သားသမီးလိုချင်သူများနှင့် အချစ်ရေးကိစ္စ၌ ဘယ်သူခွဲခွဲ မကွဲဘဲ လက်တွဲမြဲချင်သူများ ဤဘုရားတွင် ပူဇော်ပသ ဆုတောင်းပါ သားသမီး လိုချင်လျှင်နှင့် ဘယ်သူခွဲခွဲ မကွဲလိုလျှင် လူသိနည်းသည့် ရွှေတိဂုံဘုရားပေါ်က ‘ရှင်မကွဲဘုရား’။ အဆင်ပြေစေဖို့ ဘယ်သူခွဲခွဲ တသက်လုံး လက်တွဲနိုင်စေဖို့ ရွှေတိဂုံစေတီတော်ကြီး အင်္ဂါနဲ့ ဗုဒ္ဓဟူးဒေါင့််ကြားမှာ ဗြမ္မာသားပိုက်ပုံနဲ့စေတီတစ်ဆူ ရှိပါတယ်။ ကလေးလိုချင်လျှင် ဆုတောင်းလို့ရတယ်ဆိုပြီး ရှေးယခင်ကနေ ယခုအထိ ဆုတောင်းကြတယ်၊ ကလေးမရတဲ့သူတွွေ ကလေးရဖို့ ခက်ခဲ့တဲ့သူတွေ ကလေးရကြတယ်။ အဲဒီဘုရားလေးရဲ့အရှေ့မှာ ရှှင်မကွဲဘုရားဆိုတာရှိတယ်။ ချန်ပီယံ တင်ညွန့်ကပြုပြင်တယ်။ လူတွေစည်လာတော့ ဘုရားဘွဲ့ကို ဖျက်လိုက်တယ် အဲဒီဘုရားမှာ အိမ်ထောင်ရှင်တွေ ချစ်သူရည်းစားတွွေ ဆုတောင်းကြ ပူဇော်သမှုပြုကြပါက လောကကြီးမှာ ဘယ်သူခွဲခွဲ တို့မကွဲကြပဲ အမြဲပေါင်းဖက်နိုင်မှုကို ရစေပါတယ်လို့မှတ်သားဖူးပါတယ်။ အိမ်ထောင်ရေး အချစ်ရေး အဆင်ပြေစေဖို့အတွက် ကောင်းသောစေတနာအဟုန်တို့ဖြင့် ဖော်ပြပေးလိုက်ရပါတယ်။ […]
Month: March 2022
“သူ့အိမ်လေးဖျက်သွားတာကို သားသားကတော့လက်ခံသွားပါပြီ ကြွေပြားလေးမလာပြီး မေမေဒါလေးသယ်ဦးမလားတဲ့…😢”
27.2.2022 မနက် သံယောဇဥ်မပျက်တော့ရောက်ခဲ့ရပြီ အကိုတွေ အမတွေအိမ်တွေပါ မကျန်တော့ ဘယ်မှမှီခိုစရာမရှိပေါ့…အကိုနဲ့အမ မိသားစု ၂ စုကတော့ကလေး ၅ ယောက်နဲ့ မနေ့ညက လမ်းဘေးမှာပဲအိပ်ခဲ့ရတယ်လ မ်းမကြီးအဝင်ဘက်ကဦးလေးအိမ်ကတော့ဘာမှကိုကေ ာင်းကောင်းသယ်ချိန်မရခဲ့ဘူး ပစ္စည်းသယ်ဖို့ ၁ နာရီပဲအချိန်ရခဲ့တယ်လေ… 28.2.2022 မမြင်ချင်တော့တဲ့ မြင်ကွင်းစီသို့သူ့အိမ်လေးဖျက်သွားတာကို သားသားကတော့လက်ခံသွားပါပြီ ကြွေပြားလေးမလာပြီး မေမေဒါလေးသယ်ဦးမလားတဲ့ ကျွန်တော်ငိုရပြန်ပြီလေ သားသားကိုတော့နှစ်သိမ့်ထားတယ် သားအိမ်လေးကသိပ်မကောင်းလို့ဖျက်လိုက်တာ မေမေအိမ်သစ်လေးဝယ်ပေးမယ်ပြောထားတော့အိမ်ငှ ားလိုက်ရှာတဲ့တစ်ချိန်လုံးမေမေအိမ်သစ်ဝယ်ပေးတော့မှာလားပဲမေးနေတော့ အကျိုးအကြောင်းသိတဲ့တစ်ချို့အိမ်ရှင်တွေဆိုလေးကြည့်ပြီးမျက်ရည်တောင်ဝဲယ်ကျွန်တော့်မျက်ဝန်းတွေကတော့ သိပ်အသားမကျသေးဘူးထင်ရဲ့ မိသားစုအိပ်ခန်းလေးထဲက အိပ်ယာလေးကိုမြင်ရနိုးနဲ့ ရှာနေမိရဲ့ နေ့စဥ်ရုံးတတ်လှုပ်ရှားသွားလာနိုင်ဖို့ချက်ပြု တ်ခဲ့တဲ့မီးဖိုးဆောင်လေးကြည့်လိုက်ရုံးမသွားခင်ဆွဲပိတ်ခဲ့ရတဲ့တံခါးလေးကိုရှာလိုက်နဲ့ လက်ရှိတော့ကျွန်တော့်စိတ်တွေအဆင်ပြေအောင်အဆင်သင့်ဖြစ်အောင်ကြိုးစ ားနေပါတယ် တစ်ရပ်ကွက်လုံးနဲ့ ကျွန်တော်တို့မိသားစုလေးကိုစိတ်ပူပေး သတင်းမေး တတ်နိုင်တာလေးကူညီပေးနေတဲ့သူအားလုံး ကျေးဇူးတင်ပါတယ် ကျွန်တော့်မျက်ဝန်းကတစ်ဆင့်အိုးအိမ်မဲ့ဖြစ်သွားတဲ့မိ သားစုတိုင်းရဲခံစားချက်တွေခဗျားတို့မြင်ပါစေဗျာမန္တ လေး ပြည်ကြီးတံခွန်မြို့နယ်ရဲဘော်ကွက်သစ်ရှိနေအိမ်များကို စကစ က ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်က မိသားစုလေးရဲ့ ခံစားချက်တွေပါ Yi Yi […]
