Knowledge

လုံးဝလျှပ်စစ်မလို အင်ဂျင်မလိုဘဲ အလိုလို ရေတင်နည်းလေးမျှဝေပေးလိုက်ပါတယ်

လုံးဝလျှပ်စစ်မလို အင်ဂျင်မလိုဘဲ အလိုလို ရေတင်နည်းလေးမျှဝေပေးလိုက်ပါတယ် ။ A method of automatically pumping water without any electricity or engine. ရေတွင်း ရေကန်ကရေကိုခပ်စရာမလို စုပ်ယူစရာစက်ပစ္စည်းမလိုဘဲ သဘာဝနည်းနဲ့ သုံးရေရယူ စိုက်ခင်းရေဖြန်း ၂၄ နာရီရေတက်နေတဲ့နည်းလမ်းလေးဖြစ်ပါတယ်၊၊ ရိပ်သာထဲရှိ စိမ့်ရေတွင်းထဲကရေကို လုမ္ပနီဥယျာဉ်စိုက်ခင်းအတွက် အလိုအလျောက်ရေတင်နိုင်အောင် စမ်းသပ်ရန်Youtube မှလေ့လာရှာဖွေထားတာပါ၊၊ နည်းပညာကို အားလုံးစမ်းသပ်အသုံးပြုနိုင်ကြစေဖို့ မျှဝေလိုက်ပါတယ်၊၊လေလုံတဲ့သံတိုင်ကီရယ်၊ ပလပ်စတစ်ရေပိုက်နဲ့ ပိုက်ဆက်ပစ္စည်း ရေဘားတွေရယ်၊ ရေစင် ဒီလောက်ပဲလိုပါတယ်၊၊ ပုံမှာပြထားတဲ့အတိုင်း ဉာဏ်ရှိသလိုတပ်ဆင်နိုင်ပါတယ်၊၊အရေးကြီးတာက ရေကန်ကလာတဲ့အဝင်ပိုက်ကအလုံးသေးပြီး အပေါ်ဖက်ကတပ်ရပါမယ်၊၊ရေထွက်ပိုက်က နည်းနည်းလုံးပတ်ကြီးပြီး တိုင်ကီအောက်ဖက်ကထွက်ရမယ်၊၊ တပ်ဆင်ပြီးရင်တိုင်ကီထဲရေပြည့်အောင်ထည့်ပါ၊ အောက်ကပိုက်ထဲလည်းရေပြည့်နေပါစေ၊ ရေဘားနဲ့ထိန်းထားပါ၊ရေကန်ထဲချထားတဲ့ရေပိုက်နဲ့ တိုင်ကီထဲရေပြည့်အောင်ရေချူဘားကနေရေဖြည့်ပါ၊၊ ကန်ထဲကပိုက်အဖျားမှာ ရေထိန်းအောင်ဘီလူးခေါင်းတပ်ထားပါ၊၊တိုင်ကီအောက်ဖက်က ရေပိုက်ဘားဖွင့်လိုက်ရင် တိုင်ကီထဲကရေပမာဏဖိအားကြောင့် ကန်ထဲကရေကိုစုပ်ယူပြီးတိုင်ကီထဲကို ရေတွေအပေါ်ကကျလာစေပါတယ်၊၊ ရေသွယ်တန်းပိုက်တစ်လျောက်ရေဖိအားပိုများဖို့ […]

