ကြားသိရသမျှ
Visa ၊ Master အပါအဝင် နိုင်ငံခြားငွေဘဏ်အကောင့်များ၏ ဝန်ဆောင်မှုအားလုံး ပြည်တွင်း၌သုံးမရတော့
Visa ၊ Master အပါအဝင် နိုင်ငံခြားငွေဘဏ်အကောင့်များ၏ ဝန်ဆောင်မှုအားလုံး ပြည်တွင်း၌သုံးမရတော့ ●နိုင်ငံခြားသို့ငွေလွှဲခြင်းကို ဧပြီ ၄ရက်မှစ၍မရတော့ စောနွေဦး/People’s Spring မြန်မာနိုင်ငံတွင် VISA၊ Master ကတ်အပါအဝင် နိုင်ငံခြားငွေဘဏ်အကောင့်များယနေ့( ဧပြီ ၄ ရက်)မှစ၍ သုံးစွဲမရတော့ကြောင်း ကိုယ်တိုင်အသုံးပြုသူများကပြောသည်။ No photo description available. အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၃ရက် (တနင်္ဂနွေနေ့)တွင် နိုင်ငံခြားသုံးငွေများကို ကန့်သတ်လိုက်ပြီးနောက် နိုင်ငံခြားငွေထည့်သွင်းထားသည့် ဘဏ်အကောင့်များကိုပါ ပြည်တွင်းဘဏ်များက ငွေလွှဲခွင့်ပိတ်လိုက်ခြင်းကြောင့်ဖြစ်သည်ဟု ဘဏ်လုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။ VISA ၊ Master ကတ်များအပါအဝင်နိုင်ငံခြားဘဏ်အကောင့်များကို ပြည်တွင်း၊ပြည်ပငွေလွှဲခြင်းများအပြင် မည့်သည့်လုပ်ငန်းစဥ်များကိုမှ လုပ်ဆောင်၍ မရအောင် ပိတ်ထားသည်ဟု သုံးဆွဲသူများကပြောသည်။ထိုသို့ ဝန်ဆောင်မှုများ ရပ်နားသွားခြင်းအပေါ် ပြည်တွင်းပုဂ္ဂလိကဘဏ်များက သုံးစွဲသူများထံ တစုံတရာအကြောင်းကြားခြင်းမရှိဘဲ ငွေလွှဲဝန်ဆောင်မူကို ရပ်တန့်ခဲ့ခြင်းဖြစ်သည်ဟု သုံးဆွဲသူတစ်ဦးကပြောသည်။ […]
ကမ္ဘာ့ အကြီးဆုံး ကြယ်လိပ်ကြီးအား ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၌ လာရောက်လေ့လာနိုင်ကြောင်း…
ကမ္ဘာ့ အကြီးဆုံး ကြယ်လိပ်ကြီးအား ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်၌ လာရောက်လေ့လာနိုင်ကြောင်း… မြန်မာနိုင်ငံဟာ ထူးဆန်း အံ့ဩဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ယခုအခါ မှာလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ လောကနန္ဒာ စွယ်တော်မြတ် စေတီအနီးရှိ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ၌ ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီးအား လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးက ပြောကြားလာပါတယ်။ ကမ္ဘာ့ ရှားပါးကြယ်လိပ် များကို (၂၀၀၁) ခုနှစ်က တရားမဝင် ကုန်သွယ်မှုများ အတော်လေး ပြုလုပ်ခဲ့ကြပြီးမှ ထို တရားမဝင် ကုန်သွယ်မှုများမှ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာ့ ကြယ်လိပ် အထီး (၄၂)ကောင်၊ အမ (၄၀) ကောင်အား ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တော […]
အိမ်လွမ်းနာကျနေတဲ့ သားလေးရဲ့ ဆန္ဒကို မဖြည့်ဆီးပေးနိုင်တဲ့ ဖခင်ရဲ့ ရင်နင့်ဖွယ်ကဗျာလေးကို ရေးစပ်ပြီး ရင်ဖွင့်လာတဲ့ မင်းမော်ကွန်း
