အထွေအထွေဗဟုသုတ

ထီပေါက်တော့မယ်ဆို နိမိတ်ပြ လေ့ရှိတဲ့ အိမ်မက်အချို့…

ထီပေါက်တော့မယ်ဆို နိမိတ်ပြ လေ့ရှိတဲ့ အိမ်မက်အချို့ ထီပေါက်စေတဲ့ နိမိတ်ပြ အိမ်မက်… အိပ်မက်ကို လူတိုင်းမြင်မက်ပါတယ်။ အိပ်တာနဲ့ မက်တဲ့ အိပ်မက်မျိုးက သွေးလေချောက်ချားပြီး မက်တဲ့ အိပ်မက်၊ ရှေးယခင်က ခံစားဖူးတာကို အကြောင်းပြုပြီး မက်တဲ့ အိပ်မက်၊နတ်ဆိုးနတ်ဝါးတွေ လှည့်စားလို့မက်တဲ့ အိပ်မက်ဆိုးရယ် ဟူရယ် အိပ်မက်သုံးမျိုးရှိပါတယ်။မိမိတို့ အိပ်မက်၏ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်၍ သတိမထားသည့် အတွက် အကျိုးခံစားသင့်သော အရာများလွဲချော်သွားသည်လည်း ရှိပါတယ်။ဒါကြောင့် အဘဆရာကြီး မင်းသိင်္ခပြောကြားခဲ့တဲ့ ထီပေါက်စေတဲ့ နိမိတ်ပြ အိမ်မက်အချို့ကို ဗေဒင်ချစ်ပရိသတ်ကြီး သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ… နွားကိုစီး၍ မြို့ရွာသို့ လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း ၊ လူစည်ကားသောအရပ်တွင် မိမိက နွားကိုစီး၍ လူအပေါင်းတို့နှင့် လှည့်လည်ရသည်ဟု မြင်မက်သော်လည်းကောင်း၊နွားကိုစီး၍ ထင်ရှားကျော်စော သည်ကို မြင်မက်ခဲ့သော် အိပ်မက်သည် […]

အထွေအထွေဗဟုသုတ

ဘဝအောင်မြင်ရေး နည်းလမ်း ၅၀ သင့်ဘဝအတွက် အသုံးဝင်တဲ့အချက်၊ ခွန်အားဖြစ်စေတဲ့ စာ၊ ပါခဲ့ရင်

၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။ ၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။ ၃။ ရေချိုးစဉ် သီချင်းဆိုပါ။ ၄။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။ ၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။ ၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။ ၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။ ၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။ ၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။ ၁၀။ လေချွန်ပါ။ ၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။ ၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။ […]

အထွေအထွေဗဟုသုတ

အတုယူသင့်တဲ့ စိတ်ထားမျိုးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေဆိုတာ ဒီလိုတွေပါ

မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိဖြစ်နေရမယ်၊ မိန်းကလေးဆိုတာ အိမ်မှုကိစ္စတွေပဲ လုပ်ဖို့မွေးဖွားလာတာလို့ ပြောနေကြတဲ့သူတွေရဲ့ စကားတွေဟာ မှားယွင်းနေပါလားဆိုတာကို ဒီလိုမိန်းကလေးတွေက သက်သေပြနေပါတယ်။ ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ စကားရှိတယ်ဆိုပေမယ့် ယူသင့်တဲ့ ရှေးထုံးကို ယူပြီး ပယ်သင့်တဲ့ ရှေးထုံးကိုတော့ ပယ်ရမှာပါပဲ။ ရှေးလူကြီးတွေရဲ့ စကားဟာလည်း အကြွင်းမဲ့မှန်ကန်နေတယ်လို့ မဆိုထားပါဘူး။ မှန်မမှန်ဆိုတာကို ကိုယ်ပိုင်အသိဥာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်း အားလုံးမှာ ရှိပါတယ်။ ဒါကြောင့် ဒီလိုမျိုးမိန်းကလေးတွေဟာ သာမာန်မိန်းကလေးတွေထက် ကွဲထွက်နေတတ်ပြီး ထူးခြားတဲ့သူတွေဖြစ်ကြောင်းကို ဒီအချက်တွေက ဖော်ပြနေပါတယ်နော်။ ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ မကြောက်တတ်ဘူး shutterstock/Bogdan Sonjachnyj မိန်းကလေးအများစုက အားနည်းတယ်ဆိုတဲ့အဆိုကို ငြင်းဆိုသင့်တယ်လို့ကကော မထင်ဘူးလား။ တကယ်တော့ မိန်းကလေးတစ်ယောက် သာမာန်သွားရင် တော်ရုံလူတွေ လိုက်မမှီတော့ပါဘူး။ ဒီလိုမိန်းကလေးတွေဟာ အမှန်တရားကို မြတ်နိုးသလို ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ မကြောက်တတ်ကြပါဘူး။ ကိုယ့်ထက် […]

