ယနေ့ ကိုဗစ်-၁၉ သတင်းများ – ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကို တတ်နိုင်သလောက် ကြိုးစားကုသပေးနေပါတယ်။ အဲဒီအထဲမှာမှ အသက်အရွယ်ကြီးမြင့်တဲ့ ရောဂါအခံရှိတဲ့ လူနာ ၃ ဦးရဲ့ အနေအထားကတော့ ပြင်းထန်မှုရှိပါတယ်။ – ဖိလစ်ပိုင်မှာ တနေ့ထဲ လူ ၄၀၀၀ ကျော် ကူးစက်ပီး ၁၀၀ ကျော် သေဆုံးသလို အင်ဒိုနီးရှားမှာလဲ တရက်ထဲ လူ ၂၀၀၀ ကျော် ကူးစက်ပီး သေဆုံးသူတွေ ရှိပါတယ်။ ဒါကြောင့် ဒီရောဂါကို လုံးဝ ပေါ့ဆလို့ မရသေးပါဘူး။ အာဆီယံဒေသကို တဖန်ပြန်လည်ရိုက်ခတ်နေလို့ သတိပြုရမှာပါ။ – ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ စစ်တွေတက္ကသိုလ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်တွေကို ယာယီဆေးရုံတွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေပါတယ်။ – ဒီနေ့မှာတော့ ရခိုင်ပြည်နယ်က လူနာတွေကို […]
ပြည်တွင်းသတင်း
ပြည်သူများ မပေါ့ဆကြပါနဲ့ လူနာသစ် ၉၅ ဦးတဲ့
ပြည်သူများ မပေါ့ဆကြပါနဲ့ လူနာသစ် ၉၅ ဦးတဲ့ ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၁-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ၁။ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၉၃၂) ခု၊ – ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၁၈) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၄) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊ – ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၂၃) […]
သီပေါမြို့နယ်တွင် ပြည်ပမှ ပြန်လာ၍ နေအိမ်၌ အသွားအလာကန့်သတ်ထားသူ၏ မိခင်မှာ ကွယ်လွန်
သီပေါမြို့နယ်တွင် ပြည်ပမှ ပြန်လာ၍ နေအိမ်၌ အသွားအလာကန့်သတ်ထားသူ၏ မိခင်မှာ ကွယ်လွန် သီပေါမြို့နယ်တွင် ပြည်ပမှ ပြန်လာ၍ နေအိမ်၌ အသွားအလာကန့်သတ်ထားသူ၏ မိခင်မှာ ကွယ်လွန်သွား၍ မိသားစုဝင်များကို ကိုဗစ် ဓါတ်ခွဲနမူနာ ရယူထား ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့နယ် မန်ကောင်းကျေးရွာတွင် ပြည်ပမှ ပြန်လာသဖြင့် ကျန်းမာရေး စောင့် ကြည့်ရန်နေအိမ်အသွားအလာ ကန့်သတ်ထားသူ (၂)ဦး၏ မိခင်ဖြစ်သူသည် သြဂုတ်လ (၂၉)ရက်က သေဆုံး သွားသည့်အတွက်PPE အကာအကွယ်ဖြင့် နာရေးပို့ဆောင်ခဲ့ပြီး ကျန်ရှိသည့် မိသားစုဝင် (၅)ဦးအား နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာရယူထားကြောင်း သိရသည်။ “ပြည်ပပြန် (၂)ဦးကတော့ တရုတ်ပြည်က ပြန်လာကြတာ ဖြစ်ပါတယ်၊ နေအိမ်အသွားအလာ ကန့်သတ်ထားတုန်းသူတို့ မိခင်ဖြစ်သူသေဆုံး သွားတဲ့အတွက် သေဆုံးသူကော […]
ဒီနေ့လည်း ဆယ်ယောက်အထက်ရှိနေ ရန်ကုန်တိုင်းဘက်မှအများအပြားတွေ့
ဒီနေ့လည်း ဆယ်ယောက်အထက်ရှိနေ ရန်ကုန်တိုင်းဘက်မှအများအပြားတွေ့ ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ ၁။ (၂၉-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၅၂၄) ခု၊ – ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၅၂) ခုနှင့် – ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု တို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ – • ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦးတွေ့ရှိပါသည်။ ၂။ (၃၀-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ […]
