ၾကားသိရသမွ်

လိုင်းပေါ်ကချစ်သူကိုယုံပြီး အိမ်ပေါ်ကဆင်းလာခဲ့ရာ ကောင်လေးက တစ်လဘဲပေါင်းပြီး မောင်းထုတ်ခဲ့လို့ လမ်းဘေးတွင်နေထိုင်ခဲ့ရသည့် အသက်၂၀အရွယ်ကောင်မလေး

လိုင်းပေါ်ကချစ်သူကိုယုံပြီး အိမ်ပေါ်ကဆင်းလာခဲ့ရာ ကောင်လေးက တစ်လဘဲပေါင်းပြီး မောင်းထုတ်ခဲ့လို့ လမ်းဘေးတွင်နေထိုင်ခဲ့ရသည့် အသက်၂၀ အရွယ် ကောင်မလေး။ တရုတ်နိုင်ငံ Guangdong ပြည်နယ် Foshan ရှိ လမ်းဘေးခုံလေးတစ်ခုပေါ်တွင် ငယ်ရွယ်သေးသော ကောင်မလေးတစ်ယောက်က အိပ်နေတာကိုတွေ့ခဲ့ရပါတယ်။ ထို့ကြောင့် Sohu ဆိုသည့်အမျိုးသမီးကို အခြေအနေကို သွားရောက်မေးမြန်းခဲ့ရာမှ သိရှိခဲ့ရပါတယ်။ ကောင်မလေးဟာ အသက်၂၀ အရွယ်သာရှိသေးပြီး လိုင်းပေါ်တွင် ချစ်ကြိုက်မိခဲ့သော ကောင်လေးကိုယုံကြည်ပြီး သူ၏မိဘနေအိမ်မှထွက်လာခဲ့တာ ဘဝတစ်ခု ထူထောင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း သူ၏ချစ်သူကောင်လေးဟာ တစ်လအထိပေါင်းသင်းနေထိုင်ပြီးသောအခါ စိတ်ကုန်လာခဲ့ပြီး ကောင်မလေးကို မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် ကောင်မလေးဟာ အဝတ်ထုပ်လေးကိုဆွဲပြီး ကောင်လေးထံမှ ထွက်ခွာလာခဲ့ကာ နေအိမ်သို့လည်း မပြန်ရဲတော့သဖြင့် လမ်းဘေးတွင် အိပ်စက်နေထိုင်ခဲ့ တာဟုသိရပါတယ်။ စာဖတ်ပရိတ်သက်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ညီမလေးတွေလဲ လိုင်းပေါ်ကလူတိုင်းကိုယုံပြီး ခုလိုမျိုးမလုပ်ပါနဲ့နော်။ […]

ၾကားသိရသမွ်

NLD မဲလိမ်တာကို သက်သေနှင့်တကွ ပြသွားမည်ဟု စစ်ကောင်စီ မင်းအောင်လှိုင်ပြော….

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမှားယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တပ်မတော်မှ နိုင်ငံတော် အာဏာအားရယူခဲ့သည့် အပေါ်ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့်မဲမှားယွင်းမှုများ နှင့် ပတ်သက်၍ နိုင်ငံတကာသံတမန်များကို ဖိတ်ခေါ်၍ ရှင်းပြသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်သြဂုတ်လ၇ရက်နေ့နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင်ကျင်းပပြုလုပ်ခဲ့သောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၃/၂၀၂၁) တွင် အထက်ပါ ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “အထွေထွေရွေးကောက်ပွဲသည် သမ္မတရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်ပြီး သမ္မတက အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ တရားသူကြီးများစသည်ဖြင့်အတည်ပြုခန့်အပ်ရခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ကို ဆောင်ရွက်ရသူများဖြစ်သဖြင့် မဲစာရင်းမှားယွင်းမှုများဖြင့် ရွေးချယ်ခံရခြင်းသည် တရားမျှတမှု မရှိကြောင်း၊ မဲစာရင်းစိစစ်တွေ့ရှိမှုများအားရှင်းလင်းပေးရန်အတွက် ပြောကြားခဲ့သော်လည်း ရှင်းလင်းပေးမှုမရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များကို ဖိတ်ခေါ်၍ အထောက်အထားများနှင့် တကွပြသသွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိတွင် ယခင်အစိုးရ […]

ၾကားသိရသမွ်

မော်လမြိုင်က စစ်တပ်ထောက်ခံပွဲ လုံခြုံရေးအင်အားက ပိုများနေ…..

