ၾကားသိရသမွ်

တောင်းရမ်းလို့ ရသမျှ ငွေများကို စုဆောင်းကာ အာရုဏ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို See more…..

တောင်းရမ်းလို့ ရသမျှ ငွေများကို စုဆောင်းကာ အာရုဏ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့တဲ့ ရေနံချောင်းမြို့က ဗိုလ်ကြည်မောင် ရေနံချောင်းမြို့က ဦးမောင်မောင်ကြည် (ခ)ဗိုလ်ကြည်မောင်သည် တောင်းရမ်းလို့ ရသမျှ ငွေများကို စုဆောင်းကာ ရေနံချောင်းမြို့ရှိ ရွှေကြာငုံ ဓမ္မဗိမာန်တော်၌ သံဃာတော်များနှင့် သီလရှင်များအား ပင့်ဖိတ်ပြီးတော့ နံနက် အာရုဏ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ ဦမောင်မောင်ကြည်သည် ယခင်ကလည်း တောင်းရမ်းလို့ ရသမျှ ငွေကြေးများထဲမှ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ငွေပဒေသာပင် ငွေကျပ် ၃၇၀၀၀၊ လွတ်လပ်ရေးနေ့ စာရေးတံမဲ ငွေကျပ်တသိန်းခွဲနှင့် ပဒေသာပင် ငွေကျပ်တသိန်းခွဲ၊ ကျမ်းကိုင်ဘုရား ပြုပြင်ရန် ငွေကျပ်ငါးသောင်း၊ ဆွမ်းလောင်းအသင်းအတွက် ငွေကျပ်တသိန်း၊ ရေနံချောင်းမြို့ အောက်စီဂျင် စက်ရုံဖြစ်မြောက်ရေး ငွေကျပ်သုံးသောင်းကို လှူဒါန်းခဲ့ပြီး […]

ၾကားသိရသမွ်

နိုင်ငံခြားသားရဲ့ကားထဲမှာတောင် ရေမွန်ရဲ့သီချင်းကိုကြိုက်နှစ်သက်လို့ ဖွင့်နားထောင်နေတဲ့ ဗီဒီယိုလေးကြောင့် ဝမ်းနည်းဝမ်းသာဖြစ်နေရတဲ့ လပြည့်ကဗျာ

နိုင်ငံခြားသားရဲ့ကားထဲမှာတောင် ရေမွန်ရဲ့သီချင်းကိုကြိုက်နှစ်သက်လို့ ဖွင့်နားထောင်နေတဲ့ ဗီဒီယိုလေးကြောင့် ဝမ်းနည်းဝမ်းသာဖြစ်နေရတဲ့ လပြည့်ကဗျာ Idiots လို့ပြောလိုက်တာနဲ့ သီချင်းကောင်းတွေနဲ့ အရွယ်အတန်းအစားမရွေးတဲ့ ပရိတ်သတ်တွေကြား ရေပန်းစားအောင်မြင်ကျော်ကြားတဲ့ Band အဖြစ် အားလုံးကသိကြပါတယ်အထူးသဖြင့် Band ရဲ့ အဆိုတော်ဖြစ်တဲ့ ရေမွန် ကတော့ လူကြီးလူငယ်မရွေး ယောကျာ်းမိန်းမမရွေး ပရိတ်သတ်များစွာက ချစ်ခင်အားပေးကြတဲ့ နိုင်ငံကျော်တေးသံရှင် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ မာန်မာနလုံးဝမရှိပဲ ပရိတ်သတ်အပေါ်မှာ အရမ်းဂရုစိုက်တတ်တဲ့အတွက် ပိုမိုအောင်မြင်ကျော်ကြား တာပဲဖြစ်ပါတယ်ရေမွန်ဟာ တေးသီချင်းများရေးသားခြင်း၊တေးသီချင်းများသီဆိုခြင်း အစရှိတဲ့ အနုပညာလုပ်ငန်းများကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်သူ့ရဲ့ သီချင်းတချို့ဖြစ်တဲ့ “တခန်းရပ်၊ဆုလာဘ်၊ဘာလိုနေသေးလဲ၊ဝမ်းနည်းတတ်တဲ့ချစ်သူ၊ချန်ခဲ့” အစရှိတဲ့သီချင်းတွေဟာလည်းပရိတ်သတ်ကြား ရေပန်းစားအောင်မြင်ခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင်လည်း ရေမွန့်ရဲ့ညီမလေး လပြည့်ကဗျာက နိုင်ငံခြားသားကတောင် ရေမွန့်သီချင်းကို စွဲစွဲလန်းလန်းကြိုက်တယ်ဆိုတဲ့ ဗီဒီယိုကြောင့် ဝမ်းနည်းဝမ်းသာဖြစ်နေရဆိုပြီး ပြောလာပါတယ်။ရေမွန်ရဲ့သီချင်းလေးကို “ရေမွန်ရေ.. ငါ့ညီမရဲ့ friend (နိုင်ငံခြားသား) […]

