အမေနဲ့ စကားပြောနေရင်း ၃မိနစ်ပဲ အမေ့နားကနေပျောက်သွားတာ အမေလှည့်ကြည့်တော့ ရေကူးကန်ထဲကျနေပြီ ပြန်ဆယ်ပြီး ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုတယ် ဆေးရုံကားလာတော့ အသက်မရှင်တော့ဘူး ရေထဲကျတဲ့အသံကိုလည်း မကြားဘူး အမေ့အဖေနားက မခွာတဲ့ကလေးလေး ၃နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတာတဲ့ မွေးနေ့ရောက်ခါနီး ဆုံးသွားတယ် အသုဘရက်မှာ မွေးနေ့ကိတ်နဲ့ အဖေနဲ့အမေက ရူးမတတ်ခံစားနေရတာကို ဒီအမေလည်းမျက်ရည်မဆည်နိုင်ခဲ့ဘူး တစ်တိုင်းပြည်လုံးက ဝိုင်းပြီး အမေ့ကို အပြစ်တင်ကြတယ် အမေလေ သားသမီးအစားသေပေးလို့ရတဲ့အမေ သားဦးလေးကို ဆုံးရှုံးရတဲ့အမေ အသက်ပြန်မရှင်နိုင်တဲ့သားကို ရင်ခွင်ထဲပိုက်ပြီး ရူးမတတ်ခံစားရတဲ့အမေ ဘယ်အမေက ဖြစ်စေချင်ပါ့မလဲ မိနစ်ပိုင်းလေးပဲ Sexyမော်ဒယ်အမေဖြစ်ရုံနဲ့ မိခင်ကောင်းမဖြစ်နိုင်တော့ဘူးလို့ မဆုံးဖြတ်သင့်ပါဘူး အမေ့ရင်ကွဲမတတ်နာကျင်နေရတာ မိခင်ခြင်းသိနေပါတယ် အမေနောက်ကျသွားတဲ့ ၃ မိနစ်က ကလေးသေနိုင်မယ်ကြိုတွေးမိမှာမဟုတ်ပါဘူး မိဘတွေ အထူးသတိရှိကြဖို့ပါ ကျမတို့တွေ အထူးသတိရှ်ိကြဖို့ပါ ကောင်းရာဘုံဘဝမှာ ကျန်းမာအသက်ရှည်စွာနဲ့ လူ့လောကထဲ […]
Month: February 2022
သီလရှင် အပါး ၃၀၀၀ နဲ့ ကျောင်းတိုက်ပေါင်း ၄၀ ကို တစ်လ ၂ ခါ အလှူလုပ်တဲ့” မြန်မာပြည်က သူဌေးကြီးမိသားစု”…
မရှိလို့ မလှူ မလှူလို့မရှိ ဆိုသလို အလှူအတန်းမှာတော့ ရွှေမြန်မာတွေကတော့ ကမ္ဘာ့နံပါတ် တစ်ပဲ ဖြစ်ပါတယ်…ခုလည်းပဲ သူဌေးကြီးတစ်ဦးရဲ့ သာဓုခေါ်ဖွယ်အလှူတစ်ခုကို ပရိသတ်ကြီးတို့ ဝမ်းသာရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်…. အဲတာကတော့ သာသနာ့နွယ်ဝင်သီလရှင်တွေကို သီဟသုဓမ္မမဏိဇောတဓရ ဦးအောင်သန်းစိန်နဲ့ ဇနီး ဒေါ်အေးမြင့်သန်း သမီးမစိုးစိုးသန်းမိသားစုတို့ကနေပြီး တစ်လကို သီလရှင်လေးတွေအတွက် ၁၀၀၀ တန်က အရွက် ၂၅၀၀ …၅၀၀၀ တန်ကအရွက် ၅၀၀ ..ပေါင်း .အရွက်ရေ ၃၀၀၀ …၁၀၀၀တန် ၅ ရွက်လျှင် ၅၀၀၀ တန်တစ်ရွက်ညှပ် …အားလုံးအပါး ၃၀၀၀ ခန့်ကို တစ်ပြိုင်ထဲလှူဒါန်းပါတယ်…. ဒီလို အပါး ၃၀၀၀ ကျော်ကို လှူသူ ၁၈ ယောက်ခွဲလှူရင် ၁၀ မိနစ် မကြာဘူးလို့ သိရပါတယ်… ဒါ့အပြင် သီလရှင် […]
လက်ဖွာသူတွေ နှင့် အပျော်အပါးမက်သူတွေတောင် ငွေစုဖြစ်မယ့်နည်းလမ်း ( ၆ ) ခု