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်တုအရှေ့မှာ အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီလောက်က စစ်တပ်ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီစစ်တပ် ထောက်ခံပွဲအတွက် သံလွင်ဥယျာဉ်ပန်းခြံတစ်ခုလုံးမှာ စစ်ကောင်စီတပ် အင်အား ရာချီ လုံခြုံရေးယူပေးခဲ့သလို ပန်းခြံလာရာ မွန်ပြည်နယ် လွှတ်တော်လမ်းနဲ့ မော်လမြိုင်ဆေးရုံကြီး လမ်းတွေ ပိတ်ပြီး ထောက်ခံပွဲလုပ်ခဲ့တာ ဖြစ်တယ်လို့ ဒေသတစ်ဦးပြည်သူတစ်ဦးက ပြောပါတယ်။ စစ်တပ်ထောက်ခံပွဲကိုတော့ စစ်တပ် မိသားစုဝင်တွေနဲ့ တပ်မတော်ထောက်ခံသူ ၂၀၀ လောက် တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီထောက်ခံပွဲမှာတော့ အိမ်စောင့်အစိုးရနဲ့ တပ်မတော်ကို ထောက်ခံကြောင်း သံလွင်ဥယျာဉ်အ တွင်းမှာသာ ကြွေးကြော်ခဲ့ပြီး၊ မြို့အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်တာတော့ မလုပ်သွားဘူးလို့ ဆိုပါတယ်။ အဲဒီစစ်တပ်ထောက်ခံပွဲအား အာဆီယံဖိအားတွေကြောင့် စစ်ကောင်စီက လုပ်ခိုင်းလို့ တပ်ထောက်ခံသူတွေ လုပ်ဆောင်တာ ဖြစ်တယ်လို့ […]

ၾကားသိရသမွ်

ဘဏ်ဝန်ထမ်းတွေမှ ဝန်ဆောင်မှု ညံ့ဖျင်းလို့ဆိုပြီး မကျေနပ်၍ အပ်နှံထားသော ယွမ်၂၅သန်းကို တစ်ခါတည်းထုတ်ယူသွားခဲ့သည့် အမျိုးသား

တရုတ်နိုင်ငံ ရှန်ဟိုင်းပြည်နယ်ရှိ နာမည်ကြီး ဘဏ်တစ်ခုဖြစ်သည့် Hongmeiဘဏ်ခွဲတွင် ဖြစ်သွားသော ဘဏ်ဝန်ထမ်းနှင့် သူဌေးတစ်ဦးဧ။်လုပ်ရပ်သည် လူမှုကွန်ယက်တွင် အတော်လေးပျံ့နှံ့သွားခဲ့သည်။ သူဌေးအမျိုးသားတစ်ဦးသည် ဘဏ်သို့လာရောက်စဉ် Maskပါမလာခဲ့၍ လုံခြုံရေးဝန်ထမ်းမှ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းနှင့်အညီ လိုက်နာပေးရန် တောင်းဆိုခဲ့ရာ စိတ်တိုတိုနဲ့ အထဲဝင်မရသည့်အဆုံး ထွက်သွားခဲ့သည်။ ထို့နောက် အမျိုးသားသည် ၅မိနစ်လောက်အကြာတွင် Maskကို တပ်ဆင်ထားပြီး ဘဏ်ရှေ့သို့ ပြန်ရောက်လာကာ သူအပ်နှံထားသည့်ငွေအားလုံးကို ထုတ်ပေးရန် ပြောဆိုခဲ့ပြီး ဝန်ဆောင်မှုညံ့ဖျင်းလွန်းသည့်အတွက် အခြားဘဏ်တစ်ခုသို့ ပြောင်းပြီးအပ်နှံမည်ဟု ဆိုခဲ့သေးသည်။ ထို့နောက် အမျိုးသားသည် သူထုတ်ယူသော ယွမ်၂၅သန်းကို ငွေတွက်စက်နဲ့မပြုလုပ်ခိုင်းပဲ ဘဏ်ဝန်ထမ်းတွေကိုသာ လက်နဲ့ရေတွက်ခိုင်းခဲ့ရာ ၂နာရီနီးပါး ကြာမြင့်ခဲ့ပြီး ငွေအားလုံးကို ခရီးဆောင်အိတ်ထဲတွင် ထည့်ကာ သယ်ဆောင်သွားခဲ့သည်။ Rain (For Ialinks) Unicode ဘဏ်ဝန်ထမ်းတွေမှ ဝန်ဆောင်မှု ညံ့ဖျင်းလို့ဆိုပြီး […]