ကြားသိရသမျှ

ရထားပေါ်တွင် ခင်မင်ပြီး ရင်းနှီးသွား၍ ဧည့်သည်အမျိုးသားကို အိမ်ခေါ်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ ကြုံသွားရှာရတဲ့ ဆရာမလေး

ရထားပေါ်တွင် ခင်မင်ပြီး ရင်းနှီးသွား၍ ဧည့်သည်အမျိုးသားကို အိမ်ခေါ်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ ကြုံသွားရှာရတဲ့ ဆရာမလေး ကချင် ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌၂၀၁၉-ခုမတ်(၁၇)ရက်နေ့ ညနေ (၄)နာရီခန့်အချိန်တွင် မိုးညှင်းဒီဂရီကောလိပ်တွင် ကျူတာဆရာမလုပ်နေသော ရေတွင်းကုန်းနေ အဖေ ဦးထွန်းမောင်အမိ ဒေါ်ကြည်မေတို့၏သမီး မမာမာဝင်း (၂၅)နှစ်အား အသတ်ခံရကြောင်း ဒေသခံပြည်သူများ၏ပြောပြချက်အရ သိရှိရပါသည်။ ဖြစ်စဉ် မှာ—အခင်းမဖြစ်ပွားမှီ (၃/၄)ရက်အလိုက အမည်မသိအမျိုးသားတစ်ဦးနှင့်ရထားပေါ်၌တွေ့ဆုံရင်နှီးခဲ့ကြရာမှ မိမိတို့၏ ကိုယ်ရေးကိုယ်ရာ အကြောင်းများအပြန်အလှန်ပြောပြကြပြီးနောက် အမျိုးသားမှ ဟိုပင်ဘက်သို့ လိုက်ပါသွားကြောင်း သိရှိရသော်လည် ထိုနေ့တွင် ၎င်းအမျိုးသားမှာ လိုက်ပါသွားခြင်းမရှိဘဲ ရွာအနီးကောက်ရိုးပုံတွင် ညအိပ်ခဲ့ပြီး နံနက် (၆)နာရီအချိန်တွင် မမာမာဝင်း၏နေအိမ်သို့စုံစမ်းမေးမြန်း၍ရောက်ရှိလာခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မြင်သူများကဆိုပါတယ်။နောက်ရက်များတွင် အသတ်ခံရသူမမာမာဝင်းတို့မိသားစုမှာအေးဆေးနေထိုင်လေ့ရှိပြီပတ်ဝန်းကျင်အနီးနား ဝင်ထွက်သွားလာသူများနည်ပါးကြောင်း ၎င်းအမျိုးသားရောက်ရှိနေသည်ကို အနီးရှိ တစ်ဦးစ နှစ်ဦးစ ဝင်ထွက်နေသူများက တွေ့မြင်နေရတယ်လို့ ပြောပါတယ် […]

ၾကားသိရသမွ်

မင်းသားကြီး ကျော်ဟိန်း မူးယစ်ဆေးဖြတ်ခဲ့ပုံ ဆရာကြီးအောင်သင်းနဲ့ဆွေးနွေးခဲ့စဉ်က (အသိ၊ သတိရှိပါစေ)