Life Style

၅ မိနစ် လဲလျောင်းနေရုံနဲ့ ခါးအဆီတွေဖြုတ်ချနိုင်မယ့်အထိရောက်ဆုံး နည်းလမ်း

၅ မိနစ် လဲလျောင်းနေရုံနဲ့ ခါးအဆီတွေဖြုတ်ချနိုင်မယ့်အထိရောက်ဆုံး နည်းလမ်း ဟို ဒိန်ချဉ်ဗူးကြော်ငြာထဲကလိုပေါ့ မျက်နှာလေးက ဘယ်လောက်လှလှ ခါးမှာ အဆီတွေ အတစ်လိုက်တွေ့ရသောအခါ ခရက်ရှ်လေးက ခါးသွယ်သွယ်နဲ့ ကောင်မလေးနောက် ပါသွားတာ ကြည့်ဖူးကြမှာပါ။ တစ်ကယ်လည်း ခါးအဆီတွေက အဝတ်အစား ဝတ်တဲ့အခါ အရမ်းဒုက္ခပေးပါတယ်၊မတ်တပ်ရပ်လမ်းလျှောက်စဉ် ပြဿနာမဟုတ် ဖုံးကွယ်ထားနိုင်ပေမယ့်ထိုင်လိုက်တဲ့အခါမှာတော့ အရစ်လိုက်အခေါက်လိုက်နဲ့ အတော်ရုပ်ဆိုးပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းကတော့ ငွေကြေးလည်းမကုန် လူလည်းအရမ်းမပင်ပန်းပဲနဲ့တစ်ရက်မှာ ၁၅ မိနစ်လောက် လုပ်ရုံနဲ့ ခါးပတ်လည်က အဆီတွေကို သိသိသာသာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒီနည်းက နယ်နယ်ရရ နည်းလမ်းတော့မဟုတ်ပါဘူး ခန္ဓာကိုယ်အလေးချိန်လျှော့ချနိုင်ဖို့လေ့ကျင့်ခန်းနည်းတွေကို ၁၀ နှစ်ကျော်ကြာ အစဉ်တစိုက်လေ့လာနေတဲ့ဂျပန်လူမျိုး ဒေါက်တာ ဖူးကုရှုဒီ ရဲ့ နည်းလမ်းဖြစ်ပြီး အရိုးအဆစ်ရောဂါတွေကိုပါ သက်သာလျော့ပါးစေပါတယ်။ ရှင်းလင်းချက်အရ ခန္ဓာကိုယ်က အဆီတွေဟာ ထိုင်တဲ့ပုံစံ၊ လဲလျောင်းတဲ့ပုံစံ […]

Cele News

မိန်းကလေးတိုင်းလိုချင်တက်မက်ကြတဲ့ ဝမ်းဗိုက်ပြားပြားချပ်ချပ်လေးကို Challenge လုပ်ပြခဲ့တဲ့ မိန်းကလေး (ရုပ်သံ)

ဝမ်းဗိုက်မှာ အဆီပိုတွေလုံးဝမရှိဘဲ ဗိုက်ပြားပြားချပ်ချပ်လေးရချင် ၊ ပိုင်ဆိုင်ချင်ကြတာ မိန်းကလေးတိုင်းလိုလိုရဲ့ အိမ်မက်ပါ ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ တရုတ်နိုင်ငံက မိန်းမငယ်လေးဟာ သူမဘယ်လောက်ပိန်ပြီး ၊ ဝမ်းဗိုက်ဘယ်လောက်တောင်ပြားလဲဆိုတာကို video ရိုက်ပြီး Challenge လုပ်ပြခဲ့ပါတယ် ။ Video ထဲမှာတော့ ကောင်မလေးဟာ သူမရဲ့ပြားချပ်နေတဲ့ ဝမ်းဗိုက်ကိုဖော်ပြရုံသာမက ဝမ်းဗိုက်အတွင်း အူတွေ ၊ အကြောတွေကိုမြင်နိုင်လောက်တဲ့အထိ ဝမ်းဗိုက်ကို ကျုံ့ပြခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး သူမဝမ်းဗိုက်အတွင်းဖက်ရှိ အကြောတွေကို စက်ဝိုင်းအတိုင်းလှည့်ပတ်ပြလိုက်ပါသေးတယ် ။ သူမလို တစ်ကယ်လိုက်ပြီး ပိန်နိုင်ဖို့ကမမလွယ်ကူလှပါဘူး.. ။ သူမရဲ့ video ဟာ ကြည့်ရှုသူအများအပြားရရှိခဲ့တဲ့အပြင် ၊ သူမရဲ့ challenge ကိုတော့ ပြန်လိုက်လုပ်နိုင်မယ့်သူတော့မရှိသေးပါဘူး ။ သူမရဲ့တစ်မူထူးခြားတဲ့စွမ်းရည်တွေကြောင့် ယခုချိန်မှာတော့ social media […]