ၾကားသိရသမွ်

မြန်မာဘဏ်တွေရဲ့ လူပါးဝ အမြတ်ကြီးစားနေမှုကို လုပ်ငန်းရှင်များ ဖွင့်ချ

ပုဂ္ဂလိက (AD) ဘဏ်တွေမှာ မြန်မာကျပ်ငွေဘီလီယံနဲ့ချီပြီး ငွေသားတွေလက်ခံရရှိနေပေမဲ့ ဘဏ်လုပ်ငန်းရှင်တွေဟာ ပြည်သူတွေ အပ်နှံထားတဲ့ငွေတွေကို အလွယ်တကူပြန်ထုတ်မပေးဘဲ လူထုဆီက ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ကိုင်နေတယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေက ပြောဆိုကြောင်း ဒီဗီဘီ သတင်းမှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုက ဘဏ်တွေမှာ စုဆောင်းထားတဲ့ မိမိပိုင်ငွေကြေးတွေ ဆုံးရှုံးမှာစိုးရိမ်တဲ့အတွက် ငွေထုတ်ယူမှုရှိလာတာကို အကြောင်းပြုပြီး ဘဏ်ပိုင်ရှင် တွေက နည်းမျိုးစုံဖြင့် ကန့်သတ်မှုတွေ လုပ်လာခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း ဘဏ်တွေမှာ ပြည်သူပိုင်ငွေကြေးတွေ အလွယ်တကူထုတ်ယူခွင့်မရရှိအောင် ဘဏ်ပိုင်ရှင်တွေနဲ့ လက်ဝါးရိုက်ပြီး ထိန်းချုပ်ထားတာ အချိန်အားဖြင့် ၈ လတာ ကြာပြီဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားစီးဆင်းမှုမရှိလို့ ပြည်သူပိုင်ငွေကြေးတွေ […]

ၾကားသိရသမွ်

တပ်မြို့ဟုခေါ်သည့် နေပြည်တော်၊ မြစ်ကြီးနား စသည့် မြို့များ၌ စစ်တပ် ထောက်ခံပွဲများ ပြုလုပ်

တပ်မြို့ဟုခေါ်သည့် ပြင်ဦးလွင်၊ မိတ္ထီလာ ၊ မတ္တရာ ၊ နေပြည်တော်၊ မြစ်ကြီးနား စသည့် မြို့များ၌ စစ်တပ် ထောက်ခံပွဲများ ပြုလုပ် မဲခေါင်၊ အောက်တိုဘာ ၂၅ အာဏာသိမ်း စစ်တပ်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲများကို ယနေ့ အောက်တိုဘာ (၂၅)ရက် မနက်ပိုင်းတွင် မန္တလေးတိုင်းအတွင်းရှိ ပြင်ဦးလွင်၊ မိတ္ထီလာ ၊ မတ္တရာ ၊ နေပြည်တော်နှင့် ကချင်ပြည်နယ် မြစ်ကြီးနား မြို့များ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ထောင်ချီသော ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်ဖိနှိပ် ဖမ်းဆီးသတ်ဖြတ်နေချိန်တွင် အဆိုပါ အာဏာသိမ်း စစ်တပ်ကို ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မန္တလေးမြို့နန်းရှေ့တွင် […]

ၾကားသိရသမွ်

ဝန်ကြီး ဒေါ်ဇင်မာအောင်မှ အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့်ရရေး တောင်းဆို

ပြည်သူများ နှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ဆိုသည်ကို လစ်လျု ရှုထားသော စစ်ကောင်စီသည် ၎င်းတို့အား အစည်းအဝေးပင် တက်ခွင့် မပေးသည့် အာဆီယံ အား မိမိတို့သည် အာဆီယံ၏ ပဋိညာဉ် စာတမ်းပါ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူ အပါအဝင် အချက် ငါး ချက် အတွက်လည်း ပူးပေါင်း ဆောင်ရွက် ပါမည်ဟု လူသိရှင်ကြား အသနားခံလာရပြီ ဖြစ်သည်။ မြန်မာ စစ်အာဏာရှင်များ၏ ပြည်ပမှ ဖိအားပေးမှူ များကို တင်းခံနေတတ်သည်ဟု နာမည်ကြီးနေသော်လည်း ၎င်းတို့အား တကယ်တမ်း ထိထိရောက် ရောက် လုပ်မည်ဆိုက ကြောက်ဒူးတုန်သူများသာ ဖြစ်သည်ကို အထင်အရှား မြင်တွေ့လာရသည်။ ယခု ၎င်းတို့ပိုင် သတင်းစာများ မှ တရားဝင် ကြေညာချက် […]

ၾကားသိရသမွ်

ပဲခူးမြို့က နာမည်ကျော် စစ်တပ်ထောက်ခံသူ စန္ဒီမြင့်အောင်၏ ဖခင်အုပ်ကြီးရုံး ဗုံးဖေါက်ခွဲခံရ….