မန္တလေးမှာ ပိုးတွေ့တဲ့ ရဲဝန်ထမ်းနဲ့ ထိတွေ့သူအားလုံး အဖြေ ပေါ်ထွက်လာပါပြီ
မန္တလေးမှာ ပိုးတွေ့တဲ့ ရဲဝန်ထမ်းနဲ့ ထိတွေ့သူအားလုံး အဖြေ ပေါ်ထွက်လာပါပြီ မန္တလေးမှာ ပိုးတွေ့တဲ့ ရဲဝန်ထမ်းနဲ့ ထိတွေ့သူအားလုံးမှာ ရောဂါပိုးမတွေ့ ထိတွေ့ထားသူ (၁၂၁)ဦးစလုံး negativeဖြစ်ပါတယ်။ မန္တလေးက ရဲသင်တန်းကျောင်းမှာ လူနာအမှတ်(၅၈၇) နဲ့အတူ သင်တန်းတက်ခဲ့တဲ့ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းက သင်တန်းသား၊ နည်းပြဆရာတွေအပါအဝင် ရုံးဝန်ထမ်း ၁၂၁ ဦးရဲ့ ဆေးစစ်ချက်အဖြေက All Negative ဖြစ်တယ်လို့ သိရပါတယ်။ “ဟုတ်ကဲ့အဖြေထွက်ပါပြီ။ အကုန်လုံး Negative ပါရှင့်” လို့ မန္တလေးမြို့က ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေဝင့်ဝါက ပြောပါတယ်။ ပိုးတွေ့လူနာ(၅၈၇) က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ၊ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းမှာ စခန်းမှူးသင်တန်းလာတက်နေတဲ့ ရဲအုပ်တစ်ဦးဖြစ်ပါတယ်။သြဂုတ်လ ၂၇ ရက်နေ့က အဆိုပါ ရဲတပ်သားမှာ […]
ပြည်မြို့တွင် ယနေ့ ညနေ ၅နာရီကျော်အချိန်ကရွှေဆိုင်တစ်ဆိုင်ဝင်၍ ခဲကျည်ထည့်ကာပစ်၍ရသော ကော်သေနတ်ဖြင့်လုယက်
ပြည်မြို့တွင် ယနေ့ ညနေ ၅နာရီကျော်အချိန်ကရွှေဆိုင်တစ်ဆိုင်ဝင်၍ ခဲကျည်ထည့်ကာပစ်၍ရသော ကော်သေနတ်ဖြင့်လုယက် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေကူရပ်ကွက်ရှိ မေသရဖူရွှေဆိုင်ကိုဝင်၍ ယနေ့ ညနေ ၅နာရီကျော်အချိန်က ခဲကျည်ထည့် ကာပစ်၍ရသော ကော်သေနတ်ဖြင့်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုး သန်းဇော်ဝင်း က ပြည်မြန်မာကို ပြောသည်။ “ခုညနေ ၅နာရီ ၉ မိနစ် အချိန်မှာ ရွှေကူရပ်ကွက် ရွှေတချောင်းနှင့်ပန်းဘဲတန်းလမ်းထောင့်မှာ မေသရဖူရွှေဆိုင်ကို ပြည်မြို့သဲကုန်းအုပ်စု ဆင်ဖက်ရွာက ပြည့်ဖြိုးအောင်နဲ့ထက်အောင်ကျော်အောင်ဆိုတဲ့ အသက် ၂၃ နှစ် ၂၄ နှစ် အရွယ် နှစ်ယောက်က ခဲကျည်ထည့်ပစ်လို့ ရတဲ့ ကော်သေနတ်နဲ့ ၀င်ပြီးပြီတော့ လုယက်တာမျိုးလုပ်တာပေါ့။ ကျွန်တော်တို့လည်း သိသိချင်း ချက်ချင်းလာတယ်။ရပ်ကွက်နေပြည်သူတွေ၊ပိုင်ရှင်ရယ်၊ရဲတပ်ဖွဲ့ရယ် အားလုံးပူးပေါင်းဖမ်းဆီးနိုင်ပါတယ်။ပြည်သူလူထုကိုလည်းရဲတပ်ဖွဲ့က ကျေးဇူးတင်ပါတယ်။အခုကတော့ လုယက်မှု […]
အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်း ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်း ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲက ဝန်ထမ်းတယောက်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ပြီးနောက်ပိုင်း ဝန်ထမ်းတချို့ကို အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ပိုးတွေ့ခဲ့ရသူဟာ ထီလက်မှတ်တွေထားတဲ့ ဂိုဒေါင်ဝန်ထမ်းဖြစ်ပြီး သူနဲ့ဆက်စပ်သူ အယောက် ၂၀ လောက်ကို