Knowledge

ဖေ့ဘုတ် သုံးရင်းနဲ့ စခဲ့မိတဲ့ ဇာတ်လမ်းလေးပါ (ဖြစ်ရပ်မှန်)

ဖေ့ဘုတ် သုံးရင်းနဲ့ စခဲ့မိတဲ့ ဇာတ်လမ်းလေးပါ (ဖြစ်ရပ်မှန်) မယုံရင် ပုံပြင်မှတ် ကျောက်မဲမြို့နဲ့ မနီးမဝေးရွာကလေးတစ်ရွာက ငယ်ရွယ်သေးတဲ့ကလေး အမေတစ်ယောက်က facebook သုံးပါတယ် ။ သူ့အမျိုးသားကတော့ဆုံးသွားပါပြီ သူ့မှာကလေး ၂ ယောက်ရှိတယ် ကောင်မလေးက facebook သုံးတတ်တာ မကြာသေးပါဘူး ။ သူမက facebook သုံးရင်းက လိုင်းပေါ်မှာကောင်လေးတစ်ယောက်နဲ့ခင်သွားပြီး အပြန်အလှန်စာတွေပို့ရင်း ညှိသွားပါတယ် ။ တစ်ယောက်ကို တစ်ယောက်မမြင်ဘူး ကြပါဘူး facebook ပေါ်မှာပြောကြယင်းက တစ်ယောက်နဲ့တစ်ယောက် ဓါတ် ပုံတွေပို့ လက်ဆောင်တွေဘာတွေပို့ပေးတဲ့အဆင့်အထိဖြစ်လာတယ် ။ ကောင်လေးက အထိမ်းအမှတ်နေ့တွေဆို ကားဂိတ်ကနေတစ်ဆင့် နိုင်ငံခြားကလာတဲ့ လက်ဆောင်တွေ အမြဲပို့ပေးပါတယ် ။ ကောင်လေးဘက်က သူဟာစင်္ကာပူက ကုမ္မဏီတစ်ခုမှာအလုပ်လုပ်နေတဲ့အကြောင်း အိမ်ထောင်မရှိဘူး ဆိုတဲ့ အကြောင်း လောက်သာ ကောင်မလေးက […]

Knowledge

ထူးခြားတဲ့ မော်ကျွန်းမြို့ မော်လမြိုင်ကျွန်းမြို့ နွားသတ်ခွင့်မရှိတဲ့မြို့

ထူးခြားတဲ့ မော်ကျွန်းမြို့ မော်လမြိုင်ကျွန်းမြို့ နွားသတ်ခွင့်မရှိတဲ့မြို့ အမဲလိုင်စင်ကို မြို့နေလူတွေက ငွေစုပြီး.. နှစ်တိုင်း လေလံနိုင်အောင်ဆွဲပြီး ဘယ်သူ့ကိုမှသတ်ခွင့်မပေးပဲသိမ်းထားတာ နှစ်ပေါင်းမနည်းတော့ဘူး။အခုနောက်ပိုင်းတော့ အမဲပေါ်လို့ သတင်းပေးရင် သတင်းပေးတဲ့သူကို ဆုငွေပါပေးတယ်တဲ့။ နှစ်ပတ်လည် အာရုံဆွမ်းလောင်းတဲ့မြို့ မြို့မှာရှိတဲ့ တောဈေးတန်း (ဟင်းသီးဟင်းရွက်တန်း) ဟင်းချက်စရာတွေရောင်းတဲ့ ဈေးတန်း ၃ခု ၄ခုလောက်မှာမှမြို့လယ်မှာရှိတဲ့ တောဈေးတန်းမှာ အလှူခံမဏ္ဍက နှစ်ပတ်လည်ရှိပါတယ်။ သူ့ရက်နဲ့သူ အလှူခံရတဲ့ငွေကို နောက်အပတ် အဲ့ဒီရက်မှာ အာရုံဆွမ်းချက်လောင်းပါတယ်။ အလှူခံမဏ္ဍက တနေရာထဲ။ ဆွမ်းချက်တဲ့နေရာကလည်း တခုထဲပါပဲ။ ဒါပေမဲ့ အဖွဲ့ ရဖွဲ့။မနက် ၄နာရီလောက်ဆို မြို့ပေါ်ကျောင်းပေါင်း ၄ဝကျော်က သံဃာတွေက မြို့ပတ်ပြီး ဆွမ်းတန်းကြီးတွေက ဟိုဖက်ကလာလိုက် ဒီဖက်ကလာလိုက်နဲ့ ထွက်လာကြတာ တကယ့်ကို ပီတိဖြစ်စရာပါ။ ဆွမ်းတန်း ၂တန်းမျက်နှာခြင်းဆိုင်လည်း.. သူ့လမ်းကြောင်းနဲ့သူ ဖြတ်နေကြတာပဲလေ။ အဲ့ဒါက […]