ကြားသိရသမျှ

မြန်မာမလေး မဟုတ်ပေမဲ့ မြန်မာဆန်ဆန်လေးဝတ်ပြီး လှနေလို့ လူပြောများနေတဲ့ နိုင်ငံခြားသူလေး

မန်မာမလေး မဟုတ်ပေမဲ့ မြန်မာဆန်ဆန်လေးဝတ်ပြီး လှနေလို့ လူပြောများနေတဲ့ နိုင်ငံခြားသူလေး ယနေ့ခေတ်မှာ တချို့မိန်းကလေးတွေဟာ ခပ်ဟော့ဟော့အဝတ်အစားတွေကို ပိုမိုဝတ်ဆင်လာကြပါတယ်… မြန်မာဆန်ဆန် ရင်ဖုံးနဲ့ ထမီဆိုတာ မြန်မာ့ရိုးရာ အဝတ်အထည်ဆိုပေမယ့် ပွဲတက်ပွဲသွားလောက်သာ ဝတ်သလို ဖြစ်နေပါပြီ….. ဒါပေမဲ့ မြန်မာပြည်ကို လာလည် ကြတဲ့ နိုင်ငံခြားသူလေးတွေကတော့ မြန်မာဆန်ဆန် ဝတ်ဆင်တာလေးကို အရမ်းကို သဘောကျလာကြတာတွေ့ရပါတယ်… အခုလည်းပဲ မြန်မာမလေးမဟုတ်ပေမယ့် မြန်မာ့အင်္ကျီလေးနဲ့ ထမီလေးကို ဝတ်ပြီးအရမ်းကို ချစ်စရာကောင်းနေတဲ့ နိုင်ငံခြားသူလေးရဲ့ ဓာတ်ပုံလေးတွေဟာ လူမှုကွန်ရက်မှာ ချီးကျူးနေကြတာပါ… ပန်းရောင် ဝမ်းဆက် မြန်မာဆန်ဆန်ဝတ်စုံလေးကို ဝတ်ဆင်ပြီး ရိုက်ထားတဲ့ နိုင်ငံခြားသူလေးရဲ့ဓာတ်ပုံလေးတွေဟာ လူကြည့်များနေပြီး သဘောကျနေကြတာပါ…. ခုလို မြန်မာဝတ်စုံလေးကို တန်ဖိုးထားပြီး ဝတ်ဆင်တဲ့ နိုင်ငံခြားသူလေးရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးတို့ကြည့်နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်.. မြန်မာမလေး မဟုတ်ပေမယ့် […]

ကြားသိရသမျှ

အမရပူရ တာရိုးကျိုးလို့ ရေမြုတ်တာ အစိုးရက လျော်ကြေးပေးမယ် ..