လွတ်မြောက်လာတဲ့ အနုပညာညီအကိုမောင်နှမတွေအတွက် လွတ်မြောက်နယ်မြေကနေ ဝမ်းသာစကားပြောလာခဲ့တဲ့ မင်းမော်ကွန်း
အနုပညာရှင်တွေ အများစုကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့အတူ အပြည့်အဝရပ်တည်ခဲ့ကြပါတယ် ။ သူတို့ရဲ့ အောင်မြင်တွေ ကျော်ကြားမှုတွေကို မေ့ကာ ပြည်သူတွေနဲ့ တစ်သားတည်း လမ်းမပေါ်အထိထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ ။ ဒါ့အပြင် သူတို့ရဲ့အကောင့်တွေကနေလည်း အစွမ်းကုန်နေ့ရောညပါspeak out တွေလည်း လုပ်ခဲ့ကြပါတယ် ။ ဒါ့ကြာင့်လည်း ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခံရသူတွေ ရှိသလို တစ်ချို့ နာမည်ကြီး အနုပညာရှင်တွေဆို ကံမကောင်းစွာနဲ့ပဲ ဖမ်းဆီး ခံခဲ့ကြပါတယ် ။ ဒီနေ့မှာတော့ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းတို့ကို လွတ်ငြိမ်းနဲ့ ပြန်လည် လွတ်လာပြီလို့ သက်ဆိုင်ရာ သတင်းဌာနကနေ ပြောကြားထားတာ တွေ့ရပါတယ် ။ သတင်းလေးကြားပြီး အရမ်းကို ပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီး အတွက် […]
ဒီကနေ့ မတ်လ(၂)ရက်နေ့မှာ မြန်မာတေးသံရှင် အဆိုတော် ပိုင်သက်ကျော် ဖမ်းဆီးခံရ
ဒီကနေ့ မတ်လ(၂)ရက်နေ့မှာ မြန်မာတေးသံရှင် အဆိုတော် ပိုင်သက်ကျော် ဖမ်းဆီးခံရ ပရိသတ်ကြီးကို အခုပြောပြပေးသွားမှာကတော့ မြန်မာတေးသံရှင် အဆိုတော်ပိုင်သက်ကျော် ဖမ်းဆီးခံရတဲ့အကြောင်းပဲဖြစ်ပါတယ်။ တေးသံရှင် ပိုင်သက်ကျော်ကတော့အေးချမ်းချိုမြတဲ့အသံလေးကို ပိုင်ဆိုင်ထားပြီး သီချင်းကောင်းလေး တွေကို သီဆိုလေ့ ရှိသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြန်မာသံတေးသီချင်းများဖြင့် ပရိတ်သတ် တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူ နိုင်ငံကျော် အဆိုတော် ပိုင်သက်ကျော် ဆိုတာ လူ ကြီး၊ လူငယ်မရွေးချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိ ပိုင်ဆိုင် ထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ သီချင်းတစ်ပုဒ် ဆိုရင်ဆိုသလောက်ပရိသတ်တွေရဲ့ရင်ထဲရောက်အောင်သီဆိုတတ် တဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။ နိုင်ငံကျော်အဆိုတော် ပိုင်သက်ကျော်ကိုစကစကဒီကနေ့ (၂၀၂၂) ခုနှစ်၊ မတ်လ (၂) ရက်၊ နံနက် (၄)နာရီ အချိန်က CDM တွေကို ထောက်ပံ့တယ်ဆိုပြီးသူနေထိုင်ရာ လှိုင်သာယာ၊ […]
