ဗဟုသုတ

“သရက်ပင်ကို ဓါးနဲ့ ထစ်ခိုင်းရခြင်း အကြောင်းအရင်းနဲ့ အချိန်အခါမဟုတ် အသီးအပွင့် ထွက်အောင် ပြုလုပ်နည်း”

သရက်အပွင့်မြန်ဖို့.. သရက်အပွင့်ထွက်ဖို့ကို ရှေးလူကြီးတွေက ဓါးထစ်ခိုင်းကြပါတယ်။ ဓါးထစ်လို့အပင်က ကြောက်လန့်ပြီး အပွင့်ထွက်တာတော့ မဟုတ်ပါ။ အပင်တွေရဲ့ သဘောသဘာ၀က အရွက်ကနေ အစာချက်လုပ်ပြီး အမြစ်ကို ပြန်ပို့ပေးပါတယ်။ ပုံမှန်ဆိုရင် အပင်တွေက ရှင်သန်ရေး အပင်သန်မာရေးကို ဦးစားပေးလေ့ရှိတယ်။ အသီးအပွင့်အတွက် ဦးစားပေးလေ့မရှိဘူး။ အပင်အများစုက အေးတဲ့ဆောင်းရာသီမှာ အပွင့်ထွက်တာများပါတယ်။ အကြောင်းအရင်းတခုက အရွက်တွေနှင်းရည်စိုနေချိန် လေထုက ပါလာတဲ့ မြေသြဇာကိုအရွက်တွေမှာကပ်ပြီး အရွက်တွေကမြေသြဇာတိုက်ရိုက်ရသွားတယ်။ နေထွက်ချိန်မှ မနက် ၁၁ နာရီလောက်အထိမှာ အရွက်တွေက အစာချက်လုပ်ပါတယ်။ ဒါပေမယ့် ဆောင်းတွင်း အအေးဓါတ်ကြောင့် ပင်စည်နဲ့အခေါက်ဆဲလ်တွေက ကျုံ့သွားပြီး အရွက်တွေက ချက်လုပ်တဲ့ အစာအဟာရတွေ အမြစ်ကို ပြန်ပို့ရတာခက်ခဲသွားတယ်။ အရွက်တွေက ချက်လုပ်တဲ့ မြေသြဇာ အဟာရတွေကို အောက်ပိုင်းကို ပြန်ပို့ခက်ခဲသွားတဲ့အတွက် အရွက်အခက်တွေက အဟာရအပြည့်အ၀ရသွားပြီး အပွင့်ထွက်လေ့ရှိပါတယ်။ […]

ၾကားသိရသမွ်

“ဆီစျေးကြီးလို့ လျှပ်စစ်ကား စိတ်ဝင်စားပါတယ်ဆိုမှ. . . အားသွင်းဖို့ မီးစက်ပါတယ်ဆိုတဲ့ မြန်မာ့ လျှပ်စစ်ကားအကြောင်း ဖတ်ကြည့်ပါဦး”

မြန်မာ့ ပထမဆုံး မီးစက်ပါ လျှပ်စစ်ကားက ဂျင်းကားလား.. အခုတလောလူပြောများနေတဲ့ ‌ရွှေပြည်သာ သာဓုကန် တယ်စလာလေးအကြောင်းကို ကျနော်သိသလောက်လေး ပြောပြပေးမယ်။ ဆရာကြီးတော့ မဟုတ်ပါဘူး တစ်ချိန်က ကျနော်သဘောကျခဲ့ဖူးလို့ လေ့လာဖူးတာလေးပါ။ ခိုင်ခိုင်းဆန်းဒါးဟာ ၂၀၁၈ လောက်ကတည်းက သတင်းစာတွေတော်တော်များများထဲမှာတောင် ခေါင်းကြီးပိုင်းမှာ ဘတ်ထရီကားဆိုပြီး နာမည်ကြီးခဲ့ဖူးပါတယ်.. ကျနော်လည်းအဲ့လောက်တည်းက စိတ်၀င်စားခဲ့တာပေါ့။ ၂၀၁၉-၂၀၂၀ လောက်မှာ သာဓုကန်စက်ရုံမှာ စတင်ပြီး ရောင်းချခဲ့တယ်။ အစီးရေ ၅၀၀ ပဲထုတ်မှာဘာညာနဲ့ လျှောက်ကြော်ငြာခဲ့ပေမယ့် ကျနော်သိရတာ ၅ စီးတောင် ပြည့်မယ်မထင်ဘူး။ တကယ်၀ယ်စီးတဲ့ သူတစ်ယောက်ရဲ့ feedback ကိုတောင် ကျနော်လေ့လာခဲ့သေးတယ်ဗျ။ စစချင်းတော့ KSD က မိုက်တယ်ဆိုပြီး လျှောက်တင်ထားတာတွေ့တယ်။ သိပ်မကြာဘူး သူ charging cable တိုင်ပတ်တယ်ဆိုပြီး စက်ရုံကိုသွားပြတယ် တင်ထားတယ်။ […]

