အိန္ဒြာကျော်ဇင် ၊ ဝင်းမင်းသန်း ၊ ပိုပို တို့ထောင်တွင်းအခြေအနေကိုအတူနေခဲ့ရသူတစ်ဦး ပြန်ပြောပြချက် – သကြားစျေး စံချိန်တင် မြင့်တက်ခဲ့ပေမယ့် ကြံစိုက်ရာသီ နီးလာချိန်ထိ ကြိုတင် ခုတ်စရိတ်ထုတ်ပေးတာ မရှိသေးလို့ အခက်ကြုံနေရတဲ့ တောင်သူတွေ အကြောင်း – ဗြိတိန်မှာ ကိုဗစ်ကူးစက်မှုအသစ်တွေ တနေ့ လေးသောင်းအထိ မြင့်တက်လာနေလို့ ကာကွယ်ဆေးထိုးဖို့ ဆော်သြနေ – Giphy ကို သတင်းအချက်အလက် ပေးမှုနဲ့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီကို ဒေါ်လာသန်း ၇၀ ဒဏ်ရိုက်လိုက်တဲ့ အကြောင်း – ချန်ပီယံလိဂ် ဘောလုံးပွဲတွေ မှာ မန်ယူက အတ္တလန်တာ ကို ၃ဂိုး၂ဂိုးနဲ့ အနိုင်ယူလိုက်တဲ့ အကြောင်း အပါအ၀င် ဗုဒ္ဓဟူး မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို […]
Day: October 21, 2021
သွားကြဦးမလား.. ရိုးရိုးခန်း 1500 ရှယ်ခန်း 3000
သွားကြဦးမလား.. ရိုးရိုးခန်း 1500 ရှယ်ခန်း 3000 နဲ့ နာမည်ကြီးနေတဲ့ရန်ကုန်က ချွေးထုတ်ခန်း… တနေ့သောအခါ လူငယ် တစ်ယောက် မြို့ပေါ်သို့ရောက်ကာ လျှောက် လည်ပတ်နေသည်။ ထိုစဉ် “ချွေးထုတ်ခန်း” ဟုရေးသားထားသော ဆိုင်းဘုတ်ကြီး ကိုတွေ့မိ၍ မော့ကြည့်လိုက်သည်။ စပ်စုလိုသောကြောင့် ထိုချွေးထုတ်ခန်းထဲဝင်ရန် အရှေ့တွင်ထိုင်နေသော လူကြီးကို မေးလိုက်သည်။ “ဘယ်လောက်လဲဗျ။ ချွေးတခါ ထုတ်” ” ရိုးရိုးချွေးထုတ်ခန်းက 1500။ ရှယ် ခန်းက 3000 ပါ ညီလေး” “ဒါဆို ရိုးရိုးခန်းဝင်ကြည့်မယ်ဗျာ။ အချိန်က ဘယ်လောက်ရမလဲ ” “ရိုးရိုးခန်းက 15 မိနစ်။ ရှယ်ခန်းဆိုရင် မိနစ် 30” “ဟုတ်ကဲ့ဗျ။ ရော့ 1500” လူကြီးက အခန်းတစ်ခန်းကို ဖွင့်ပေးပြီး ပြန်ပိတ်သွားသည်။ အခန်းသည် […]
ဒီနေ့က အမှန်တော့ ကိုယ်တို့နှစ်ယောက် စောင့်နေခဲ့တဲ့ လက်ထပ်ကြမယ်ဆိုတဲ့ ၃ နှစ်ပြည့်တဲ့နေ့……
ဒီနေ့က အမှန်တော့ ကိုယ်တို့နှစ်ယောက် စောင့်နေခဲ့တဲ့ လက်ထပ်ကြမယ်ဆိုတဲ့ ၃ နှစ်ပြည့်တဲ့နေ့ Pre wedding လှလှလေးရိုက်ကြမယ်ဆိုပြီးလဲ အားရပါးရကို တွေးပြီး ဘယ်လိုလေးဝတ်ကြမယ် ဆိုတာကအစ ကြိုပြီးစိတ်ကူးယဉ်ခဲ့ကြတာပေါ့ အနာဂတ်အိမ်မက်တွေဟာ တစ်ခုမှဖြစ်မလာသေးပေမဲ့ ပိုကောင်းတဲ့ အနာဂတ်အတွက် ဒီနေရာကိုရောက်ပြီး အတူတိုက်ပွဲဝင်နေတာ ခုဆို ၅လနီးပါးရှိသွားပြီ သူမရှိပဲကိုယ်တစ်ယောက်တည်းဆို ဒီလမ်းကို ဘယ်လိုမှ ဆက်လျှောက်နိုင်မယ်မထင်ပါဘူး ကိုယ့်ကိုအပြည့်အဝယုံကြည်ပေးပြီး ကိုယ်လုပ်ချင်တဲ့အရာအတွက် ဘေးကနေအမြဲရှိနေပေးပြီး ပါရမီဖြည့်ပေးနေလို့သာ ကိုယ်လုပ်ချင်တဲ့အရာတွေဆက်လုပ်နိုင်တာပါ ဖြစ်မလာသေးတဲ့အိမ်မက်လေးတွေကို တော်လှန်ရေး အောင်မြင်တဲ့တစ်နေ့ အတူတူကြိုးစားပြီး အကောင်အထည်ဖော်ကြတာပေါ့ အမြဲပြောဖူးသလို ဒါတွေအားလုံးပြီးသွားရင် Pre Wedding လှလှလေးရိုက်ပြီး Wedding Day ကို ဘုရားရှေ့လူရှေ့မှာ ကျင်းပကြမယ် ဒီ၃နှစ်ဆိုတဲ့ အချိန်လေးနဲ့မကနိုင်အောင် ပျော်ရွှင်ရပြီး ချစ်ပေးတာမို့ ကျေးဇူးအများကြီးတင်ပါတယ် ဒီတော်လှန်ရေးကြီးပြီးဆုံးသွားတဲ့အချိန်ထိ အရာအားလုံးကို အတူတူရင်ဆိုင်ဖြတ်သန်းကြတာပေါ့ […]
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟု မသုံးပဲ မင်းအောင်လှိုင်လို့ သုံးမည်ဆိုပါက အရေးယူမည် ဟု စကစ MRTV MWD မှ ကြေညာ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟု မသုံးပဲ မင်းအောင်လှိုင်လို့ သုံးမည်ဆိုပါက အရေးယူမည် ဟု စကစ MRTV MWD မှ ကြေညာ ဖေဖော်ဝါရီ လ ( ၁ ) ရက်နေ့ထဲက စပြီး စစ်အာဏာသိမ်းမှုဖြစ်သွားခဲ့တာလဲ တစ်နိုင်ငံလုံး အသိဖြစ်ပါတယ်။မြန်မာ ပြည်သူပြည်သား များ အားလုံးက လဲ အာဏာသိမ်းမှုကို လက်မခံတဲ့ အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ မြန်မာ ပြည်သူများ အပေါ် ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ဒီအတွက်ကြောင့်ပြည်သူတွေဟာ လက်နက်ကိုင်တော်လှန်ခဲ့တာပါ လက်နက်ကိုင်ခဲ့တဲ့ သူတွေက လက်နက်ကိုင် တော်လှန်နေကြပေမယ့် မကိုင်နိုင်သေးတဲ့ သူတွေကတော့ ထိုင်ဆဲနေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဆဲတဲ့ အချိန်မှာ မင်းအောင်လှိုင်လို့ ဆဲတဲ့သူကဆဲ ဇော်မင်းထွန်းကို ဆဲတဲ့သူကဆဲ […]
နေကြာက အနေကြာစေမည့် ယတြာတဲ့လား