တာရိုးကျိုးလို့ စိုက်ခင်းတွေ ရေမြုတ်တာ အစိုးရက လျော်ကြေးပေးမယ်တဲ့ ညွှန်ကြားချက်ထွက်ပါက ​ရေမြုပ်ပျက်စီး​တောင်သူများအတွက်သီးနှံ​လျော်​ကြေးချက်ချင်းထုတ်​ပေးမည်.. ရွှေဂဲ ရေထိန်းတံခါးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြာင့် စိုက်ခင်းဧက တစ်ရာကျော်ပျက်စီး ၊ တိုင်းအစိုးရညွှန်ကြားပါက လျော်ကြေးပေးမည် မန္တလေးမြို့ အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးတာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြောင့် စိုက်ခင်းဧက တစ်ရာကျော် ပျက်စီးခဲ့ပြီး တိုင်းအစိုးရမှ ညွှန်ကြားပါက လျော်ကြေးငွေပေးသွားမည်ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရသည်။ ရွှေဂဲရေထိန်းတံခါးတာရိုး ကျိုးပေါက်မှုသည် ဇူလိုင် (၁၉)ရက် ညနေပိုင်းမှ စတင်ကာဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်၂၀ ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်တွင် ပိတ်ဆို့ ထိန်းချုပ်နိုင်ခဲ့သည် ။ “သီးနှံစိုက်ခင်း တစ်ရာကျော် ရေနှစ်မြုပ်ပျက်စီးခဲ့တယ် ၊ ဟင်းသီးဟင်းရွက်စိုက်ခင်း‌‌တွေပါ ၊ တိုင်းအစိုးရက ဘာမှညွှန်ကြားတာမရှိသေးတော့ ဘာမှမလုပ်ရသေးဘူး ၊ ညွှန်ကြားရင်တော့ ချက်ချင်းလျော်ကြေးငွေပေးသွားမှာပါ “ဟုမန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတိုးမင်းကပြောသည် ။ တာရိုးကျိုးပေါက်မှုကြောင့် […]

ကြားသိရသမျှ

တက္ကသိုလ်ကျောင်းသူလေး မအေးချမ်းမွန် ဆိုင်ကယ်လု၊ အသတ်ခံရပီး အလောင်းဖျောက်မှု

တက္ကသိုလ်ကျောင်းသူလေး မအေးချမ်းမွန် ဆိုင်ကယ်လု၊ အသတ်ခံရပီး အလောင်းဖျောက်မှု လူသတ်မှုကျူးလွန်ပြီးဆိုင်ကယ်လုယူရောင်းစားခဲ့သည်ဟုစွဲချက်တင်ထားသောတပ်ကြပ်ကြီးဈန်မင်းထက်အား၂၄.၇.၂၀၂၀ရက်နေ့တွင်စီရင်ချက်ချတော့မည်။ ကလေးမြို့တွင် တက္ကသိုလ်ကျောင်းသူ မအေးချမ်းမွန် အားသတ်ဖြတ်အလောင်းဖျောက်ဖျက်ပြီး မအေးချမ်းမွန်၏ scoppy ဆိုင်ကယ်အားယူဆောင်ရောင်းစားခဲ့သော တပ်ကြပ်ကြီး ဈန်မင်းထက် (Kwee Zingyi) အား ကလေးခရိုင်တရားရုံးတွင်စွဲချက်တင်လိုက်ပြီးအမှုစစ်ဆေးခဲ့ရာ ဆယ်လခန့်အကြာ ယခုလာမည့် ၂၄.၇.၂၀၂၀ ရက်နေ့တွင် နောက်ဆုံးအပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်ကြောင်းသိရပါသည် ။ လူသတ်တရားခံဈန်မင်းထက်သည် တပ်မတော်သားတဦးဖြစ်သည့်အတွက် စစ်ခုံရုံးတွင်အရင်စစ်ဆေးခဲ့ရပြီး အင်းဒင်ကျေးရွာ မှ ရွှေလုံး(စိုးသီဟ) ဆိုင်ကယ်အားခိုးယူရောင်းစားမှုဖြင့် စစ်ထောင်နှစ်နှစ်ချမှတ်ခဲ့ပြီး အရပ်ဖက်တရားရုံးသို့အမှုဆက်လက်စွဲဆိုနိုင်ရန် လွှဲအပ်ပေးခဲ့ခြင်းဖြစ်ပြီး ကလေးခရိုင်တရားရုံးတွင် မအေးချမ်းမွန်အားသတ်ခဲ့မှု အလောင်းဖျောက်ဖျက်ခဲ့မှု ဆိုင်ကယ်ခိုးယူရောင်းစားမှုတို့ဖြင့်စွဲချက်တင်နိုင်ခဲ့ခြင်းဖြစ်ပါသည် ။ ကလေးတက္ကသိုလ်ကျောင်းသူတဦးဖြစ်သည့် မအေးချမ်းမွန်အားတက္ကသိုလ်စာမေးပွဲများပြီးသည့် ၂၅.၉.၂၀၁၉ရက်နေ့တွင်သတ်ဖြတ်ခဲ့သည့်အတွက် ဈန်မင်းထက်အား ကလေးမြို့မရဲစခန်းတွင် (ပ)၂၁၄၆/၂၀၁၉ ရာဇသတ်ကြီးဥပဒေ လူသတ်မှု ပုဒ်မ ၃၀၂ အလောင်းဖျောက်ဖျက်မှုပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်ထားခဲ့ကြောင်းသိရပါသည် ။ […]