စောင့်ကြည့်ကန့်သတ်လိုက်တာပါ။ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “အောင်ဘာလေမှာက အထပ်တွေ အများကြီးရှိတယ်။ အောက်ဆုံးထပ်မှာ ထီလက်မှတ်တွေထားတဲ့ ဂိုဒေါင်ရှိတယ်။ အဲဒီမှာ တာဝန်ကျတဲ့ ကလေးတယောက်မှာ ပိုးတွေ့တာ။ တိုင်းကျန်းမာရေးကို အကြောင်းကြားတော့ သူတို့လာပြီး ပိုးသတ်ဆေးဖျန်းတယ်။ ဝန်ထမ်းတွေကိုလည်း အသေးစိတ် အင်တာဗျူးပြီးတော့ တချို့ကို ထားတယ်။ တချို့ကို ထားတယ်” လို့ ပြောပါတယ်။ အဲဒီဂိုဒေါင်မှာ စက်တင်ဘာလမှာ ရောင်းချမယ့် အကြိမ် ၂၀ မြောက် […]
ကိုဗစ်ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
ကိုဗစ်ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၉-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ ၁။ (၂၈-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၃၂)ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၈၅)ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၄၈)ခု၊ – နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၈) ခု၊ – ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၀၆) […]
နှာခေါင်းစည်းမတပ်ပဲ အပြင် ထွက်လျှင် အရေးယူတော့မည့် ရန်ကုန်
နှာခေါင်းစည်းမတပ်ပဲ အပြင် ထွက်လျှင် အရေးယူတော့မည့် ရန်ကုန် ရန်ကုန်မြို့အတွင်း နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို အရေးယူတော့မည် ရန်ကုန်မြို့အတွင်း သွားလာသူများအနေဖြင့် နှာ ခေါင်းစည်း (Mask) မတပ်လျှင် အရေးယူမည့် အစီအစဉ်ကိုအရှိန် မြှင့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်း COVID- 19 ရောဂါတားဆီးကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး နိုင်ငံလင်းက ပြောသည်။ ရန်ကုန်တိုင်းအတွင်း သြ ဂုတ် ၂၅ ရက်နှင့် ၂၆ ရက်ကပြည် တွင်းကူးစက်သူ နှစ်ဦးထွက်ပေါ် လာခြင်း အပါအဝင် ဒေသအချို့ တွင် ပြည်တွင်းကူးစက်မှုနှုန်း မြင့် တက်လာသောကြောင့်ဇူလိုင်လ နောက်ပိုင်း အရေးယူမှုမရှိသ လောက်ဖြစ်ခဲ့သော Mask မတပ် လျှင် အရေးယူမှုကို အရှိန်မြှင့်ရ ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ […]
လူနာအမှတ် ၆၀၂ က မြောက်ဥက္ကလာပ မေဒါဝီဆေးရုံက ဆရာဝန် တစ်ဦးဖြစ်
လူနာအမှတ် ၆၀၂ က မြောက်ဥက္ကလာပ မေဒါဝီဆေးရုံက ဆရာဝန် တစ်ဦးဖြစ် သြဂုတ်လ ၈ ရက်နေ့က စစ်တွေကို ပြန်ပြီး ၁၁ ရက်နေ့ကတည်းက ပြန်ရောက်နေသူဖြစ်ပါတယ်။ သြဂုတ်လ ၂၇ ရက်ည ၈ နာရီထုတ်ပြန်ချက်မှာ ပါရှိတဲ့ လူနာအမှတ် ၆၀၂ ဟာ မြောက်ဥက္ကလာပ မေဒါဝီဆေးရုံက အမျိုးသမီးဆရာဝန်တစ်ဦးဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့ကတည်းက စစ်တွေမြို့ကနေ ပြန်လာသူဖြစ်တယ်လို့ မြောက်ဥက္ကလာပ လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုပြောကြားပါတယ်။ “ဆရာမကြီးက မြောက်ဥက္ကလာပ ဆေးရုံက ဆရာဝန်ပေါ့။ သူက ရခိုင်မလေးပေါ့။ ဂ ရပ်ကွက်၊ နီလာ ၄ လမ်းမှာနေတယ်။ အမြဲတမ်းကတော့ သူက မြောက်ဥက္ကလာပ မေဒါဝီဆေးရုံမှာနေတာပေါ့။ ဒါပေမဲ့ လိပ်စာက အဲဒီအတိုင်းဖြစ်နေတယ်။ သူက […]









