ဗဟုသုတ
ၾကားသိရသမွ်
ယနေ့ည အွန်လိုင်းပေါ်မှာ ပြုလုပ်သွားမယ့် နိုဗန်ထူးရဲ့ ဂီတဖျော်ဖြေပွဲကြီး..
(Zawgyiဖြင့် ဖတ်ရန်) ယနေ့ နိုဝင်ဘာ (၂၆)ရက်နေ့မှာ အွန်လိုင်း ဖျော်ဖြေပွဲလေး တခု လုပ်ပြီး PDF ရဲဘော်တွေကို ကျွေးမွေးချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ တေးသံရှင် နိုဗန်ထူး။ လွတ်မြောက်နယ်မြေ၌ ရောက်ရှိနေသည့် အဆိုတော် နိုဗန်ထူးက ဒီကနေ့နိုဝင်ဘာ ၂၆ရက်ညတွင် အွန်လိုင်း ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှ တဆင့် ပရိသတ်ပြည်သူများအား အသိပေးထားသည်။ ယခုလိုအွန်လိုင်း ရှိုးပွဲ လုပ်ရတဲ့ အကြောင်းအရင်းကိုလည်း နိုဗန်ထူးက အခုလို ပွင့်လင်းမြင်သာစွာ ပြောကြား လာခဲ့ပါတယ်နော်။ နိုဗန်က “ကျွန်တော် ပိုက်ဆံလိုလို့ပါ၊ ပိုက်ဆံဘာကြောင့် လိုလဲ? ကျွန်တော့်ရဲဘော်တွေကို ကျွေးမွေး ချင်တယ်။ လာမယ့် ၂၈ ရက်နေ့ကလည်း ကျွန်တော့်မွေးနေ့ ဖြစ်တယ်။ အဲဒီမှာ ရဲဘော်တွေနဲ့ မွေးနေ့ကျင်းပမယ်”ဟု ၄ကပြောသည်။ ထို့ကြောင့် […]
ကြားသိရသမျှ
အိန္ဒိယ Vaibhav ကုမ္ပဏီက မြန်မာ့ကျောက်မျက်ကို အရောင်းစာရင်းမှ ဖယ်ရှား
အိန္ဒိယစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Vaibhav Global Limited က မြန်မာနိုင်ငံမှ တင်သွင်းရောင်းချသည့် ကျောက်မျက်ရတနာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေစဉ် အရောင်းစာရင်းမှ ဖယ်ရှားထားသည်ကို Justice For Myanmar (JFM) က ကြိုဆိုလိုက်သည်။ အာဏာသိမ်းပြီးနောက်တွင် မြန်မာ့ကျောက်မျက်ရတနာများကို ဆက်လက်တင်သွင်းနေပြီး နာမည်ကြီး အမေရိကန်အွန်လိုင်းဈေးကွက်များအပါအဝင် လက်လီလက်ကားရောင်းချနေခြင်းသည် စစ်ကောင်စီကို အကျိုးအမြတ်ရစေသည်ဟု JFM က ယမန်နေ့(နိုဝင်ဘာ ၂၄) က ထုတ်ပြန်ပြီးနောက်တွင် Vaibhav Global ကုမ္ပဏီက ထိုသို့ ကြေညာလိုက်ခြင်းဖြစ်သည်။ “ဒီစုံစမ်းစစ်ဆေးမှုက အမှီအခိုကင်းပြီး ပွင့်လင်းမြင်သာရမဲ့အပြင် မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ရဲ့ အကြံဉာဏ်ရယူမှုတွေ ပါဝင်သင့်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။ ထိုကုမ္ပဏီသည် ဟောင်ကောင်နှင့် ဘန်ကောက်ရှိ လက်အောက်ခံကုမ္ပဏီနှစ်ခုမှတစ်ဆင့် […]
ၾကားသိရသမွ်
မြန်မာပလာဇာကို တစ်ဝင်းလုံး လက်နက်ကိုင်စစ်တပ်ဖြင့် လုံခြုံရေးအပြည့်ချထား…