အနုပညာ

သိန်းထောင်ချီတန်တဲ့ လင်ခရူဆာကားကြီးကို ဝယ်ယူလိုက်တဲ့ ဖြူဖြူထွေး

သိန်းထောင်ချီတန်တဲ့ လင်ခရူဆာကားကြီးကို ဝယ်ယူလိုက်တဲ့ ဖြူဖြူထွေး ဖြူဖြူထွေးဆိုလိုက်တာနဲ့ ချစ်စရာအပြုအမူ ဖြူစင်ရိုးသားတဲ့အမူအရာ၊ အလှူအတန်းရက်ရောလွန်းတဲ့ ကောင်မလေးကို မသိသူမရှိလောက်ပါဘူးနော်။ ဝါရင့် လူရွှင်တော် သရုပ်ဆောင် တိမ်ညွန့်ကလည်း” ဒီကလေး လျှောက်တဲ့လမ်းက ဖြူစင်တယ်။ သူ့အချိန်အခါ ရောက်လာရင် တားမရဘူး။ သူကိုင်သမျှက ရွှေဖြစ်တယ်ပေါ့။ ပညာက သင်လို့ရတယ်။ စမ်း(ဇာတာ) ပြိုင်လို့မရဘူး။ သူ့ကြည့်တော့ ကုသိုလ်ချင်းရော စမ်း ချင်းပါ မယှဉ်နဲ့ ဖြစ်လာတယ် ” လို့ ဖြူဖြူထွေးကို ကြည့်ပြီး တွဲအလုပ်လုပ်မိပြီးတဲ့နောက် ပြောပါတယ်။ အခုလည်းသူမက သိန်းထောင်ပေါင်းများစွာတန်တဲ့ လင်ခရူဆာကားသစ်ကြီးကို ဂမုန်းပွင့် ကားShowroom ကနေ ဝယ်ယူစီးလိုက်ပြီဘဲဖြစ်ပါတယ်။ တစ်ချိန်က သတင်းထောက်အလုပ်ကနေ အလုပ်ထုတ်ခံရတဲ့ကောင်မလေးတစ်ယောက်က အခုချိန်မှာ တိုင်းသိပြည်သိအောင်မြင်တဲ့ အနုပညာရှင်ဖြစ်အောင် ကြိုးစားခဲ့တဲ့သူမဟာ လူငယ်တွေအတွက်တော့ အတုယူစရာကောင်းပါတယ်။ Toyota […]

အချစ်နှင့်ဘဝ

အချစ်ကိုပဲ အာရုံစိုက် အချိန်ပေးမိရင် သင် ဆုံးရှုံးသွားတတ်တဲ့ အရာများ

အချစ်ဆိုတာ ဘဝကြီး တစ်ခုလုံး မဟုတ်ပါဘူး။ ဘဝထဲက အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အချစ်ဆိုတဲ့ ခံစားမှုက ကိုယ့်ကို လွှမ်းမိုးပြီး အချစ်ကလွဲပြီး ဘာမှမသိတာမျိုး ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အဲ့အတိုင်း စိတ်အလိုလိုက်မိရင်တော့ ဒီအရာတွေကို သင် တဖြည်းဖြည်း ဆုံးရှုံးလိုက်ရမှာပါ။ (၁) ခင်မင်ရင်းနှီးမှု ချစ်သူဆိုတာက ဘဝမှာ အခေါက်ခေါက်အခါခါ ကြုံနိုင်တာမျိုးပါ။ သူငယ်ချင်းမိတ်ဆွေတွေကတော့ အမြဲ ရေရှည် ကိုယ့်ဘဝထဲ ရှိနေကြမယ့် သူတွေ ဖြစ်ပါတယ်။ အချစ်ကို တွေ့ပြီး သူငယ်ချင်းမိတ်ဆွေတွေကို အချိန်မပေးတော့တာ အဖက်မလုပ်တော့တာမျိုးက ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ထိခိုက်သွားနိုင်တဲ့ အခြေအနေ ဖြစ်သွားစေပါတယ်။ Photo by Andie Venzl from Pexels (၂) သင့်အချိန်တွေ သင် အရမ်းချစ်မိနေတဲ့သူက သင့်ရဲ့ […]

