ၾကားသိရသမွ်

မတရားပြုကျင့်ခံခဲ့ရတဲ့ (၁၅)နှစ်အရွယ်မိန်းကလေးရဲ့ ရင်သွေးလေးကို ခေါ်ယူစောင့်ရှောက်မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

တစ်ချိန်က ဆံပင်ရှည်တွေနဲ့ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့သူလေး ခိုင်နှင်းဝေက လက်ရှိအချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်မှု ရရှိနေဆဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကအခုဆိုရင် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို ပရဟိတလုပ်ငန်းတွေကိုပါ သယ်ပိုးဆောင်ရွက်နေသူတစ်ယောက် ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို နယ်ပယ်အစုံမှာဖြန့်ကျက်လုပ်ကိုင်နေတဲ့ ခိုင်နှင်းဝေက သူမသွားလေရာနေရာတွေမှာလည်း အခက်အခဲဖြစ်နေသူတွေကို စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေက သထုံဘက်က ကလေးတစ်ယောက်ကို ခေါ်ယူမွေးစားခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။ “ခရီးသွားရင်း အကြောင်းအကျိုးပဌာန်းဆက်တွေကြောင့်သမီးလေး တစ်ယောက်ကို ခေါ်ယူမွေးစားဖြစ်ပါဦးမယ်ရှင်..သထုံဘက်မှ အမေက (၁၅) နှစ် သက်ငယ်မု.ဒိမ်းကြောင့် ကိုယ်ဝန်ရသွားကာ မီးဖွားရင်း ေ.သဆုံးသွားပါတယ် ကျန်ရစ်သူသမီးလေးမှာအဘွားနဲ့နေရင်းဘွားအေမှာလဲဆုံးပါးသွားတဲ့အတွက်ဆက်လက်စောင့်ရှောက်ဘို့ တစ်ဦး တစ်ယောက်မှ မရှိတော့တဲ့ အတွက် ကျမတို့ “ခိုင်” မိသားစု ဂေဟာမှ ဆက်လက် တာဝန်ယူ စောင့်ရှောက်သွားဖြစ်ပါမယ်ရှင် …” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သက်ငယ်မုဒိမ်းကြောင့် […]

ၾကားသိရသမွ်

အများအတွက် တိုင်းပြည်အတွက် အနာဂတ်အတွက် ကိုယ်ပိုင်အသိနဲ့ ခရီးဆက်နေကြတဲ့ ညီလေး ညီမလေး များကို တန်ဖိုးထား လေးစားပါ

အများအတွက် တိုင်းပြည်အတွက် အနာဂတ်အတွက် ကိုယ်ပိုင်အသိနဲ့ ခရီးဆက်နေကြတဲ့ ညီလေး ညီမလေး များကို တန်ဖိုးထား လေးစားပေးကြပါ မြေပြင်မှာအိပ်တယ် ။ မြေပြင်မှာစားတယ်။ ကျဆုံးသူတွေရှိတယ်။ သ.ေနိုင်တာကိုသိတယ်။ ဒဏ်ရာဆို သေချာသလောက်ပဲလို့ လက်ခံလို့ အင်္ကျီအိပ်ကပ်ထဲမှာ ဝါဂွမ်းလိပ် ကိုယ်စီနဲ့ပေါ့။ ယောနယ်မှာ အတော်အေးနေပြီ။ စောင်မပါပဲ အိပ်နေကြရတာ။ မီးမွှေးလို့လဲ မဖြစ်ဘူးလေ။ ဘယ်လောက် အေးမလဲဆိုတာ တွေးကြည့်ရင်သိတယ်။ တစ်နေကုန် တိုက်ပွဲဝင်ထားလို့ ညပိုင်းမှာ အေးဆေးအနားယူ ကြမယ်ထင်သလား။ ထမင်းကို နေ့စာညစာပေါင်းစားပြီး တာဝန်ကျတဲ့နေရာကို ဆက်ထွက်ကြသတဲ့။ စားရတဲ့ဟင်းက ပဲသီးချက်။ မိဝေးဖဝေး အသ.က် စတေးပြီး တိုက်ပွဲဝင်နေကြတာ ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် ချည်းတော့ မဖြစ်နိုင်ဘူး။ တိုက်ပွဲဝင်ပေးပါလို့ ဘယ်သူမှလည်း မခိုင်းဘူး။ အများအတွက် တိုင်းပြည်အတွက် အနာဂတ်အတွက် […]