မြန်မာပလာဇာကို တော်လှန်ရေးအင်အားအများစုက ရှုတ်ချကြောင်း ထုတ်ပြန်ပြီးနောက် တစ်ဝင်းလုံး လက်နက်ကိုင်စစ်တပ်ဖြင့် လုံခြုံရေးအပြည့်ချထား ရန်ကုန်၊ နိုဝင်ဘာ ၂၆ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်များကို ရိုက်နှက် ထိုးကြိတ်ခဲ့သော မြန်မာပလာဇာမှ လုံခြုံရေးဝန်ထမ်းများ၏ လုပ်ရပ်ကို နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုက ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက် မြန်မာပလာဇာတစ်ဝင်းလုံးကို လုံခြုံရေး တင်းကျပ်ထားကာ လက်နက်ကိုင် စစ်သားများ အပြည့် ချထားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။ “လက်တုံ့ပြန်မယ်လို့ ကြေညာတဲ့ တော်လှန်ရေးအင်အားစုတွေလည်းရှိတော့ ဗုံးခွဲခံရမှာ ကြောက်လို့ထင်တယ်။ တစ်ဝင်းလုံး အပြင်ရော အတွင်းမှာရော ကားပါကင်မှာရော Melia Hotel ဘက်အခြမ်းမှာရော လက်နက်ကိုင်တွေ အပြည့်ပဲ။ အရင် ပလာဇာနားမှာ ရပ်နေတဲ့ တက္ကစီ ကားတွေ လည်းမရှိတော့ဘူး” ဟု ရန်ကုန်ကင်းထောက်လူငယ်တစ်ဦးက ပြောသည်။ […]
ၾကားသိရသမွ်
သီလရှင်ကနေ လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်လာတဲ့ ဒေါ်ဝရဉာဏီ
သီလရှင်ကနေ လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်လာတဲ့ ဒေါ်ဝရဉာဏီ အသက် ၃၀ ကျော်အရွယ် ရှမ်း-ကရင်စပ် မနန်းဝင့်ဝါဟာ စစ်တပ်အာဏာမသိမ်းခင်က ဆရာလေး ဒေါ်ဝရဉာဏီ ဆိုတဲ့ဘွဲ့အမည်နဲ့ သီလရှင်ဘဝနဲ့ တရားဆောက်တည်နေခဲ့သူပါ။အာဏာသိမ်းပြီးနောက်ပိုင်းမှာ PDF တွေကို ထောက်ပံ့လို့ဆိုပြီး စစ်ကောင်စီ တပ်သားတွေက သူ့ကို ရိုက်နှက်ဖမ်းဆီးဖို့ကြိုးစားခဲ့တယ်လို့ မနန်းဝင့်ဝါက ပြောပြပါတယ်။ “သူတို့က ရင်သားတွေ ရင်ဘတ်တွေကို ကြမ်းကြမ်းတမ်းတမ်းတွေ ကိုင်တွယ်တဲ့အခါကျတော့ ဒီကိုက် ပြဲသွားတယ်။ အထဲက အခံအင်္ကျီနှိပ်သီးက ပြဲထွက်သွားတယ်။ ဒါကြီးက ဘတ်လပ်ကြီး ဆိုတော့ ရင်သားတွေ ပေါ်သွားတာပေါ့။ အပေါ်က ကိုယ်ရုံကို စည်းပြီးပြေးရတာပေါ့။ ဒါက နမူနာပြတာ။ သင်္ကန်းဆွဲလိုက်လို့ ပြဲသွားတဲ့ တစ်စိတ်တပိုင်းကို နမူနာပြတာ“ ဆရာလေး ဒေါ်ဝရဉာဏီကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က တစ်ပါးထိုင်သီလရှင်ကျောင်းမှာ ရှိနေတုန်း ပြီးခဲ့တဲ့ ဇူလိုင်လမှာ […]
ကြားသိရသမျှ
ကမ္ဘာ့အသေးဆုံးမိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရသော အသက်၃နှစ်အရွယ် ချစ်စဖွယ်ကလေးမလေး