ပရိတ်သတ်ကြီးရေ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်းဟာ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ရောက်ရှိနေပါတယ်။ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ လူမှုစာမျက်နှာအကောင့်ဟာ တစ်လနီးပါး အပိတ်ခံထားရတာကြောင့် ပရိတ်သတ်တွေကို သိစေချင်တဲ့ အကြောင်းအရာလေးတွေကို ဒါရိုက်တာ သည်ခေတ်နေမှ တစ်ဆင့်တင်ပေးနေတာလဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းဟာ လွမ်းဆွတ်တမ်းတဖွယ် ကဗျာလေးတစ်ပုဒ်ကို ပရိတ်သတ်တွေအတွက် မျှဝေပေးထားတာကို တွေ့ရပါတယ်။ ကိုကျော်ရဲ့ ဖေ့ဘွတ်အကောင့်က ပိတ်ခံထားရတာကြောင့် ဝန်ကြီးဌာနတစ်ခုရဲ့ application အတွက် ကိုယ်တိုင်ရေးပေးထားတဲ့ ကဗျာလေးကို ဒါရိုက်တာ သည်ခေတ်နေရဲ့လူမူ့ကွန်ယက်မှတစ်ဆင့် အခုလိုပဲ ရေးသားထားတာပါ။ ”ဆောင်းတွင်း ကဗျာ – မင်းမော်ကွန်း ဒီရက်ပိုင်းမှာ ဆောင်းတွင်းစတယ် ဆောင်းတွင်းဟာ စတယ် ဆိုရင်ပဲ တောတောင်ရေမြေအပေါင်းကို […]
မနေ့က ညနေကြည့်မြင်တိုင်ဖြစ်စဉ်မှာအသက်ပေးကျဆုံးခဲ့သော အကိုတစ်ယောက် RIPပါဗျာ
ဝမ်းနည်းကြောင်းမှတ်တမ်း ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်လူငယ်ရေးရာကော်မတီ၊ တွဲဖက်အတွင်းရေးမှူး (၁) ကိုညီညီ(ခ)ကိုမျိုးမင်းထွန်းသည် မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားချိန်တွင် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့ရုံမက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် ကြိုးပမ်းဆောင်ရွက်နေစဉ် ယနေ့ (၃.၄.၂၀၂၂)တွင် ကျဆုံးခဲ့သည့်အတွက် လူငယ်များနှင့် နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုဖြစ်ရပါသည်။ အဆိုပါ ကျဆုံးမှုအတွက် မိမိအနေဖြင့် များစွာထိခိုက်ဝမ်းနည်းရပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူခံစားရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ “ကောင်းရာသုဂတိလားပါစေ ကိုညီညီ” အာဏာရှင်စနစ်ကျဆုံးပြီး အရေးတော်ပုံအောင်ရမည် နေစိုင်း ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ Record of Condolence Nyi Nyi (aka) Myo Min Tun, a joint secretary (1) of Yangon Region Northern District […]
မန္တလေးတိုင်း နွားထိုးကြီးနယ်တွင် ဖြစ်သွားတာပါ SeeMore….
Zawgyi မန္တလေးတိုင်း နွားထိုးကြီးနယ်တွင် ဖြစ်သွားတာပါ SeeMore…. အောင်ဇေယျ/People’s Spring မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းကျေးရွာတွင် လင်မယားချင်းစကားများရာ ဇနီးက အကြမ်းဖက်စစ်တပ်သွားတိုင်၍ စစ်ကောင်စီတပ်က ခင်ပန်းဖြစ်သူအား ဖမ်းဆီးသ.တ်ဖြ.