ၾကားသိရသမွ်

“ကျောက်ကပ်တွေ ထုတ်ရောင်းရင်း ကျောက်ကပ်ရွာလို့ နာမည်ကြီးလာတဲ့ရွာလေး နှင့် မြန်မာပြည်မှာ ဟော့နေတဲ့ အသဲတခြမ်း သတင်း”

စီးပွား​ရေးမကောင်းတဲ့အခြေအနေ​တွေကြောင့်အသက်ရှင်သန်ဖို့ ကျောက်ကပ်တွေ ထုတ်ရောင်းရင်း ကျောက်ကပ်ရွာလို့ နာမည်ကြီးလာတဲ့ရွာလေး၊ အာဖဂန်နစ္စတန်နိုင်ငံ ​ဟေရတ်မြို့နားက အင်ဂျီရွာတဲ့၊ ပုံလေးတွေ ကြည့်ကြည့်ပါ၊ အိန္ဒိယကနေ ကျောက်ကပ်ရောင်းပြီး ပြန်လာတယ်ဆိုတဲ့ ဟိုတနေ့က ဟော့ဖြစ်ခဲ့တဲ့သတင်းနဲ့ဆက်စပ်မိအောင် တင်ပေးလိုက်ပါတယ်၊ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရအောင်ပါ။ မြန်မာတွေမှာ လဲ ဒီလိုအဖြစ်တွေ ရှိနေပါပြီ သူကြုံတွေရတဲ့ အဖြစ်အပျက်ကို mareyar ဆိုတဲ့ FB အကောင့်ပိုင်ရှင်က ခုလို ရေးသားထားပါတယ် “တကယ် အဆင်မပြေလာရင် အဲ့လိုတွေလုပ်ကြမဲ့ သူတွေများလာမှာ၊ဘုရား ဘုရား။ ကြောက်စရာကောင်းလိုက်တာ။ မနေ့က အိန္ဒိယက အပြန်လေယာဉ်တစီးထဲစီးပြန်လာတဲ့ ကောင်လေး ( ၃ ) ယောက် အသက် ( ၂၀ ) လှိုင် ကိုဗစ် စင်တာမှာ Quarantine ဝင်တော့လဲ ၄ […]

ၾကားသိရသမွ်

စွန့်ပစ်ထားသည့် Coca Colaဗူးခွံတွေနှင့်အတူ လှပသည့်အိတ်လေးများအဖြစ် ဖန်တီးပြီး ရောင်းချခဲ့သော အမျိုးသား

စွန့်ပစ်ထားသည့် Coca Colaဗူးခွံတွေနှင့်အတူ လှပသည့်အိတ်လေးများအဖြစ် ဖန်တီးပြီး ရောင်းချခဲ့သော အမျိုးသား ထိုင်းနိုင်ငံ Samphengမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် လမ်းဘေးတွင် စွန့်ပစ်ထားသည့် Coca Colaဖျော်ရည်ဗူးခွံတွေကို အသုံးပြုပြီး လှပသည့်အိတ်လေးများအဖြစ် တီထွင်ဖန်တီးခဲ့သည်။ အမျိုးသားသည် စားဝတ်နေရေးအတွက် အမှိုက်ကောက်ရင်း အသက်မွေးဝမ်းကျောင်း ပြုခဲ့ရာကနေ Coca Colaဗူးခွံတွေကနေ ထူးခြားသည့်ဒီဇိုင်းနှင့် အတူ ဈေးနှုန်းချိုသာသော အိတ်လေးအဖြစ်ပြောင်းလဲစေခဲ့ပြီး ရောင်းချခဲ့သည်။ အိတ်လေးသည် ကြိုးအရှည်အတို နှစ်မျိုးသုံးလို့ရပြီး ဈေးနှုန်းမှာလည်း ထိုင်းဘတ်ငွေ ၆၀ကနေ ၁၀၀အထိဖြစ်ပြီး မိန်းကလေးလူငယ်တော်တော်များများကို အကြိုက်တွေ့စေပြီး ချုပ်လုပ်ယူ၍ပင် မနိုင်အောင် ဝယ်ယူသူများပြီး ရောင်းကောင်းခဲ့သည်။ အမျိုးသားရဲ့တီထွင်ဖန်တီးမှုကြောင့် အခြားသူများတွေလည်း လိုက်လုပ်ကာ မြို့ထဲတွင် အရင်လိုမျိုး ဗူးခွံတွေကို အရမ်းမစွန့်ပစ်တော့ပဲ ရှားပါးလာသည်ဟု သိရသည်။ Rain (For Ialinks)