ယနေ့ခေတ်လူငယ်အများစုအနေဖြင့် ငွေစုဖို့စဉ်းစားတဲ့အခါတိုင်း သောကများတတ်ကြပါတယ်။ ဝယ် စရာပစ္စည်းတွေ၊သွားစရာဆိုင်သစ်တွေပေါများနေတဲ့ခေတ်ကြီးမှာ ဘာမှမသုံးစွဲဘဲနေပါက ခေတ်နောက်ကျနေခဲ့မှာလည်းအမှန်ပါပဲ။ ထို့ ကြောင့် လူငယ်တွေအနေနဲ့ ငွေစုခြင်းကို စိတ်ညစ်စရာအလုပ်လို့ ထင်လာကြပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းလေးတွေကတော့ အသုံးအစွဲတွေကို အများကြီး လျှော့ချဖို့မလိုဘဲ ငွေစုနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ (၁) ၂၀/၈၀ နည်းလမ်း ထိုနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့ သင့်အနေနဲ့အောက်ပါအချက်များကို ပြင်ဆင်ထားရပါမယ်။ -သင့်မှာ ဘဏ်ကြွေးနဲ့အခြားကြွေးမြီများကင်းရှင်းရပါမယ်။ စီးပွားရေးလုပ်ငန်းအသေးစားတစ်ခုမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့လိုပြီး သင့်လစာရဲ့ ၂၀ရာနှုန်းခန့်ကိုစုဆောင်းနိုင်ရပါမယ်။ ကျန်တဲ့ လစာ၈၀ရာနှုန်းကိုတော့ စိတ်ကြိုက်သုံးဖြုန်းလို့ရပါတယ်။ -သင်သတိပြုရမယ့်အချက်ကတော့ ဖြုန်းဖို့ထက် စုဖို့အရင်ဆုံးစဉ်းစားပါဆိုသလိုပဲ ပထမဆုံး စုဆောင်းဖို့စဉ်းစားပါ။ ကျန်သောငွေကိုသာ သုံးရမှာဖြစ်ပါတယ်။ -တကယ်လို့ သင့်အနေနဲ့ ၂၀ရာနှုန်းစုဖို့ခက်ခဲနေသေးတယ်ဆိုပါက ၁၀ရာနှုန်း သို့မဟုတ် ၅ရာနှုန်းခန့်ကိုသာ စတင်စုဆောင်းပါ။သို့မှသာ ငွေစုတဲ့အလေ့အထကို စတင်ပျိူးထောင်ဖြစ်မှာ ဖြစ်ပါတယ်။ (၂)၆၀/၁၀/၁၀/၁၀/၁၀ နည်းလမ်း ဒီနည်းလမ်းကတော့ […]
မြတ်စွာဘုရားရှင်ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ မုဒြာများ အကြောင်း သိကောင်းစရာ
မြတ်စွာဘုရားရှင်ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ မုဒြာများ အကြောင်း သိကောင်းစရာ စာဖတ်သူ မိတ်ဆွေများ ဗဟုသုတ သိမှတ်ဖွယ်ရာအနေဖြင့် ဘုရားရှင်၏ လက်ဟန် ခြေဟန် သင်္ကေတများကို မှတ်သား သိရှိစေရန် အလိုငှာ ရေးသားမိသည်။ မုဒြာဆိုသည်မှာ ပါဠိစကားဖြစ်ပါသည်။ အဓိပ္ပါယ်ကားလက်ချောင်းလို မြန်မာပြန်ရသည်။ မြတ်စွာဘုရားရှင်၏ လက်တော်အနေထား၊ လက်ဟန်ပုံစံ၊ ခြေတော်အနေထား၊ ခြေဟန်ပုံစံတို့ကို မုဒြာဟုခေါ်ပါသည်။ မြတ်စွာဘုရားရှင်ရဲ့ မုဒြာများ အများအပြား ရှိပေမယ့်လည်း ယခု ဆောင်းပါးတွင် အသုံးများသော မုဒြာများကိုသာ ဖော်ပြသွားမှာ ဖြစ်ပါတယ်- ၁။ ပဒုမာသန မုဒြာ ပဒုမာသန မုဒြာဆိုသည်ကား ပဒုမ္မာကြာပန်းကဲ့သို့ ထိုင်နေတော်မူသည့်ပုံစံဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ပုံတော်တွင် ညာဘက်ခြေဖဝါးကို ဘယ်ဘက်ပေါင်ပေါ်၌တင်လျက်၊ ဘယ်ဘက်ခြေဖဝါးကို ညာဘက်ပေါင်ပေါ်၌တင်ထားပြီး တင်ပလ္လင်ခွေ အနေအထားပုံသဏ္ဍာန်သည် ပဒုမာသန မုဒြာ၊ လက်နှစ်ဖက်ကိုတော့ လက်ချင်းထပ်ထားပြီးတော့ […]
ကြောက်စရာကောင်းတဲ့ ဝဋ်ကြွေး ၁၉ ချက်အကြောင်း သိကောင်းစရာများ
၁. ဒီဘဝမှာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ ဘုန်းတော်ကြီးများကို သင်္ကန်းကပ်လှုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ၂. ဘာလို့ ဒီဘဝမှာ အစားအသောက်ကောင်းများဖြင့် နေရပါသလဲဆိုတော့ အရင်ဘဝက မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်းခြင်းကြောင့် ဖြစ်သည်။ ၃. ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက သင်ဟာ ကပ်စေးနှဲ ကော်တရာဖြစ်ပြီး အလှုမလုပ်ခြင်းကြောင့် ဖြစ်သည်။ ၄. ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာ အရင်ဘဝက ဘုန်းကြီးကျေ ာင်းတွေမှာ ဆန်အလှုပေးခြင်းကြောင့် ဖြစ်သည်။ ၅. ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နေရသလဲဆိုတော့ အရင်ဘဝက ဘုန်းကြီးကျောင်းဆောက်ဖို့ ငွေလှုဒါန်းခြင်းကြောင့် ဖြစ်သည်။ ၆. ဘာလို့ ဒီဘဝမှာ သင်ဟာ […]
“ဒီဇင်ဘာည” သီချင်းကို သူ့ရဲ့ခွင့်ပြုချက်မရဘဲ MRTV မှာ ထုတ်လွှင့်တဲ့ခဲ့တာကြောင့် တက္ကသိုလ်လဲ့လဲ့အားသက်သေနဲ့တကွ ဒဲ့ရှင်းလိုက်တဲ့ လင်းနစ်
ပရိတ်သတ်ကြီးရေ အဆိုတော်လင်းနစ်ကိုတော့ ဒီဇင်ဘာည သီချင်းနဲ့ ပရိသတ်ကြီးက ကောင်းကောင်းသိကြမယ်ထင်ပါတယ်နော်။ ဒီကနေ့မှာတော့ အဆိုတော်လင်းနစ်က တက္ကသိုလ်လဲ့လဲ့တို့ရဲ့ ဒီဇင်ဘာည သီချင်းနဲ့ပတ်သက်ပြီး မူပိုင်ခွင့်တောင်းရာကနေ တင်းမာမှုအခြေအနေတွေဖြစ်ပွားခဲ့တာပဲဖြစ်ပါ တယ်။ “ဒီဇင်ဘာည” သီချင်းကို MRTV တွင် သီချင်းပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ သီဆိုထုတ်လွှင့်ခဲ့သည့် အပေါ် ခွင့်မပြုကြောင်း အဆိုပါသီချင်းပိုင်ရှင် အဆိုတော်လင်းနစ်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားတာပဲဖြစ်ပါတယ်။ယင်းသီချင်းကို သီဆိုထုတ်လွှင့်မည့်အကြောင်းကို အဆိုတော် တက္ကသိုလ်လဲ့လဲ့က ၎င်းထံ မက်ဆင်ဂျာမှတစ်ဆင့် ခွင့်တောင်းခဲ့သော်လည်း ၎င်းဘက်က ခွင့်မပြုခဲ့ကြောင်း ၎င်းတို့နှစ်ဦးပြောထားသည့် Screen Shot များနှင့်အတူ အသိပေးထားခြင်းဖြစ် သည်။ ဒီဇင်ဘာည သီချင်းကို ဖေဖော်ဝါရီ ၁၈ရက်က MRTV ၏ ဖျော်ဖြေမှုအစီအစဉ်တစ်ခုတွင် ရေဂျီးနားဆိုသည့် အမျိုးသမီးက သီချင်းပိုင်ရှင် ၏ ခွင့်ပြုချက်မရှိဘဲ သီဆိုခဲ့တာပဲဖြစ်ပါတယ်နော်..။ Credit […]
