောဖုန်းနံပါတ် (၃၀၄၃) […]

လက္ခဏာ

“ လက်ကြားယိုသူတွေအတွက် လက္ခဏာ ဗေဒင်အဟော”

လက်ကြားယိုသူတွေအတွက် လက္ခဏာ ဗေဒင်အဟော ” လက္ခဏာပညာ ကျမ်းစာအုပ်တွေ ဖတ်ဖူးသူ၊ ကြားဖူးနားဝ ရှိသူဆိုရင် လက်ကြားယိုတယ်ဆိုတာ သိကြမှာပါ။ လက်ဖဝါးကို စေ့လိုက်လို့မှ လက်ချောင်းလေးတွေ ပူးကပ်မနေဘဲ လက်ချောင်းတွေကြားမှာ လက်ကြားယိုတာ၊ တနည်း ပြောရရင် လက်ချောင်းတွေကြားမှာ ကွာဟနေသူတွေကို “ငွေမမြဲသူ၊ အသုံးအဖြုန်းကြမ်းသူတွေ” အဖြစ် သတ်မှတ်လေ့ ရှိပါတယ် အခုပဲ ခင်ဗျားတို့ လက်ဖဝါးကို သက်တောင့်သက်သာလေး ဖြေလျှော့ပြီးတော့ လက်ချောင်းလေးတွေကို စုစည်းကြည့်ပါ။ လက်ချောင်းေ တွကြားမှာ လက်ကြားယိုနေတာတွေ ရှိသလား၊ လက်ကြားမယိုဘဲ လက်ကြားလေးတွေ စေ့နေသလား ဆိုတဲ့အပေါ် မူတည်ပြီး အောက်ပါ ဟောချက်တွေကို ဖတ်ကြည့်နိုင်ပါပြီ တကယ်လို့ ခင်ဗျားလက်ဖဝါးကြားမှာ ဘယ်လို ယိုပေါက်မှ မရှိဘဲ လက်ချောင်းတွေအချင်းချင်း ပူးကပ်နေမယ် ဆိုရင် ခင်ဗျားဟာ စေ့စပ် […]

ကြားသိရသမျှ

ကမ္ဘာ့ငတ်မွတ်မှု အဆိုးဆုံးကြုံနိုင်တဲ့ ၂ ၃နိုင်ငံထဲ မြန်မာကိုထည့်သွင်း

ကမ္ဘာ့ငတ်မွတ်မှု အဆိုးဆုံးကြုံနိုင်တဲ့ ၂ ၃နိုင်ငံထဲ မြန်မာကိုထည့်သွင်း ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ဆိုးဆိုးရွားရွားကြုံရမယ့်နိုင်ငံ ၂၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံကိုလည်း ကုလသမဂ္ဂအဖွဲ့အစည်း တွေက ထည့်သွင်းထားပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) တို့က မတ်လမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ချိန် ကတည်းကဆိုရင် အခုစာရင်းထဲမှာ နောက်ထပ်ခြောက်နိုင်ငံကို ထည့်သွင်းလိုက်တဲ့ထဲ မြန်မာနိုင်ငံလည်း ပါလာတာပါ။ အဲဒီနိုင်ငံတွေမှာ လူသားစာနာမှုအကူအညီတွေ အလျင်အမြန် အရှိန်မြှင့်ပြီး မပေးနိုင်ဘူးဆိုရင် လာမယ့်လေးလအတွင်း ငတ်မွတ်ခေါင်းပါးမှုဒဏ် ပိုပြီးဆိုးရွားလာလိမ့်မယ်လို့ FAO ဂျီနီဗာရုံးအကြီးအကဲ Patrick Jacqueson ကပြောပါတယ်။ “စားနပ်ရိက္ခာ မလုံလောက်မှု ဆိုးဆိုးရွားရွားကြုံနေရတဲ့ လူအများစုကြီးအတွက် ပဋိပက္ခအခြေအနေက အဓိကအကြောင်းရင်းအဖြစ် ဆက်ရှိနေပါတယ်။ ပဋိပက္ခအခြေအနေအပြင် အနီးဆုံးဆက်စပ်နေတာကတော့ လူသားစာနာမှု အကူအညီတွေပေးဖို့ ကန့်သတ်ခံထားရတာဖြစ်ပြီး […]