တ်ခဲ့ကြောင်း ဒေသခံများကေပြောသည် နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းရွာသား (၂၈)နှစ်အရွယ် မောင်ကျော်သူသည် ယောက္ခမပိုင်ထော်လာဂျီ မောင်းနှင်ပြီး ယာဉ်မောင်းအလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း၊ ဧပြီ၁ရက် နံနက်ပိုင်းက ၎င်းတို့ လင်မယားချင်း စိတ်အခန့်မသင့်၍ စကားများခဲ့ကာ မိန်းမဖြစ်သူမှ ရပ်ရွာအုပ်ချုပ်နေသူများအား သွားရောက်တိုင်ကြားခဲ့ပြီး နေ့လယ်၁နာရီခန့်တွင် ဆူးဖြူကုန်းရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။ထို့အပြင် ညနေ၄ နာရီခန့်တွင် မောင်ကျော်သူအား ရွာလယ်ကန်ပေါင်ပေါ်တွင် သတိလစ်မေ့မြောလဲကျနေ သည်ကို တွေ့ရှိရပြီး ည၈နာရီကျော်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏နာရေးအား ယမန်နေ့ ဧပြီ၃ရက် […]
နိုင်ငံခြားငွေများကို(၁)ရက်အတွင်း ငွေလဲနှုန်း ၁,၈၅၀ကျပ်ဖြင့် မြန်မာငွေနှင့် လဲလှယ်ရောင်းချရန် ဗဟိုဘဏ်ထုတ်ပြန်
နိုင်ငံခြားငွေများကို တစ်ရက်အတွင်း မြန်မာငွေနှင့် လဲလှယ်ရောင်းချရန် ဗဟိုဘဏ် ထုတ်ပြန် နိုင်ငံခြားငွေကို အသုံးပြုပြီး မြန်မာနိုင်ငံက အကြမ်းဖက်မှုလုပ်ငန်းတွေကို အားပေးနေတာကြောင့် အများပြည်သူအကျိုးအတွက် ထုတ်ပြန်ရဟု စစ်ကောင်စီပြန်ကြားရေးပြော ———————- ဧပြီ ၄၊ ၂၀၂၂ ပြည်တွင်းက နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ် ရောင်းချဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က သတ်မှတ်ချက် ထုတ်ပြန်လိုက်ပါ တယ်။ ဒီနေ့ ဧပြီ(၄)ရက်ကစပြီး ပြည်တွင်းမှာနေထိုင်သူတွေဟာ နိုင်ငံခြားငွေနဲ့ရတဲ့ ဝင်ငွေတွေကို နိုင်ငံခြားသုံး ငွေတွေရောင်း ဝယ်ဖောက်ကားတဲ့လုပ်ငန်း(AD) လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ပြီး (၁)ရက်အတွင်း ကျပ်ငွေနဲ့လဲလှယ်ရောင်းချရမယ်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ဒီထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ နိုင်ငံခြား (အမေရိကန် ဒေါ်လာ) ငွေ လိုအပ်နေတယ်ဆို တာကို ဖော်ပြနေတာလို့ စီးပွားရေးပညာရှင် တချို့က ဝေဖန်ထားကြပါတယ်။ […]
လိုင်းပေါ်ကချစ်သူကို ယုံစားမိလို့ အဖြစ်ဆိုးခဲ့ရတဲ့ အသက်(၂၀)အရွယ် ကောင်မလေးရဲ့အဖြစ်အပျက်…
zawgyi လိုင်းပေါ်ကချစ်သူကိုယုံပြီး အိမ်ပေါ်ကဆင်းလာခဲ့ရာ ကောင်လေးက တစ်လဘဲပေါင်းပြီး မောင်းထုတ်ခဲ့လို့ လမ်းဘေးတွင်နေထိုင်ခဲ့ရသည့် အသက်၂၀ အရွယ်ကောင်မလေး။ Guangdong ပြည်နယ် Foshan ရှိ လမ်းဘေးခုံလေးတစ်ခုပေါ်တွင် ငယ်ရွယ်သေးသော ကောင်မလေးတစ်ယောက်က အိပ်နေတာကိုတွေ့ခဲ့ရပါတယ်။ ထို့ကြောင့် Sohu ဆိုသည့်အမျိုးသမီးကို အခြေအနေကို သွားရောက်မေးမြန်းခဲ့ရာမှ သိရှိခဲ့ရပါတယ်။ ကောင်မလေးဟာ အသက်၂၀ အရွယ်သာရှိသေးပြီး လိုင်းပေါ်တွင် ချစ်ကြိုက်မိခဲ့သော ကောင်လေးကိုယုံကြည်ပြီး သူ၏မိဘနေအိမ်မှထွက်လာခဲ့တာ ဘဝတစ်ခုထူထောင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း သူ၏ချစ်သူကောင်လေးဟာ တစ်လအထိပေါင်းသင်းနေထိုင်ပြီးသောအခါ စိတ်ကုန်လာခဲ့ပြီး ကောင်မလေးကို မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် ကောင်မလေးဟာ အဝတ်ထုပ်လေးကိုဆွဲပြီး ကောင်လေးထံမှ ထွက်ခွာလာခဲ့ကာ နေအိမ်သို့လည်း မပြန်ရဲတော့သဖြင့် လမ်းဘေးတွင် အိပ်စက်နေထိုင်ခဲ့တာဟုသိရပါတယ်။ စာဖတ်ပရိတ်သက်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ညီမလေးတွေလဲ လိုင်းပေါ်ကလူတိုင်းကိုယုံပြီး ခုလိုမျိုးမလုပ်ပါနဲ့နော်။ အခြေအနေကိုသေချာစဉ်းစားပြီးမှ ဆုံဖြတ်ကြပါနော်။ မူရင်းရေးသားသူကို […]
