
(Unicode) ၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း ( 4.6.2020 မှ 10.6.2020 အထိ ) တနင်္ဂနွေ ယခုတစ်ပတ်ကတော့ သင့်အတွက် စီးပွားရေးတိုးတတ် ဖွံ့ဖြိုးရန် အမှီကောင်းတစ်ခုကြုံလျှက် တိုးတတ်ရန် အကြောင်းဖန်လာမည်။ ဝီရိယ၊ ဇွဲနှင့် စွမ်းရည်များကို အသုံးချပါက ဘဝ၏ထိပ်တန်းအခြေအနေသို့ အလွယ်တကူ ရောက်ရှိသွားနိုင်၏။ ရာထူးနေရာပြောင်းရွှေ့ခြင်း၊ တိုးတတ်ခြင်းများ ကြုံတတ်သည်။ ဆုံးရှုံးထားသောငွေကြေးဥစ္စာ များပြန်လည်ရရှိနိုင်သည့်သတင်းစကားများ ကြားရလိမ့်မည်။ စိတ်ဓါတ်ကို မြှင့်တင်ဆောင်ရွက်ကြည့်ပါ။ အောင်မြင်မှု စတင်ရောင်နီသန်းလာမယ့် အချိန်ကာလ ဖြစ်၏။ မယ်မယ်ရရ အခက်အခဲကြုံစရာမရှိ၊ အကယ်၍ အခက်အခဲနှင့် တွေ့ကြုံရလျှင်လည်း ကူညီဖေးမပေးမည့် ဆရာသမားကောင်းတွေ့မည်။ ပီတိသုခနှင့်ပြည့်စုံပြီး ကြွယ်ဝသောအခြေအနေသစ်သို့ရောက်ရှိတတ်သောကာလဖြစ်သည်။ သင်၏ရိုးသားဖြူစင်မှုကိုအရောင်အမျိုးမျိုးဆိုးပေးမည့် မိတ်ဆွေတုတစ်ချို့ကို သတိပြုဆက်ဆံသွားပါ။ ပညာရေးကံအထူးကောင်းနေသောကာလတစ်ခုဖြစ်သည်။ ကျန်းမာရေးပို ကောင်းစေရန် ညအိပ်ခရီးမထွက်ပါနှင့်။ အိမ်ထောင်ရေးမှာတော့အခက်အခဲမရှိ တည်ငြိမ်အေးဆေး … Read more

သင့်ပိုက်ဆံအိတ်ထဲမှာ မထားသင့်တဲ့ အရာများ (လာဘ်ပိတ်စေတဲ့ စွမ်းအင်တွေ)

သင့်ပိုက်ဆံအိတ်ထဲမှာ မထားသင့်တဲ့ အရာများ (လာဘ်ပိတ်စေတဲ့ စွမ်းအင်တွေ) စွမ်းအင်တွေအကြောင်းကို လေ့လာကြည့်တဲ့အခါ ဝါစတုသျှတ္တရပညာအရ စကြာဝဠာထဲမှာ အလို အလျောက် သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ အရာတွေရော လူသားတွေ ဖန်တီးပြုလုပ်ထားတဲ့ မည်သည့်အရာမဆို အကုန်လုံးမှာ တစ်ခုထက်ပိုတဲ့ စွမ်းအင် ရှိနေကြတယ်ဆိုတာ လေ့လာသိရှိခဲ့ရသလို ဒီအထဲမှာမှ မိမိအသုံးပြုနေတဲ့ ပိုက်ဆံအိတ်ထဲမှာ မလိုအပ်တဲ့ အရာတွေ ထည့်ထားမိတဲ့အခါ မကောင်းတဲ့ စွမ်းအင်တွေ ဖြစ်ပေါ်တတ်ပါတယ်။ –ငွေကုန်ကြေးကျ၊ ငွေယိုပေါက်တွေ များလိမ့်မယ်။ ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှုတွေ ကြုံရသလို လာဘ်ပိတ်တာတွေ။ ငွေကြေး အလိမ်ခံရတာတွေ ဖြစ်တတ်ပြီး ကောင်းသောစွမ်းအင်တွေ ဖြစ်စေတတ်သည့်အရာတွေကို သင့်ပိုက်ဆံအိတ်ထဲမှာ ထည့်ထားခဲ့မည်ဆိုလျှင် ငွေကြေး အဆက်မပြတ်ဝင်သလို၊ ကျန်းမာ ချမ်းသာကာ၊ ငွေကုန်ရတဲ့ ငွေထွက်ပေါက်တွေ ပိတ်ပစ်လိုက်နိုင်ပါလိမ့်မယ်။ သင့်ပိုက်ဆံအိတ်ထဲမှာ –ဘေလ်၊ … Read more

မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ မိန်းကလေး များ ဖတ်သင့်ပါတယ်…

မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ ( မိန်းကလေး များ ဖတ်သင့်ပါတယ်) Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်…. Q သောသူ – ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။ ချစ်သောသူ – သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။ Q သောသူ – သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။ ချစ်သောသူ – သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။ Q သောသူ – မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။ ချစ်သောသူ – မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။ Q သောသူ – သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှု့ကိုရယူဖို့ … Read more

တက္ကစီကားပိုင်ရှင် ပြောပြလာတဲ့ YBS (၄၀) ယာဉ်တိုက်မှုမှာ ဆုံးပါးသွားတဲ့ ယာဉ်မောင်းလေးရဲ့ ဘဝ . . ./

တက္ကစီကားပိုင်ရှင် ပြောပြလာတဲ့ YBS (၄၀) ယာဉ်တိုက်မှုမှာ ဆုံးပါးသွားတဲ့ ယာဉ်မောင်းလေးရဲ့ ဘဝ ကျနော်တို့ ကံကောင်းပါရစေ…ကျနော်စာမရေးဖြစ်တာကြာပြီ။ Covid 19 ကပ်ရောဂါကြောင့် ကျနော်တို့မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာနှင့်အ၀ှမ်းစိတ်မချမ်းမြေ့ဘွယ်ရာဖြစ်နေကြချိန် စာရေးချင်စိတ်မရှိဖြစ်နေတာ။ ကျနော့စာဖတ်ပီးရင်လည်း အသိမိတ်ဆွေတွေက၀မ်းနည်းကြေကွဲရကြောင်း ပြန်ကြားရတော့ရေးချင်ပေမဲ့မရေးဖြစ်ခဲ့ပါဘူး။ အခုတော့ရေးရပါပြီ။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ သုံးလေးရက်က ရန်ကုန်မြို့ ဆင်မလိုက်အနီး ဘူရင့်နောင်လမ်းမကြီးပေါမှာ YBS 40 Bus နဲ့ တိုက်မိပြီး လူ ၃ ဥိးသေဆုံးခဲ့ရတဲ့ Taxi FF-2574 ပိုင်ရှင်ဟာ ကျနော်ဖြစ်နေခဲ့လို့ပါဘဲ။ ကျနော် ယူကြုံးမရ နှမြောဝမ်းနည်း စွာဖြင့်ဘဲ ဒီစာကိုရေးရပါတော့မယ်။ မှတ်မှတ်ရရ ဇွန်လ ၂ ရက်နေ့ မနက် ၇ နာရီကျော်လောက်မှာ ကျနော်အိမ်ဖုန်းမှာ call ထ၀င်လာပါတယ်။ ကျနော်အိပ်ယာဝင်နောက်ကျတော့ မထချင်ထချင်နဲ့ … Read more

မိုးရွာပြီးတဲ့အချိန် ဗွက်အိုင်ထဲမှာ ဆော့ကစားနေတဲ့ ကလေးငယ်ကို မိခင်ဖြစ်သူက ရိုက်ဖို့ တုတ်ကိုင်ပြီး သွားလိုက်သောအခါ . . ./