ၾကားသိရသမွ်

ဒီပဲယင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ လောင်းပြိုင် အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သာယာအေးကျေးရွာမှာ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၃ နာရီလောက်က မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် မိသားစုဝင် ၅ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တကယ်တမ်းကတော့ အသတ်ခံရတဲ့မိသားစုက ချမ်းသာတယ်။ ကျနော်တို့ ခန့်မှန်းကြည့်ရ‌သလောက်ကတော့ ပထမပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုနဲ့ အသတ်ခံရတာဖြစ်နိုင်သလို၊ နောက်တချက်က အသတ်ခံရသူမိသားစုပိုင် ငွေကြေးအမြောက်အမြားနဲ့ လက်ဝတ်ရတနာပါတွေပါ ယူတာဆိုတော့ ဓားပြတိုက်တာပဲ။ ကျနော်တို့ကတော့ ဒါကို လက်ပိုက်ကြည့်မနေနိုင်ဘူး” လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ သာယာအေးကျေးရွာက သတ်ဖြတ်ခံရသူတွေဟာ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေကြသူတွေ ဖြစ်ကာ အတန်အသင့် ငွေကြေးပြည့်စုံသူတွေ ဖြစ်ကြပြီး မိသားစု ၆ ဦးရှိတဲ့အနက် အသက် ၅၅ နှစ်အရွယ် ဦးမြင့်ဝင်းနဲ့ […]

ၾကားသိရသမွ်

အဖမ်းခံထားရတဲ့ ဆရာလင်းညို့တာရာရဲ့ ဟောချက်ထဲက နံပါတ် ၁၀ ၁၄ တကယ်ဖြစ်လာပြန်ပြီ

အဖမ်းခံထားရတဲ့ ဆရာလင်းညို့တာရာရဲ့ ဟောချက်ထဲက နံပါတ် ၁၀ ၁၄ တကယ်ဖြစ်လာပြန်ပြီ စစ်အာဏာရှင်ကျဆုံးရေး လူမှုကွန်ရက်တွင် အစီအရင်များ တင်သဖြင့် နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် ဖမ်းဆီးခံထားရသော ဗေဒင်ပညာရှင် လင်းညို့တာရာ၏ ၂၀၂၁ ရှေ့ဖြစ်ဟောကိန်း ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ စစ်အာဏာသိမ်းကောင်စီ၏ အာ ဏာသိမ်းမှုကို ဆန့်ကျင်နေသည့်အနေဖြင့် ယတြာအစီအရင်များ ဆောင်ရွက်သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အဖမ်းခံလိုက်ရသော ဗေဒင်ပညာရှင် ဟိန်းမင်းအောင် ခ လင်းညို့တာရာက မြန်မာနိုင်ငံ၏ ၂၀၂၁ ဟောကိန်းကို ၂၀ ၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့သည်။ အဆိုပါ ဟောကိန်းကို ပြန်လည် ဖော်ပြပေးလိုက်ပါသည်။ မြန်မာနိုင်ငံကြီး၏ ၂၀၂၁ အတွက် အခြေခံဟောချက်များ (လင်းညို့တာရာနှစ်စဉ်နှစ်တိုင်း နှစ်သစ်တစ်ခုမစခင်မှာ နှစ်သစ်တွင် […]

ဗဟုသုတ

“နတ်လမ်း ဆိုတဲ့ အဓိပ္ပါယ်”