“စစ်ကောင်စီက အနေကြာအောင် နေကြာပန်းဝတ်စုံများဖြင့် ယတြာချေသလား” ယနေ့ အောက်တိုဘာလ ၂၀ရက် သီတင်း ကျွတ်လပြည့်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြား တန်ခိုးကြီးဘုရားများသို့ ဘရားဖူးများစည်ကားသိုက် မြိုက်စွာသွားလာနေကြသည့် ဓာတ်ပုံများ လူမှုကွန်ယက်တွင်ပျံ့နှံ့လျက်ရှိသည်။ ယင်းကဲ့သို့ ဘုရား သွားရောက်ဖူးမျှော်ကြသူများ တွင် စစ်ကောင်စီထောက်ခံသူအမျိုးသမီးအများအပြားပါဝင်နေပြီး အဆိုပါ အမျိုးသမီးများမှာ နေ ကြာပန်းပုံပါသည့် ဝတ်စုံများ အရောင်အသွေး စုံလင်စွာဝတ်ဆင်နေမှုများကို လူမှုကွန်ယက်ပေါ်တွင် တွေ့ရှိရသည်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ဝါဒဖြန့် မီဒီယာများဖြစ်သည့် MRTV၊MWD ရုပ်သံလိုင်းများတွင်လည်း သတင်းကြေငြာသည့်အမျိုးသမီးများ ကိုယ်တိုင် နေကြာပန်းဝတ်စုံများဖြင့် သတင်းကြေငြာနေသည်ကိုတွေ့ရသည်။ ဗေဒင်လက္ခဏာကျွမ်းကျင်သူများ အနေဖြင့် အာဏာသိမ်းစစ်ကောင်စီမှ ၄င်းတို့အနေကြာရေးအတွက် “နေကြာပန်း”ပါသော ဝတ်စုံများဝတ်ဆင်ခိုင်း၍ သီတင်းကျွတ်လပြည့်နေ့တွင် ၄င်းတို့ထောက်ခံသူ များအား ယတြာချေသည့်အနေဖြင့် ဝတ်ဆင်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။ ပြီးခဲ့သည့် […]
ကလေးငယ်တွေချောင်းဆိုးတာကို ချက်ချင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်း(၅)မျိုး
ကလေးငယ်တွေ ချောင်းဆိုးတဲ့အခါ ပြင်းထန်တဲ့ချောင်းဆိုးပျောက်ဆေးတွေက ကလေးငယ်လေးတွေကို ပိုထိခိုက်စေပြီး ကြာလာရင် ဆေးမတိုးတဲ့ပြဿနာကိုဖြစ်စေနိုင်ပါတယ်။ ကလေးလေးတွေချောင်းဆိုးတဲ့အခါ မိဘတွေအနေနဲ့ ခြေမကိုင်မိ လက်မကိုင်မိမဖြစ်ရအောင် ကလေးချောင်းဆိုးသက်သာစေမယ့် သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊နွားနို့ နွားနို့တစ်ခွက်စာထဲကို ကြက်သွန်နီသုံးလုံး၊ ကြက်သွန်ဖြူတစ်လုံးကိုအခွံခွာရေဆေးပြီးထည့်ကာ မိနစ်အနည်းငယ်လောက် အပူပေးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူအဖတ်တွေမပါအောင်စစ်ပြီး ပျားရည်အနည်းငယ်ထည့်ကာ ကလေးကို တိုက်ပေးပါ။ ချောင်းဆိုးသက်သာသွားပါလိမ့်မယ်။ (၂) နာနတ်သီးရည် နာနတ်သီးတစ်ခြမ်း၊ ချင်းအနည်းငယ်၊ ပျားရည်တစ်ဇွန်းတို့ကို Blender ထဲထည့်မွှေပါ။ အဖတ်တွေကို စစ်ထုတ်ပြီး ရလာတဲ့အရည်ကို ကလေးကိုတိုက်ပေးလိုက်ပါ။ ချောင်းဆိုးသက်သာတဲ့အထိ မနက်တစ်ကြိမ်၊ညတစ်ကြိမ်တိုက်ပေးပါ။ (၃) ချင်း ဂျုံမှုန့်၊ ပျားရည်၊ သံလွင်ဆီအနည်းငယ် နဲ့ ချင်းမှုန့်တစ်ဇွန်းတို့ကိုရောပြီး အနှစ်ဖြစ်အောင်မွှေပါ။ ရလာတဲ့အနှစ်ကို လက်ကိုင်ပုဝါမှာ သုတ်လိမ်းပြီး ညအိပ်ရာမဝင်မီသုံးနာရီခန့် ကလေးရင်ဘတ်မှာကပ်ထားပေးပါ။ (၄) […]
