ငွေထည့်ခဲ့တဲ့သူတွေကို ငွေတန်ဖိုးရဲ့အဆ တစ်ထောင်ပြန်ပေးခဲ့ သူတောင်းစားလုပ်ရပ် တစ်နေ့ကဈေးထဲ မှာ သူတောင်းစား တစ်ယောက် တောင်းစားနေတာတွေ့မိတယ်။ သူတောင်းစားနေပုံက ထူးခြားနေတယ် “အစ်ကိုကြီး အစ်မကြီးတို့ရယ် သနားကြပါနော်…ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာလေးပါ ပေးခဲ့ပါ” သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံလာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ်တစ်အုပ်နဲ့မှတ်နေတယ်။ ဒါပေမယ့် လူတော်တော်များများက အိမ်အထိများ လာတောင်းမလားဆိုတဲ့အတွေးနဲသူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး တစ်ချို့ကတော့ သနားတာနဲ့ထည့်သွားကြတာပေါ့ဗျာ။သိပ်မကြာပါဘူး… သူက ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကိုအပင်ပန်းခံ ပြီး သူတို့ထည့်ခဲ့တဲ့ငွေတန်ဖိုး ရဲ့အ ဆ ၁၀၀၀ ကို လိုက်ပေးတယ်။ အဲ့ဒီ သတင်းက ဈေးထဲမှာ ချက်ချင်းပျံ့သွားတာပေါ့။ သူ့ကိုလည်းလူတွေကဝေဖန်ကြတယ်။ […]
Day: November 20, 2021
ငါးကြီးအန်ဖတ်ကနေ ကျပ်သိန်းပေါင်း ၄၁,၀၀၀ ကျော် ကံထူးခဲ့တဲ့ တံငါသည်ကြီး
တစ်လကို စတာလင်ပေါင် ၅၀၀လောက်သာရရှိတဲ့ ထိုင်းတံငါသည်ဦးကြီးတစ်ယောက်ကတော့ ပေါင် ၂.၄သန်းတန်တဲ့ ကမ္ဘာ့အကြီးဆုံး ငါးကြီးအန်ဖတ်ကို ကံကောင်းစွာရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒေါ်လာအားဖြင့်ဆိုရင်တော့ (၃၁၉၀၀၀၀)ဒေါ်လာ ဝန်းကျင် ရှိပါတယ်။ ငါးကြီးအန်ဖက်ဟာ ညှီစိုစို အနံ့ရှိပြီး ကမ္ဘာကျော်ရေမွှေးတွေဟာ ငါးကြီးအန်ဖက်နဲ့ ထုတ်လုပ်ကြလို့ ယင်းရေမွှေးမျိုးကလည်း ပုလင်းသေးသေး တစ်ပုလင်းကိုပင် ပေါင် သောင်းကျော် တန်တာမျိုး ရှိတတ်ပါတယ်။ဒါကြောင့်လည်း ဒီငါးကြီးအန်ဖတ်တွေက တန်ဖိုးကြီးလွန်းတာကြောင့် ငါးကြီးအန်ဖတ်ကို “ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ရွှေများ (သို့) ပင်လယ်ရတနာများဆိုပြီး တင်စားကြပါတယ်။ သူကတော့ ပေါင်ချိန် (၂၂၀)အလေးချိန်ရှိ ငါးကြီးအန်ဖက် ဧရာမအတုံးအခဲကြီးကို ကံကောင်းစွာ ရရှိခဲ့တာပါ။ ကီလိုဂရမ်အရဆိုရင်တော့ (၁၀၀)ကီလိုဂရမ်နီးပါး ဖြစ်ပါတယ်။ကံထူးခဲ့တဲ့ ထိုင်းတံအဖိုးအိုရဲ့အမည်မှာ Naris Suwannasang ဖြစ်ပြီး အသက်(၆၀)နှစ်ရှိပါတယ်။ Nakhon Si Thammarat ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်စဉ် ဒီဝါညစ်ညစ် […]
ပေါက်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီး(ရုပ်/သံ)
ပေါက်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီး(ရုပ်/သံ) ရန်ကုန်၊ နိုဝင်ဘာ ၂၀ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို King Fighter – SGF က နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ဖျက်ဆီးလိုက်ကြောင်း၊ အဆိုပါ ဒေသကာကွယ်ရေးတပ်က ၅ ခုမြောက် တာဝါတိုင်အဖြစ် ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည် unicode ပေါကျမွို့နယျရှိ စစျတပျပိုငျ Mytel တာဝါတိုငျကို မီးရှို့ဖကြျဆီး(ရုပျ/သံ) ရနျကုနျ၊ နိုဝငျဘာ ၂၀ မကှေးတိုငျး၊ ပေါကျမွို့နယျရှိ စစျတပျပိုငျ Mytel တာဝါတိုငျကို King Fighter – SGF က နိုဝငျဘာလ ၁၉ ရကျနေ့ ညပိုငျးတှငျ ဖကြျဆီးလိုကျကွောငျး၊ အဆိုပါ […]
အင်တာနက်ဖိုက်ဘာကြိုးတွေကို ဖြတ်တောက်အရေးယူမည်ဟု စစ်ကောင်စီ ကြေငြာ