ဇွဲကပင်တောင်က လူသတ်မှုမှ သတ်ရတဲ့အကြောင်းရင်း ပေါ်လာသည့် ရုပ်သံ
march 31ကပျောက်ဆုံးသွားပြီး april 1နေ့မှာ အလောင်းကိုပြန်လည်တွေ့ရှိခဲ့တဲ့ မဇာခြည်လှိုင် ကို သူ့ကောင်လေးကသတ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ် ချိန်းတွေ့နေချိန် မက်ဆေ့ဝင်လာတာ တွေ့ပြီး ဖောက်ပြန်နေတာသိပြီး လည်ပင်းညစ်သတ်ခဲ့တာပါ သတ်တဲ့နေရာကတစ်နေရာ အလောင်းဖွက်တာတစ်နေရာလို့ ပြောပြလာပါတယ်လို့ အလောင်းကိုတွေ့ရှိခဲ့တဲ့ ဖားအံမြို့နယ်တာဝန်ရှိသူက ပြောပြလာပါတယ် သူတို့တွဲနေတာ သုံးနှစ်ရှိပါပြီ လို့လည်းသိရတယ် သတ်ပြီးအလောင်းကို ဆွဲသွားတုန်းက ဖိနပ်ကျန်ခဲ့တယ် အဲ့ဖိနပ်ကို ခွေးကအရင်တွေ့တာ တာဝန်ရှိသူကပြောပါတယ် KNLAPCကသေဆူံးသူရဲ့ချစ်သူကို မသင်္ကာလို့ ဖမ်းဆီးပြီး ထုံးအိုင်ရဲစခန်းကို အပ်လိုက်တာပါ တရားခံကလည်း သူသတ်တာကိုဝန်ခံခဲ့ပါတယ် လူသတ်တရားခံ ဒယ်ကလစ်ကို လူသတ်မှု ကြိုတင်ကြံစည်မှု တို့နဲ့ တရားစွဲထားတယ်လို့လည်းသိရပါတယ် unicode march 31ကပျောက်ဆုံးသွားပြီး april 1နေ့မှာ အလောင်းကိုပြန်လည်တွေ့ရှိခဲ့တဲ့ မဇာခြည်လှိုင် ကို သူ့ကောင်လေးကသတ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ် ချိန်းတွေ့နေချိန် မက်ဆေ့ဝင်လာတာ တွေ့ပြီး ဖောက်ပြန်နေတာသိပြီး လည်ပင်းညစ်သတ်ခဲ့တာပါ […]
ရခိုင်ပြည်နယ် မင်းပြားမြို့တွင်ဖြစ်သွားတဲ့ အသက်၁၇နှစ်အရွယ် ကလေးမလေးရဲ့ ရင်နာစရာအဖြစ်အပျက်
ရခိုင်ပြည်နယ် မင်းပြားမြို့တွင်ဖြစ်သွားတဲ့ အသက်၁၇နှစ်အရွယ် ကလေးမလေးရဲ့ ရင်နာစရာအဖြစ်အပျက် နွေဦးမေ နိရဉ္စရာ၊ ဧပြီ ၄/ ၂၀၂၂ ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသည် အသစ်ဆောက်လုပ်ထားသည့်ရာမောင်တံ တားပေါ်မှ ခုန်ချမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ အဆိုပါအမျိုးသမီးငယ်သည် ဧပြီ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ဆိုင်ကယ်နှင့်လာပြီး ဆိုင်ကယ်ကို တံတားပေါ် ရပ်တန့်ကာ ယခုကဲ့သို့ခုန်ချသွားခြင်းဖြစ်သည်ဟု မင်းပြားမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစိုးမင်းက နိရဉ္စရာကို ပြောသည်။ “နေ့လယ် နှစ်နာရီလောက်က ခုန်ချသွားတာ။ ဆိုင်ကယ်ရပ်ပြီးတော့။ သူက ဘယ်ကလဲတော့ မသိသေးဘူးအတိအကျ”ဟု ပြောသည်။ မင်းပြားမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ခုန်ချသွားသည့်အမျိုးသမီးငယ်မှာ မင်းပြားမြို့နယ် အဝရွာအုပ်စုရှိကျေးရွာတစ်ရွာမှဖြစ်ပြီး အမည်၊ မိဘအမည်နှင့် ကျေးရွာအမည်တို့ကို စုံစမ်းနေကြဆဲဖြစ်သည်ဟု ပြောသည်။ “ကျနော် […]