တောင်ငူမြို့နယ်မှ Positive လူနာ(၆၀၆)သည် (အ.ထ.က) ကျောင်းသူတစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦးရှိသောအိမ်၌ ၄ ရက်ခန့် နေခဲ့ကြောင်းသိရ ယနေ့ (၂၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၉:၃၀) နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသော လူနာအမှတ်(၆၀၆) ၄၂ နှစ်အရွယ် အမျိုးသမီးသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မှဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် တောင်ငူမြို့နယ် တွင် ကိုဗစ် Positive လူနာတွေ့ရှိခဲ့သူနေထိုင်ရာ ကျေးရွာများနှင့် Q ဝင်ရာ နေရာများအား အသွားအလာ ကန့်သတ်ထားကြောင်းသိရသည်။ ယင်းလူနာသည် အသွားအလာ ကန့်သတ်ထားသူလည်းဖြစ်ပြီး ၄င်းတို့ ထားရှိရာ TTC Q ဋ္ဌာန နှင့် လမ်းများ ကိုလည်း အသွားအလာ ကန့်သတ်ထားကြောင်းသိရသည် ။ […]
ပြည်တွင်းသတင်း
ထိုင်းနိုင်ငံကပြန်လာပြီး Q မဝင်ဘဲနေသူ အသက်ရှုကြပ်လာလို့ အရေးပေါ်ဆေးရုံပို့ထားရ
ထိုင်းနိုင်ငံကပြန်လာပြီး Q မဝင်ဘဲနေသူ အသက်ရှုကြပ်လာလို့ အရေးပေါ်ဆေးရုံပို့ထားရ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသောလူတစ်ဦး၎င်းနေထိုင်ခဲ့ရာ နေရာများရှိ CBFQ စခန်းများတွင် Quarantine ဝင်ရောက်ခဲ့ခြင်းမရှိကြောင်းညနေ့ပိုင်းတွင် အသက်ရှုကြပ်ခြင်း၊ မောခြင်းစသည့် ရောဂါလက္ခဏာများ ထပ်မံခံစားနေရသဖြင့် မော်လမြိုင်ဆေးရုံသို့ တက်ရောက်ကုသမှုခံယူခြင်ဖြစ်ကြောင်း မင်းအောင်မိုးသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့် မဟာချိုင်မြို့တို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဆေးသုတ်သည့်လုပ်ငန်း သွားရောက်လုပ်ကိုင်ခဲ့ပြီးအလုပ်အကိုင် အဆင်မပြေ၍ ၂၀၂၀ ဩဂုတ် ၁၆ ရက်ခန့်က ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ စက်လှေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် ကော့သောင်းမြို့မှတစ်ဆင့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရှိအသိမိတ်ဆွေတစ်ဦး၏နေအိမ် နေထိုင်ခဲ့ကြောင်း မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ ၎င်း၏ဖခင် ဦးလော့၏နေအိမ်တွင်လည်းကောင်း လှည့်လည်နေထိုင် ခဲ့ကြောင်း၊ ဩဂုတ် ၂၆ ရက်နေ့ ညပိုင်းတွင် ၎င်း၏ […]
ဘယ်ကကူးမှန်းမသိတဲ့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ကိုဗစ်လူနာအမှတ် ၅၉၅ နေထိုင်သည့် တိုက်ခန်းတွဲတွင် လူ ၉၀ ခန့်နေထိုင်
ဘယ်ကကူးမှန်းမသိတဲ့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ကိုဗစ်လူနာအမှတ် ၅၉၅ နေထိုင်သည့် တိုက်ခန်းတွဲတွင် လူ ၉၀ ခန့်နေထိုင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ကိုဗစ်လူနာအမှတ် (၅၉၅) နေထိုင်သည့် တိုက်ခန်းတွဲတွင် လူ ၉၀ ခန့်နေထိုင်ပြီး တိုက်ခန်းတွဲအနီးတစ်ဝိုက်အား အသွားအလာကန့်သတ်ထားကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ သြဂုတ် ၂၇ ရက် ည ၈ နာရီတွင် အတည်ပြုထုတ်ပြန်သည့် ကိုဗစ်လူနာအမှတ် (၅၉၅) အသက် ၄၀ အရွယ် အမျိုးသမီးဖြစ်ပြီး ၎င်းသည် ပြည်ပသို့ ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိ၊ ရခိုင်ပြည်နယ်သို့ သွားရောက်ခြင်းမရှိဘဲ ရောဂါပိုးကူးစက်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။ အဆိုပါ အမျိုးသမီးနေထိုင်သည့် တိုက်မှာ နှစ်ထပ်တိုက် (၈) ခန်းတွဲအမျိုးအစားဖြစ်ပြီး အဆိုပါ (၈)ခန်းတွဲ၌ လူဦးရေ […]
ဂရုစိုက်ကြပါ လူနာသစ် ၂၆ ဦးတဲ့ဗျာ
ဂရုစိုက်ကြပါ လူနာသစ် ၂၆ ဦးတဲ့ဗျာ ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၈-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ ၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၅၆၄)ခု၊ – ဆေးသုတေသနဦးစီးဌာန (DMR) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၂၅) ခုနှင့် – ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ(၃၂) ခုတို့တွင်- • ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိခဲ့ရပါသည်။ ၂။ (၂၈-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် […]
မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်းရဲ့ ပထမဦးဆုံး ကူးစက်လူနာ တွေ့ရှိ (ရခိုင်က လာတဲ့သူတွေကို အထူး စစ်သင့်ပါပြီ)
မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်းရဲ့ ပထမဦးဆုံး ကူးစက်လူနာ တွေ့ရှိ (ရခိုင်က လာတဲ့သူတွေကို အထူး စစ်သင့်ပါပြီ) မန္တလေးမှာ ကိုဗစ်ဒုတိယလှိုင်းရဲ့ ပထမဦးဆုံး ကူးစက်လူနာ တွေ့ရှိ စစ်တွေမှ မန္တလေးသို့ ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လူနာအား ကန်တော်နဒီဆေးရုံပို့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည့် စစ်တွေမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာမှာ ရဲတပ်ဖွဲ့ဝင်ဖြစ်သည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ သတင်းရရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိသင်တန်းကျောင်း မန္တလေးမြို့တွင် စခန်းမှုးသင်တန်း လာရောက်တက်ရောက်နေသည့် အရာရှိသင်တန်းသားထဲမှ ရဲအုပ်တစ်ဦးအား ကိုဗစ်၁၉ရောဂါ တွေ့ရှိသဖြင့် ချမ်းမြသာစည်မြို့နယ်၊ ကန်တော်နဒီဆေးရုံသို့ ယနေ့ သြဂုတ် […]
ကိုဗစ်ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
ကိုဗစ်ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၇-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ ၁။ (၂၆-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၄၅)ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၆၂) ခုနှင့် – ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၂၄) ခုတို့တွင်- • ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိခဲ့ရပါသည်။ ၂။ (၂၇-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၈၆)ဦး ရှိပြီ ဖြစ်ပါသည်။ […]
နှာခေါင်းစီး မတပ်ဘဲ အပြင် ထွက်သွား လာတဲ့ သူ ၄၄ ဦးကို စတင် အရေးယူပြီ
နှာခေါင်းစီး မတပ်ဘဲ အပြင် ထွက်သွား လာတဲ့ သူ ၄၄ ဦးကို စတင် အရေးယူပြီ ရခိုင်ပြည်နယ် မောင်တော မြို့နယ် အတွင်း ပါးစပ်နဲ့ နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပမှာ သွားလာ နေသူ ၄၄ဦးကို ဩ ဂုတ်လ ၂၅ရက်နေ့က ဒဏ်ရိုက်အရေးယူခြင်းများ ပြုလုပ်ခဲ့တယ်လို့ မြို့နယ်ပြန်/ဆက်ရဲ့ သတင်းများအရ သိရပါတယ်။ မောင်တော မြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဌာနဆိုင်ရာများပူးပေါင်း စစ်ဆေးရေးအဖွဲ့ က ပါးစပ်နှာခေါင်း စည်း(mask)မတပ်ဆင်ဘဲ သွားလာနေသူများအား ဒဏ်ရိုက်ခြင်းကို ဩဂုတ်လ ၂၅ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က မြို့တွင်းနေရာများ […]
မန္တလေးတိုင်းတွင် ရခိုင်ပြန် ၁၁၂ ဦးပါဝင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ တစ်ထောင် ကျော်ရှိနေ
မန္တလေးတိုင်းတွင် ရခိုင်ပြန် ၁၁၂ ဦးပါဝင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ တစ်ထောင် ကျော်ရှိနေ မန္တလေးတိုင်းဒေသကြီးအတွင်း၌ (Facility Quarantin) အသွားအလာ ကန့်သတ်စောင့်ကြည့်သူ တစ်ထောင်ကျော်ရှိနေပြီး ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသူ ၁၁၂ ဦးပါဝင်ကြောင်း မန္တလေးတိုင်း ဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။ တစ်တိုင်းလုံးအနေဖြင့် သြဂုတ်လ ၂၅ ရက်ထိ (Facility Quarantin) အသွားအလာ ကန့်သတ်စောင့် ကြည့်သူ ၁၀၅၂ ဦး ရှိနေသေးသည့်အပြင် ၂၁ ရက်ပြည့်ပြီးသူ ၂၆၇၂၂ ဦးရှိကြောင်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။ “အားလုံးရဲ့အခြေအနေကတော့ အခုညနေထိတော့ အဖြေမထွက်သေးပါဘူး”ဟု မန္တလေးတိုင်း ဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှုး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ […]
ကြက်သီးထစရာ ကိုယ့်မြို့နယ်က ပါသလားဆိုတာ ဝင်သာကြည့်သွားတော့
ကြက်သီးထစရာ ကိုယ့်မြို့နယ်က ပါသလားဆိုတာ ဝင်သာကြည့်သွားတော့ ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၂:၃၀)နာရီ (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီထုတ်ပြန်ခဲ့သော သတင်း၏ နောက်ဆက်တွဲဖြစ်ပါသည်။ ၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၃၇၃)ခု၊ – ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ (၂၃၇) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ (၁၅၅) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲ နမူနာ (၂၅၆) ခု၊ […]