ရန်ကုန်-မန္တလေး အမြန်လမ်းမှ မရပ်သင့်သောနေရာ မနားသင့်သောနေရာ မစားသင့်သောနေရာ မပေါက်သင့်သောနေရာများ
ဒီနေရာလေးကိုသိကြလား ။ဒီနေရာလေးက အမြန်လမ်း ၁၃၅ မိုင်မှာရှိတဲ့ အလယ်ကျွန်းမှာပေါက်နေတဲ့ ထန်းညီနောင်ပါပဲ အဲ့ဒီနားရောက်ရင် ကားရပ်ပြီးသေးပေါက် တာမလုပ်ပါနဲ့ လုပ်တော့ဘာဖြစ်လဲကွာဆိုရင် စမ်းကြည့်လိုက်လေ။ ကားကိုအနားပေးချင်လို့ခဏရပ်မယ်ဆိုရင်လည်း သင့်ကားပေါ်မှာ အညှီအဟောက် အစားအသောက်တွေမပါပါစေနှင့် ။ အထူးသဖြင့်ညဘက် မရပ်နားသင့်ပါ ။ 259 မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အခန့်မသင့်လျင် နွားခလောက်သံ ခြူသံတွေကြားရတတ်တယ်။ အဲဒီနားမှာလည်း မနားသင့် သေးမပေါက်သင့်ပါဘူး ။ ကိုယ်တွေ့တွေရှိပါတယ် ။တံတားဘေးနားတွေမှာနားရင် သတိနဲ့နားပါ ။ တချို့က အိမ်ကထည့်လာတဲ့ထမင်းဟင်းကို အမြန်လမ်းဘေးကသစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ် ။ နေ့နေ့ညည ပရလောကသားတွေ ဟာ အမြန်လမ်းတလျောက်မှာ ရှိနေကြပါတယ် ။ လူဟာ သူတို့ထက်မြင့်ပါတယ်။ ဒါပေမည့် အမှားမလုပ်မိစေနဲ့ပေါ့ ခွင့်လွှတ်ခြင်း ဆိုတာသူတို့မှာမရှိဘူး ။ မယုံရင်စမ်းကြည့်လိုက် သင်ကံနိမ့်နေပြီဆိုရင်တော့…ဟုတ်ကဲ့ […]
သီတင်းကျွတ်မှာ ပြန်မဆုံစည်းနိုင်တဲ့မိသားစုများ
ယောင်္ကျားနိုင်တဲ့နည်းလမ္း (၆) ခု…
၁ ။ Dating လာလုပ်တိုင်း ခေါင်းမညိတ်ပါနဲ့ အရမ်းတွေ့ချင် နေတယ် ဆိုတောင်မှ စိတ်ကိုလျှော့ အရုပ်ကိုဘဲ ၂ ဆတိုးပြီး အသဲယားပစ်လိုက် အပြစ်ပုံချ အာဘွားပေးလိုက်။ လူတွေက လွယ်တဲ့အရာဆို တန်ဘိုးထားကြတာမှ မဟုတ်တာ။ ခက်ပေ့ ဆိုတာကိုမှ ကိုးကွယ်ချင်တဲ့ အမျိုးလေ။ အဲ့တော့.. ချိန်းတိုင်း ငြင်းလိုက်ပါ ။ ၁၀ ကွေ့ ၁ ကွေ့လောက်ဘဲ လက်ခံလိုက်ပါ။ တန်ဖိုးကို သူနားလည် သွားလိမ့်မယ် ၂ ။ နည်းနည်းချင်းဘဲ ချစ်ပြပါ ဟတ်ဟတ်ထိုး ကြွေတဲ့အထာနဲ့ အသေအလဲ ချစ်ပြလိုက်ရင် တစ်ချိန်ချိန်မှာ သင် ချောင်ထိုးခံရ ပါလိမ့်မယ်။ မာန်တက်သွားတာ အကြောပြောင်သွားတာ မြင်ရပါလိမ့်မယ်။ အဲ့ဒီတော့.. ချစ်နေခဲ့ရင်တောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး မချစ်သလိုနေ […]