” ဤ တဘောင်ကို အဓိပ္ပါယ်ကောက်လွဲသူများသို့ ” အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့အုံး ရှေးနှစ်ခါ တန်ဆောင်မုန်းပွဲကြည့်ပါ အုံး။ သိသူဖော်စား မသိသူ ကျော်သွား တဘောင်များ အဖိုးကြီးအို ခါးကုန်းကုန်း ဆိုသည်မှာတို့တတွေဟာ ဘဝတိုင်း ဘဝတိုင်း အဖိုးကြီး အမေကြီး ဘဝနဲ့ အသက်အရွယ်ကြီးကြီးနဲ့ သေရတဲ့ ဘဝတွေ များခဲ့လှပါပြီ လူဖြစ်တော့ လည်း လူအဖိုးကြီး လူအဘွားကြီး ငှက်ဖြစ်တော့လည်း ငှက်အဖိုးကြီး ငှက်အဖွားကြီး နွားဖြစ်တော့ လည်း နွားအဖိုးကြီး နွားအဖွားကြီး ကြက်ဖြစ်တော့လည်း ကြက်အဖိုးကြီး ကြက်အဖွားကြီး သူဌေးကြီး ဖြစ်တော့လည်း.သူဌေးအဖိုးကြီး သူဌေးအဖွားကြီး ဘုရင် ဖြစ်တော့လည်း ဘုရင်အဖိုးကြီး ဘုရင်အဖွားကြီး ဘဝ များစွာမှာ အရိယာ ဘဝက လွဲ၍ မဖြစ်ဖူးတဲ့ဘဝဆိုတာ မရှိပါဘူး […]
Month: October 2021
၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက် စနေနေ့ ရွှေဈေးငွေဈေး
ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာကျပ် 1910~1940 ဝန်းကျင်ဖြစ်သည်။ မွန်းလွဲ ၁ နာရီခွဲ ရန်ကုန် စျေးကွက်အတွင်း အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှု နှုန်းထားများမှာ ယူရို 2075 ကျပ်၊ စင်ကာပူ ဒေါ်လာ 1350 ကျပ်၊ မလေးရှား ရင်းဂစ် 425 ကျပ်၊ ထိုင်း ဘတ် 57 ကျပ်၊ ဂျပန် ယန်း 17 ကျပ် တရုတ် ယွမ် 285 ကျပ်၊ အိန္ဒိယ ရူပီ 25 ကျပ် ဩစတေးလျ ဒေါ်လာ 1375 ကျပ် ဗြိတိန် ပေါင် 2550 ကျပ် တို့ ဖြစ်သည်။ ကမ္ဘာ့ရွှေစျေး တစ်အောင်စ ဒေါ်လာ 1783 ဝန်းကျင်ရှိပြီး […]
ယနေ့ ထန်တလန်မှာ မီးထဲပါသွားတဲ့ အိမ်ပိုင်ရှင်ရဲ့စကား”
“ယနေ့ ထန်တလန်မှာ မီးထဲပါသွားတဲ့ အိမ်ပိုင်ရှင်ရဲ့စကား” မီးလောင်ရာတွင်ပါသွားသော ချင်းပြည်နယ် ထန်တလန်မြို့မှ နေအိမ်တစ်လုံးဖြစ်ပါတယ်။ ပိုင်ရှင်ရေးသားထားသည်က ….. “ဒီအိမ်ကို 2002 မှာ ဘုရားကပေးတယ်။ 2021 မှာ ဘုရားက ပြန်ယူတယ်။ နှစ် 20 တိုင် အိမ်ပိုင်ဆိုင်ခွင့်ပေးတဲ့ ဘုရားကိုကျေးဇူးတင်တယ်”လို့ပဲဖြစ်ပါတယ်။ Crd တိုင်းရင်းသားလေးတွေ ခရစ်ယန်ဘာသာဝင်လေးတွေ စိတ်ထားတတ်လိုက်တာ ဘုရားကို တကယ်ချစ်တာ သူတို့မှာ ပိုင်ဆိုင်ခွင့်ရတဲ့အချိန်လေးကို ကျေးဇူးတင်သွားတယ် လူဆင်းရဲချင်ဆင်းရဲသွားမယ် စိတ်ကတော့ ဘယ်တော့မှ မဆင်းရဲဘူး အမြဲစိတ်ချမ်းသာနေမယ့်စိတ်ထားလေး တကယ်ကိုလေးစားအတုယူရပါတယ် Crd #News_Light_in_Karenni unicode “ယနေ့ ထနျတလနျမှာ မီးထဲပါသှားတဲ့ အိမျပိုငျရှငျရဲ့စကား” မီးလောငျရာတှငျပါသှားသော ခငြျးပွညျနယျ ထနျတလနျမွို့မှ နအေိမျတစျလုံးဖွစျပါတယျ။ ပိုငျရှငျရေးသားထားသညျက ….. “ဒီအိမျကို 2002 မှာ ဘုရားကပေးတယျ။ […]