မိုးရွာပြီးတဲ့အချိန် ဗွက်အိုင်ထဲမှာ သူကစားနေတာပေါ့။ဗွက်အိုင်ထဲမှာ ဆင်ကြီးလို လေးဖက်ထောက်ကြီး တွားသွားလိုက်၊ဗွက်တွေကို ဖင်ခုထိုင်လိုက်နဲ့။ ပုစွန်လုံးပေါက်လေးတွေကို ဖမ်းလိုက်၊ပြန်လွှတ်လိုက်နဲ့ အလုပ်တွေရှုပ်။ သူ့ဘာသာသူ သဘောတွေကျပြီး တခစ်ခစ်ရယ် နေတတ်သေးတာ။သူဘာလို့ အဲဒီလောက်ပျော်နေပါလိမ့် ဆိုတာကျွန်တော်မသိ။သူကတော့ ‌ဘယ်သူ့မှဂရုစိုက်ဘဲ ပျော်နေတာပဲ။ မကြာပါဘူး။ သူ့အမေက တုတ်ကြီးကိုင်ပြီးလာတော့တယ်။ကျွန်တော်တို့အနားမရောက်ခင်ကတည်းက သူ့ကိုကြိမ်းလာတာ။ သူ့မျက်နှာမှာ ခုနကပျော်နေတာတွေ ဘယ်ပျောက်သွားမှန်းမသိ။မျက်နှာက ညှိုးလာတယ်။မျက်လုံးကလေးတွေကိုကြည့်တော့ ကြောက်နေမှန်း သိသာတယ်။ “နင်လာစမ်း၊အဲဒီဗွက်တွေထဲမှာ ဘာလုပ်နေတာလဲ။”သူ့အမေကခေါ်နေပေမဲ့ သူက ချက်ချင်းမသွားဘူး။ထိုင်လျက်ပဲ။ သူ့အမေ ပိုပြီးဒေါပွလာပြီ။ “ဟဲ့၊ငါပြောနေတာမကြားဘူးလား။” ပြောလည်းပြော သူ့အနားလည်းရောက်သွားပြီး ရိုက်မယ်လို့တုတ်ကိုလှမ်းအမြှောက်မှာ ကျွန်တော်က “အစ်မ”လို့ ခေါ်လိုက်တယ်။ သူ့အမေက သူ့ကို မရိုက်မိလိုက်ဘူး။ ကျွန်တော့်ကိုလှည့်ကြည့်တယ်။ကျွန်တော်က “ဘာဖြစ်လို့ ကလေးကို ရိုက်မှာလဲ”လို့မေးလိုက်တယ်။ သူ့အမေ ကြောင်သွားတယ်။ “နင်မမြင်ဘူးလား။သူ ဗွက်ထဲမှာ ကမြင်းကြောထနေတာ”တဲ့။ “အဲဒါကြောင့် ရိုက်မှာလား။” … Read more

ကိုယ့်ကိုထားခဲ့ပြီး ထွက်သွားသူတွေကြောင့်ရလိုက်တဲ့ အဖိုးတန်သင်ခန်းစာ(၇)မျိုး

ကိုယ့်ကိုထားခဲ့ပြီး ထွက်သွားသူတွေကြောင့်ရလိုက်တဲ့ အဖိုးတန်သင်ခန်းစာ(၇)မျိုး လူတွေ ကိုယ့်ဘဝထဲကို ဝင်လာကြပြီး အချိန်တန်တော့လည်း ကိုယ့်ဘေးကနေပြန်ထွက်သွားကြတာ သဘာဝပါ။ ကိုယ့်ဘဝထဲဝင်ရောက်လာတဲ့သူတွေထဲမှာ ကိုယ့်အပေါ်ကောင်းတဲ့သူတွေလည်းပါလာသလို၊ ကိုယ့်အပေါ်မကောင်းတဲ့သူတွေလည်း ပါလာတာပါပဲ။ ကိုယ့်အပေါ်ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ ဆိုးတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ဘေးက သူတို့ ကိုယ့်ဘေးကထွက်သွားတဲ့အခါ ဒီလိုသင်ခန်းစာတွေကို ပေးသွားတတ်ကြပါတယ်။ ( ၁ ) လူတိုင်းကို မယုံတတ်အောင် သင်ပေးတယ် အခုခေတ်မှာ လူတော်တော်များများက ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဟန်ဆောင်ကောင်းတတ်ကြပါတယ်။ ဒါကြောင့် ဟန်ဆောင်ကောင်းတဲ့ သူတွေနဲ့ တွေ့ကြုံရတဲ့အခါ လူတိုင်းကို မယုံသင့်ကြောင်း သင်ခန်းစာ ရသွားပါတယ်။ ( ၂ ) သူတို့ကြောင့် ကိုယ် ပြောင်းလဲသွားတယ် လူတစ်ယောက် ဘဝထဲကို ဝင်လာတဲ့အခါ သူတို့ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေက ကိုယ့်အပေါ်သက်ရောက်မှုလေးတွေ ရှိလာပါတယ် ။ အဲ့ဒီအခါ … Read more

“ဖေ့ဘွတ်မှာ ချစ်သူဖြစ်ခဲ့တဲ့ကောင်မလေးကို သွားတွေစဉ် ကောင်မလေးက တစ်ခြားတစ်ယောက်နဲ့ အီစီကလီလုပ်နေလို့ ကတ်ကြေးနဲ့ ထိုးသတ်”