ဆုတောင်းတွေပြည့်ခဲ့လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်
ဇာတ်သဘင်လောက ရဲ့ အငြိမ့်ဇာတ်ခုံပေါ်မှာ ဟာသပျက်လုံးတွေကို ပြောင်မြောက်အောင် ပရိသတ်ကို ရယ်မောပျော်ရွှင်အောင် သရုပ်ဖော်တင်ဆက်နိုင်ရုံသာမက ဗီဒီယိုနဲ့ရုပ်ရှင်ဘက်မှာလည်း ကျရာဇာတ်ရုပ်ကို ဟာကွက်မရှိ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် လူရွှင်တော် ခင်လှိုင် ကိုတော့ အားလုံးပဲ ချစ်ခင်နေကြမှာပါ။ သရုပ်ဆောင် ခင်လှိုင် ကတော့ ဒီကနေ့မှာတော့ အရမ်းကိုပျော်ရွှင်နေခဲ့ပါတယ်။ သရုပ်ဆောင် ခင်လှိုင် ကတော့ ဒီကနေ့မှာ အရမ်းကိုဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဖမ်းဆီးခံထားရတဲ့ အနုပညာမိတ်ဆွေတွေ ပြန်လည်လွတ်မြောက်လာခဲ့လို့ပဲ ဖြစ်ပါတယ်နော်။ သူ့ရဲ့လှုပ်ရှားမူ့တွေတင်လေ့မရှိတဲ့ သရုပ်ဆောင် ခင်လှိုင် ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ “ဆုတောင်းပြည့်ခဲ့ပါပြီဗျာပျော်လိုက်တာ” လို့ ရေးသားမျှဝေထားတာပါ။ ပရိသတ်ကြီးရေ သရုပ်ဆောင် ခင်လှိုင် လိုမျိုးပဲ ဆုတောင်းတွေ ပြည့်ရဲ့လား ? ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။ crd unicode ဇာတ်သဘင်လောက ရဲ့ အငြိမ့်ဇာတ်ခုံပေါ်မှာ […]
ဒါရိုက်တာမောင်သီ ကိုယ်တိုင် ဖွင့်ချလိုက်တဲ့ ဒွေး နဲ့ မကြေးစည် ဇာတ်ကားရဲ့ ပက်သက်မှု့
ဒါရိုက်တာ မောင်သီ ပြောပြတဲ့ မကြေးစည် ဇာတ်ကားတစ်ကားရဖို့ ဘယ်လောက် ဘာတွေ ရင်းနှီးခဲ့ရသလဲ ဆိုတာနှင့် မင်းသားကြီးဒွေးနဲ့ရော ဘယ်လိုပက်သက်ဖူးလဲ ဆိုတာ သိဖို့ တင်ပေး လိုက်ပါတယ်နော် မင်္ဂလာ ပရိတ်သတ် ကြီးရေ… အခု လက် ရှိ ပရိတ်သတ် တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ မကြေးစည် ဇာတ်လမ်းတွဲ ဟာ ဆို ရင် ဘယ် လောက်အထိ အရင်းအနှီးတွေ များသလဲ ဘယ်လောက် အားစိုက်ခဲ့ရလဲဆိုတာကို ဒါရိုက်တာ မောင်သီက အခုလိုပဲ ရှင်းပြထားပါတယ်။ မကြေးစည် ဇာတ်ကားကို လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က သရုပ်ဆောင်မင်းသား ဒွေးနဲ့ စတင်ရိုက်ကူးခဲ့တာပါ… အဲ့ဒီအရင်က တခါရိုက်ကူးခဲ့ပေမယ့် ဆင်ဆာမရလို့ ထုတ်ပြခွင့်မရခဲ့ပါဘူးတဲ့နော်… အဲအခုပရိတ်သတ်တွေ တွေ့ရတဲ့ ဘုရားကြီးကတော့ အမစောမွန်လှရဲ့ […]
ပြန်ရောက်တာနဲ့ သူ့ရဲ့ရေခဲမုန့်ဆိုင်လေးဆီအရောက်သွားပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဆုံတွေ့ခဲ့တဲ့ ပိုင်တံခွန်