“နတ်လမ်း ဆိုတဲ့ အဓိပ္ပါယ်” မြန်မာစကားမှာ နတ်လမ်း ဆိုတာ နတ်တွေဖန်ဆင်းပေးတဲ့လမ်းလို့သာ အနက်ရှိတယ်လို့ ထင်ကြရင်တော့ မြန်မာစကား ကောင်းကောင်းမတတ်တဲ့ ဂျိုသားတွေလို့ပဲ ခေါ်ရတော့မလို ဖြစ်နေပြီ။ နတ်လမ်း အခေါ်အဝေါ်ဆိုတာ ဘုရားကိုသွားတဲ့ ဘုရားစောင်းတန်းကလမ်း၊ ဘုန်းကြီးကျောင်းမုဒ်ဦးကနေ ကျောင်းထဲကို ဝင်တဲ့လမ်း၊ ဘုန်းကြီးကျောင်းထဲက ဘုရား၊ သိမ် စတာတွေကိုသွားတဲ့လမ်းတွေကို နတ်လမ်းလို့ ခေါ်ကြတယ်။ မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ဘုရားရှိတဲ့ တောင်ပေါ်ကိုတက်တဲ့ စောင်းတန်းတွေ၊ ဘုန်းကြီးကျောင်း မုဒ်ဦးကနေ ကျောင်းထဲ ဝင်တဲ့လမ်းတွေ၊ ကျောင်းထဲမှာ သိမ်ကို သွားတဲ့ လမ်းတွေမှာ ဘေးမှာ ထိုင်ခုံလေးတွေနဲ့၊ အုတ်ခင်းလမ်းနဲ့၊ အမိုးနဲ​ပြုလုပ်ထားလေ့ရှိတယ်။ အဲဒီမှာ အလှူရှင်နာမည်တွေကို ကမ္ဗည်းထိုးရင် ဥပမာ နတ်လမ်းအလှူရှင် ဦးအောင်မြင့်+ဒေါ်မြမြ သား ဘယ်သူဘယ်ဝါကောင်းမှု ဆို ကမ္ဗည်းထိုးတာတောင်ရှိတယ်။ […]

ကျမ္မာရေး ဗဟုသုတ

ဆောင်းရာသီမှာ နေ့စဉ်ရေမချိုးသင့်တဲ့ အကြောင်းအရင်း

ဆောင်းရာသီမှာ နေ့စဉ်ရေမချိုးသင့်တဲ့ အကြောင်းအရင်း ဆောင်းတွင်း မနက်ခင်းတိုင်း ရေချိုးခန်းထဲဝင်ဖို့ တိုက်ပွဲဝင်ရသူတွေရှိသလား။ ဒါဆိုရင်တော့ ဒီစာစုလေးက သင့်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်နော်။ လေ့လာသူတွေက ဆောင်းရာသီမှာ ဘာလို့ နေ့စဉ်ရေမချိုးသင့်လဲဆိုတဲ့ အကြောင်းပြချက်လေးများကို တင်ပြထားကြပါတယ်။ (၁) ဆောင်းတွင်းမှာ ရေ နေ့တိုင်းမချိုးလည်း ရတာပဲလေ။ ဆောင်းတွင်းမနက်ခင်းမှာ ရေထိတာနဲ့ ကြက်သီးတွေထကြတာ လူတိုင်းကြုံတွေ့ဖူးပါလိမ့်မယ်။ ဒါဟာ ကောင်းတဲ့အချက်ပြစနစ်တစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်သူများအဆိုအရ နေ့စဉ် လိုအပ်တာထက် ရေချိုးပါက အရေပြားပေါ်တွင် မြောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ မလိုအပ်ဘဲ နေ့စဉ် ရေမချိုးသင့်ပါဘူး (၂) သင်ဟာ ညစ်ပတ်သူတစ်ယောက် မဟုတ်ရင်ပေါ့။ လေ့လာချက်များအရ ကျွန်မတို့ အရေပြားဟာ အညစ်အကြေးတွေကို သူ့အလိုလို သန့်စင်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ […]

ၾကားသိရသမွ်

ကြားခံမှ တဆင့် ဆက်သွယ်ပြီး မိခင်ဖြစ်သူ ခင်မြတ်မွန်အား တောင်းဆိုလာတဲ့ ရေမွန်ရဲ့ လိုလားချက် ဆန္ဒလေးတစ်ခု