ရန်ကုန်က ဓါတ်တိုင်တွေမှာ တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက်ကြိုးတွေကို ဖြတ်တောက်မယ်လို့ ထုတ်ပြန် – ရန်ကုန်တိုင်းအတွင်းက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရှင်းပိုင် ဓါတ်တိုင်တွေမှာ တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက် ဖိုင်ဘာကေဘယ်ကြိုးနဲ့ ဆက်သွယ်ရေးကြိုးတွေကို ဖြတ်တောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းက ဓါတ်တိုင်တွေမှာ ခွင့်ပြုချက်မရှိဘဲ တရားမဝင် သွယ်တန်းထားတဲ့ ဖိုင်ဘာကြိုးတွေနဲ့ ဆက်သွယ်ရေးကြိုးတွေကို တွေ့ရှိတာကြောင့် သက်ဆိုင်ရာကုမ္ပဏီနဲ့ အဖွဲ့အစည်း တွေကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ပြောထားတာ ဖြစ်ပါတယ်။ ဖယ်ရှားရှင်းလင်းခြင်းမရှိတဲ့ ဖိုင်ဘာဆက်သွယ်ရေးကြိုးတွေကို ကော်ပိုရေးရှင်းကနေ ဖြတ်တောက်ဖယ်ရှားသွားမှာဖြစ်ပြီး တရားမဝင်သွယ်တန်းထားတဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း […]
ယနေ့ခေတ်အခါ အိမ်ထောင်တည်မြဲဖို့ခဲယဉ်းလွန်းတယ်။
ယောက်ျားကောင်း ဆိုတာ….. ယနေ့ခေတ်အခါ အိမ်ထောင်တည်မြဲဖို့ခဲယဉ်းလွန်းတယ်။ သစ္စာတရားရှိသူတွေရှားပါးလာသလိုပဲ လွယ်လွယ်နဲ့ ဖောက်ပြန်တတ်ကြကုန်တယ်။ နားလည်မှုနဲ့ ချစ်ချစ်ခင်ခင် သစ္စာရှိရှိ ချစ်သွားကြမယ် နေသွားကြမယ်ဆိုရင် အိမ်ထောင်ရေးသာယာလာမှာပဲ။ လူဆင်းရဲပေမယ့်စိတ်ဓါတ်မဆင်းရဲရင် ကောင်းမယ်။ မရခင်တော့ ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရလည်းရရော လက်နှီးစုတ်လို ချောင်ထိုးတတ်ကြတဲ့ တချို့သော ယောက်ျားတွေကြောင့် အမျိုးသမီးတချို့ စိတ်ဆင်းရဲရသည့်ပြင် ဘဝတွေပါပျက်ဆီးကြရလေတယ်။ လူပုံအလယ် မျက်နှာမပြရဲတဲ့အထိ အကဲ့ရဲ့ခံကြရ ဝေဖန်ခံကြရနဲ့ ဟိုတစ်ယောက် ကောင်းနိုးနိုး ဒီတစ်ယောက် ကောင်းနိုးနိုးနဲ့ ပလီပလာပြောတတ်တဲ့ ယောက်ျားတွေကို ယုံစားမိရာကနေ အားကိုးစရာမရသည့်ပြင် မိမိဘဝ ရေတိမ်နစ်ပြီး ဘဝပျက်မှန်းမသိ ပျက်ခဲ့ရတယ်။ နောက်ပိုင်း အမျိုးကောင်းသမီး ဘဝကနေ မထူးဇာတ်ခင်းမိရတဲ့ အဖြစ်တွေက စိတ်မချမ်းသာစရာပါပဲ။ ပြောချင်တာကတော့ ယောက်ျားလေးတိုင်း အမျိုးကောင်းသား ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ချစ်သူကို အတည်တကျ မယူရသေးသ၍ […]
အမကြီးတော့အမိအရာ လူနာက ၁နှစ်ခွဲ လူနာစောင့်က၅နှစ် ညီမလေးနဲ့ ဆေးရုံလာတက်တဲ့ ရှမ်းပြည်က ညီအမနှစ်ယောက်
အမကြီးတော့အမိအရာ လူနာက ၁နှစ်ခွဲ လူနာစောင့်က၅နှစ် ညီမလေးနဲ့ ဆေးရုံလာတက်တဲ့ ရှမ်းပြည်က ညီအမနှစ်ယောက် လူနာက ၁ နှစ်ခွဲ၊လူနာစောင့်က ၅ နှစ်လောက် ရှမ်းစကားလဲပြောတက်မယ့်ပုံမပေါက်ဘူး။ သူ့ညီမ ပုရွတ်ဆိတ်ကိုက်လို့တဲ့ဆေးရုံခေါ်လာတာ၊နေ့လယ်စာလဲ မစားရသေးဘူးနဲ့တူပါရဲ့၊ မုန့်ဝယ်ကျွေးတော့အားရပါးရစားကြတာ၊ ကိုယ်တွေတောင် သွားရည်တွေကျလို့ဗျာ၊ လူတွေပြောတဲ့အမကြီးတော့ အမိအရာ ဆိုတာ ဒါမျိုးနေမှာပါလေ။ လာတုန်းက နိုးလို့မရ ပျော့ခွေနေတဲ့ ညီမလေးနဲ့အင်္ကျီကြယ်သီးမပါတဲ့ မမပေါ့၊ နိုးလာတော့ အချိုရည်လေးအငမ်းမရသောက်၊ ညီမလေးလဲသောက် မမကြီးလဲသောက်၊ သူ့ညီမအားရှိပြီးနိုးလာလို့ စတိုင်ထုတ်လို့ရသွားရှာပြီ။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် Zawgyi အမကြီးတော့အမိအရာ လူနာက ၁နှစ်ခွဲ လူနာစောင့်က၅နှစ် ညီမလေးနဲ့ ဆေးရုံလာတက်တဲ့ ရှမ်းပြည်က ညီအမနှစ်ယောက် လူနာက ၁ နှစ်ခွဲ၊လူနာစောင့်က ၅ နှစ်လောက် ရှမ်းစကားလဲပြောတက်မယ့်ပုံမပေါက်ဘူး။ […]