ထန်တလန်မြို့နဲ့ ပက်သက်ပြီး သစ္စာဆိုစကားတွေနဲ့ တိုင်တည်ခဲ့တဲ့ ပိုင်ဖြိုးသု
ထန်တလန်မြို့နဲ့ ပက်သက်ပြီး သစ္စာဆိုစကားတွေနဲ့ တိုင်တည်ခဲ့တဲ့ ပိုင်ဖြိုးသု ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်း တက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက်မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့အချစ်ေတွ ကို ရယူထားနိုင်သူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်ဖြိုးသုကပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင် အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသုကဒါရိုက်တာဏကြီးနဲ့လက်ထက်ထိမ်းမြားထားပြီးတော့သာယာပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။ပိုင်ဖြိုးသုကတော်လှန် ရေးကြီးမှာလဲပြည်သူတွေနဲ့အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်ခံရထားပြီးဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်၊တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲလူမှူကွန်ယက်ကနေပြည်သူများအတွက်ခွန်အားဖြစ်စေမယ့်စာသားတွေကိုရေးသားဖော်ပြလေ့ရှိပါ တယ်။ ဘေးကင်းရာကိုတိမ်းရှောင်နေရတာကြောင့်လည်း ပိုင်ဖြိုးသုတို့အနေနဲ့ ခင်ပွန်းဖြစ်သူရဲ့အမေဆုံးတော့လည်း လိုက်ပါပို့ဆောင်ခွင့်မရသလို အဖွားဖြစ်သူသေဆုံးတော့ လည်း လိုက်ပါပို့ဆောင်ခွင့်မရနိုင်အောင် ပေးဆပ်ရမှုတွေ များနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ပိုင်ဖြိုးသုတစ်ယောက် လွတ်မြောက်နယ်မြေရောက်နေတဲ့ ပုံလေးတစ်ပဲံကိုတင်ပေးလာခဲ့ပြီး ပရိသတ်ကြီးကို စိတ်မပူရအောင် ထုတ်ပြလာ တာ ပဲ ဖြစ်ပါတတယ်နော်. ဒီနေ့လေးမှာလည်း ထန်တလန်မြို့နဲ့ ပက်သက်ပြီး ” သမာအာဇီဝလုပ်အားနဲ့စီးပွားရှာရတဲ့လူတွေအတွက် ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုသူတို့ဘယ်သိပါ့မလဲ….ပြည်သူဆီက ခိုးထားဝှက်ထားတဲ့ငွေတွေနဲ့ […]
သူနေခဲ့ဖူးတဲ့ ထန်တလန်မြို့လေးအတွက် လုပ်သင့်တာလေးကို ရေးသားလာတဲ့ ကျော်ထက်အောင်