ကြားခံမှ တဆင့် ဆက်သွယ်ပြီး မိခင်ဖြစ်သူ ခင်မြတ်မွန်အား တောင်းဆိုလာတဲ့ ရေမွန်ရဲ့ လိုလားချက် ဆန္ဒလေးတစ်ခု အဆိုတော် ခင်မြတ်မွန်ကတော့ မထင်မှတ်ဘဲ စောလျင်စွာ ထွက်ခွာသွားသော သားဖြစ်သူရေမွန်ကို နေ့နေ့ညည သတိရစိတ်နဲ့ အသက်ရှင်နေရတဲ့ မိခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖခင်မရှိပဲ ငယ်စဉ်ကတည်းက ဂရုတစိုက် မေတ္တာတွေအပြည့်ပေးခဲ့ရတဲ့ သားရေမွန် ကွယ်လွန်သွားပြီးတဲ့ နောက်မှာလည်း သတိရလွမ်းဆွတ်ကြောင်း တဖွဖွပြောတတ်တဲ့ ခင်မြတ်မွန်ဟာ … ဒီကနေ့ ရေမွန်ကွယ်လွန်ခြင်း (၅) လပြည့်နေ့မှာ ရေမွန့်အတွက် ရည်စူးပြီး အလှူပြုလုပ်သွားမယ့်အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “ဒီနေ့ တွတ်ပီလေး ဆုံးပါးသွားတာ ၅လတင်းတင်း ပြည့်ပြီ။ ဒီလ 26 th ကလဲ တွတ်ပီ 33 နှစ်ပြည့်မွေးနေ့မို့ သူ့အတွက်ထူးထူးခြားခြားလေး ကုသိုလ်ကောင်းမှု ပြုဖို့ကြံရွယ်ထားတာ။သူကလည်း […]

ၾကားသိရသမွ်

ဖခင်ရဲ့ ဆုံးမစကားအတိုင်း ဘဝကို ဖြတ်သန်းနေထိုင်နေတာမို့ စော်ကားခံခဲ့ရတာတွေ ဝဋ်ကြွေးလို့ မှတ်ယူပါတယ် ဆိုတဲ့ ထက်ထက်မိုးဦး

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတုန်းက ရုပ်ရှင်လောကမှာ အောင်မြင်မှု့သရဖူဆောင်းခဲ့တဲ့ ဝါရင့်မင်းသမီးကြီး တစ်ဦးဖြစ်တဲ့ ထက်ထက်မိုးဦး ကိုတော့ ကြော်ငြာဘုရင်မလို့လည်း လူသိများ ကျော်ကြား ခဲ့ပါသေးတယ် သူမဟာ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့တာကြောင့် အကယ်ဒမီ ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီး တစ်လက်ပဲဖြစ်ပါတယ်နော် ထက်ထက်မိုးဦးရဲ့ နာမည်ကြီးဇာတ်ကားများဖြစ်တဲ့ သမီးမိုက်၊ပန်းသခင် စတဲ့ ရုပ်ရှင်ကားကြီးတွေကတော့ ပရိသတ်တွေ မသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဇာတ်ကား တွေပဲဖြစ်ပါတယ် အခုလက်ရှိ မြန်မာပြည်ရဲ့အခြေအနေတွေအရ ထက်ထက် ဟာ ပြည်သူတွေနဲ့မပါဝင်ပဲ နှုတ်ဆိတ်နေတာခဲ့ကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်သံတွေလည်း ထွက်လာ နေခဲ့တာကို တွေ့မြင်ရသလို ထက်ထက်ရဲ့ အမာခံ ပရိသတ်တွေကတော့ ထက်ထက်ဟာ ရောဂါအခံရှိတဲ့ အတွက် ကျန်းမာရေး အခြေအနေကြောင့် တိုင်းပြည်အရေးမှာ မပါဝင်နိုင်တာ ဖြစ်ကြောင်း […]