အောင်သင်း – ဘိန်းဖြူ ဘယ်လိုလုပ်ပြီး ပြတ်သွားတာလဲ။ ကျော်ဟိန်း – ကျွန်တော်က ဘယ်သူ့ကိုမှ ကြောက်မနေချင်ဘူးဘယ်သူ့ အချုပ်ကိုင်ကိုမှ မခံချင်ဘူးဘယ်သူ့အလွှမ်းမိုးကိုမှ မခံချင် ဘူး။ ဘယ်သူ့အနိုင်ကိုမှ မခံချင်တဲ့ကောင်ဟာ ဒါကြီးရဲ့အနိုင်ကို ခံနေရပြီဆိုတာမျိုးကို တွေးလိုက်မိတော့ လန့်လာတယ်ဆရာ။ ငါတော့ သွားပြီပေါ့။ ဒီအတိုင်းကြီး ခံနေရတော့မလားပေါ့။ ဖြတ်မှဖြစ်မယ်။ ဒီအတွေးဟာ ဆေးသမားအားလုံး ဖြစ်ဖူးတဲ့အတွေးပဲ။ ဒါပေမယ့် လက်တွေ့မှာ ဘယ်သူမှ အကောင် အထည်မဖော်နိုင်ဘူး။ ဖြတ်ချင်တဲ့အချိန်မှာ အားလုံးလိုလို စွဲကြပြီ။ ကျွန်တော်လည်း ဖြတ်ချင်စိတ်ရှိတဲ့အချိန်မှာ ရေရေ လည်လည်ကို စွဲနေပြီ။ ဒါကြီးကို ဘယ်လိုဖြတ်မလဲ။ စဉ်းစား တော့ အဖြေတစ်ခုထွက်လာတယ်။ ဘိန်းဖြူဆိုတာကြီးက ငါ့ကို လွှမ်းမိုးနေပါကလား၊ ဒီကောင်ကြီးက ငါ့ကို ချုပ်ကိုင်နေပါကလား ဆိုတာကြီးကို မကြိုက်နိုင်အောင် ဖြစ်လာခဲ့ရတယ်။ […]

ၾကားသိရသမွ်

အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး ကောင်မလေးဖြစ်သူကို တည်းခိုခန်းသို့ ချိန်းဆိုစဉ် အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသား

Zawgyi အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး ကောင်မလေးဖြစ်သူကို တည်းခိုခန်းသို့ ချိန်းဆိုစဉ် အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသား ဘုတ်ပြင်းမြို့နယ်၊ ရွှေဘုံသာရပ်ကွက်မှာနေထိုင်တဲ့ သန့်ဇင်ဌေး (၃၁)နှစ်၊ ဆိုသူ မြိတ်မြို့သို့ရောက်ရှိနေစဉ် ၎င်းနှင့် အွန်လိုင်းပေါ်မှ ရင်းနှီးကာချစ်ကြိုက်ခဲ့သည့် ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာမှ မ _ _ _ _ အား ဖုန်းဖြင့်ဆက်သွယ်ပြီး ၎င်းဟာ မြိတ်သို့ရောက်ရှိနေကြောင်းပြောရာ မ_ _ _ _ မှလည်း သူမလည်းကုန်ပစ္စည်းဝယ်ယူရန် မြိတ်သို့ရောက်နေကြောင်း ပြန်လည်ဖြေကြားတာကြောင့် သန့်ဇင်ဌေးမှ မြိတ်အဝေးပြေးကားဝင်းသစ်အနီးရှိ “နန်းသဇင်”တည်းခိုခန်းတွင် တွေ့ဆုံရန် ပြောကြားခဲ့ကြောင်းသိရပါတယ်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မ_ _ _ _မှ ငြင်းဆိုရာ သန့်ဇင်ဌေးမှ မ_ _ _ _၏ဓါတ်ပုံနဲ့တကွ ညစ်ညမ်းတဲ့စာတွေကို အွန်လိုင်းပေါ်သို့တင်မည်ဟု ခြိမ်းခြောက်ပြောဆိုရာ […]

ကြားသိရသမျှ

ဘုရားသမိုင်းတွေရှင်းပြရင်း ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့ရတဲ့ သနားစရာကလေးငယ်တစ်ယောက်ရဲ့ ဘဝအဖြစ်

ရှိုက်ကြီးတငင်ငိုပြီး ဘုရားသမိုင်း ကို ရှင်းပြနေလေရဲ့။ ဘာဖြစ်လို့လဲ သားလို့ မေးလည်း ခေါင်းခါပြီး ရှိုက်ကာ ရှိုက်ကာ နဲ့ပဲ ဘုရားသမိုင်းကြောင်းတွေ ရှင်းပြနေတယ်။ သူ့နားမှာ သူ့အကိုလည်း သူ့လိုပဲ စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးလေးတွေနဲ့။ အကိုကို မေးတော့လည်း ဘာကြောင့်ငိုမှန်းမသိ။ ဘုရားဖူးဧည့်သည်တွေက နားထောင်လိုက် သူပြောပြတဲ့ အတွက် ၁၀၀၀-စီထုတ်ပေးလိုက် နဲ့ အဲဒီနားမှာပဲ သူ ၄၀၀၀ လောက်ရတယ်။ လွယ်အိတ်လေးထဲ ထည့်တယ်။ အဲဒါနဲ့ သူ့ကို လူရှင်းရာခေါ်လာပြီး အေးအေးဆေးဆေး ထိုင်ခိုင်းပြီး သားဘာဖြစ်လဲမေးလည်း ငိုပြီး ဘုရား သမိုင်းတွေ ဆက်ရွတ်နေတယ်။ မျက်ရည်သုတ် ပေးပြီး သားမငိုနဲ့တော့၊ အသက်ဝဝရှုကြည့်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ မငိုပဲနဲ့ရှင်းပြပါဆိုတော့ လွယ်အိတ်နဲ့ မျက်ရည်သုတ်ပြီး ပထမမငိုဘူး။ပြောရင်းနဲ့ ငိုတယ်။ ပြီးတော့ သူတခြားတနေရာသွားဖို့လုပ်တယ်။ […]