မုန့်လာဝယ်တဲ့ ကလေး လက်ထဲက ၅၀ တန်အစုတ်ကလေးနှင့် စိတ်ထဲ စွဲထင်သွားတဲ့ အရာ
မုန့်လာဝယ်တဲ့ ကလေး လက်ထဲက (၅၀) တန်အစုတ်ကလေးနှင့် စိတ်ထဲ စွဲထင်သွားတဲ့ အရာ ကလေးတစ်ယောက် ဆိုင်ထဲဝင်လာပြီး မုန့်လာဝယ်ပါတယ်.. ကလေးမျက်နှာက မဝံ့မရဲလေးမို့ လက်ထဲကိုင်ထားတဲ့ပိုက်ဆံကို ဦး ခဏကြည့်မယ်နော်လို့ ပြောလိုက်တော့ ဖွဖွလေးကိုင်ထားတဲ့ ပိုက်ဆံကို ပေးပါတယ်.. ပိုက်ဆံက ကျွန်တော်ထင်ထားသလို စုတ်ပြဲနေပါတယ်.. ကလေးတွေဟာ စုတ်ပြတ်နေတဲ့ ပိုက်ဆံကို ဖြန့်ပြီး မပေးကြဘူး.. အသာအယာလေးကိုင်လာပြီး ပေးတတ်ကြတယ်.. ဆိုင်ရှင် အတော်များများကလည်း စျေးဝယ်ရှုပ်တဲ့အချိန်ဆို ပိုက်ဆံကို ဖြန့်မကြည့်တတ်ကြဘူးလေ.. “ဘာလို့ပိုက်ဆံကို ဖြန့်ပြီးမပေးတာလဲသမီး” “ဟို ဟို ကျောင်းမှာ ဝယ်လို့မရလို့ ဒီမှာလဲ ဝယ်မရမှာစိုးလို့ပါ” “ရတာပေါ့သမီရယ် စုတ်စုတ် ပြတ်ပြတ် ပိုက်ဆံပါပဲသမီးရယ် တရားဝင်သုံးလို့ရတယ်နော်.. နောက်တစ်ခါ ပိုက်ဆံအစုတ် ရှိရင် ဦးဆီမှာလာဝယ်.. ကဲ ဘယ်မုန့် ယူမှာလဲ […]
ညဘက်ဘုရားရှိခိုးနေတုန်း အိမ်မြောင် စုပ်ထိုးပြီဆိုရင်တော့…
ညဘက်ဘုရားရှိခိုးနေတုန်း အိမ်မြောင် စုပ်ထိုးပြီဆိုရင်တော့…“မိမိ ဘုရားရှိခိုးတဲ့ အချိန်မှာ အိမ်မြောင်စုပ်ထိုးရင်”အိမ်မြောင်ဆိုတာ အိမ်တော်တော်များများမှာရှိတက်ပါတယ် အိမ်မြောင်ဟာ အလကားနေရင်း အားတိုင်း စုပ်မထိုးပါဘူး။ အိမ်မှာ အကြောင်းတစ်ခုခုရှိရင်လဲ စုပ်ထိုးတက်ပါတယ်။မိမိ ဘုရားရှိခိုးနေတဲ့အချိန် အမျှဝေတဲ့အချိန် ဆွမ်းကပ်တဲ့ အချိန်တွေမှာ အိမ်မြောင်စုပ်ထိုးရင် ကောင်းပါတယ်။တစ်ခါတစ်လေ သူဘာသူ စုပ်ထိုးတက်တာလဲရှိပါတယ်။ ကိုယ်စောင့်နတ် အိမ်စောင့်နတ် နတ်ကေင်းနတ်မြတ်များဟာ မိမိ ဘုရားရှိခိုးတာ ဆွမ်းကပ်တာ အမျှဝေတာကို လိုလားနှစ်သက်ကြပါတယ်။မိမိက အမျှဝေတာ မေတ္တာပို့တာတွေကြောင့် နတ်ကောင်း နတ်မြတ်တွေဟာ ကိုယ်ရောင်ကိုယ်ဝါတောက်ပလာခြင်း ဘုန်းတန်ခိုးကြီးမာလာခြင်း ကုသိုလ်ထက်တူရခြင်း ဖြစ်ပေါ်လာတက်ပါတယ်။ဒါကြောင့် မိမိ ဘုရားရှိခိုးတဲ့အချိန်မှာ အိမ်မြောင် စုပ်ထိုးခြင်းသည် နတ်များက မိမိအား နှစ်သက်ခြင်းကြောင် သာဓု ခေါ်ခြင်းဖြစ်ပါတယ် မိမိ စိတ်အေးချမ်းလာစေပါတယ်။ ညဘက် မိမိဟာ ဘုရားရှိခိုးဖို့ မေ့နေတက်ရင်လဲ အိမ်မြောင်က ကောင်းမှု […]
ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့…
ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ ! တစ်ခါက ရွာတစ်ရွာမှာ လူ၂ယောက် တစ်နေကုန်စကားများငြင်းခုန်နေကြတယ်။ တစ်ယောက်က ၈x၃=၂၁ လို့ပြောတယ်။ နောက်တစ်ယောက်က “မဟုတ်ဘူး မှားနေတယ်။ ၈x၃=၂၄ မှ အမှန်” ဆိုပြီး စကားများကြတာ ရွာသူကြီးအိမ်ရောက်လာကြတယ်။ သူကြီးက ဖြစ်စဉ်ကိုနားထောင်ပြီး ၂၄ လို့ပြောတဲ့သူကို ကြိမ်ဒဏ်ပေးခိုင်းလိုက်တယ်။ ရိုက်ခံရတဲ့သူကမကျေမနပ်နဲ့ သူကြီးကို ပြန်ပြောတယ်။ သူမမှားဘဲနဲ့ ဘာလို့ ကြိမ်ဒဏ်ပေးခံရသလဲပေါ့။ သူကြီးကပြောတယ် ၈x၃ =၂၁ လို့ပြောတဲ့သူနဲ့ တစ်နေ ကုန် ငြင်းခုန်ပြီးစကားများနိုင်ရအောင် မင်းလောက်အသိဉာဏ်မရှိတဲ့သူကို အပြစ်မပေးရင် ဘယ်သူ့ကို အပြစ်ပေးရမလဲဆိုပြီးပြောပါတယ်။ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေနဲ့ အမြဲတွေ့ရတတ်ပါတယ်။ လျှာအရိုးမရှိတိုင်းပေါက်တတ်ကရတွေပြောပြီး သူထင်တာပဲအမြဲမှန်တယ်လို့ထင်နေတတ်တဲ့သူနဲ့ ပြိုင်ငြင်းရင် ပါးစပ် ( ၁၀) ပေါက်လောက်ပါလဲ ပြိုင်ငြင်းနိုင်မှာမဟုတ်ပါဘူး။ နောက်ဆုံး ဒုက္ခရောက်ပြီး […]
အိပ်ရင် ဖက်စရာတစ်ခုခုရှိမှ အိပ်တတ်တဲ့သူတွေရဲ့ နောက်ကွယ်က အကြောင်းရင်း
ညဘက်မှာ တစ်ခုခု ဖက်စရာမှ ဘေးမှာ မရှိရင် အိပ်လို့ မရဘူးဆိုတဲ့ သူတွေကို တွေ့ဖူးမယ်ထင်ပါတယ်။ဒါမှမဟုတ် သင်ကိုယ်တိုင်က လည်း ဖက်စရာတစ်ခုခုကို အိပ်ခါနီးတိုင်း လိုအပ်နေတတ်သူလား။ အိပ်ရာမှ ဖက်စရာ တစ်ခုခုရှိမှ အိပ်ပျော်တယ်ဆိုတဲ့ နောက်ကွယ်မှာ ဒီအကြောင်းပြချက်တွေ ရှိနေပါတယ်။ ကိုယ်နှင့် တိုက်ဆိုင်လားဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော် ၁။အထီးကျန်ခြင်းမုန်းတီးသူ ညဘက်မှာတစ်စုံတစ်ခုကို ဖက်အိပ်ရခြင်းကို သဘောကျတဲ့ တစ်စုံတစ်ယောက် ကတော့ သူ့ရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။ ဖက်ခေါင်းအုံးပဲဖြစ်ဖြစ် အရုပ်ပဲဖြစ်ဖြစ် ဖက်ရတဲ့ အခါမှာ ရတဲ့ ခံစားချက်က ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို ဖက်ရတဲ့ အခါမှာ ခံစားရသလို နွေးထွေးမှုနှင့် အထီးကျန်မှုတွေကို ပြေပျောက်စေတယ်လို့ဆိုပါတယ်။ တစ်နေကုန် ပင်ပန်းပြီးတဲ့ နောက်တစ်ယောက်တည်း အိပ်ရတဲ့ အခါမှာ အထီးကျန်ခြင်းကို ခံစားနေမယ့်အစား တစ်စုံတစ်ခုကို […]