ဗေဒင်

အိမ်ခြံမြေ အမြန် ရောင်းထွက်စေရန် အစီရင် ယတြာ

အိမ်ခြံမြေအမြန် ရောင်းထွက်စေရန် အစီရင် ယတြာ ပွဲစားအားကိုးနဲ့ထွက်နိုးနိုးရောင်းနေတဲ့ အိမ်ခြံမြေကွက်တွေအချိန်သာကုန် အပေါက်အလမ်း မတည့်လို့ ရောင်းမထွက်တာတွေ အမြန်အရောင်းထွက်စေဖို့ပါ… မြုပ်နေတဲငွေတွေပေါ် ချင်လို့ပဲဖြစ်ဖြစ် အခက်အခဲတခုကြောင့် မြေအမြန်ရောင်းထွက်ချင်လို့ပဲဖြစ်ဖြစ် အိမ်ခြံမြေတွေအမြန်ဆုံး ရောင်းထွက်စေမယ့် အစီရင်ပါနော် ခုနှစ်ရက်သားသမီးများအတွက်မေတ္တာစေတနာအပြည့်ဝဖြင့်ဆရာကိုယ်တိုင်ရေးသားပေးလိုက်ပါတယ်။ ယတြာပြုလုပ်နည်း မိမိရောင်းလိုသောမြေကို ပန်းကန်လုံးဖြင့်ထည့်ပါအာလူးသုံးလုံးထည့်ပါ။ ကြံ လက်တစ်ဖြား ဖြတ်၍တင်လိုက်ပါအင်္ကျီအဖြူဝတ်၍ပြုလုပ်ရမည်။ ထိုပန်းကန်တွင် ဆန်တစ်ဆုပ် ပေါက်ပေါက်တစ်ဆုပ် ဆနွင်းတစ်ဆုပ်ထည့်ပါ။အာလူးသုံးလုံးပေါ်တွင် ဖယောင်းတိုင် တစ်တိုင်စီထွန်းပါ။ တနင်္ဂနွေသားသမီးဖြစ်ပါက အုန်းညွှန့် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။ တနင်္လာသားသမီးဖြစ်ပါက ကံ့ကော် (၃)ညွှန့်ဖြင့် ထိုပန်းကန်ကို (၃)ချက်ရိုက်ပါ။ အင်္ဂါသား ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ ၊ ရာဟု သားသမီးများ အားလုံး ထိုနည်းတူ မွေးနံသင့်ပန်းများဖြင့် […]

Knowledge

ဆောင်းရာသီမှာဖြစ်တဲ့ ချောင်းဆိုး ရင်ကြပ် ချွဲကျပ်၊ သလိပ်ပျော်၍ အခိုးပွင့်စေတဲ့ အလွယ်ဆေးနည်း

