မိုးေလ၀သ

နောက်(၂၄) နာရီအတွင်းမုန်တိုင်းသတိပေးချက်…

15/11/2021 at 3:00am အချိန်မှ နောက်၂၄နာရီအတွင်း မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွေမှာမိုးရွာသွန်းနိုင်ပြီး တမူး ဖောင်းပြင် ပင်လည်ဘူး ဗန်းမောက် ဝန်းသို ကောလင်း ထီးချိုင့် တကောင်း ကသာ အင်းတော်ရွှေကူ ဗန်းမော် မိုးမောက် မံစီ မဘိမ်း မိုးမိတ် မိုးကုတ် ပြင်ဦးလွင် နောင်ချို ကျောက်မဲ သီပေါ လားရှိုး နမ္မတူ သိန်းနီ ကွတ်ခိုင် တာမိုးညဲ နမ့်ခမ်း မူဆယ် ပန်းဆိုင်း ကြူကုတ် မုံးကိုးလောက်ကိုင် ကုန်းကြမ်း ဒေသများ ရွာသွန်းမြဲထက် ၂ဆမှ ၃ဆ ပိုမိုရွာသွန်းနိုင်ပါတယ် ခန့်မှန်းချိန် 15/11/2021 at 3:10am Su Su San 𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭 […]

ကြားသိရသမျှ

MRTV သတင်းတင်ဆက်သူ ဆရာဖြစ်သူ ကိုကျော်သက်လင်း အတွက် ဂုဏ်ယူနေရတဲ့ မြနှင်းရည်လွင်

ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့လက်ရှိနိုင်ငံရေးအခြေ အနေတွေကို အားလုံးသိကြမယ်ထင်ပါတယ်‌။ ဖေဖော် ဝါရီလကစခဲ့တဲ့ နိုင်ငံရေး မီးလောင်ကျွမ်းနေတာဆိုရင် ကိုးလကျော်အချိန်ကိုကြာမြှင့်ခဲ့ပါပြီ။ အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေအားလုံးနီးပါး ပါဝင်တဲ့ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပေါ်ပေါက်လာခဲ့တာ ပါ။နိုင်ငံတော်ကခန့်အပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကလဲ CDM အနေနဲ့ပါဝင် သပိတ်မှောက်ခဲ့ကြပါတယ်။ ထိုအထဲတွင် အာဏာစသိမ်းခဲ့တဲ့အချိန်အစောပိုင်းကထဲက CDM ပြုလုပ်ခဲ့တဲ့ MRTV ရုပ်သံရဲ့ သတင်းတင်ဆက်သူ ကိုကျော်သက်လင်း တစ်ယောက်လဲပါဝင်ခဲ့ပါတယ်။ကိုကျော်သက်လင်း ဟာလက်ရှိမှာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ပရိသတ် တွေကိုအသိပေးလာခဲ့ပါတယ်။ ဆရာတပည့်ဖြစ်တဲ့ မြနှင်းရည်လွင် ကတော့ ဆရာဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်နေပါတယ်။သတင်းတင်ဆက်သူ ကိုကျော်သက်လင်း ဟာ လွတ်မြောက်နယ်မြေရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ” တောထဲဝင် ယူနီဖောင်းလေးဝတ် သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင် အဆင်ပြေမလားကျနော်fb accလေးပြန်ရပြီး မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။အများအားဖြင့်တော့ အရင်အတိုင်းပါပဲ…ကျနော် လား…? ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။ ကိုယ်ရောစိတ်ပါ […]

ၾကားသိရသမွ်

အောင်မြင်ပြီးနောက်ပိုင်း ဘော်လီတွေ အတွင်းခံတွေမဝတ်တော့ဘူး လို့ပြောလာတဲ့ မမဆောင်း

အောင်မြင်ပြီးနောက်ပိုင်း ဘော်လီတွေ အတွင်းခံတွေမဝတ်တော့ဘူး လို့ပြောလာတဲ့ မမဆောင်း ပရိသတ်ကြီးရေ မမဆောင်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အဆိုတော် ဆောင်းအိန္ဒြေထွန်းကိုတော့ ပရိသတ်တွေအားလုံး ချစ်ခင်အားပေးကပါတယ် နော်။ သရုပ်ဆောင်ကောင်းပြီး ပွင့်လင်းတဲ့ စကားပြောဟန်ပန်တွေကြောင့် ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ လတ်တလောမှာ ကြော်ငြာတွေဆက်တိုက် ရိုက်ကူးနေတာလည်း တွေ့ရမှာပါနော်။ မမဆောင်းကတော့ ကြော်ငြာတွေ တောက်လျှောက်ရိုက်ကူးနေသလို Tik Tok ဗီဒီယိုလေးတွေနဲ့ မကြာခဏ ရိုက်ကူးဆော့ကစားကာ ပရိသတ်တွေကို သဘောကျ အချစ်ပိုစေပါတယ်နော်။ သူမရဲ့ အင်တာဗျူး ဗီဒီယို လေးကိုလည်း ချစ်ပရိသတ်တွေကို အမြဲ မျှဝေလေ့ရှိသလို အခုတစ်ခါမှာလဲ မမဆောင်းတစ်ယောက် ေအောင်မြင်ပြီးနောက်ပိုင်း ဘော်လီတွေ အတွင်းခံတွေ မဝတ်တော့ဘူးဆိုတာ စလိုက်တာပါ။ မမဆောင်း မမဆောင်းဟော့ပေ့ါ ၃၀၀၀ တန်တွေကို ၈၀၀၀ နဲ့ရောင်းမယ်လို့ မှားပြောမိတယ်။ […]

ၾကားသိရသမွ်

နိုဝင်ဘာလ(၁၉)ရက်တွင် နှစ်(၁၀၀)အတွင်း အရှည်ကြာဆုံးလကြတ်ချိန်ကို မြင်တွေ့ရမည်

လာမယ့် နိုဝင်ဘာလ(၁၉)ရက် သောကြာနေ့တွင် ရာစုနှစ်တစ်လျှောက် အရှည်ကြာဆုံးလကြတ်ချိန်ကို ကျွန်တော်တို့တစ်တွေ တွေ့ကြုံရလိမ့်မယ်လို့ သိရပါတယ်။ အဆိုပါလကြတ်ချိန်ဟာ အချိန်အားဖြင့် ညနေပိုင်း (၆ း ၅၈)နာရီကနေ (၈ း ၀၃)နာရီအထိ ကြာမြင့်မှာဖြစ်ကြောင်း National Planetarium က တွစ်တာမှာ ရေးသားထားပါတယ်။ လွန်ခဲ့တဲ့မေလက ကျွန်တော်တို့တစ်တွေဟာ သွေးရောင်လွှမ်းလပြည့်ညဆိုတဲ့ သမိုင်းမှာကြုံတောင့်ကြုံခဲအဖြစ်ကို တွေ့ကြုံခဲ့ကြဖူးပါလိမ့်မယ်။ ယခုတွေ့ကြုံရမယ့် လကြတ်ခြင်းကို Penumbra Lunar Eclipse လို့ အမည်ပေးဖော်ပြထားပါတယ်။ NASA ဖော်ပြချက်မှာတော့ လကြတ်မယ့်ကြာမြင့်ချိန်ဟာ (၃)နာရီ၊ (၂၈)မိနစ်၊ (၂၃)စက္ကန့် အထိဖြစ်ပြီး ဒါဟာသက္ကရာဇ် (၂၀၀၁)ခုနှစ်နဲ့ (၂၁၀၀)ကြားမှာ အရှည်ကြာဆုံး လကြတ်ချိန်တစ်ခုအဖြစ် မှတ်တမ်းဝင်မှာလို့ သိရပါတယ်။ သိရသလောက်တော့ လက်ရှိအရှည်ကြာဆုံး လကြတ်ချိန်အဖြစ် (၂၀၁၈)ခုနှစ်က ဖြစ်ခဲ့ကြောင်းသိရပြီး ထိုစဉ်က […]