လှည်းကူးမြို့ အောင်မဂ်လာရပ်ကွက်အပိုင် သီတာအေး ၂ လမ်း လူသတ်မှု (6.6.2020) လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက် သီတာအေး(၂)လမ်း နေအိမ်တစ်ခုအတွင်း အမျိုးသမီးအလောင်းတစ်လောင်းအား ဒဏ်ရာများဖြင့် 3.6.2020ရက်နေ့တွင် တွေ့ရှိရသဖြင့် လှည်းကူးမြို့မရဲစခန်း (ပ)အမှတ်1164/2020 အမှု့ကြီးပုဒ်မ302ဖြင့် အမှု့ဖွင့် စုံစမ်းခဲ့ ပြစ်မှုကျူးလွန်သည်ဟု ယူဆရသည့် မသင်္ကာတရားခံအား မူခင်းနှိမ်နှင်းရေးတပ်ဖွဲ့ဝင်များရန်ကုန်တိုင်းရဲတပ်ဖွဲ့ မြောက်ပိုင်း ခရိုင်ရဲ့တပ်ဖွဲ့ လှည်းကူးမြို့မရဲစခန်းမှူး ဦးစီးအဖွဲ့တို့မှပေါင်းစပ်ညှိနိုင်းဖော်ထုတ်ခဲ့ရာ တရားခံဟုယူဆရ​သော ပိုင်လင်းထွန်း(ခ)ပိုင်ပိုင် (20)နှစ်(ဘ)ဦးတင်ထွန်း ကျုံကဒွန်းကျေးရွာ ဖျာပုံမြို့နယ်နေသူအား လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အဆောင်တစ်ခုမှ ဖမ်းဆီးရမိခဲ့။ ( ကနဦး ဖေါ်ထုတ်သိရှိရချက်) ၎င်းအား fbပေါ်မှ သိကျွမ်းခင်မင်ရင်းနှီးခဲ့ပြီး ချစ်သူများဖြစ်သွားခဲ့ကြောင်း၊ မဖြစ်မီ ၂ ပတ်အလိုက ချစ်သူဖြစ်ခဲ့ကြောင်း၊အခင်း​ဖြစ်နေ့က နေအိမ်သို့ အလည်ရောက်ရှိခဲ့ပြီး အတူရှိနေစဉ် သေဆုံးသူအမျိုးသမီးမှာ fbလိုင်းသုံးနေပြီး ယခင်သူနှင့်ပါတ်သက်ခဲ့သူများနှင့်ချစ်ကြည်နူးနေသဖြင့် ၎င်းက မဆက်သွယ်ရန်ပြောသော်လည်း … Read more

မနာလို မုန်းတီးရန်မူနေသူများကို ရိုးရိုးမေတ္တာပို့ဖြင့် မထိရောက်လျှင် ရေဖြင့် မေတ္တာပို့နည်း။

ရေမေတ္တာပို့နည်း အလုပ်လဲမများ လွယ်လဲကူသော ရေမေတ္တာပို့နည်းပါ…ကိုယ်ကတော့..ကျောက်ခဲလေးနဲ့ ပြုလုပ်ပါတယ်…လုပ်ကြည့်စေချင်ပါတယ်နော် လက်တွေ့ နည်းကောင်းတစ်ခုပေးမည်။ အကယ်၍ စိတ်အာရုံညွတ်ပြီး မေတ္တာပို့ပေးနေရုံသက်သက်ဖြင့် ထိုသူ၏ ရန်မူနေခြင်းကိစ္စ အမြန် ပြေအေးသွားမည် မထင်ရလျှင် ရေမေတ္တာပို့ယူပါ၊ နည်းမှာမိမိအလိုရှိသူကို ရည်မှတ်၍ သန့်ရှင်းသောရေဖန်ခွက်တစ်ခုတွင် ကျောက်ခဲကလေးတစ်ခုဖြစ်စေ၊ တုတ်ချောင်းကလေး တစ်ခုဖြစ်စေစိမ်ထားပါ သူ၏စိတ်နှလုံး ရေကဲ့သို့ အေးချမ်းသွားပါစေဟူ၍ လှိုက်လှဲစွာ မေတ္တာပို့လွှတ်နေပါ။ “သူ့စိတ် ပူဆာနေခြင်း အေးချမ်းသွားဖို့ ငါရေစိမ်ထားလိုက်ပြီ” ဟူ၍ မိမိစိတ်ကိုလည်းရှင်းရှင်းထားနေပါ၊ပူပန်သောကဝင်၍ လှုပ်ရှား နေ၍ မရပါ။ သူ့ကို ငါ ဒုက္ခမရောက်စေလိုပါ၊ ငါလည်း စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ နေမြဲတိုင်းဖြစ်စေရန် သူ့ကို ရေခွက်ထဲ ချစိမ်ထားလိုက်ပြီ။ ယုံကြည်စွာ သူ စိတ်အေးသွားပြီ၊ သူ စိတ်ကြည်လင်သွားပြီ၊သူငါ့ကိုရန်မူချင်စိတ် ပျောက်လွင့် သွားပြီ”-ဟု မိမိစိတ်က … Read more