ဆောင်းရာသီမှာ ချောင်းဆိုးရင်ကြပ်၊ ချွဲသလိပ်ခပ်နေရတာ အဖြစ်များကြတာကို အတွေ့များနေရပါတယ် အဲ့ဝေဒနာအတွက်” ခွေးတောက်ရွက်ခြောက်”ကသမားကျော်ပါလို့ဆိုရပါမယ်..။ သူ့ကိုရေနွေးကြမ်းထဲ လဘက်ခြောက်အစား ခပ်သောက်ရင် ချွဲသလိပ်တွေပျော်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အခိုးပွင့်ပြီး ရေချိုးလို့လည်းကောင်းပါတယ်။ အရွက်ကို အခြောက်လှမ်းတဲ့ အခါဆားရည် 5မိနစ်စိမ်၊ရေစင်စင်ဆေးပြီး ရေအခြောက်ကောင်းနေတစ်ရက်လှမ်းပြီး နောက်ရက်တွေမှာအရိပ် ထဲမှာပဲလှမ်းပေးရပါတယ်။ (၇)ရက်လှမ်းပြီးရင်သုံးလို့ရပါပြီ။ ရေနွေးကြမ်းသောက်သလို မကြာခဏသောက်နေရင်ပိတ်နေတဲ့အခိုးတွေပွင့်ပြီး.. ချွေးတစိုစိုနဲ့ရှိနေတတ်ပါတယ်။ တစ်ခါသောက် လဘက်ရည်တစ်ပန်းကန်စာကို နံနက် ၊နေ့လ၊ညနေ၊ညတစ်ကြိမ်စီ သောက်ပေးလိုလည်းရပါတယ်။ ကျွန်တော်ကတော့နေ့စဉ် သောက်ပါတယ်။ အခုနေ လှမ်းထားတာကဒုတိယအသုပ်လှမ်းတာပါ။ အရင်ရှိပြီးသား ခွေးတောက်ရွက်ခြောက်တွေ ကုန်ခါနီးနေလို့ပါ။ ဓါတ်ဗူးထဲကို ခွေးတောက်ရွက်ခြောက်ငါးရွက်ကို ထည့်ပြီး ငါးမိနစ်လောက်နှပ်ထားပြီးမှသောက်ပါ။ အရောင်ကအဝါဖျော့လေးနဲ့ စိမ်းရွှေရွှေအနံ့လေးရပေမယ့်.. အရွက်အစိုလိုအခါးဓါတ်မပြင်းပဲသောက်လို့အဆင်ပြေပါတယ်။ Shwe La Thar Win ====== Unicode ဆောင်းရာသီမှာ ချောင်းဆိုးရင်ကြပ်၊ ချွဲသလိပ်ခပ်နေရတာ အဖြစ်များကြတာကို အတွေ့များနေရပါတယ် […]

Knowledge

မည်းနေတဲ့ဂုတ်သားနဲ့ လည်ပင်းကို ပြန်လည်ဖြူ ဝင်းလာစေမယ့် အိမ်တွင်းနည်းလမ်း (၅) မျိုး

မည်းနေတဲ့ဂုတ်သားနဲ့ လည်ပင်းကို ပြန်လည်ဖြူ ဝင်းလာစေမယ့် အိမ်တွင်းနည်းလမ်း (၅) မျိုး – မျက်နှာကြီးကဖြူပြီး လည်ပင်းကြီးကမည်းနေတယ်ဆို မဟုတ်သေးပါဘူး။ ဆံပင်သိမ်းတင်ထားတဲ့အချိန်ဆို တော်တော်လည်းကြည့်ရဆိုးပါတယ်။ အရှေ့ကကြည့်ရင် မသိသာပေမယ့် ဘေးတိုက်တို့၊ အနောက်တို့က ကြည့်မယ်ဆို သိပ်အမြင်ရဆိုးစေပါတယ်။ ဘယ်သူကတော့ ဒီလိုမျိုးမည်းနေချင်မှာလဲနော်။ ဒီလိုဆို မည်းနေတဲ့ဂုတ်သားနဲ့ လည်ပင်းကို ပြန်လည်ဖြူ ဝင်းလာစေမယ့် အိမ်တွင်းနည်းလမ်း (၅) မျိုးက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။ ၁။ မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါ (၂-၃) ဇွန်းလောက်ကို ရေနဲ့ရောပြီး မည်းနေတဲ့ဂုတ်ပေါ်တင်ပေးလိုက်ပါ။ ခြောက်သွားရင်တော့ လက်နဲ့ပွတ်ချပြီး ရေဆေးလို့ရပါပြီ။ နောက်ဆုံးအနေနဲ့ လည်ပင်းကိုခြောက်အောင်သုတ်ပြီး Moisturizer လေးလိမ်းပေးလိုက်ပါ။ တစ်ပတ်လောက် နေ့တိုင်းပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် တော့ ရလဒ်ကောင်းလာတာကို တွေ့ရပါလိမ့်မယ်။ ၂။ သံလွင်ဆီနဲ့ သံပရာရည် သံလွင်ဆီနဲ့ သံပရာရည်ကိုရောပြီး […]