ဗဟုသုတ

၅နှစ်သားလေးနဲ့မြန်မာတစ်ပြည်လုံးဟိုလေးကျော်ခဲ့သူပိဋကတ်မောင်ထွန်းကြိုင်အကြောင်း

Unicodeတခါကနာမည်ကြီးခဲ့တဲ့ပိဋကတ်မောင်ထွန်းကြိုင်အကြောင်း လွန်ခဲ့သောနှစ်ပေါင်း၉ဝ-ကျော်ခန့်ကမြန်မာဗုဒ္ဓဘာသာလောက၌ထူးခြားသောသူငယ်ကလေးတဦးပေါ်ပေါက်ခဲ့ဖူးသည်။သူသည်ဓမ္မကထိကမောင်ထွန်းကြိုင်ခေါ်ပိဋကတ်မောင်ထွန်းကြိုင်ဖြစ်သည်အသက်၅-နှစ်ခန့်အရွယ်မျှနှင့်ပင်လူထုပရိသတ်ရှေ့မောက်၌တရားဟောပြောနိုင်သည်။သူဟောသောတရားမှာလည်းအလွန်နက်နဲသိမ်မွေ့သောဗုဒ္ဓတရားတော်ဖြစ်သည်။ x“လေးသင်္ချေနှင့်ကမ္ဘာတသိန်း၊ရှစ်သင်္ချေနှင့်ကမ္ဘာတသိန်း၊တဆယ့်ခြောက်သင်္ချေနှင့်ကမ္ဘာတသိန်းတိုင်တိုင်ပါရမီဖြည့်မှရ၍၊သဗ္ဗညုတရွှေဉာဏ်တော်ဖြင့်ဟောကြားတော်မူအပ်သောတရားတော်ကိုရိုရိုသေသေနာကြပါခင်ဗျား။ကျွန်တော်မောင်ထွန်းကြိုင်ကလေးကိုမရိုသေကြပါနှင့်ခင်ဗျား’ဟူ၍အစချီကာဟောပြောသည်။ ဟောပြောရာ၌ဒုစရိုက်၁ဝ-ပါး၊ပုညကြိယာ၁ဝ-ပါး၊ပါရမီ၁၀-ပါး၊ဒွတ္တိံသ၃၂-ပါး၊ခန္ဓာ၅-ပါး၊ဗောဓိပက္ခိယတရား၃၇-ပါး၊သမ္မပ္ပဓာန်၄-ပါး၊ဣဒ္ဓိပါဒ်၄-ပါး၊ဣနြေ္ဒ၅-ပါး၊ဗိုလ်၅-ပါးဗောဇ္ဈင်၇-ပါး၊မဂ္ဂင်၈-ပါး၊လက္ခဏရေး၃-ပါး၊အပါယ်၄-ပါး၊စေတီ၄-ပါး၊ဂုဏ်တော်၉-ပါးစသည်တို့ကိုပါဠိဘာသာနှင့်တကွမြန်မာလိုအနက်ပြန်၍ရှင်းလင်းဟောပြောသည်။ခက်ခဲနက်နဲသောအဘိဓမ္မာတရားကိုလည်းရှင်းလင်းဟောပြောသည်။ထို့ပြင်ဗဋိစ္စသမုပ္ပါဒ်တရားတော်ကိုလည်းရှင်းလင်းဟောပြသည်။x“အဝိဇ္ဇာချုပ်လျှင်သင်္ခါရချုပ်ပါသည်။သင်္ခါရချုပ်လျှင်ဝိညာဉ်ချုပ်သည်။ ဝိညာဉ်ချုပ်လျှင်နာမ်ရုပ်ချုပ်သည်။နာမ်ရုပ်ချုပ်လျှင်သဠာယတနချုပ်သည်။သဠာယတနချုပ်လျှင်ဖဿချုပ်သည်။ဖဿချုပ်လျှင်ဝေဒနာချုပ်သည်။ဝေဒနာချုပ်လျှင်တဏှာချုပ်သည်။တဏှာချုပ်လျှင်ဥပါဒါန်ချုပ်သည်။ဥပါဒါန်ချုပ်လျှင်ဘဝချုပ်သည်။ ဘဝချုပ်လျှင်ဇာတိချုပ်သည်။ဇာတိချုပ်လျှင်မရဏ၊သောက၊ပရိဒေဝ၊ဒုက္ခံ၊ဒေါမနဿ၊ဥပါယာသချုပ်ပါသည်ခင်ဗျား’စသည်ဖြင့်ကျကျနနတင်ပြဟောပြောသည်။ထို့ပြင်သက္ကာယဒိဋ္ဌိခွာသင့်ကြောင်းကိုလည်း….x”ငါ့ကိုယ်၊ငါ့ရုပ်၊ငါ့နာမ်၊ငါ့ရွှေ၊ငါ့ငွေ၊ငါ့လယ်၊ငါ့ယာ၊ငါ့ကိုင်း၊ငါ့ကျွဲ၊ငါ့မြင်း၊ငါ့ပစ္စည်း၊ငါ့သား၊ငါ့သမီး၊ငါ့မယား၊ငါ့အဆွေ၊ငါ့အမျိုး၊ငါသာတတ်သည်၊ငါသာမြတ်သည်၊ငါသာလိမ္မာသည်၊ငါ့သာပညာရှိသည်ဆိုတာသက္ကာယဒိဋ္ဌိကြီးပါခင်ဗျာ။အပါယ်ကြောက်လျှင်ဒိဋ္ဌိကိုခွာကြပါခင်ဗျာ…’စသည်ဖြင့်လည်းဟောကြားသည်။ ကြားနာရသူတိုင်းအံ့ချီးမဆုံးရှိကြသည်။သူသည်မြို့ရွာအများသို့လွှည့်လည်တရားဟောခဲ့သသည်။သူဟိုမြို့ကဖိတ်သည်မြို့ကဖိတ်နှင့်ရှိခဲ့သည်။အံ့ချီးဖွယ်ကောင်းသဖြင့်လူပရိသတ်သာမကရဟန်းပရိသတ်များကပါသူ့တရားပွဲသို့လာရောက်ကြသည်။ပရိသတ်၅ဝဝဝ-ကျော်၆ဝဝဝအထိစည်ကားခဲ့သည်။ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ရှိဇရပ်များတွင်တနေ့တနေရာစီရွှေ့ပြောင်းဟောပြောခဲ့ရာ၁၁-ရက်တိတိကြာခဲ့သည်။ပန်းတနော်မြို့နှင့်ညောင်တုန်းမြို့များ၌တရားဟောစဉ်မောင်ထွန်းကြိုင်ကမိမိသည်ယခင်ဘဝဟောင်းကပန်းတနော်မြို့မှယွန်းကျောင်းဆရာတော်ဘုရားကြီးဦးပဏ္ဍိစ္စဖြစ်ခဲ့ဖူးကြောင်းပြောဆိုသည်။သို့ပြောဆိုရာမှဦးပဏ္ဍိစ္စပုံပန်းသဏ္ဌာန်နှင့်လူအမည်တို့ကိုလည်းပြောပြသည်။ ဆရာတော်ဦးပဏ္ဍိစ္စစီးခဲ့သောလှေအမည်ကိုလည်းပြောပြသည်။အားလုံးမှန်ကန်နေပေသည်။ယွန်းကျောင်းဆရာတော်ဦးပဏ္ဍိစ္စမှာ၁၂ဝ၇-ခုနှစ်တွင်ဖွား၍၁၂၇၇-ခုတွင်ပျံလွန်တော်မူခဲ့သည်။ဝိနည်းပိဋကတ်တော်တို့ကိုကျွမ်းကျင်စွာတတ်မြောက်သည်။မင်းတုန်းမင်းနှင့်သီပေါမင်းတို့အထူးရိုသေပူဇော်ခြင်းကိုခံရသောရဟန်းမြတ်ဖြစ်သည်။မန္တလေးတွင်သီတင်းသုံးတော်မူရာမှ၁၂၄၇-ခုတွင်သီပေါမင်းပါတော်မူသောအခါပန်းတနော်မြို့ယွန်းတိုက်ကြီးတွင်ပြောင်းရွှေ့သီတင်းသုံးတော်မူခဲ့သည်။ ထို့ပြင်မောင်ထွန်းကြိုင်ကထိုစဉ်ကသက်ရှိထင်ရှားရှိနေသောယွန်းကျောင်းတိုက်အုပ်ဆရာတော်ဦးဇာဂရကိုလည်း“မောင်ဇာဂရ’ဟုခေါ်ကာရင်းနှီးစွာပြောဆိုဆက်ဆံခဲ့လေသည်။မောင်ထွန်းကြိုင်သည်ပန်းတနော်မြို့အပိုင်မင်းဆယ်ရွာဇာတိဖြစ်သည်။၁၂၈၁-ခု၊ပြာသိုလဆုတ်၂-ရက်၊အင်္ဂါနေ့တွင်ဖွားမြင်သည်။အဘမှာကိုဘမောင်၊အမိမှာမမယ်ရီဖြစ်သည်။ကိုဘမောင်နှင့်မမယ်ရီတို့သည်အလွန်ဆင်းရဲကြသည်။ မောင်ထွန်းကြိုင်သည်၄-နှစ်သားအရွယ်တွင်မော်လမြိုင်ကျွန်းအပိုင်၊ကျုံလတာရွာသို့ခေတ္တပြောင်းရွှေ့ပြီးစီးပွားရှာကြသည်။ကိုဘမောင်ကပျိုးနုတ်ကောက်စိုက်အလုပ်ကိုလုပ်သည်။မမယ်ရီကသင်ဖြူးဖျာယက်သည်။ထိုနောက်မင်းဆယ်ရွာသို့တဖန်ပြန်လာကြသည်။လှေဖြင့်မိသားစုပြန်လာစဉ်ဘိုကလေးသို့ရောက်သောအခါခေတ္တဝင်နားကြသည်။ကိုဘမောင်တို့ကမိတ်ဆွေတဦးကိုသွားရောက်နှုတ်ဆက်သည်။ ထိုနောက်ပြန်လည်ထွက်ခွာမည်ပြုစဉ်မောင်ထွန်းကြိုင်ကသူတော်ကောင်းအိမ်တအိမ်သို့ပို့ပေးပါ။တရားဟောလိုပါသည်ဆိုသည်။သို့ဖြင့်ဦးရွှေစိုးဆိုသူ၏အိမ်သို့အဘကပို့ပေးရာမောင်ထွန်းကြိုင်ကတရားဟောသည်။ထိုမှစ၍မောင်ထွန်းကြိုင်သည်တရားများဟောခဲ့သည်။ထိုစဉ်ကအသက်၄-နှစ်နှင့်ဂ-လအရွယ်သာရှိပေသည်။မောင်ထွန်းကြိုင်ကိုဆရာတော်များနှင့်ရဟန်းလူထွက်များကပါဠိစာပေများကိုမေးမြန်းကြရာရဲဝံ့မှန်ကန်စွာပင်ဖြေဆိုပြနိုင်ခဲ့သည်။မေးမြန်းသောဆရာတော်များတွင်ဆရာတော်ဦးသုဘောဂလည်းပါဝင်သည်။ ဆရာတော်ဦးသုဘောဂမှာတောင်တွင်းကြီးမြို့မြောက်ဘက်၁၂မိုင်ကွာအရပ်ရှိရဟန္တာကုန်း၌သီတင်းသုံးတော်မူသောအရှင်သူမြတ်ဖြစ်သည်။သက်တော်၆ဂ-နှစ်၊ဝါတော်၄ဂ-ဝါရှိသောတောရဆရာတော်ဖြစ်သည်။ဆရာတော်ဘုရားသည်မောင်ထွန်းကြိုင်တရားဟောရာဓနုဖြူမြို့သို့ကြွလာပြီးပါဠိကျမ်းဂန်လာစာအချို့ကိုမေးမြန်းတော်မူသည်။ မောင်ထွန်းကြိုင်ကမကြောက်မရွံ့ပဲရဲဝံ့မှန်ကန်စွာဖြေဆိုပြခဲ့လေသည်။ထိုခေတ်ကပိဋကတ်မောင်ထွန်းကြိုင်၏အမည်သည်မြန်မာတနိုင်ငံလုံးပျံ့နှံ့ထင်ရှားခဲ့သည်။သူ့အကြောင်းကိုသတင်းစာများကလည်းရေးသားဖော်ပြကြသည်။စာအုပ်များရေးသား၍လည်းထုတ်ဝေရောင်းချကြသည်။ထို့ပြင်သူ့အကြောင်းကိုကဗျာများဖွဲ့ဆိုကြသည်။သီချင်းများရေးစပ်၍လည်းသီဆိုကြသည်။ ယင်းတို့အနက်၁၂-လမ်းဆရာဖောင်ရေးသား၍နာမည်ကျော်အဆိုတော်မစိန်မှုန်သီဆိုသောသီချင်းမှာအောက်ပါအတိုင်းဖြစ်သည်။x“မြတ်ဗုဒ္ဓာသာသနာအတွင်းပေမို့၊လောကုတ္တရာဘာသာအရင်းကိုဖြင့်၊(သြော်)စာဓမ္မခံလင်းခဲ့တာကမောင်ထွန်းကြို…….အမည်ထူးပေသည်။ဆန်းပေသည်။(မှန်ပါပေအတည်)။အဘိဓမ္မာဓမ္မေသဘောကိုလ၊သုတ်ပိနေယာစာဖြေလို့ဟောခဲ့တာကြောင့်၊ပြောဖွယ်အရပ်ရပ်မှာဖြင့်ကမ္ဘာတည်၊မြန်မာပြည်မှာဖြင့်ဓမ္မကထိကပုဂ္ဂိုလ်ကျော်တဦး(၂)။ထူးပေသည်။ဆန်းပေသည်။(မှန်ပါပေအတည်)။တောင်ကျွန်းဇမ္ဗူဒီ၊လက်ယာမြေမဟီ၊ဓမ္မာရွှေစီရွန်းလို့လာသည်။ ပန်းတနော်မင်းဆယ်နဂရ၊ခပင်းနယ်အဝဝ၊စံရမမီ(၂)။တွေးရစ်ဖို့စကားအတည်၊လေးနှစ်သားဇာမနည်။(၂)၊ကိုဘမောင်အမည်၊မမမယ်ရီ၊ပတ္တမြားရွှေကြုတ်မှာ၊အားထုတ်ခါပအတည်။(ရှေးဘဝကုသလအညီ၊၂)ဓမ္မကထိကမောင်ထွန်းကြိုင်အမည်။၂)ပိဋကတ်သုံးပုံ၊နှုတ်ငုံဆောင်နိုင်ကြည်၊ဟုတ်ပေသည်။ဘုရားဆုပန်မင်းယောက်ျားမို့ထက်မြက်ပေသည်။အဘိဓမ္မာသဒ္ဒာသွင်းလို့၊ရင်းဝဓနတည်ကြည်၊(၂)။(ထူးမြတ်ပေသည်)၂။စာဂီအာသီပါရမီ၊မြန်မာပြည်အဝှန်းမှာ၊ထွန်းတောက်ခဲ့သည်။ (ရှေးဘဝကုသလအညီ(၂)၊ကထိက၊မောင်ထွန်းကြိုင်အမည်(၂)ပိဋကတ်သုံးပုံနှုတ်ငုံခေဆာင်နိုင်ကြည်၊ဟုတ်ပေသည်။ဘဒ္ဒဤကမ္ဘာမှတ်စရာတွေးကြည်၊သဗ္ဗဗုဒ္ဓာဆုပတ္ထနာတောင်းသည်။သတ္တဝါအပေါင်းကိုအောင်ကြောင်းမျှော်ရည်၊ရှိသမျှတောင်းကျွန်းမဟီ၊(၂)၊(ရှေးဘဝကုသလအညီ)(ဓမ္မကထိကမောင်ထွန်းကြိုင်အမည်၂)၊ပိဋကတ်သုံးပုံနှုတ်ငုံခေဆာင်နိုင်ကြည်။ ဟုတ်ပေသည်။(ပတ်စာပိုး)ပိဋကတ်ရွှေစာပြေရွာအတွင်းမှာလအသေအချာလင်းခဲ့တာက၊ဓမ္မကထိကအခြေညီ၊သတင်းကြားနှင့်မယုံကြည်၊အချို့လူကပြောကြပေသပ၊နဂိုမူလသဘောမှာတော့ကုသလပါရမီ၊ရှုကြစို့စာသာကီရုပ်ပုံဖိုတိုဘလောက်ကိုလ၊အဟုတ်ပကြည်ညိုဖို့ရောက်ခဲ့တာကမပြတ်မလပ်သပတကယ်ကြည်၊မောင်ထွန်းကြိုင်၏ပါရမီ၊မြန်မာပြည်ဟံသာဝတီအတွင်းမှာလ၊ဖက်ပြိုင်လို့မသီ၊စံတုမမီ၊ရှေးဘဝကကုသလပုညအတည်။(၁၂)လမ်းဆရာဖောင်၊စားသွားနဝင်အေးကြည်။(မစိန်မှုံ)ဆိုရပြန်တော့သည်။ ”ထိုခေတ်က“ပိဋကတ်မောင်ထွန်းကြိုင်’အကြောင်းရေးသားထုတ်စာအုပ်များတွင်“ဝိသေသထူးသော၊ပုဂ္ဂိုလ်ထူး၊ဓမ္မကထိက။သုံးဘဝကူးမောင်ထွန်းကြိုင်၏အတ္ထုပ္ပတ္တိ”အမည်ရှိစာအုပ်မှာစုံလင်သည်။ယင်းကိုရန်ကုန်မြို့၊၁ဂ၅ဒါလဟိုဇီလမ်း၊မောင်မြကြည်တံဆိပ်ထုစာပုံနှိပ်တိုက်ကထုတ်ဝေသည်။ထိုစာအုပ်တွင်မောင်ထွန်းကြိုင်၏အတ္ထုပ္ပတ္တိအကျဉ်းကိုလည်းဖော်ပြသည်။ပန်းတနော်မြို့ယွန်းကျောင်းဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိအကျဉ်းကိုလည်းဖော်ပြသည်။မောင်ထွန်းကြိုင်ဟောပြောသောတရားအချို့ကိုလည်းပူးတွဲပြသည်။ မောင်ထွန်းကြိုင်အကြောင်းဖွဲ့ဆိုသောကဗျာနှင့်သီချင်အချို့ကိုလည်းဖော်ပြသည်။ထို့ပြင်မောင်ထွန်းကြိုင်၏ဓာတ်ပုံ၊မောင့်ထွန်းကြိုင်ဖခင်ကိုဘမောင်၏ဓာတ်ပုံ၊ယွန်းကျောင်းဆရာတော်ဘုရားကြီးဦးပဏ္ဍစ္စ၏ပုံတော်၊ထိုစဉ်ကလက်ရှိကျောင်းတိုက်ဆရာတော်ဦးဇာဂရ၏ပုံတော်စသည်တို့ကိုပါဖော်ပြထားသည်။ထိုစာအုပ်၌မောင်ထွန်းကြိုင်၏အတ္ထုပ္ပတ္တိအကျဉ်းကိုဖော်ပြထားသည်မှာအောက်ပါအတိုင်းဖြစ်သည်။ x”ပန်းတနော်အပိုင်၊မင်းဆယ့်ရွာ၌၊မကွာတကွနေထိုင်ကြသော၊အဘမောင်ဘမောင်၊အမိမမယ်ရီတို့တွင်၁၂၈၁ခုနှစ်ပြာသိုလဆုတ်၂ရက်၊အင်္ဂါနေ့ည၉နာရီအချိန်၌၊ဘုန်းကံပါရမီနှင့်ယောက်ျားအာဇာနည်ဟုဆိုအပ်သောသတို့သားမောင်ထွန်းကြိုင်ကိုဖွားမြောက်သန့်စင်အောင်မြင်ခဲ့သည်။မောင်ထွန်းကြိုင်မှာအသက်၄နှစ်နှင့်၆လ၊သေးငယ်နူနယ်သောအရွယ်ကပင်၊မြတ်စွာဘုရားဟောကြားတော်မူအပ်သောငါးဖြာဓမ္မခန်၊ရပ်နာမ်နှစ်ရပ်၊စွဲကပ်ဒိဋ္ဌိ,ကင်းဘိသက္ကာ။ သစ္စာမလပ်၊ပဋိစ္စသမုပ္ပါဒ်၊ရုပ်ဓာတ်စီစဉ်၊ဌီဘင်သဘောတို့ဖြင့်ကောင်းစွာကောင်းစွာဟောပြောနိုင်သည့်ပြင်၊မကြောက်မရွံ့၊စွန့်စွန့်စားစား၊ယောက်ျားကောင်းပီပီ၊တည်ကြည်သောသတ္တိထူး၊သတ္တိမြတ်၊ဂုဏ်သကတ်နှင့်လည်းပြည့်စုံပေ၏။ မောင်ထွန်းကြိုင်မှာ၊ရှေးပုညပါရမီစာဂီဘုန်းကံ။ရင့်သန်ခဲ့ပေရာ၊လူသာမန်တို့ကြံစည်ခြင်းငှာမရရာသောအဘိဓမ္မာဒေသနာတော်ကိုလည်း၊မိမိကိုယ်တိုင်၊ပိုင်ပိုင်နှိုင်နိုင်၊ကြံ့ခိုင်သောသဘောထားဖြင့်ဆန်းပြားစွာဟောကြားပေသည့်အတွက်၊လေးနက်လှစွာသောပရမတ်တရားကိုမှတ်သားနာယူဖို့ရာ၊ကြွရောက်လာကြကုန်သောလူပရိသတ်ရဟန်းပရိသတ်ပုဂ္ဂိုလ်တို့ကအထပ်ထပ်ကောင်းချီးဩဘာပေးခြင်းကိုခံရပေသတည်း။ ဓမ္မကထိကမောင်ထွန်းကြိုင်မှာမိမိတရားဓမ္မဟောပြနေရာတွင်ကြွရောက်သောပရိသတ်အပေါင်းတို့က၊ဆုတောင်းမေတ္တာပို့သလျက်၊ဉာဏ်ပူဇော်ကြသည့်ကြေးငွေအသပြာတို့ကိုမိမိကိုယ်တိုင်၊တရားဟော၍ရေစက်ချပြီးနောက်၊တဖန်ပြန်၍ငွေကြေးအသပြာတို့ကိုစွန့်ကြဲပြန်လေသည်။ဤသူငယ်လေးနှစ်သက်သောအဝတ်မှာသင်္ကန်းရောင်နှင့်မခြားမနား။ ဝါလဲ့လဲ့ရှိသောအင်္ကျီရှည်ကလေးကိုအမြဲဝတ်လေ့ရှိသည့်အပြင်၊စိပ်ပုတီးကိုမပြမလပ်စိပ်၍နေလေ့ရှိ၏။စိပ်ပုတီးကိုမိမိ၏လည်တွင်အမြဲလိုပင်ဆွဲဆင်၍ထားလေ့ရှိပေသည်။တရားဟောပြောမည့်နေရာသို့ရောက်လျင်၊မိမိဘခင်ဦးခေါင်း၌ပေါင်းဆင်ထားသောပဝါကိုအချွတ်ခိုင်းလျက်၊မိမိအပါးတွင်အမြဲနေစေသည်။ ယွန်းကျောင်းတိုက်အုပ်ဘုန်းတော်ကြီးဦးဇာဂရကအမိန့်ရှိသည်မှာမောင်ထွန်းကြိုင်မှာအလွန်တရာမှသေးငယ်နူနယ်သောအရွယ်ဖြစ်ရကားတရားဟောရာတွင်လွန်စွာရှည်လျားသဖြင့်၊အသက်၏အန္တရာယ်ဖြစ်မည်စိုး၍တောင်းပန်သည်မှာတနေ့လျှင်အချိန်အားဖြင့်နှစ်ကြိမ်ကျ၊တကြိမ်လျှင်နံနက်အချိန်တွင်တနာရီခန့်မျှ၊နေ့လယ်အချိန်၌တနာရီခန့်မျှဟောပါဟုပြောကြားပါသော်လည်း၊မောင်ထွန်းကြိုင်ကပြန်ပြောသည်မှာလေးသင်္ချေနှင့်ကမ္ဘာတသိန်း၊ရှစ်သင်္ချေနှင့်ကမ္ဘာတသိန်း၊တဆယ့်ခြောက်သင်္ချေနှင့်ကမ္ဘာတသိန်း၊ဖြည့်ဆည်းပူးမှရသောတရားကိုဟောပြောရပေလိမ့်မည်။ နိဗ္ဗာန်ရွှေပြည်မြတ်သို့မရောက်သေးသမျှကာလပတ်လုံး၊သံသရာဝဋ်အတွင်းနစ်မျော၍လောက၌ပဋိသန္ဓေနေခြင်းဆင်းရဲ၊အိုခြင်းဆင်းရဲ၊နာခြင်းဆင်းရဲ၊သေခြင်းဆင်းရဲတို့သည်ကားအလွန်တရာကြောက်မက်ဖွယ်ကောင်းသည်။ ဒုက္ခအမျိုးမျိုးနှင့်တွေ့ကြုံသောဘဝတမျိုးဖြစ်၍ဟောရမည်ဖြစ်ကြောင်းပြန်ပြောလေသည်။မိမိမှာ”ဝတ်ကြောင်ပုဆိုး၊ကောင်းကျိုးမပေး”ဆိုသောစကားကဲ့သို့သူတော်သူမြတ်တို့အရောင်အဝါဖြင့်မှောင်တဏှာကင်းရှင်းရန်တောထွက်ခြင်းတည်းဟူသောရည်သန်ကိစ္စကိုကားခဏခဏပြောဆိုလေ့ရှိကြောင်း။ မောင်ထွန်းကြိုင်မှာပါဠိဘာသာမှစ၍စီကုံးဖွဲ့နွဲ့ထားသောစာမျိုးတို့ကိုပင်မိမိအလိုအလျောက်ဖတ်ပြနိုင်သည့်စွမ်းရည်ရှိသည့်ပြင်၊အက္ခရာမှားသောစာများကိုပင်ပြင်ဆင်နိုင်သောသတ္တိထူးလည်းရှိပေသည်။မိမိနာမည်ရေးလျက်၊၎င်းအောက်တွင်’သမ္မာသဗ္ဗုဒ္ဓမတုလ’ဟူ၍အမြဲရေးသားလျက်ပါသည်။ အသင်္ခတဓာတ်၊မြတ်သောနိဗ္ဗာန်ကိုမရမီကာလပတ်လုံး၊ဘုံသုံးပါး၌ကျင်လည်မျောပါရကြကုန်သောသတ္တဝါအပေါင်းတို့အား၊တရားဓမ္မဟောပြနိူင်သောဘဝမျိုးတွင်သာအခါမလင့်၊အသင့်ဖြစ်ရပါလို၏ဟုတိုတိုပင်ဆုတောင်းလေ့ရှိသည်ပြင်၊အဆုံးစွန်သောဘဝတွင်သဗ္ဗညုတရွှေဉာဏ်ရှင်ဖြစ်ရပါလို၏ဟုဆုတောင်း၏။ သူတော်ကောင်း၊သူမြတ်လောင်းတို့၏ဘုန်းကံပါရမီရှိသည့်အလျာက်၊မိန်းမများကိုလွန်စွာရှောင်ရှားသည်။သူ၏မိခင်မှတပါးအခြားသောမိန်းမများကိုမိမိအပါးသို့လာမည်ကိုကားများစွာစိုးရိမ်လေသည်။လမ်းသွားသောအခါမိန်းမများကိုဖယ်ကြပါဟုပြောလေ့ပြောထရှိ၏။မောင်ထွန်းကြိုင်မှာဘိုကလေးမြို့၊မော်လမြိုင်ကျွန်းမြို့များတွင်တရားဟောနေခိုက်၊ဆန်းကြယ်သောစကားတခွန်းကိုပြောဟောထားလေသည်။ ထိုစကားမှာအခြားမဟုတ်။ပန်းတနော်မြို့ကျမှသူ၏အဖြစ်အပျက်ကိုပြောပြမည်ဟုအနည်းငယ်ပါရှိလေသည်။ထိုနောက်များမကြာမီပန်းတနော်မြို့သို့ရောက်လာသောအခါမိမိသည်ဆွမ်းကြွေးသောအိမ်တအိမ်မှာနေစဉ်၊၎င်းဆွမ်းကျွေးသောအိမ်၌ပန်းတနော်မြို့အရပ်ရှိယွန်းကျောင်းတိုက်၌စာပို့ချလျက်နေသော၊တိုက်အုပ်ဦးဇာဂရနှင့်အခြားဘုန်းတော်ကြီးများကိုမြင်သောအခါဦးဇဂရကိုသိသည်ဟု၊သူ့အနီးတွင်ရှိသောလူများကိုမောင်ထွန်းကြိုင်ကပြော၍“မောင်ဇာဂရ’’ဟုခေါ်ပြီးလျှင်အားရရွှင်လန်းစွာဦးဇာဂရကိုယ်တော်၏ပေါင်ပေါ်သို့တက်ထိုင်ပြီးအနည်းငယ်စကားများကိုပြော၍မိမိသည်၎င်းဦးဇာဂရကိုယ်တော်သီတင်းသုံးသောယွန်းကျောင်းသို့တပါတည်းလိုက်ပါလျက်၊မိမိမွာရှေးဘဝကထိုကျောင်းတွင်ဆရာတော်ကြီးဖြစ်၍နေထိုင်ခဲ့ဖူးသည်။မိမိနေထိုင်ခဲ့ဖူးသောအခန်းကိုအထူးတလည်ရှေးဦးစွာပြလေသည်။ မိမိအမည်တော်မှာဆရာတော်ဖြစ်စဉ်ကဦးပဏ္ဍိစ္စဟုအမည်ရှိသည်ဟုပြောပြလေသည်။မိမိတရားဟောသွားသောမြို့ရွာဒေသများတွင်ဦးဇာဂရကိုယ်တော်ကိုအထူးတလည်မိမိနှင့်တပါတည်းပါစေလိုသောဆန္ဒလည်းရှိပေသည်။သို့မှသာလျှင်ရွှင်လန်းစွာနှင့်တရားဟောပြောပေကြောင်း၊ထို့ပြင်ယွန်းကျောင်းဆရာတော်ကြီးဖြစ်စဉ်တောနယ်ကတပည့်လက်သားများပင့်၍သွားလိုသောအခါမိမိစီးသားသောလှေနာမည်ကိုမောင်ထွန်းကြိုင်က”ဘေဘကြီး”ဟုရုတ်တရက်ထုတ်တ်ဖော်ပြောပြလေ၏။ ယွန်းကျောင်းအနီးအနားတွင်ရှိသည့်ကိုပီကျက်ဥယျာဉ်တွင်းရှိသောညောင်ပင်တပင်တွင်မိမိသည်ပျံလွန်တော်မှုပြီးလျှင်ပြီးချင်းရုက္ခစိုးနတ်၃-နှစ်ကျော်ဖြစ်ပြီးမှယခုလက်ရှိမိခင်ဝမ်းမှာပဋိသန္ဓေနေရ၍ဖွားမြင်လာကြောင်း။ ထိုနောက်တဖန်ပြောပြပြန်သည်မှာမိမိအားယွန်းကျောင်းတိုက်ကိုပြန်အပ်ရန်ပြောသောအခါဦးဇာဂရကိုယ်တော်ကမောင်ထွန်းကြိုင်သင်္ကန်ဆီး၍ကိုရင်ကလေးဖြစ်လျှင်ကျောင်းတိုက်ကိုအပ်ပါမည်ဟုပြောထားရပေ၏။မောင်ထွန်းကြိုင်မှာဆရာတော်ဖြစ်စဉ်တွင်ဘုရားဆုကိုအမြဲတောင်းလေ့ရှိ၏။ဘုရားဆုကိုမတောင်းသူများကားလူဖျင်းလူအဟူ၍မိန့်ကြားဖူးချေသည်။ ညောင်တုန်းမြို့၌၁၂၈၆-ခု၊တန်ဆောင်မုန်းလကွယ်နေ့ကတရားမဟောမီရဟန်းပရိသတ်လူပရိသတ်၅ဝဝဝ-ကျော်၊၆၀ဝဝခန့်ရှေ့တွင်မိမိသည်ရှေးဘဝကယွန်းကျောင်းဆရာတော်ဖြစ်ခဲ့ဖူး၍အမည်တော်မှာဦးပဏ္ဍိစ္စဖြစ်ကြောင်း၊ဦးပဏ္ဍိစ္စပုံသဏ္ဌာန်ကိုလည်းအထူးတူအောင်ပြောပြသွားကြောင်း။ ထို့ကြောင့်မြန်မာပြည်အတွင်းမှီတင်းနေထိုင်ကြကုန်သောသူတော်ကောင်းအပေါင်းတို့သည်မိမိတို့နိုင်ငံတော်တွင်အံ့ဖွယ်သရဲထူးကဲသောဘုန်းပါရမီဝသီဓာတ်ခံတို့နှင့်အမှန်ပြည့်စုံသောသူတော်ကောင်းဖြစ်သည့်အံ့တိုင်းမောင်ထွန်းကြီးမှာလောကီအကျိုးကိုစက်ဆုပ်ရွံရှာသောအလိုအာသာလည်းရှိရကားမေတ္တာကရုဏာရှေ့ထားလျက်မောင်ထွန်းကြိုင်အားရှည်လျားမြင့်ကြာခန္ဓာညွန့်လျက်၊ကုသိုလ်ဆက်ဖို့အသက်ရှည်ရာရှည်ကြောင်းဆုတောင်းဆုယူပြုတော်မူကြပါစေကုန်သတည်း။ ဤကားထိုစဉ်ကမောင်ထွန်းကြိုင်အကြောင်းရေးသားဖော်ပြသောအတ္ထုပ္ပတ္တိအကျဉ်းချုပ်များထဲမှတခုပင်ဖြစ်သည်။မောင့်ထွန်းကြိုင်သည်သုံးနှစ်ခန့်ကျော်ကြားထင်ရှားပြီနောက်တစတစရိုးသွားကာနာမည်တဖြည်းဖြည်းမှေးမှန်သွားသည်။နောက်ပိုင်းတွင်သူ့အမညကိုမကြားရတော့ပေ။ထိုအတွင်းသူသည်အိန္ဒိယပြည်သို့သွားရောက်ကာဘုရားဖူးသည်။ မြန်မာပြည်သို့တော်တော်နှင့်ပြန်မလာ။အိန္ဒိယတွင်စာပေပညာနှင့်နက္ခတ်ဗေဒပညာတို့ကိုသင်ယူသည်။ထိုနောက်မြန်မာပြည်သို့ပြန်လာကာမိဘများနှင့်အတူမင်းဆယ်ရွာတွင်နေထိုင်သည်။ထိုနောက်ရန်ကုန်မြို့သို့ပြောင်းရွှေ့လာပြီးဗေဒင်ပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသည်မှာယနေ့အထိဖြစ်သည်။ဦးထွန်းကြိုင်သည်ယနေ့ဗေဒင်ဟောရာတွင်ဦးထွန်းကြိုင်အမည်ဖြင့်မဟုတ်။အခြားနာမည်တခုကိုခံယူ၍ဟောပြောနေပေသည်။ #ဆရာမင်းယုဝေ#winhlaingoo