ဗဟုသုတ

၃ပျောက်လို့ ၅ကွယ် ၆ရွာနဲ့လွဲ ပျိုတို့မောင် ရွှေရောင် လွဲတယ် ၄ရွာကဆွဲ အဓိပ္ပါယ်မှန်နေ

(၃)ပျောက် လို့ (၅)ကွယ် (၆)ရွာနဲ့လွဲ ပျိုတို့မောင် ရွှေရောင်လွဲတယ် (၄)ရွာက ဆွဲ ၏ အ ဓိပ္ပါယ်မှန် (၃)ပျောက် ဆို တာကရတနာသုံးပါးကို မေ့မေ့ပျောက်ပျောက်နေတာ။ (ရတနာသုံး ပါး- ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး) (၅) ကွယ် ဆိုတာက ငါးပါးသီလ မပြည့်စုံတာ။ အဲဒီလို (၃)ပျောက်ပြီးတော့ (၅)ကွာသွားရင် (၆)ရွာနဲ့လွဲဆိုတာက နတ်ပြည် ခြောက်ထပ်နဲ့ လွဲရင် ပျိုတို့မောင်ရွှေရောင်လွဲတယ်ဆိုတာက ပျိုတွေ မောင်တွေမယ်တွေ ဖြစ်လေရာဘဝတိုင်းမှာ ရွှေလိုတန်ဖိုး ရှိလှတဲ့သာသနာတော်ကြီးနဲ့လွဲချော်ပြီး (၄)ရွာကဆွဲဆိုတာက အပါယ်လေးဘုံမှာ ခံရမှာ အသေအချာပါ (အပါယ်လေးဘုံ – ငရဲ ၊တိရိစ္ဆာန်၊ပြိတ္တာ၊အသူရကယ်) #Credit.မေသပြေ Unicode (၃)ပျောက် လို့ (၅)ကွယ် (၆)ရွာနဲ့လွဲ ပျိုတို့မောင် ရွှေရောင်လွဲတယ် […]

ၾကားသိရသမွ်

ဒေါက်တာသန်းမင်းထွဋ် ပင်းတယမီးအိမ်ရှင် ၂ရက်နေ့လွတ်တော့မည်

နိုင်ငံ့ဝန်ထမ်းတွေအနက် အချို့ကို ဩဂုတ်လ ၂ ရက်နေ့မှာ အမှုပိတ်သိမ်း ပြန်လည်လွှတ်ပေးမည့် စာရင်းတွင် ပင်းတယမီးအိမ်ရှင် ပုသိမ်ခရိုင်ဆေးရုံအုပ်ကြီး။ ဒေါက်တာသန်းမင်းထွဋ်ပါ ပါဝင်ကြောင်း စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ အာဏာသိမ်းယူပြီးနောက်မှာ CDMလှုပ်ရှားမှု ဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်ခဲ့တဲ့ ပြည် သူ့ဝန် ထမ်း ၂၇ဦးကို အမှုအသီးသီးကနေ ရုပ်သိမ်းပြီးတော့။ ဩဂုတ်လ ၂ရက်နေ့မှာ ပြန်လည်လွှတ်ပေးဖို့ စိစစ်ထားတဲ့ စာရင်းမှာ ဆရာကြီး ဒေါက်တာသန်းမင်းထွဋ် ပါဝင်လာတာပါ။ ဆရာကြီးဒေါက်တာ သန်းမင်းထွဋ်နဲ့အတူ မြို့ နယ်အသီးသီးက ဆန္ဒပြပွဲတွေနဲ့ CDMလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်းတချို့နဲ့။ ကျန်းမာရေးဝန်ထမ်းရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကို ပြန်လည်လွှတ်ပေးဖို့ စိစစ်စာမှာ ဖော် ပြထားပါတယ်။ ပြန်လည်လွတ်ပေးဖို့ စိစစ်ထားသူတွေထဲမှာ ပုသိမ်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသံတော်ဆင့်သတင်းဌာနက ဦးရဲရင့်ထွန်းတော့ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ […]