ဂျာမနီ နိုင်ငံ ဘာလင်မြို့ရဲ့ နာမည်ကြီး နံရံပန်းချီများမှာ ကမ္ဘာကျော်များနှင့် တန်းတူဂုဏ်ပြုခြင်းခံရတဲ့ နွေဦးသူရဲကောင်း မကြယ်စင်ရဲ့ ရုပ်ပုံ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ စတင်ပြီး ပြည်သူ့အာဏာ သိမ်းယူသွားတဲ့နောက် ဒီမိုကရေစီကိုလိုလားကြတဲ့ ပြည်သူတွေဟာ လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်ရင်းနဲ့လည်း အာဏာရှင်တွေရဲ့ မတရား ပစ်ခတ်မှုတွေကြောင့် နွေဦးသူရဲကောင်းများစွာ အသက်ပေးသွားခဲ့ရပါတယ်။ တချို့မှာလည်း လက်ရှိအချိန်ထိ ထောင်ထဲတွေမှာ မတရားဖမ်းဆီး ချုပ်နှောင်းခံထားရတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတွေအတွက် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံရပ်ခြားတွေမှာ သတိတရဖြစ်အောင် ရုပ်ပုံ ပန်းချီကားတွေနဲ့ ဂုဏ်ပြုအခမ်းအနားတွေ ပြုလုပ်ပေးကြတာ တွေ့ရပါတယ်။ ယခုမှာလည်း နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့ ပုံတူပန်းချီကားလေးကို ဂျာမနီ နိုင်ငံ ဘာလင်မြို့ရဲ့ ကမ္ဘာကျော်နံရံပန်းချီတွေမှာ ထည့်သွင်းရေးဆွဲခံရတယ်လို့ ကြားသိရပါတယ်။ အဆိုပါနေရာဟာ […]
Author: Achawlaymyar
အနံ့မရတော့ဘူးဆိုတာနဲ့ မီးကွင်းဂမုန်း၊ပင်စိမ်းနှစ်မျိုး ဆားနဲ့ထောင်း အရည်ညှစ်သောက်ကြပါ
အနံ့မရတော့ဘူးဆိုတာနဲ့ မီးကွင်းဂမုန်း၊ပင်စိမ်းနှစ်မျိုး ဆားနဲ့ထောင်း အရည်ညှစ်သောက်ကြပါ တစ်နေ့သုံးကြိမ် နှစ်ရက်သောက်ပီးရင် ပိုးေ+သပီး ဝမ်းထဲပါသွားပါမယ်။ လက်တွေ့အကျိုးရှိလို့ပါသဘာဝဆေးကပိုကောင်းပါတယ်။မီးကွင်းဂမုန်း တိုင်းရင်းဆေးအသုံး မီးကွင်းဂမုန်းက မြန်မာနိုင်ငံအနှံအပြားမှာ ပေါက်ရောက်ပါတယ်။ မီးကွင်းဂမုန်းကို မြန်မာတိုင်းရင်းဆေးအရ ကုသနိုင်တဲ့ဆေးနည်းများကတော့……. မီးကွင်းဂမုန်း အရိုးနှင့်အရွက်ကို ထုထောင်း၍ သုံးခွက်တစ်ခွက်တင် ကျိုချက်ပြီး ရရှိသောအရည်ကို ဒသကြားအနည်းငယ် ခတ်၍သောက်သော် သွေးအန်ရောဂါပျောက်၏။ *တစ်ကြိမ်လျှင် ကြွေဇွန်းတစ်ဇွန်းခန့်ဖြင့် တစ်နေ့သုံးကြိမ် သောက်ပါ။ #နားပြည်ယိုရောဂါဖြစ်ပါက အရွက်ကို မီးကင်ပြီး နားတွင်းသို့ အရည်ညှစ်ထည့်ပေးပါကပျောက်ကင်း၏။#မီးကွင်းဂမုန်းအရွက် အနည်းငယ်ကို သုပ်စားခြင်း၊ တို့စားခြင်းတို့ဖြင့် ဝမ်းကိုက်ရောဂါပျောက်၏။ #သွေးဝမ်းသွားလျှင် မီးကွင်းဂမုန်းအရွက်ကို အရည်ညှစ်၍ ကြွေဇွန်းတစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။#မီးလောင်၊ အပူလောင်ခြင်းဖြစ်ပါက မီးကွင်းဂမုန်းအရွက်နုကို သကြားအနည်းငယ်နှင့် ရောပြီး ထုထောင်းကြိတ်ခြေ၍ လိမ်းပေးရ၏။ #မီးကွင်းဂမုန်းကို ထောင်း၍ရသောအရည်နှင့် သကြားအနည်းငယ်ရောပြီး ဇွန်းသေးတစ်ဇွန်းခန့် တစ်နေ့သုံးကြိမ်သောက်သော် […]
လမ်းဘေးတစ်နေရာမှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ ဂိမ်းကစားနေတဲ့ဗီဒီယိုကြောင့် လူများစွာရဲ့နှလုံးသားကို ထိမိသွားစေခဲ့တဲ့ သားအဖနှစ်ဦး
၎င်းဟာ လူတိုင်းလိုလိုအတွက် မဟုတ်ပေမဲ့ သူတို့ရဲ့သားသမီးများနှင့်တရင်းတနှီးဆက်ဆံရေးများမရှိတဲ့ အဖေများစွာ ရှိနေတတ်ပါတယ်။ဒါဟာလည်း မတူညီတဲ့အကြောင်းပြချက်များကြောင့်သာ ဖြစ်ရတာပါ။သို့ပေမဲ့ အဖေတော်တော်များများက ၎င်းတို့ရဲ့ကလေးများနှင့်တရင်းတနှီးရှိဖို့ အချိန်မရတာကြောင့် ၎င်းကို မှန်တယ်လို့ ဆိုကြပါလိမ့်မယ်။အကြောင်းပြချက်များစွာရှိသော်လည်း အဖေများစွာက ၎င်းတို့ဟာ သားသမီးများနှင့် အတူရှိနေပေးပြီး အမှန်တကယ်ရင်းနှီးပေးဖို့ အချိန်မရှိတာကြောင့်ဖြစ်ကြောင်းဟု ဆိုကြပါတယ်။အဖေတို့ဟာ တစ်နေ့တာရဲ့အဆုံးမှာ ၎င်းတို့ရဲ့သားသမီးများအား အချိန်ပေးချင်ပေမဲ့လည်း ပင်ပန်းလွန်းတာကြောင့် အဖေတော်တော်များများဟာ ၎င်းတို့ရဲ့သားသမီးကို မရင်းနှီးကြရပါဘူး။ သို့ပေမဲ့ မကြာသေးခင်က အဖေတစ်ဦးဟာ သူ့ရဲ့သမီးဖြစ်သူနဲ့ “ Rock Paper Scissors ” ဂိမ်းကို ကစားနေခဲ့တဲ့ပုံရိပ်ကြောင့် လူသိများသွားခဲ့ပါတယ်။၎င်းတို့သားအဖဟာ မော်တော်ဆိုင်ကယ်ကို စီးနင်းလာခဲ့ကြပေမဲ့ လမ်းဘေးမှာရပ်ထားပုံရပြီး လမ်းဘေးတစ်နေရာရာမှာ ရှိနေခဲ့ကြပါတယ်။ Sahabat Surga အမည်ရှိ netizen တစ်ဦးဟာ ၎င်းဗီဒီယိုကို Instagram တွင် တင်ပေးခဲ့ပြီး ဂိမ်းကစားနေရင်း […]
ပုလဲအရန်မီးသတ်တပ်ဖွဲ့ကို သွားရောက်လှူဒါန်းရင်း သီချင်းပါ သီဆိုဖျော်ဖြေပေးခဲ့တဲ့ အဆိုတော် ချယ်ရီသင်းရဲ့ ကြည်နူးစရာ ဗီဒီယို
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ အသံချိုချိုအေးအေးလေးနဲ့ အဆိုတော် ချယ်ရီသင်းကို အားလုံးသိကြမယ်လို့ ထင်ပါတယ်။ ချယ်ရီသင်းဟာ အနုပညာအလုပ်တွေကိုလည်း ကောင်းမွန်အောင် ကြိုးစားနေတဲ့အပြင် လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို တစ်ဖက်တစ်လမ်းကနေ စွမ်းစွမ်းတမံ ကူညီလုပ်ကိုင်ပေးနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ချယ်ရီသင်းရဲ့ လေးစားစရာ ပရဟိတအလုပ်လေးတွေကတော့ လတ်တလော နိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်ကာလလေးမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေအတွက် စားသောက်စရာလေးတွေကို တတ်နိုင်လောက် မကြားခဏ မျှဝေလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ပြီးခဲ့တဲ့လပိုင်းက သူမရဲ့ ဆွေမျိုးမိသားစုဝင်ထဲက အစ်ကိုဝမ်းကွဲ နှစ်ယောက်နဲ့ ဦးလေးတစ်ယောက်ဟာ ရက်ပိုင်းခြားပြီး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရှာပါတယ်။ အလှူအတန်းတွေကို မကြားခဏပြုလုပ်တတ်တဲ့ ချယ်ရီသင်းဟာ ယမန်နေ့က ပုလဲအရန်မီးသတ်တပ်ဖွဲ့ရှိတဲ့ ဌာနကို […]
အလဲထိုးဖို့ပဲရှိတယ် အရေးတော်ပုံ အောင်နေပြီ
မည်သို့ပင် အမျိုးသားပြန်လည် ညီညွှတ်ရေးတို့ ရင်ကြားစေ့ရေးတို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘယ်လောက်ပဲလုပ်ခဲ့သည် ဖြစ်စေဘက် တစ်ဖက်ထဲက ရိုးသားလို့ မရဘူး၊တဖက်က နောက်ကျောကို ဓားနဲ့ထိုးဖို့ ဓားအမြဲတမ်းကိုင်ထားတာ ဖွက်ထားတာပေါ့ဗျာ အဲ့ဒါကြီးက ဖေဖော်ဝါရီလ ၁ ရက်နေ့ကျတော့ ဒါကြီးသိလိုက်ရတာပေါ့။ ဒါကတော့ နောက်ကိုလည်း ထားရမယ့် သတိပဲဗျာ့။ ကျနော်တို့တွေ အကုန်လုံးက ဘဝရဲ့ အခက်ဆုံးအချိန်ကို ကျနော်တို့အားလုံးအတူတူဖြတ်သန်းနေကြရတာနော်၊ ဒီထက် ခက်တယ်ဆိုတာ မရှိတော့ဘူး၊ ရှူရှိုက်ဖို့ လေမှာလဲ ခက်နေတယ်၊ ဆိုးနေတယ်၊ လူမိုက်နဲ့ အတူနေရတဲ့ ဒုက္ခကလည်း ရှိသေးတယ်ဗျာ့။ကျနော်တို့တွေက CDM တွေ၊ ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေ အကြမ်းမဖက်တဲ့ နည်းပေါင်းစုံနဲ့ တကယ်တော့ ပြည်သူက နိုင်ပြီးသားဗျာ့။ လက်ဝှေ့ပွဲနဲ့ ပြောရင် ဒီလောက် အင်အားကောင်းတဲ့ CDM နဲ့ […]
တန်ခူးလမွေးဖွားသူများအတွက် တစ်သက်တာ ဟောကိန်းများ
တန်ခူးလမွေးဖွားသူများအတွက် တစ်သက်တာ ဟောကိန်းများ တန်ခူးလမွေးဖွားသူများ တန်ခူးလမွေးဖွားသူအများစုတို့သည် ပင်ကိုယ်စိတ်ဓါတ်အားဖြင့် အလွန်သဘောထားကြီးတတ်ကြပါသည်။ လွတ်လပ်ပေါ့ပါးစွာနေတတ်သည်။ အမြဲတမ်းကြည်လင်အေးချမ်းစွာနေပြီး ပြုံးပျော်ရွင်မြူးစွာပြောဆိုနေတတ်သည်။ဖြတ်ထိုးဉာဏ်ကောင်းမည်။ ဟာသဉာဏ်ရွှင်သည်။ အပေါ်ယံအားဖြင့်ဘာမှအလေးမထားသလို ပေါ့ပေါ့တန်တန်၊ ဘာသိဘာသာအသွင်သဏ္ဍာန်နေတတ်ပေမယ့်အရေးကြုံသောအခါတွင် ရဲရင့်ထက်မြက်စွာလုပ်ကိုင်နိုင်စွမ်းရှိကြသည်။ အရေးကြုံသောအခါတွင် ခေါင်းဆောင်နေရာမျိုး တွင်ဝင်ရောက်ကာတာဝန်ယူလုပ်ကိုင်နိုင်စွမ်းရှိကြသည်ကျန်အချိန်များတွင် ကြွားဝါခြင်းကင်းလျှက် မထင်မရှားသာနေတတ်သည်။ ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိပညာလက်သည်းဝှက် နေတတ်ကြသည်။သို့သော် တန်ကူးလဖွားများသည် အငြိုးအတေးကြီးသည်ရင်တွင်းမာနကြီးမားသည်။ ဒေါသထွက်လာလျှင် ကြောက်စရာကောင်းလှအောင် ခက်ထန်လာတတ်သည်။အလွန်ခေါင်းမာစွာအရွဲ့တိုက်လိုသည်။လက်စားချေလိုသည်။ လူတစ်ယောက်အပေါ် ရန်သူဟု သတ်မှတ်လိုက်ပါက မူလကသိမ်မွေ့မှု၊ လိုက်လျောမှု၊ သဘောထားကြီးမှုတို့ ပျောက်ပျက်ကာ စိတ်ရောကိုယ်ပါ အငြိုးတကြီးချေမှုန်းလေ့ရှိသည်။ မည်သည့်အခါတွင်မှခွင့်လွှတ်တော့ခြင်းမရှိကာသေတပန်သက်တဆုံးလက်တုံ့ပြန်လေသည်။ တန်ခူးလဖွားတို့သည် အမြဲတမ်း လှုပ်ရှားရုန်းကန် ကြိုးစားနေတတ်ကြသည်။ တစ်ခါတစ်ရံ တွေဝေမိုက်မဲစွာ ပြုမူတတ်ကြပြန်သည်။ ကြောက်လွယ်သော ရဲလွယ်သော သဘောရှိသည်။ တစ်ခါတစ်ရံ ဘာမှ မဟုတ်တာလေးများကို […]
စကစကို ဖြိုခွင်းဖို့ NUG အစိုးရ တောင်ပံဖြန့်လာပြီ
အမေစုပြောတဲ့စကားအတိုင်းပြောရရင်…အာဏာကိုလိုချင်လို့ ကျမကိုဖမ်းတယ်၊အာဏာက ကျမလက်ထဲမှာ မဟုတ်ဘူး..ပြည်သူတွေရဲ့လက်ထဲမှာ၊ပြည်သူထံတောင်းလို့ရရင်ယူပေါ့တဲ့ လုံးဝရှင်းတယ်…အာဏာလည်းလိုချင်တယ်.လုပ်လည်းမလုပ်တတ်ဘူး။ လုပ်လိုက်ရင်လည်း ဖင်က ဖုံးလို့ဂေါင်းကပေါ်ဖြစ်နေကြပြီ။ သူတို့ရွေ့တဲ့အကွက်ကို ကျနော်ဉာဏ်မီသလောက်ပြောရရင်….ဦးကျော်မိုးထွန်းကို မလုပ်ကြံမီ…မအလ က ဖွတ်ပါတီဟာ.သူတို့နှင့် မသက်ဆိုင်တော့ကြောင်းစာထွက်လာတယ်။အခု ဦးကျော်မိုးထွန်းကိုလုပ်ကြံတဲ့သူမိပြန်တော့ ဖွတ်ပါတီ က သူတို့ပါတီကမဟုတ်ကြောင်းငြင်းလာတယ်…ဆိုတော့..ဘယ်သူခိုင်းတာဖြစ်နိူင်မလဲ? နောက်တချက်က အာစီယံမှာ သူတို့လိုချင်တဲ့ကိုယ်စားလည် က ထိုင်းဝန်ကြီး..တကယ်ဖြစ်လာတော့..ဘရူနိူင်းဝန်ကြီး…အဲဒီမှာ စဉ်းစားရမှာက ဘာပြု လို့ထိုင်းဝန်ကြီး ကို လိုချင်တာလဲ?အခုလုပ်ကြံမှု့မှာ အဓိက ပါဝင်နေတာက ထိုင်းက လက်နှက်ကုန်သည်ဖြစ်နေတယ်။ စဉ်းစားစရာလေးတွေနော်…. ဒါပေမယ့်ဘာဖြစ်ဖြစ်ပါ…တို့တွေက ဓမ္မလမ်းအတိုင်းသွားနေတဲ့သူတွေလေ..အကုသိုလ်အကျိုးပေးချိန်ရောက်ပြီဆိုရင်.ဘာလုပ်လုပ် အဆင်မပြေတော့ဘူး။ဦးကျော်မိုးထွန်းကိုလုပ်ကြံတဲ့ဖြစ်ရပ်က အကြီးကြီးဖြစ်သွားပြီနော်… အကယ်၍ မအလ လုပ်ခဲ့ပါမူ မြန်မာစစ်တပ်သည်ကြီးလေးသော နိုင်ငံတကာရာဇဝတ်ဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာဖြစ်သည်ဟု အမေရိကန်အကြီးတန်းရဲအရာရှိချုပ်ကြီး မစ္စတာလူးဝှစ်အယ်ဒီဆင်မှထုတ်ပြန်သတိပေးလိုက်ပြီနော်…. UN တို့ US တို့က ပြည်သူဖက်ကနေ(၁၀၀%)ပြည့်ရပ်တည်သွားပြီ။နွား ၂ကောင်က လွဲရင်တစ်ကမ္ဘာလုံး ကို့ယ့်ဖက်မှာ။ဒီအချိန်မှာ..NUG.အကွက်တွေက ထိမိတယ်၊လှတယ်၊ကမ္ဘာကလက်ခံလာတယ်..NUG ကထီရောင်းတာအကြောင်းမဲ့မဟုတ်ဘူးနော်..ပြည်သူတွေသူတို့ဖက်မှာ ဘယ်လောက် […]
ယနေ့မှာ ကျရောက်တဲ့ ဖွေးဖွေးရဲ့မွေးနေ့လေးကို အမှတ်တရပုံရိပ်တွေနဲ့ အတူ ဆုတောင်းပေးလာတဲ့ ထိပ်ထားသခင်
မင်းသမီးချောလေး ဖွေးဖွေးကတော့ သူမရဲ့ထူးခြားတဲ့အိုက်တင်တွေနဲ့ ပရိသတ်တွေ အားလုံးရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့်အ၀ သိမ်းပိုက်ရရှိထားသူလေး ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့အထိအောင်မြင်နေတဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေ့ ဩဂုတ်လ (၉) ရက်နေ့ကတော့ ဖွေးစိန်လေးရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ် ။ မွေးနေ့မှာ ချစ်ရတဲ့ ပရိသတ်တွေ အပြင် အနုပညာရှင် မောင်နှမတွေကလည်း ဆုတောင်းစကားလေးတွေရေးသားဖော်ပြခဲ့ကြတာတွေ့ရပါတယ် ။ ဒီလို ဆုတောင်းပေးကြသူတွေ အထဲမှာ ဖွေးစိန်လေးရဲ့ အချစ်တော် ကလေးသရုပ်ဆောင် ထိပ်ထားသခင်လည်း အပါအဝင်ပါပဲ ။ ထိပ်ထားလေးကလည်း ဖွေးနဲ့အတူ အမှတ်တရ ရိုက်ထားတဲ့ ပုံလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးလာပါတယ် ။ ” “ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပါစေ”” မမဖွေးဖွေး” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ဝေမျှပေးရင်း မွေးနေ့မှာ ပျော်ရွှင်ပါစေ […]
သေလောက်အောင်ချစ်လည်း ဒီလုပ်ရပ်မျိုးလုပ်ရင်တော့ မိန်းမတွေ(လုံးဝ) ခွင့်မလွှတ်တတ်ကျဘူး
အချစ်ကြီးတဲ့နေရာမှာ မိန်းကလေးတွေက နာမည်ကျော်ကြပါတယ်။ ဒီလို အချစ်ကြီးပေမယ့်လည်း မိန်းကလေးတွေမှာ ချစ်သူကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့အရာတွေလည်း ရှိပါတယ်။ အရာအားလုံးကို ခွင့်လွှတ်နိုင်ရင်တောင် လုံးဝ ခွင့်လွှတ်ပေးလို့ မရတဲ့ အရာတွေကတော့…. (၁) သစ္စာဖောက်တာ မိန်းကလေးတွေရဲ့ အမုန်းဆုံးအချက်ကတော့ သစ္စာဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ လူသိရှင်ကြားတွဲနေလျက်နဲ့ ကိုယ့်အပေါ် သစ္စာဖောက်သွားတာကို အမုန်းဆုံး ဖြစ်ပါတယ်။ စိတ်အလိုလိုက်ပြီး ဖြစ်သွားတာ ဖြစ်စေ၊ ခေတ္တဖြစ်ပြီး ပြီးသွားတာ ဖြစ်စေ မိန်းကလေးတွေက အရမ်းမုန်းပါတယ်။ (၂) အပြိုင်ထားတာ အချစ်ဆိုတာ ကိုယ့်အပေါ်ပဲ အာရုံစိုက်ပြီး ဂရုတစိုက်ချစ်ကြခြင်းလို့ မိန်းကလေးတွေက နားလည်ထားကြပါတယ်။ ဒါကို နောက်တစ်ယောက်ပါ ထားပြီး ဟိုကိုလည်း မစွန့်လွှတ်နို်င် ဒီလိုလည်း လက်မလွှတ်နိုင်ဆိုတဲ့ မပြတ်မသား လုပ်တတ်တဲ့ ကောင်လေးတွေရဲ့ လုပ်ရပ်တွေကို […]
စိတ်မရှုပ်ခံနိုင်တဲ့သူတွေဟာအမြဲတမ်းလိုလိုတစ်ယောက်တည်းနေတတ်ကြတယ်
စိတ်မရှုပ်ခံနိုင်တဲ့သူတွေဟာအမြဲတမ်းလိုလိုတစ်ယောက်တည်းနေတတ်ကြတယ် သူငယ်ချင်းတွေလဲများများစားစားမရှိသလိုရှိတဲ့သူငယ်ချင်းတွေနဲ့လဲ တစ်ခါတစ်လေမှစကားပြောဖြစ်ကြတယ်…အမြဲတမ်းအထီးကျန်နေတာမဟုတ်ေပမဲ့..တစ်ယောက်တည်း စိတ်ထဲရှိတာတွေလုပ်နေတတ်တယ်… အဲ့တာကြောင့်စိတ်ရှုပ်မခံတဲ့သူတွေအနားမှာလူတွေအကြာကြီးမနေတတ်ကြဘူး…သူငယ်ချင်းအပေါင်းသင်းတွေနဲ့အပြင်ထွက်ရတာထက်..စာအုပ်လေးတစ်အုပ် နားကျပ်လေးနဲ့ကော်ဖီလေးတစ်ခွက်ရှိရင်ပြည့်စုံနေတာမျိုး.. အဲ့လိုပုံစံမျိုးနဲ့ ချစ်သူတွေဖြစ်မိပြီဆိုသည်းခံနိုင်မှဖြစ်မယ်…စိတ်ရှုပ်တာမခံနိုင်တော့ ပြဿနာတွေဖြစ်ရင် မှန်နေရင်သူ့ဘက်ကရှင်းမပြတတ်ပါဘူး… ဒါမဲ့ သူတို့က အရမ်းချစ်တတ်ကြပါတယ်ထုတ်မပြတတ်တာမျိုးတော့ရှိကြတယ်… ဒေါသလဲအလွယ်တကူဖြစ်တတ်ကြတာကြောင့် လူများတဲ့နေရာတွေဆို သွားလေ့မရှိပါဘူး.. လုအများရဲ့အပေါင်းသင်းသိပ်မလုပ်တတ်ကြဘူး… ခပ်ချေချေပုံစံတစ်ခုလိုဖြစ်နေပေမဲ့…သူတကယ်ချစ်တဲ့သူတွေတွက် အနစ်နာခံကြတာမျိုး…. လူတွေအများကြီးရောက်သွားရင်နှုတ်ဆိတ်ပြီး နေတတ်ကြတယ်..တစ်ယောက်တည်းရှိတဲ့အချိန်လေးတွေကိုသူပိုမြတ်နိုးတယ်… မိသားစုတွေကြားမှာတောင် စကားနဲကြတဲ့သူမျိူးလေးတွေ… ရင့်ကျက်မှုလေးတွေချစ်မြတ်နိုးကြတယ်သူတို့နဲ့စကားပြောကြည့်ရင်လိုအပ်တာထပ်ပိုမပြောတတ်တဲ့သူမျိုး… ညဘက်တွေ အပြင်တွေလည်ရမှာထက်အိမ်ထဲမှာပဲ လုပ်စရာတွေလုပ်နေကြတာနှစ်သက်ကြတယ်.. အပျော်ပါးသိပ်မမက်ပေမဲ့ အေးချမ်းမှုကိုနှစ်သက်ကြတာမျိုး… အီစီကလီတွေကိုရယ်စရာလို့မြင်တတ်လာပြီးအနာဂတ်အတွက် plan တွေလဲရှိကြတယ် သံယောဇဉ်ကြီးကြပေမဲ့..ကိုယ့်အပေါမကောင်းတဲ့သူတွေတွက်.. မေ့ပစ်ဖို့လဲဝန်မလေးတတ်ကြတဲ့သူမျိုး…ကဲ ခင်ဗျားလဲ စိတ်ရှုပ်ခံနိုင်လား….?#Credit Lol Thone စိတ်မရှုပ်ခံနိုင်တဲ့သူတွေဟာအမြဲတမ်းလိုလိုတစ်ယောက်တည်းနေတတ်ကြတယ် သူငယ်ချင်းတွေလဲများများစားစားမရှိသလိုရှိတဲ့သူငယ်ချင်းတွေနဲ့လဲ တစ်ခါတစ်လေမှစကားပြောဖြစ်ကြတယ်…အမြဲတမ်းအထီးကျန်နေတာမဟုတ်ပေမဲ့..တစ်ယောက်တည်း စိတ်ထဲရှိတာတွေလုပ်နေတတ်တယ်… အဲ့တာကြောင့်စိတ်ရှုပ်မခံတဲ့သူတွေအနားမှာလူတွေအကြာကြီးမနေတတ်ကြဘူး…သူငယ်ချင်းအပေါင်းသင်းတွေနဲ့အပြင်ထွက်ရတာထက်..စာအုပ်လေးတစ်အုပ် နားကျပ်လေးနဲ့ကော်ဖီလေးတစ်ခွက်ရှိရင်ပြည့်စုံနေတာမျိုး.. အဲ့လိုပုံစံမျိုးနဲ့ ချစ်သူတွေဖြစ်မိပြီဆိုသည်းခံနိုင်မှဖြစ်မယ်… စိတ်ရှုပ်တာမခံနိုင်တော့ ပြဿနာတွေဖြစ်ရင် မှန်နေရင်သူ့ဘက်ကရှင်းမပြတတ်ပါဘူး… ဒါမဲ့ သူတို့က အရမ်းချစ်တတ်ကြပါတယ်ထုတ်မပြတတ်တာမျိုးတော့ရှိကြတယ်… ဒေါသလဲအလွယ်တကူဖြစ်တတ်ကြတာကြောင့် လူများတဲ့နေရာတွေဆို သွားလေ့မရှိပါဘူး.. […]