Zawgyi ကမ္ဘာ့အသေးဆုံးမိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရသော အသက်၃နှစ်အရွယ် ချစ်စဖွယ်ကလေးမလေး လူသားတို့နေထိုင်ရာ လောကကြီးသည် ထူးခြားဆန်းပြားသော အရာများစွာနှင့် ပြည့်နှက်နေကာ အချို့သောသူများသည် မွေးရာပါ အားနည်းချက် ချို့ယွင်းချက်တွေကြောင့် သာမန်မဟုတ်ပဲ မပြည့်စုံခြင်းတွေနှင့်အတူ မွေးဖွားလာခြင်းဖြင့် ဂရုဏာသက်ဖွယ် ကောင်းလှသည်။ သို့ဖြစ်၍ တရုတ်နိုင်ငံ Hunanပြည်နယ်တွင် နေထိုင်သော အသက်၃နှစ်အရွယ် ကလေးမလေးသည် အရပ်အမောင်းအားဖြင့် ၁၃လက်မ၊အလေးချိန် ၁.၅ကီ လို ဂရမ်နှင့် ၂.၃ပေါင်ဖြင့် မွေးဖွားလာခဲ့၍ ကမ္ဘာ့အသေးငယ်ဆုံး မိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ ဆရာဝန်များဧ။် ပြောကြားချက်အရ ကလေးမလေးသည် မျိုးရိုးဗီဇပြောင်းလဲမှုတွင် ကြီးထွားမှုနှုန်းကို ရပ်တန့်စေသည့် ချို့ယွင်းချက်ကြောင့် ဟုဆိုခဲ့ပြီး အရုပ်ကလေးနှင့်ပင် ဆင်တူနေခဲ့ကာ တစ်မိသားစုလုံးက ဝိုင်းချစ်တာကိုခံခဲ့ရသည်။ လက်ရှိတွင် ကလေးမလေးသည် အသက်၃နှစ်အရွယ် ရောက်ပြီဖြစ်သော်လည်း ခြေထောက်လေးတွေက မသန်စွမ်းဖြစ်နေသေးတာကြောင့် လမ်းမလျှောက်နိုင်သေးသည့်အပြင် ဆေးကုသမှုအမြဲခံနေရကာ […]
ကြားသိရသမျှ
လာမယ့်နှစ်တွေမှာ ရာသီဥတု ပြောင်းလဲမှုကို ထိပ်ဆုံးက ခါးစီးခံရမယ့် မြန်မာပြည်…
ကျိုက္ခမီနယ်မှာ ဘုရားဖူးရင်းလူတွေရေနစ်သေတာ အများကြီး စိတ်မကောင်းပါဘူး။ ဘယ်လိုပဲသေသေ ကြေကွဲနေရတဲ့ အချိန်ပါ။ ဒီနေရာမှာ ရေနဲ့ မိုးနဲ့ နေရတဲ့ဒေသတွေဟာ ကိုယ်သိတဲ့ပင်လယ်ရေပြင်ဟာ အရင်က ရေပြင်မဟုတ်တော့ကြောင်း သိနေကြရမှာပဲဖြစ်ပါတယ်၊သိကြတဲ့အတိုင်း အရှေ့တောင်အာရှထဲမှာကို ရာသီဉတုပြောင်းလဲခြင်းကြောင့် မြန်မာက ခံစားရမယ့်အတိုင်းအတာဟာ များပါတယ် ကမ္ဘာပေါ်မှာ ဘေးအန္တရာယ်အများဆုံးကျရောက်နိုင်တဲ့နေရာတွေမှာပါတာကို အထပ်ထပ်ပြောခဲ့ကြပြီးသားဖြစ်ပါတယ်၊ အထင်ရှားဆုံးကတော့Global Climate Risk Indexမှာမြန်မာဟာ၁၉၉၈ကနေ ၂၀၁၈အထိနှစ်နှစ်ဆယ်ကာလအတွင်းမှာ သဘာဝဘေးအခံရဆုံး နံပတ် ၂ နေရာမှာ မြန်မာနိုင်ငံရပ်တည်နေပါတယ် Earth ဆိုတဲ့ အဖွဲ့က မြန်မာပြည်အတွက် နောက်ထပ်နှစ် ၈၀ ကျရင် ပင်လယ်ရေမျက်နှာပြင် ဘယ်လို ဖြစ်မလဲလို့တွက်ထားတဲ့ပုံကို ကြည့်နိုင်ပါတယ်၊တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ၂၁၀၀ ပြည့်နှစ်လောက်ဆိုရင် အခုရှိနေတဲ့ပင်လယ်ရေမျက်နှာပြင်ထက် ခြောက်ပေခွဲမြင့်လာမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်တာက နောက်နှစ်သုံးဆယ် နှစ်ငါးဆယ် ကျမှ စဖြစ်မှာမဟုတ်ပါဘူး၊ဧရာဝတီတိုင်းက လယ်သမားတွေကို […]
ၾကားသိရသမွ်
စာသင်ကျောင်းထဲ ဂစ်တာလွယ်ပြီးခလေးတွေကိုပျော်အောင်ထားတဲ့ PDF တွေ နဲ့ဗျောက်ကိုင်ထားတဲ့မအလတွေဘာကွာလဲ
PDF တွေ နယ်မြေစိုးမိုးထားတဲ့ နယ်မြေက ကျောင်းလေးမှာ ခလေးတွေနဲ့ PDF တွေရဲ့ ပျော်ရွှင်စွာသီချင်းတွေဆိုနေတဲ့မြင်ကွင်းလေးဟာ ဖြင့် အင်မတန် ကြည်နူးဖွယ်ကောင်းလှပါတယ်… စကစကျောင်းတွေမှာတော့ စာသင်ဆောင်ထဲ ဂစ်တာတီး သီချင်းဆိုဖို့ ဝေးလေစွ…. လက်နက်ကိုင် စစ်သားများ နေရာယူထားသည်မှာ ကလေးတွေမဆိုထားနှင့် လူကြီးများပင် ကြောက်ရွံနေရပါလေရော….. ဒါဆိုစာသင်ကျောင်းထဲ ဂစ်တာလွယ်ပြီးခလေးတွေကို … ပျော်အောင်ထားတဲ့ PDF တွေ နဲ့ အကြမ်းဖက် မအလတွေနဲ့ ဘာကွာလဲ သင်တို့ မြင်အောင်သာကြည့်တော့…..ဗီဒီယိုလေးကို ကြည့်ရှုခံစား နားဆင်ပေးကြပါအုံး(အောက်မှာပါတယ်) PDF တွေ နယ်မြေစိုးမိုးထားတဲ့ နယ်မြေက ကျောင်းလေးမှာ ခလေးတွေနဲ့ PDF တွေရဲ့ ပျော်ရွှင်စွာသီချင်းတွေဆိုနေတဲ့မြင်ကွင်းလေးဟာ ဖြင့် အင်မတန် ကြည်နူးဖွယ်ကောင်းလှပါတယ်… စကစကျောင်းတွေမှာတော့ စာသင်ဆောင်ထဲ ဂစ်တာတီး သီချင်းဆိုဖို့ ဝေးလေစွ…. လက်နက်ကိုင် […]
ၾကားသိရသမွ်
မနေ့က ရုံးချိန်းမှာ ပရိတ်သတ်အတွက် မဖြစ်မနေ အမှာစကား ပါးလိုက်တဲ့ ပြည်သူ့ မင်းသား ရဲတိုက်
သဘာဝ ကျပြီး ထိမိ ပိုင်နိုင်တဲ့ သရုပ်ဆော င်ချက်ေ တွကြောင့် ပရိတ်သတ်ေ တွ အကြား ချစ်ခင် အားေ ပးမှုကို အပြည့် အဝရရှိခဲ့တဲ့ မင်းသား တစ်ဦးလို့ ဆို လာရင်ေ တာ့ မင်း သားရဲတို က် ကိုပဲဆို ရမှာဖြ စ်ပါတယ်။ သူဟာ တကယ်ကို သဘာ ဝဆန်တဲ့ အနုပညာဖန်တီးမှု များကြောင့် စတင်ရေပ န်းစားကျော် ကြားခဲ့တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါ တယ်။ သူဟာ မြန်မာနို င်ငံမှာ လက်ရှိဖြစ်ေ ပါ်နေတဲ့ အာဏာထိန်းချုပ် မှုဖြစ်စဉ်တွင် ပြည်သူနှင့်တစ်သား တည်းရပ် တည်ကာ တော်လှ န်ရေးလု ပ်ငန်းအချို့ကို လှုပ်ရှားဆောင် ရွက်ခဲ့မှုကြော င့် စစ်ကောင်စီရဲ့ […]
ၾကားသိရသမွ်
မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်ပြောသွားတာလေးသဘောကျလို့ပါ…..
မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်ပြောသွားတာလေးသဘောကျလို့ပါ NLD ဟာကုလားကို အားပေးထောက်ခံတဲ့ပါတီ၊ ဒေါ်စုကိုထောက်ခံရင် ကုလားနိုင်ငံဖြစ်မယ် ဆိုတာတွေအပေါ် အရှင်ဘုရားဘယ်လို မြင်ပါသလဲဘုရား တဲ့။ အင်း မေးတော့လည်းဖြေရတော့မှာပဲ။ဒါပေမယ့်ကြို ပြီးတော့ ပြောထားမယ်နော်။သေသေချာချာစိစစ်ပြီးမှ လက်ခံ မခံ ဆုံးဖြတ်ပါ။ ဒေါသတော့မပါနဲ့ ဒကာကြီး။ ခေါင်းဆောင်နှစ်မျိုးရှိတယ် ဒကာကြီးရဲ့။ ကိုယ်ဘယ်လောက်ပဲဆင်းရဲဆင်းရဲကိုယ်ရဲ့လက်အောက်ငယ်သားနဲ့ တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခ ကင်းပါစေ၊ ကင်းရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိတဲ့ခေါင်းဆောင်။ မိမိနဲ့လက်တစ်ဆုပ်စာ လူတစ်စုရဲ့အကျိုးကိုပဲပဓာနထားပြီးတော့လက်အောက်ငယ်သားနဲ့တိုင်းသူပြည်သားတွေရဲ့အကျိုးကိုအဓိကမထားတဲ့ ခေါင်းဆောင်ပေါ့။ တိုင်းပြည်တစ်ပြည်ရဲ့ ခေါင်းဆောင်ကောင်းဆိုတာ ဘာသာရေးခေါင်းဆောင်ကောင်းနဲ့မတူဘူးဒကာကြီးရဲ့။ ဘာသာရေးခေါင်းဆောင်ဆိုတာကိုယ့်ဘာသာကိုပဲဦးဆောင်ရတာ နယ်ပယ်ကျဉ်းတယ်။ နိုင်ငံ့ခေါင်းဆောင်ဆိုတာတရားဝင်နေထိုင်ကြတဲ့ဘာသာမတူ လူမျိုးမတူတဲ့ နိုင်ငံသားအားလုံးကို မိဘသဖွယ် ဦးဆောင်ရတာ နယ်ပယ်ကျယ်တယ်။ အမြင်လည်းကျယ်ရတယ်။ ဘာသာရေးခေါင်းဆောင်အမြင်လောက်နဲ့နိုင်ငံ့ခေါင်းဆောင် လုပ်လို့မရဘူး။ အစ္စလာမ်မစ် နိုင်ငံတွေမှာကြည့်လေ။ ဘာသာရေးအမြင်နဲ့ ခေါင်းဆောင်တွေ နိုင်ငံ့ခေါင်းဆောင်ဖြစ်ကုန်တော့ ကျန်တဲဘာသာဝင်တွေ ဒုက္ခရောက်ကုန်တော့တာပဲ။ ဒီနေရာမှာ ဗုဒ္ဓကို ကိုယ့်ဘာသာဝင်တွေရဲ့အကျိုးစီးပွားကိုရှေးရှု့တဲ့ဘာသာရေးခေါင်းဆောင်အနေနဲ့ မမြင်မိစေနဲ့။ အဲဒါကကျဉ်းတယ်…ဗုဒ္ဓဟာ […]