သရုပ်ဆောင် ပိုင်တံခွန်ကတော့ ဒီကနေ့ မတ်လ (၂) ရက်နေ့မှာပဲ လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ပိုင်တံခွန် လွတ်မြောက်လာခြင်းအတွက် သူ့ရဲ့ ပြည်တွင်းပြည်ပပရိသတ်တွေကလည်း ဝမ်းသာနေကြသလို မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကလည်း အတိုင်းမသိ ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပုဒ်မ (၅၀၅) နဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရပြီးမှ အခုလို မထင်မှတ်ပဲ ပြန်လည်လွတ်မြောက်လာခဲ့တာကြောင့် ပိုပြီးပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်က လွတ်မြောက်လာပြီးပြီးချင်းမှာပဲ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဆုံတွေ့ခဲ့သလို သူဖွင့်လှစ်ထားတဲ့ ရေခဲမုန့်ဆိုင်လေးကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရေခဲမုန့်ဆိုင်လေးကို သွားပြီး ပိုင်တံခွန်က သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့ပြီး ဓာတ်ပုံတွေလည်း ရိုက်ပေးခဲ့တယ်လို့ သူ့ရဲ့ပရိသတ်တစ်ယောက်က “အခုလေးတင် စိတ်ကူးပေါက်လို့ သူ့ဆိုင်ကိုရေခဲမုန့်သွားစားတာ ရေခဲမုန့်မှာနေတုန်း တန်းပီးဝင်လာတာ တကယ်ဝမ်းသာပါတယ် မျက်လုံးထဲမှာလဲ မျက်ရည်တွေနဲ့ဗျာ” […]
(၂) နှစ်နီးပါးခွဲခွါခဲ့ရတာမို့ ပြန်လည်ဆုံဆည်းရချိန်မှာ အတိုင်းမသိဝမ်းသာကြည်နူးနေကြတဲ့ ပိုင်တံခွန်တို့ချစ်သူနှစ်ဦး…
ပရိသတ်ကြီးရေဖေဖော်ဝါရီလကနေစပြီး အာဏာသိမ်းပြီးနောက်မှာ တော့ ဆန္ဒပြဖော်ထုတ်မှုများအပြီးမှာ နိုင်ငံကျော် အနု ပညာရှင်တော်တော်များများဟာလည်း၅၀၅ (က/ခ)နဲ့ ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးချုပ်နှောင်ခံရသူများလည်းရှိပါတယ်။ဖမ်း ဝရမ်းထုတ်ခံရပြီးနောက်မှာ တိမ်းရှောင်နေတဲ့အနုပညာရှင်တွေလည်း များစွာရှိခဲ့တာပါ။ ဒီကနေ့ မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့မှာဆိုရင် ဖမ်းဆီးခံထားရတဲ့ ပြည်သူချစ် အနုပညာတချို့ ပြန်လာလွတ်မြော က်လာကြပြီပဲဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ပြည်သူချစ် အနုပညာရှင်တွေထဲမှာ ပြည်သူချစ်မင်းသားလေး ပိုင်တံခွန်လည်း တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့အကြောင်းကို ပိုင်တံခွန်ရဲ့ရှေ့နေကိုယ် တိုင် အတည်ပြုပြောကြားပေးထားတာဖြစ်ပါတယ်။ ပိုင်တံခွန် ပြန်လည်လွတ်မြောက်ပြီး နေအိမ်သို့ရောက်ရှိလာတဲ့ ပုံရိပ်လေးေ တွကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတာကြောင့် ပရိသတ်တွေက အတိုင်းထက်အလွန် ဝမ်းသာနေကြပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့နာမည်ကြီးအနုပညာရှင်တွေထဲမှာ ပိုင်တံခွန်ကတော့ထောင်ဒဏ်နဲ့အလုပ်ကြမ်း၃နှစ်ချခံခဲ့ရပြီးဒီနေ့ကျရောက်တဲ့ မတ်လ၂ရ က်နေ့မှာတော့ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်တို့ကို ပြန်လည်လွတ်မြောက်ခဲ့တဲ့အနုပညာရှင်တွေထဲပါဝင်ခဲ့တာ ပါ။ပြည်တွင်းပရိသတ်တွေသာမကပြည်ပပရိသတ်တွေပါဝိုင်းဝန်းဆုတောင်းပေးခဲ့ရတဲ့ အနုပညာရှင်ကြယ်ပွင့်ကတော့ ပြန်လည်ထွ […]