အသိပညာ

ဖတ်ပြီး မျက်ရည်ကျမိပါတယ် ” ဆည်မနိုင်တဲ့ စုန်ရေ ” တဲ့ ဖတ်ကြည့်ပါနော်…

ကျတော်ဖတ်ပြီး မျက်ရည်ကျမိပါတယ်” ဆည်မနိုင်တဲ့ စုန်ရေ ” တဲ့ဖတ်ကြည့်ပါနော်“အမေကသားကို မချစ်ပါဘူးဗျာ”“နင်က ချစ်စရာ ကောင်းတာကိုး အကောင်ရဲ့”“အမေက သားကို ဆိုအကောင်းကိုမပြောဘူး”“အေးဟေ့ ငါ့သားလေး သိပ်ချစ်တာပဲ တွေ ဘာတွေ ပြောမနေအားဘူး ၊ လုပ်စားရတာ မောရတဲ့ကြား နင်ကတစ်မျိုး ရော့ ဒီမှာ လက်ဖက်ရည်ဖိုး ထားခဲ့တယ် သွားမယ် ”ကျွန်တော်ပြုံးလိုက်သည်။ သေချာအောင် စောင်ထဲက ချောင်းကြည့်လိုက်သည်။ ပိုက်ဆံ တစ်ထောင်တန်ကိုမြင်မှ စောင်ခြုံပြီး အသာပြန်ကွေးနေလိုက်သည်။ မနက်ခင်းတိုင်းကြား ရမြဲအသံတွေထဲ မှာ အမေ နောက်ဆုံးပြောနေကျ လက်ဖက်ရည် ဖိုး ထားခဲ့တယ် ဆိုတဲ့ အသံသည် ကျွန်တော်မနက်ခင်း တိုင်းအတွက် အသာယာဆုံး တေးသံပင်ဖြစ်သည်။ တခါ တရံ ငါးရာတန် ထားခဲ့လျှင်ဂျီကျ တတ်လို့ အခုဆို တစ်ထောင်တန် […]

ၾကားသိရသမွ်

ဟိုက်ပါဆောနစ်ဒုံးကျည်လက်နက်ပြိုင်ပွဲမှာ ဘယ်သူက ဦးဆောင်နေသလဲ

ကမ္ဘာတဝန်းရှိစစ်တပ်တွေဟာ ထောက်လှမ်းနိုင်မှု၊ သို့မဟုတ် ကြားဖြတ်တိုက်ခိုက်နိုင်မှု အခွင့်အလန်း မရှိဘဲ ဟိုက်ပါဆောနစ်အမြန်နှုန်းနဲ့ အနိမ့်လမ်းကြောင်းအတိုင်းပျံသန်းနိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို လိုချင်နေကြပါတယ်။ အမေရိကန်ထက်နောက်ကျပြီး ရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည်တွေ ထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းခဲ့ပေမဲ့ တရုတ်က DF-17 ဟိုက်ပါဆောဒုံးကျည်ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ် တရုတ်ဒုံးကျည်တွေဟာ တိုက်ပွဲတွေမှာ သက်သေမပြနိုင်သေးပါဘူး။ DF-17 ဒုံးကျည် စမ်းသပ်မှု ဗီဒီယိုလည်း မတွေ့ရေသေးပေ။ တရုတ်ရဲ့တိုးတက်မှုဟာ ဘယ်လောက်ပင် ရှိစေကာမူ အိန္ဒိယဟာ ၂၀၁၉ ခုနှစ်မှာ ကိုယ်ပိုင် HSTDV (Hypersonic Technology Demonstrator Vehicle0) ကို စမ်းသပ်ခဲ့ပါတယ်။ ဟိုက်ပါဆောနစ်ဒုံးကျည်တွေဟာ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေအကြား ထင်ရှားကျော်ကြားတဲ့ စစ်ဘက်သုံးလက်နက်စနစ်သစ်ဖြစ်လာပါတယ်။ ရုရှားဟာ ဒီလက်နက်စနစ်သစ်ပြိုင်ပွဲကို ဦးဆောင်နေပြီး အမေရိကန်အတွက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါတယ်။ […]

ၾကားသိရသမွ်

မြန်မာနိုင်ငံကြီး အေးချမ်းတော့မယ့် နိမိတ်လား

မြန်မာနိုင်ငံကြီး အေးချမ်းတော့မယ့် နိမိတ်လား မဟာ မုနိ ဘုရားကြီး အတွင်းတော် ၌ သံ ဃာတော် အရှင်သူမြတ် အပေါင်း မှ ပရိတ်တော် များ ရွတ်ပွား ပူဇော် နေချိန်တွင် မဟာ မုနိ ရုပ်ရှင်တော်မြတ်ကြီး ကို ပူဇော်ထားသော မြန်မာ နိုင်ငံကြီး အေးချမ်းတော့မယ့် နမိတ် လား cctv မှ မျက်နှာတော် ရင်ဘတ်တော် မှ ပြာသော ရောင်ခြည်တော် မျာ းနှင့် ဘယ်ဖက် လက်မောင်းတော် မှ ဖြူသော ရောင်ခြည်တော် များ ကွန့်မြူး ထွက်ပေါ် လာသည် ကိုတွေ့ ရှိ ရ ပ ါသောကြောင့် အများ ပြည် သူ ဝမ်းမြောက် […]

ဗဟုသုတ

လူတိုင်းလူတိုင်းရဲ့ဘဝမှာ မလုပ်သင့် မလုပ်ထိုက်တဲ့အချက်(၂၀)

၁။ မပျင်းပါနဲ့ – ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။ ၂။ ဘဝရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့ – ဘဝကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မ ဟုတ်ပါဘူး။ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်း လှန်ဖတ်သွားရင် ဘဝရဲ့ရသကို ခံစားရမှာပါ။ ၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့ – အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူး အိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။ ၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့ – အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန် ကောင်း ကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။ […]

အသိပညာ

ပိုက်ဆံချေးကြသူများ မှတ်သားရန်

ပိုက်ဆံချေးကြသူများ မှတ်သားရန် ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိ ပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ပြန်မတောင်းရင်တောင် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်။ ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာ အားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာ လာချေးသူပါပဲ။ ပိုက်ဆံချေးပြီတဲ့အခါ ပေါက်ကရလေးဆယ်တွေကိုလျှောက်မပြောပါနဲ့။ချေးထားမယ့်ကာလကျော်ပြီးပြန်ဆပ်မယ့်အချိန်နဲ့ပြန်ဆပ်ရမယ့်အချိန်ကြရင်လူလိုသိတတ်ပါအရေးကြီးဆုံးအချက်က သေချာပြန်ဆပ်ရပါမယ်။ ကိုယ်ကတိပေးထားတဲ့အချိန်မှာ သေချာပေါက်ကို ပြန်ဆပ်ရပါမယ်။ အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင် ဆက်သွယ်ပြီးရှင်းပြရပါမယ်။ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။ ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင်လုပ်တာဟာ ပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့ ဒေါသစိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ်။ လုံးဝမလုပ်ပါနဲ့။ ချေးတုန်းကတောင် သတိတရနဲ့ သေတော့မတတ်ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်း မေ့မနေပါနဲ့။ ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊ မကိုင်တာတွေ၊ […]