သူနေခဲ့ဖူးတဲ့ ထန်တလန်မြို့လေးအတွက် လုပ်သင့်တာလေးကို ရေးသားလာတဲ့ ကျော်ထက်အောင် ပရိသတ်ကြီးရေအသံပါဝါအားကောင်းကောင်းနဲ့ စင်မြင့်ထက်တွေပေါ်မှာ အစီအစဉ်တင်ဆက်သူ ဖြစ်တဲ့ ကျော်ထက်အောင်ကတော့ ပရိသတ်များနဲ့ မစိမ်းသူ ဖြစ်ပါတယ်… ပရိသတ်ကြီးရေအသံပါဝါအားကောင်းကောင်းနဲ့ Myanmar Idol စင်မြင့်ထက်တွေပေါ်မှာမီးခဏ ခဏမှိတ်ခိုင်းတတ်တဲ့ အစီအစဉ်တင်ဆက်သူ ဖြစ်တဲ့ ကျော်ထက်အောင်ကတော့ ပရိသတ်များနဲ့ မစိမ်းသူ ဖြစ်ပါတယ်. ကျော်ထက်အောင်က ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လာပြန်တော့လည်း ပရိသတ်တွေက လက်ခံအားပေးခဲ့ကြတာ ဖြစ်လို့ ကျော်ထက်အောင်အတွက် အောင်မြင်မှုလမ်းစတွေကတော့ များများလာခဲ့ပါတယ်နော်.. ကျော်ထက်အောင်က မြန်မာ့နိုင်ငံအရေးနဲ့ပက်သက်လို့လည်း ပြည်သူတွေနဲ့အတူ ရင်ဘတ်ချင်းထပ်တူကျခဲ့ပါတယ်နော်.. မကြာခင်ရက်ပိုင်းတုန်းကတော့ ကျော်ထက်အောင်တစ်ယောက် ဝေဖန်တိုက်ခိုက်ပြီး လိုရာဆွဲတွေးတတ်ကြသူတွေကြောင့် ပေါက်ကွဲတဲ့ စာတစ်စောင်ကိုလည်း Instagram အကောင့်မှာ တင်လာခဲ့ပါသေးတယ်နော်…ခုလက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ထန်တလန်မြို့နဲ့ပက်သက်ပြီး လူစိတ်ရှိသူ တွေအတွက်တော့ ဝမ်းနည်းကြေကွဲမှုတွေကို ခံစားနေကြ၇တာ ဖြစ်ပါတယ်နော်.. ဒါကြောင့်လည်း ဒီနေ့လေးမှာတော့ကျော်ထက်အောင်က ” […]
တရားမဝင်ဆေးခြောက်များ ဖမ်းဆီးရမိခဲ့တဲ့အမှုနဲ့ပတ်သတ်ပီး ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့လွှတ်ပေး
တရားမဝင်ဆေးခြောက်များ ဖမ်းဆီးရမိခဲ့တဲ့အမှုနဲ့ပတ်သတ်ပီး ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့လွှတ်ပေး ကြာသပတေးနေ့မှာ အိန္ဒိယတရားရုံးတစ်ခုက ဘောလိဝုဒ်သရုပ်ဆောင် ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၃ ပတ်ကျော်က တရားမဝင်ဆေးခြောက်များ ဖမ်းဆီးရမိခဲ့တဲ့အမှုတစ်ခုမှာ ရှာရွတ်ခန်းရဲ့သားဖြစ်သူဟာ အဖမ်းခံခဲ့ရတာဖြစ်ကာ သတင်းတွေပျံ့နှံသွားခဲ့ပြီး မီဒီယာကြားမှာလည်း အငြင်းပွားစရာတွေဖြစ်ခဲ့ပါတယ်။ “တရားရုံးက အခုတင်ပဲအာမခံလွှတ်ပေးဖို့ ပြောလိုက်ပါတယ်။ အသနားခံလျှောက်ထားတဲ့ ၃ ယောက်စလုံး မနက်ဖြန်ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ လွတ်လာမှာဖြစ်ပါတယ်”လို့ ခန်းရဲ့သားဖြစ်သူဘက်က ရှေ့နေက မွမ်ဘိုင်းမြို့ရှိ တရားရုံးတစ်ခုအပြင်ဘက်မှာ ပြောသွားပါတယ်။ မွမ်ဘိုင်းကမ်းရိုးတန်းဘက်မှာ ခုတ်မောင်းနေတဲ့ အပျော်စီးသင်္ဘောတစ်စီးကို အောက်တိုဘာ ၂ ရက်နေ့က စီးနင်းရှာဖွေရာမှာ အသက် ၂၃ နှစ်အရွယ်ရှိ ရှာရွတ်ခန်းရဲ့သားအကြီးဆုံးဖြစ်သူ အာယန်ခန်းအပါအဝင် လူအများအပြားအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဆေးခြောက်ရှာဖွေရေးအဖွဲ (NCB) ဖက်ဒရယ်အေဂျင်စီက စီးနင်းဝင်ရောက်ခဲ့တာဖြစ်ပြီး အာယန်ခန်းဟာ ဆေးသုံးစွဲသလို ဖြန့်ဝေသူလည်းဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ အာယန်ခန်းကတော့ ရှေ့နေတွေကတဆင့် […]
မငိုပါနဲ့ ထန်တလန်က အဖွားရယ်….ရင်ထဲမှာ နင့်နေအောင် ထပ်တူခံစားရတာပါ…
နိုင်ဗန်ထူးပြောပြတဲ့ အတူနေလှိုင်သာယာကျူးကလူငယ်လေးတွေအကြောင်း
ကျွန်တော်တို့ သင်တန်းတက်တုန်းက လှိူင်သာယာ ကျုးက ညီအကုိတွေပါတယ်။ ထမင်းချက် တာဝန်ယူတဲ့သူဆို ရှိတာနဲ့ ရအောင် ချက်တတ်လို့ကျွန်တော်တို့ မငတ်ခဲ့ဘူး။ တူတူ နေခဲ့တုန်းမှာကျွန်တော်သင်ယူလိုက်ရတာတွေကဘယ်နေရာမှာ ဖြစ်ဖြစ် ပျော်အောင် နေတတ်တယ်။ဘဝမှာ ဘာတွေလုပ်မယ် ဆိုတဲ့ ရည်မှန်းချက်တွေရှိကြတယ်။ထားပါ။ ပြောချင်တာကသူတို့လည်း ခင်များတို့ပြောတဲ့အိမ်ပိုင်ယာပိုင် မရှိတဲ့ သူတွေပေါ့ဗျာ။ ဒါပေမယ့် ကိုယ်ချင်းစာ တရား မခေါင်းပါးတဲ့ သူတွေပါ။အုိးပိုင်အိမ်ပိုင်မရှိဘူးလို့် လုပ်တယ်ဆိုတယ်ဆိုတဲ့ Talkie နဲ့တော့ ရောမကြိတ်နဲ့ဗျာ။( သုံးချင် ဖက်ဆစ်ခွေး တွေ ထည့်သုံး) ဖက်ဆစ်လို အောက်တန်းစားကောင်တေွက လွဲလို့ဒါမျိူးလုပ်မယ့်လူ မရှိဘူး။ဆင်းရဲလို့ လုပ်တယ် ပြောရအောင် အာဏာသိမ်းသူတွေနဲ့ ပေါင်းစား ခိုးစားကြ၊ ဘောမကြ ၊ ပြည်သူ့ရဲ့သွေးတွေ စွန်းနေတဲ့ ငွေတွေ သုံးဖြုန်းပြကြွယ်ပြပြီး နေနေတာ သူတို့တွေ မဟုတ်ဘူး။မတရား ခိုးထားတဲ့ […]
မနက်ရောက်မှ ပိုက်ဆံတစ်ရွက်နဲ့အတူအိမ်ပြန်လာတတ်တဲ့အကျင့်ကြောင့် သခင်ဖြစ်သူကိုအမြဲမေးခွန်းထုတ်နေစေခဲ့တဲ့ ကြောင်လေး
လူတွေမှာ အိမ်မွေးတိရိစ္ဆာန်ကိုမွေးစားပြီး ပြုစုထိန်းသိမ်းရတာကိုကြိက်နှစ်သက်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အများစုမှာ တိရိစ္ဆာန်ချစ်သူများဖြစ်ကြပြီး ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များနှင့်အတူတူ ဖြတ်သန်းနေရတာကိုဘဲကျေနပ်နေတတ်ကြပါတယ်။ တကယ်လည်း အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ချစ်စရာကောင်းမှုနဲ့ သစ္စာရှိမှုက ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကအပြုံးကို ဘယ်တော့မှမပျက်ပြယ်စေပါဘူး။ အင်တာနက်အသုံးပြုသူတစ်ဦးက သူမရဲ့အိမ်မွေးတိရိစ္ဆာန် ကြောင်တစ်ကောင် ဟာ ညဘက်အချိန်တွေမှာ အိမ်မှပျောက်ကွယ်သွားလေ့ရှိပြီး တစ်ညလုံး ဘယ်မှာမှသူမရှာမတွေ့ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့အချစ်တော်ကြောင်လေးက မနက်ရောက်မှအိမ်ပြန်ရောက်လာခဲ့ပြီး ပင်ပန်းကာ အိပ်မောကျနေခဲ့ပေမဲ့ သူမကို အံ့အားအသင့်ဆုံးဖြစ်သွားစေခဲ့တဲ့အရာက သူမကြောင်လေးရဲ့လည်ပင်းမှာ တရုတ်ယွမ် ၁၀ တန် ငွေစက္ကူတစ်ရွက်ကပ်ပါလာခြင်းဖြစ်ကြောင်း သူမက ဆိုခဲ့ပါတယ်။ ၎င်းအဖြစ်ကို သခင်ဖြစ်သူက နောက်ပိုင်းမှာ ပိုမိုသတိထားမိလာခဲ့ပြီး သူမကြောင်လေးက နောက်တစ်နေ့မနက်ရောက်တိုင်း အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းနွမ်းနယ်ပုံရပြီး အိပ်ပျော်သွားခဲ့တဲ့အပြင် အိမ်သို့ငွေစက္ကူများယူဆောင်လာခဲ့ခြင်းဟာ ကြောင်လေးက ” ညဆိုင်း ” အလုပ်လုပ်နေတာကြောင့် ညဘက်ရောက်တိုင်းပျောက်ပျောက်သွားတာလားလို့ သူမ မကြာခဏတွေးခဲ့မိကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ […]
သဘာဝအတိုင်းဖြစ်နေတဲ့ အသည်းပုံ Amethyst Geode ကျောက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ မိုင်းတွင်းလုပ်သားများ
စိန်၊ပတ္တမြား၊မြတို့နှင့်နှိုင်းယှဉ်ပါကAmethystGeodeကျောက်ကအဖိုးတန်တဲ့ရှာဖွေတွေ့ရှိမှုမဟုတ်ပေမဲ့ Uruguay နိုင်ငံရှိ Brazil နယ်စပ်အနီးမှာတည်ရှိတဲ့ Artigas မြို့ရှိ Uruguay Minerals သတ္တုတွင်းအသစ်မှာ အလုပ်လုပ်ကိုင်နေတဲ့ သတ္တုတွင်းအလုပ်သမားတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အသည်းနှလုံးပုံသဏ္ဍန် Amethyst Geode ကတော့ တစ်သက်သာမှာတစ်ကြိမ်သာတွေ့ရနိုင်တယ်လို့ သတ်မှတ်လို့ရပါတယ်။ Marcos Lorenzelli အမည်ရှိမိုင်းတွင်းလုပ်သားတစ်ဦး က သတ္တုတွင်းအလုပ်က သူတို့အတွက် ပုံမှန်အလုပ်ဖြစ်ကြောင်းနှင့် ၎င်းဧရိယာမှာထူးခြားဆန်းပြားတဲ့ကျောက်တွေကို ပိုမိုရှာဖွေကြည့်ဖို့ ခွင့်ပြုချက်ရခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။နှစ်နာရီ ၊ သုံးနာရီ အကြာတူးပြီးနောက် သူတို့ဟာ basalt ကျောက်တုံးကိုရွေ့လျားခဲ့ပြီး ကျောက်တူးစက်ဖြင့် ခွဲကြည့်လိုက်တဲ့အခါနှလုံးပုံသဏ္ဌာန် Amethyst geode ကိုတွေ့ရှိခဲ့ရတယ်လို့ Lorenzelli က ဆိုပါတယ်။သူတို့ဟာ Mother Nature ကပေးတဲ့အံ့ဩဖွယ်ရာဖန်တီးမှုတစ်ခုကိုတွေ့ရှိခဲ့တာက သိပ့်ကိုကံကောင်းတယ်လို့ ဆိုရမှာပါ။ Amethyst Geodes ကျောက်တွေက အရွယ်အစားအမျိုးမျိုးနှင့်ပုံစံအမျိုးမျိုးရှိပေမဲ့လည်း အခု […]