မလွတ်ခင်က ရှိတယ်မထင်ပဲ လွတ်လာမှ ကပ်ဖား လုပ်နေတဲ့ အနုပညာရှင်တွေ ပိုင်တံခွန် ပြောပြီ
မလွတ်ခင်က ရှိတယ်မထင်ပဲ လွတ်လာမှ ကပ်ဖား လုပ်နေတဲ့ အနုပညာရှင်တွေ ပိုင်တံခွန် ပြောပြီ အောက်တွင် ရုပ်သံပါဝင်သည် နောက်ပိုင်း အင်တာဗျူးများတွင် မြန်မာသာ မဟုတ် အာစီယံအထိပါ ရုပ်ရှင်နှင့်ကြော်ငြာကိစ္စများအတွက် သွားရောက်ရိုက်ကူးလာရသည့်အချိန်တွင်တော့ Gen Z များသာမက Gen X နှင့် Gen Y တို့ပါ တညီတညွတ်တည်း အားပေးလာကြချိန်တွင် မနေသာတော့ သူ့အကြောင်း လေ့လာကြည့်မိသည်။ ဤလူငယ်သည် ရိုးသည်။ ဖြူစင်သည်ဟု ခံစားရသည်။ အပြောအဆို ရှင်းလင်းသည်။ ရုပ်ရည်ချောမောသည်မှာ ကျားကျားယားယားချောခြင်းဖြစ်သည်။ ခန္ဓာကိုယ်ကို ထိန်းသိမ်းသည်။ ကျန်းမာရေး လိုက်စားသည်။ ပရိသတ်ရှေ့တွင် အမှားရှိလျှင် ဝန်ခံလေ့ရှိသည်။ တိရစ္ဆာန် ချစ်တတ်သည်။ အနုပညာ ဆယ်လီတစ်ဦး ဖြစ်သည်နှင့်အညီ ကြွားဝါမှုရှိသော်လည်း ခပ်ပါးပါးသာ။ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းသည့် […]
အစ်ကိုဖြစ်သူ လွတ်မြောက်လာလို့ ဝမ်းသာ၊ဝမ်းနည်းဖြစ်နေတဲ့ ငွေတီဦး
အစ်ကိုဖြစ်သူ လွတ်မြောက်လာလို့ ဝမ်းသာ၊ဝမ်းနည်းဖြစ်နေတဲ့ ငွေတီဦး ပရိသတ်ကြီးရေ…ပြည်သူချစ်နိုင်ငံကျော် မင်းသားချောတစ်ဦးဖြစ်တဲ့ ပြေတီဦး ကိုတော့ လူကြီးလူငယ်မရွေး ပရိသတ်တိုင်း မသိသူမရှိလောက်အောင် သိကြမယ်ထင်ပါတယ်။ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားတိုင်းဟာ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ကောင်းမွန်လွန်းတာကြောင့် ရုံတင်တဲ့ဇာတ်ကားတိုင်းဟာ ပရိသတ်တစ်ခဲနက် အားပေးမှု့ကိုရရှိခဲ့တဲ့ ထိပ်တန်းမင်းသားတစ်လက် ဖြစ်ပါတယ်။ အကယ်ဒမီဆုများစွာကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦး ဟာအောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ရုံမက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူတွေနဲ့အတူတကွ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသား ပြေတီဦး ဟာအမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တာကြောင့် ဇနီးဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရပြီး မိသားစုနဲ့ခွဲခွာနေရာတဆိုရင်တော့ လပေါင်းများစွာ ကြာမြင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြေတီဦးတို့ ဇနီးမောင်နှံဖမ်းဆီးခံရစဉ်အတွင်းမှာ ပြေတီဦး ရဲ့ဖခင်ဖြစ်သူ ဟာကိုဗစ်ကြောင့် ကွယ်လွန်ခဲ့ပြီး ညီမဖြစ်သူ ငွေတီဦး ရဲ့ခင်ပွန်းဖြစ်သူဟာလဲ ကိုဗစ်ရောဂါကြောင့်ပဲ ထပ်မံကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် ညီမဖြစ်သူ ငွေတီဦး […]