Life Style

၁၅ နှစ်သမီး ရလိုက်တဲ့ ရည်းစားစာကို အမေရဲ့တုံ့ပြန်ချက် ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ် သမီးရှင်တို့

၂၀၁၅ နှစ်သမီး ရလိုက်တဲ့ ရည်းစားစာ ကို အမေရဲ့တုံ့ပြန်ချက် အရမ်းကောင်းပါတယ် သမီးရှင်တို့ သမီးက အသက် ( ၁၅ ) နစ်ပြည့်ခါစ( ၉ ) တန်းတက်ပါတယ်။ ခါတိုင်းဆိုရင် ကျောင်းဆင်းရင် တတွတ်တွတ်နဲ့ သူငယ်ချင်းများ အကြောင်း၊ အတန်းထဲကအကြောင်း၊ ဆရာဆရာမများအကြောင်း၊ သင်ခန်းစာအကြောင်း၊ သူဖတ်နေတဲ့ စာအုပ်များရဲ့ အကြောင်း ဘာကိစ္စပဲ ရှိရှိ၊ သမီးဖြစ်သူက မိခင်ကို ပြောပြလေ့ရှိပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ သမီးဖြစ်သူက ငိုင်ငိုင် ငိုင်ငိုင်နဲ့ တစ်ခုခုတော့ လွဲနေတယ်လို့ မိခင်ဖြစ်သူက ရိပ်စားမိလိုက်ပါတယ်။ ဒါနဲ့ မိခင်ဖြစ်သူက သမီးကိုခေါ် ယူပြီး မေးပါတယ်။ “ သမီး အခုရက်ပိုင်းမှာ ရည်းစားစကား အပြောခံရတာ ရှိသလား” “ မရှိပါဘူး […]

Knowledge

သင့်ဖုန်း အားအမြန်ပြည့်ချင်ရင် ဒီနည်းလမ်းတွေသုံးလိုက်ပါ

သင့်ဖုန်း အားအမြန်ပြည့်ချင်ရင် ဒီနည်းလမ်းတွေသုံးလိုက်ပါ ဖုန်းတစ်လုံး လက်ထဲမှာ ပိုင်ထားပြီဆိုရင် အဲဒီလူရဲ့စိတ်ထဲမှာ မသိမသာ စိုးရိမ်စိတ်လေးတစ်ခု တိုးပွားလာပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ဖုန်း အားကုန်သွားမှာ စိုးတာပါ။ ဖုန်းအားသွင်းတဲ့အခါမှာလည်း ကိုယ့်ရဲ့ဖုန်းကို အလျှင်အမြန် အားပြည့်စေချင်ကြပါလိမ့်မယ်။ ဒီလျှို့ဝှက်ချက် (၇)ခုကတော့ ဖုန်း အမြန်အားသွင်းလိုသူတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ (၁) ဝိုင်ယာလက်စ် (Wireless) အားသွင်းတဲ့စနစ်ကို အသုံးမပြုပါနဲ့ မျက်မှောက်ခေတ်မှာ ဖုန်းတွေကို Wireless အားသွင်းတဲ့စနစ်တွေ တပ်ဆင်လာကြပါတယ်။ ဒါပေမယ့် ပညာရှင်တွေရဲ့ အဆိုအရတော့ ဒီနည်းဟာ သာမန်ရိုးရိုး အားသွင်းတဲ့ပုံစံထက် (၂)ဆလောက် အားဝင်မှု ပိုနှေးစေပါတယ်တဲ့။ ဒီတော့ အားအမြန်သွင်းချင်ရင် ယခင်နည်းဟောင်းကိုပဲ သုံးတာ အဆင်ပြေဆုံးပါ။ (၂) အားသွင်းစက်ကောင်းကောင်း သုံးပါ တချို့သူတွေက အားသွင်းတဲ့ Adopter ဝယ်ယူတဲ့အခါ သုံးလို့ရရင် […]