ဗေဒင်

၇ရက်သားသမီးများ တစ်ပတ်စာ ဟောစာတမ်း 23.7.2020 မှ 29.7.2020အထိ

၇ရက်သားသမီးများ တစ်ပတ်စာ ဟောစာတမ်း 23.7.2020 မှ 29.7.2020အထိ တနင်္ဂနွေ ယခုကာလတွင် မျှော်လင့်မထားသော အကြောင်းအရာတစ်ခု ဖြစ်ပေါ်တတ်ပါသည်။ထင်ထားတာတွေ မဖြစ်ဘဲမထင်တာတွေဖြစ်နေတတ်သည်။ အလုပ်နေရာ၊ အိမ်နေရာများ အပြောင်းအလဲရှိတတ်ပါသည်။ မရောက်ဖူး သေးသော ၊ မသွားဖူးသေးသော ဒေသတစ်ခုသို့ သွားရောက် လည်ပတ်ရတတ်သည်။ မိမိလုပ်နေသော အလုပ်နှင့် ပတ်သက်၍ စိတ်ပင်ပန်းမှုများ ဖြစ်နေတတ်သည်။ မိတ်ကောင်း၊ ဆွေကောင်းများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းမှ ခွဲထွက်၍ တစ်ဦးတည်း လုပ်ကိုင်ရတတ်ပါသည်။ ထီပေါက်ကိန်းလည်း ရှိနေပါသည်။ ထီကြီးထိုးပေးပါ။ အရိုး၊ အကြောနှင့် ပတ်သက်သော ရောဂါဝေဒနာများ ဂရုစိုက်ပါ။ သားသမီးများနှင့် ပတ်သက်၍ အနည်းငယ်ပူပန်ရတတ်သည်။ မိမိ၏ အထားမှားပျောက်ဆုံးနေသော လက်ဝတ်ရတနာများ မမျှော်လင့်ဘဲ ပြန်ရတတ်ပါသည်။ လက်လွန် ထားသော ငွေကြေးများ မမျှော်လင့်ဘဲ ပြန်ရနိုင်ပါသည်။ ခိုင်မာသော […]

အနုပညာ

အဖေက အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်ပြုလိုက်ပြီဆိုတဲ့ မုံနံ့သာကျော်ရဲအောင်…..

ရုပ်သံဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။ မှုံနံ့သာကျော်ရဲအောင်ဟာ ဖခင်ဖြစ်သူ ကျော်ရဲအောင်ရဲ့ ခွင့်ပြုချက်နဲ့ အနုပညာအလုပ်တွေ လုပ်လာရပြီဖြစ်လို့ ဝမ်းသာနေပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် သက်မွန်မြင့်၊ ကောင်းပြည့်၊ ထွန်းကိုကို တို့နဲ့ ဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။ သရုပ်ဆောင် ကျော်ရဲအောင်ကတော့ သမီးဖြစ်သူ မှုံနံ့သာကျော်ရဲအောင်ကို အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အရမ်းဖြစ်ချင်နေတဲ့အရာတစ်ခု ဖြစ်မြောက်သွားလို့ ဝမ်းသာနေတယ်လို့လည်း မှုံနံ့သာကျော်ရဲအောင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ “ဖေကြီးကတော့ ဒီအလုပ်လုပ်မယ်ဆိုရင် အဓိက ကတော့ စိတ်ပေါ့နော်။ဘယ်လောက်အထိ Mood သွင်းနိုင်မလဲ၊ အိမ်မှာဆိုလည်း ဖေကြီး သင်ပြပေးတာတွေရှိတယ်။ ညီမက အခု ၁၀ တန်းပြီးသွားပြီဆိုတော့ သရုပ်ဆောင်အလုပ်လုပ်ဖို့ ခွင့်ပြုသွားပါပြီ။ အရင်တုန်းကဆို ဇာတ်ကားအရမ်းရိုက်ချင်တာ အခုတော့ ညီမရဲ့ ဆန္ဒတွေ ပြည့်ဝသွားတာပေါ့” လို့ဆိုပါတယ်။ […]