ၾကားသိရသမွ်

ဒီဇင်ဘာလမှာ ပြန်ပေါင်းကြတော့မယ်လို့ သတင်းတွေ ထွက်ရှိနေတဲ့ ဆောင်းဂျွန်ကီနဲ့ဆောင်းဟေကို

တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ဆောင်းဟေကို စုံတွဲလေးဟာ လူတိုင်းအားကျပြီး အားပေးရတဲ့ နာမည်ကြီး စုံတွဲ လေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက “Descendants of the Sun” ဇာတ်လမ်း နဲ့ လူသိများ အောင်မြင်လာခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲထုတ်လွှင့် ပြသပြီး မကြာခင်မှာပဲ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ထပ်ပြီး ၃ နှစ်အကြာမှာတော့ သူတို့နှစ်ဦးဟာ ကွာရှင်းခဲ့ပါတယ်။ မကြာသေးမီက သတင်းတွေအရ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို ပြန်လည် ပေါင်းစည်းကြတော့မယ်လို့ ကောလာဟလတွေ ထွက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ဦး ပြန်ပြီး လက်ထပ်ကြမယ့် အချိန်က အခုနှစ် ဒီဇင်ဘာလမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆောင်းဆောင်းစုံတွဲနှစ်ဦးရဲ့ သတင်းက ချက်ချင်းဆိုသလိုပဲ Netizen တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဆောင်းဆောင်းစုံတွဲရဲ့ ပရိသတ်တွေကတော့ ဒီသတင်းက […]

ၾကားသိရသမွ်

တစ်လီတာလျှင် ၂၀၀ ကျပ်ခန့် ကျဆင်းပြီဟု ကြေညာထားသော်လည်း တောင်ကြီးရှိ ဆီပန့်များ ဆီမရောင်းနိုင်

တစ်လီတာလျှင် ၂၀၀ ကျပ်ခန့် ကျဆင်းပြီဟု ကြေညာထားသော်လည်း တောင်ကြီးရှိ ဆီပန့်များ ဆီမရောင်းနိုင် ရှမ်းပြည်နယ်တောင်ပိုင်း‌ဒေသ၌ စက်သုံးဆီဈေး တစ်လီတာလျှင် ၂၀၀ကျပ်ခန့်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များက ဈေးနှုန်းဖော်ပြထားသော်လည်း ယမန်နေ့မှ ယနေ့၊ နေ့လည်ပိုင်းအထိ တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့က ရောင်းချပေးခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့ရှိ စက်သုံးဆီဆိုင်အချို့သည် 92 ဓာတ်ဆီတစ်လီတာလျှင် ၁၉၀၀ ကျပ်ဝန်းကျင်ဟု ၎င်းတို့ဆိုင်များရှိ အရောင်းဈေးနှုန်းပြ ဆိုင်းဘုတ်များ၌ ကြေညာထားသော်လည်း သွားထည့်သူများကို ရောင်းချပေးခြင်းမရှိဘဲ ဆီပြတ်လပ်နေသည်ဟု ပြောဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့မနက်ကတည်းက ဒီနေ့အထိ BOC မှာ ဈေးကပ်ထားတယ်။ သွားထည့်တော့ ဆီပြတ်နေတယ်ပဲပြောတယ်။ ဈေးကျတယ်လို့တော့ တစ်နိုင်ငံလုံးမှာ ကြေညာထားပေမယ့် ဆိုင်တော်တော်များများမှာ ဆီထည့်လို့မရသေးဘူး။ မြို့ပြင်ထိ သွားထည့်နေရတယ်။ ဈေးကျလို့မရောင်းတာလား၊ တကယ်ဆီပြတ်နေတာလားတော့မသိဘူး။ မြို့ပေါ်က […]