က်မၼာေရး ဗဟုသုတ

ONLINE မှာ ဈေးကြီးပေးဝယ်နေကြတဲ့ အဆီကျ ရှားစောင်းလက်ပတ်ယို လုပ်နည်း

သူများတွေက Online Shop မှာ ဈေးကြီးပေးရတဲ့ ရှားစောင်းလက်ပတ်ယို လုပ်နည်းကို အခမဲ့ မျှဝေပေးပါမယ်။ အစ်မတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေး တင်ထားတာတွေ့လို့ညီမလည်း ပြန်ရှယ်ပါရစေ နော်။ ဝတဲ့သူတွေဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် အရမ်းအဆင်ပြေတယ်။ အိမ်ရှင်မ တော်တော်များများရဲ့ ဒုက္ခက ဗိုက်ပူတာပါပဲ။ ညီမလေ အဲ့ယိုလုပ်နည်းကို မေမေကတဆင့် သိတာပါ။ စားကြည့်တော့ တကယ် ဗိုက်ကျတယ်ရှင့်။ ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးက စူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေး တွေကိုလှီးပါ(အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့ စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့)ထန်းလျက်(အညို) ငါးကျပ်သားလောက်ကိုဆီ ၅ ကျပ်သားလောက်ထဲကို ထည့်ပီး အရည်ပျော်အောင်မွှေပါ။ ထန်းလျက် အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ။ ရှားစောင်း လတ်ပတ်က အရည်ထွက်တဲ့အတွက် ခနခန မွှေပေးပါ။ ရှားစောင်းလက်ပတ် အရည်ခမ်းသွားပီး နည်းနည်းခပ်ပျစ်ပျစ် ဖြစ်လာရင် […]

အသိပညာ

လောဘကြီးတဲ့ လူတွေအတွက် သူတောင်းစားတစ်ယောက်ပေးတဲ့ သင်ခန်းစာ

တစ်နေ့က ဈေးထဲ မှာ သူတောင်းစားတစ်ယောက်တေ ာင်းစားနေတာ တွေ့မိတယ်။ သူ တောင်းနေပုံက ထူးခြားနေတယ်။“အစ်ကိုကြီး အစ် မကြီးတို့ရယ် သနားကြပါနော်.. ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာ လေးပါ ပေးခဲ့ပါ” သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံ လာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ်တစ်အုပ်နဲ့ မှတ်နေတယ်။ ဒါပေမယ့် လူ တော်တော်များများက အိမ်အထိများ လာတောင်းမလား ဆိုတဲ့ အတွေးနဲ့ သူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး။ သူက ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံ ထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကို အပင်ပန်းခံပြီး သူတို့ ထည့်ခဲ့တဲ့ ငွေတန်ဖိုး ရဲ့အဆ ၁၀၀၀ ကို […]

ၾကားသိရသမွ်

ဘူတာနားလမ်းဘေးမှာတစ်ယောက်တည်းအိပ်နေ တဲ့အမေကြီးကို အကူအညီပေးဖို့နိုးပြီးမေးမြန်းကြည့်သောအခါ…

အမရပူရပိန်းတန်းဘူတာနားမှာတစ်ယောက်တည်းအိပ်နေ တဲ့အမေကြီးကို အကူအညီပေးဖို့နိုးပြီးမေးမြန်းကြည့်သောအခါ… ဘိုးဘွားရိပ်သာသွားမလားဆိုတော့ မသွားချင်ဘူးတဲ့ အမေက ကောလင်းကပါရထားလွဲပြီးပါလာတာပါတဲ့ အမရပူရရောက်နေတာလည်းသိတယ်တဲ့ သားနှစ်ယောက်ရှိတယ်တဲ့ မန္တလေးမှာလို့ပြောတာပဲ ဘယ်မှာနေတာလဲမသိဘူးတဲ့ လိုက်ပို့ပေးမယ်ဆိုလဲ မသွားချင်ဘူးတဲ့ ယောကျ်ားလည်းသေပါပြီတဲ့ ..အားလုံးလဲ သေကုန်ပြီတဲ့… ဇာတိက ရွှေဘိုနားက ထူးကြီးရွာက လို့ပြောပါတယ် အားလုံးသိရင်လဲ ဝိုင်းဝန်းကူညီပေးကြပါအုံးဗျာ.. ကိုယ့်အသက်ကိုယ်တောင် မသိတော့ဘူးတဲ့ စိတ်မကောင်းလိုက်တာ အဘွားရယ်… ကြည့်ရှု့သူများလဲ ဝေဖန်အကြံပြုပေးကြပါအုံးနော်…. #Ko Shwethura zawgyi အမရပူရပိန်းတန်းဘူတာနားမှာတစ်ယောက်တည်းအိပ်နေ တဲ့အမေကြီးကို အကူအညီပေးဖို့နိုးပြီးမေးမြန်းကြည့်သောအခါ… ဘိုးဘွားရိပ်သာသွားမလားဆိုတော့ မသွားချင်ဘူးတဲ့ အမေက ကောလင်းကပါရထားလွဲပြီးပါလာတာပါတဲ့ အမရပူရရောက်နေတာလည်းသိတယ်တဲ့ သားနှစ်ယောက်ရှိတယ်တဲ့ မန္တလေးမှာလို့ပြောတာပဲ ဘယ်မှာနေတာလဲမသိဘူးတဲ့ လိုက်ပို့ပေးမယ်ဆိုလဲ မသွားချင်ဘူးတဲ့ ယောက်ျားလည်းသေပါပြီတဲ့ ..အားလုံးလဲ သေကုန်ပြီတဲ့… ဇာတိက ရွှေဘိုနားက ထူးကြီးရွာက လို့ပြောပါတယ် အားလုံးသိရင်လဲ ၀ိုင်းဝန်းကူညီပေးကြပါအုံးဗျာ.. ကိုယ့်အသက်ကိုယ်တောင် မသိတော့ဘူးတဲ့ […]

ကြားသိရသမျှ

သနားလို့ဆိုပြီး လမ်းမကြီးဘေးက နွားကို ခွေးနဲ့မှားပြီး အိမ်ခေါ်ပြန်မိတဲ့ အရက်မူးသမားရဲ့အဖြစ်

အခုတလောမှာတော့ လူအများစုဟာ နေအိမ်မှာသာနေထိုင်ပြီး သောက်လိုက် ၊ စားလိုက် ၊ အလုပ်လေးလုပ်လိုက်နဲ့ အချိန်ကုန်ဆုံးနေကြပြီး အပြင်ထွက်လည်ခြင်းမျိုးမရှိတော့လောက်အောင် နည်းလာခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အမျိုးသားတစ်ယောက်ဟာ May 20 ရက်နေ့က Facebook စာမျက်နှာမှာ တင်လိုက်တဲ့ ဓာတ်ပုံကြောင့်အတော်လေးကို ပွဲဆူသွားစေခဲ့ပြီး အဆိုပါpost ကိုပြန်လည်ဝေမျှသူပေါင်း 32,000 ခန့်အထိ ရှိခဲ့ပါတယ် ။ အဆိုပါအမျိုးသားကတော့ သူဟာတော်တော်လေးကို သောက်စားနိုင်တဲ့သူဖြစ်ပြီး ၊ ဘယ်လောက်ပဲ မူးနေပါစေအိမ်အထိကားမောင်းပြန်နိုင်ကြောင်း ပြောဆိုထားပါတယ် ။ ထို့အပြင် ” ကျွန်တော်အိမ်ပြန်တော့ လမ်းမကြီးဘေးမှာ ခွေးလေးတစ်ကောင်တွေ့တယ် ၊ ခွေးလေးကို တအားသနားမိတော့ ကားပေါ်ခေါ်တင်ခဲ့ပါတယ်။ ဒါက ဘယ်သူ့ရဲ့ခွေးလဲဗျ ၊ ကျွန်တော့်အိမ်မှာ ခွေးလေးကိုပြန်လာခေါ်ဖို့ ကျွန်တော့်ကို ဆက်သွယ်လိုက်ပါဗျာ ” ဆိုပြီးတော့လည်း […]