အဖေဖြစ်သူ ကွယ်လွန်သွားတာ (၁၀)နှစ်ပြည့်တဲ့နေ့မှာ အိမ်ခြေမဲ့တွေအတွက် မိုးရာသီ ခိုလှုံဖို့ ထီးတွေ လှူဒါန်းသွားမယ်ဆိုတဲ့ Sinon Loresca . . .။

ဖိလစ်ပိုင်လူမျိုး Catwalk မော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Loresca က မြန်မာနိုင်ငံကို ပထမဦးဆုံး စတင်ရောက်ရှိစဉ်ကတည်းက ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရင်း မြန်မာပရိသတ် အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ချို့တဲ့တဲ့ဘဝကို ဖြတ်သန်းလာရသူပီပီ Sinon က သူတစ်ပါးအပေါ် ကူညီချင်စိတ်အပြည့်ရှိပြီးမေတ္တာထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း Sinon က ဖခင်ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်တဲ့နေ့လေးမှာ အိမ်ခြေရာမဲ့တွေအတွက် မိုးရာသီမှာခိုလှုံရာဖြစ်တဲ့ ထီးလေးတွေလှူဒါန်းမယ့်အကြောင်းကို ပြောထားပါတယ်။ “မိုးရာသီလည်းနီးလားပီဆိုတော့ အခုကျတော်ကတော့ကျတော်ချစ်ရတဲ့ အိမ်ခြေရာမဲ့ မိသားစုနဲ့ လူတွေအတွက် ထီးလေးတွေ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ပြီးတော့ဒီနေ့က ကျွန်တော် အဖေဆုံးတာ ဆယ်နှစ်ပြည့် တာဖြစ်တဲ့အတွက်အဖေ့အတွက်ရည်စူးကာလှူဒါန်းခြင်းဘဲ ဖြစ်ပါတယ်။ကျွန်တော့အဖေက ကျွန်တော့ကို အမြဲတမ်း လူတစ်ဖက်သားကိုကြင်နာတတ်ဖို့ ကိုယ်ကို ကိုယ်အကောင်းဆုံးနေထိုင်တတ်အောင်သင်ကြားပေးခဲ့ပါတယ်။ ကျေးဇူးပါ အဖေ။ အဖေက ကျွန်တော့အတွက်တော့ကမ္ဘာပေါ်မှာအကောင်းဆုံး ဖခင်တစ်ဦးပါ။”ဆိုပြီး ပြောထားပါတယ် … Read more

မိဘကို ခွေးနဲ့ နှိုင်းလို့ ကိုယ်တိုင် ခွေးဖြစ်သွားတဲ့ လပွတ္တာက မခင်လှ အကြောင်း. . .(ဖြစ်ရပ်မှန်)

မိဘ ကို ခွေး နဲ့ နှိုင်း လို့ ကိုယ် တိုင် ခွေးဖြစ်သွားတဲ့ လပွတ္တာက မခင်လှ အကြောင်း (ဖြစ်ရပ်မှန်) အချိန် ကား… ကောဇာသက္ကရာဇ် ၁၃၆၄ခုနှစ် – သူ့အမည်က မခင်လှ အသက်က ၁၆နှစ်/၁၇နှစ်အရွယ် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အပျိုအရွယ် မိန်းကလေး ဖြစ်သော်လည်း စရိုက်က ကြမ်းတမ်းလွန်းလှ၏။ ယဉ်ကျေးသိမ်မွေ့ခြင်း မရှိ။ တစ်ဦးတည်းသောသမီး ဖြစ်သည်မို့ အလွန်ဆိုး၏။ မိခင်ဖခင်တို့အား ရိုသေကိုင်းရှိုင်းမှု မရှိ။ အမြဲတစေ အော်ငေါက် ဆက်ဆံလေ့ ရှိသတဲ့။ ထို့ကြောင့်ပင် မခင်လှသည် လက်ရှိဘဝမှာပင် တစ်မြို့လုံး၊ တစ်နယ်လုံး အုန်းအုန်းကျွက်မျှ အံ့ဩစရာ၊ သနားစရာ၊ သံဝေဂ ရစရာ ကောင်းလောက်အောင် အဖြစ်ဆိုးနှင့် ရင်ဆိုင်တိုးခဲ့ရလေတော့၏။ ထိုနေ့က… … Read more