ၾကားသိရသမွ်

သင်္ဃန်းကျွန်းမှာ မွေးထားတဲ့နွားကြီး ၉ကောင်ကို စကစတပ်နဲ့အတူ စည်ပင်သိမ်းဆည်း

သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက်အတွင်း မွေးမြူခွင့်မပြုဘဲမွေးထားသည့် နွား ၉ ကောင်အား ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင် ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက် ၂ ခုအတွင်းမွေးမြူခွင့်မပြုဘဲ မွေးထားသည့် နွား ၉ ကောင်အား ရန်ကုန်မြို့တော်စည်ပင်၊တိရစ္ဆာန်ဆေးကုသရေးနှင့်ထုတ်လုပ်ရေးဌာန တာဝန်ရှိသူများမှစစ်ဆေး၍ ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည် သိမ်းဆည်းခံရသည့် နွားများ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်အတွင်း နွားများမွေးမြူထားကြောင်း သတင်းအရ ရန်ကုန်မြို့ တော်စည်ပင်၊တိရစ္ဆာန်ဆေးကုသရေးနှင့်ထုတ် လုပ်ရေးဌာနမှတာဝန်ရှိသူများက စစ်ကောင်စီစီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊စစ်ကောင်စီတပ်များနှင့်အ တူ ဇူလိုင် ၆ ရက်တွင်သွားရောက်စစ်ဆေးခဲ့ကြသည် ထိုသို့ စစ်ဆေးရာ (ခ)ရပ်ကွက်၊အဝေယာလမ်း၊ အမှတ်(၅)နေအိမ်ရှေ့ရှိကားပေါ်မှ နွား ၄ ကောင်၊(က)ရပ်ကွက်၊အဝေယာလမ်း၊ အမှတ်(၁၆)နေအိမှ နွား၂ ကောင်၊(ခ)ရပ်ကွက်၊မင်္ဂလာလမ်း၊အ မှတ်(၃၂)နေအိမ်မှ နွား ၃ ကောင်(စုစုပေါင်း နွား ၉ ကောင်)အား တွေ့ရှိခဲ့ရသည် ထို့ကြောင့် […]

ကြားသိရသမျှ

ထိုင်းနိုင်ငံမှာလီဗာပူးလ် အသင်းနဲ့ ချစ်ကြည်ရေးဘောလုံးပွဲကစားဖို့ မန်ချက်စတာယူနိုက်တက်အသင်း ဘန်ကောက်မြို့ကို ရောက်ရှိ

မန်ချက်စတာယူနိုက်တက်အသင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုဒီနေ့မနက်ပိုင်းက ရောက်ရှိ ဘန်ကောက် – ဇူလိုင်(၉) ပရီးမီးယားလဂ်ကလပ် အင်္ဂလန်အင်အားကြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ ဇူလိုင်လ(၉) ရက်နေ့ မနက်(၁၁) နာရီဝန်းကျင် က ထိုင်းနိုင်ဘန်ကောက်မြို့ကို ရောက်ရှိလာခဲ့ ပါတယ်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ လာမယ့် ဇူလိုင်လ(၁၂) ရက်နေ့ ည(၈) နာရီမှာ မန်ယူနဲ့ လီဗာပူးလ် အသင်းတို့ဟာ ချစ်ကြည်ရေး ဘောလုံးပွဲကစားဖို့ ရောက်ရှိလာတာပါ။ ရာဇမင်္ဂလာအမျိုးသားအားကစားရုံမှာကစားကြမယ့် ပွဲမှာ ဘယ်ကစားသမားတွေပါဝင်လာမယ် ဆိုတာကိုတော့ ပွဲစီစဉ်သူတွေက ထုတ်ဖော်ပြောဆိုထားတာမရှိသေးပေမယ့် အင်အားကြီး ကလပ် အသင်း(၂) သင်းကတော့ ပထမတန်းကစားသမားတွေပါဝင်မယ်လို့ အတည်ပြုထားပါတယ်။ အဲ့ဒီပွဲစဉ်အတွက် လက်မှတ်တွေကို အနည်းဆုံးဘတ်(၅၀၀၀) တန်ကနေ ဘတ်(၂၅၀၀၀) တန် လက်မှတ်တွေကို Thaiticketmajor ကနေ တဆင့် ရောင်းချနေတာဖြစ်ပါတယ်။ သတင်း […]