ပဲခူးမြို့က နာမည်ကျော် စစ်တပ်ထောက်ခံသူ စန္ဒီမြင့်အောင်၏ ဖခင်အုပ်ကြီးရုံး ဗုံးဖေါက်ခွဲခံရ အာဏာသိမ်းစစ်တပ်ကိုထောက်ခံရာတွင် နာမည်ကျော်တစ်ဦးဖြစ်သော ပဲခူးမြို့က စန္ဒီမြင့်အောင်၏ဖခင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ရုံးတွင် ယနေ့နေ့လည်က လူအသေအပျောက်မရှိသော ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ရုံးကို နေ့ခင်း ၂နာရီခွဲအချိန်ခန့်က ပြင်ပမှလက်ပစ်ဗုံးပစ်သွင်းခြင်းခံရ၍ ရုံးပျက်စီးမှုအနည်းငယ်ဖြစ်သွားသည်။ “ လူတော့ မထိဘူး။ ရုံးက မှန်နဲ့ အနည်းငယ် ပျက်ဆီးသွားတယ်။ ဒီရုံးက စန္ဒီမြင့်အောင်ရဲ့ အဖေရုံးလေ။ သူက အမေစုကို ဖေ့ဘွတ်မှာ မိုက်မိုက်ရိုင်းရိုင်းဆဲလို့ ထောင်ခြောက်လကျဖူးတယ်။ အကြီးစား ဒလန်ပေါ့။ သူ့အဖေမြင့်အောင်လဲ သူ့သမီးမြှောက်ပေးတာလိုက်လုပ်နေတာ”ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။ ၎င်းရုံးဗုံးပေါက်ကွဲမှု့ဖြစ်ပွါးခဲ့ပြီးနောက် ဥဿာမြို့သစ် ရပ်ကွက် (၇) ရှိ အုပ်ချုပ်ရေးမှူးအိမ်တွင် လက်လုပ်ဗုံးတွေ့ရှိခဲ့ပြီး စစ်ကောင်စီက လာရောက်ရှင်းလင်းခဲ့သည်။ ရှင်းလင်းနေစဉ် ပင်စည်မီးပွိုင့်အနီးဖြတ်သန်းသွားလာသည့် ခြံရှင်းလုပ်သားအမျိုးသားသုံးဦးကို အကြောင်းမဲ့ ရိုက်နှက်ထိန်းသိမ်းခဲ့သေးသည်။ […]

ၾကားသိရသမွ်

မင်းအုပ်စိုးနှင့် နှင်းဝတ်ရည်သောင်း ပွဲကြမ်းကြပြန်ပီ

မင်းအုပ်စိုးနှင့် နှင်းဝတ်ရည်သောင်း ပွဲကြမ်းကြပြန်ပီ ဘာဖြစ်တာလည်း၊ ဖဲ့ကျမလားနှင်းဝတ်ရည်သောင်း ကျွန်တော်ရဲ့တဒင်္ဂဒေါစိတ်ကြောင့် ထောင်ထဲမှာခြောက်နှစ်ခွဲသွားနေပေးခဲ့ရတယ် အကျဉ်းသားဆိုတာ နာရီပတ်ခွင့်မရှိဘူး ထီးဆောင်းခွင့်မရှိဘူး အဲ့ဒါကြောင့်မို့ ထောင်ကပြန်လွတ်လာတဲ့အချိန်မှာ ခြောက်နှစ်ခွဲကျော်ကင်းကွာနေခဲ့ရတဲ့ ကျွန်တော့်နာရီလေးတွေကို ပြုပြင်ရတယ်၊ ပြန်ပြင်ရတယ်။ နာရီလေးတွေမှာ စက်ကလေးတွေပြန်မှန်ဖို့ ကျွန်တော့်ရဲ့အငွေ့အသက်ကလေးတွေ ပြန်လည်ညှိတွယ်စေဖို့ ကျွန်တော့်ရဲ့လက်ဘယ်ညာမှာ တနေ့နှစ်လုံးပတ်ဖြစ်ပါတယ်။ ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်နာရီလေးတွေက်ို ကျွန်တော့်အကြောင်းပြချက်နဲ့ ကျွန်တော်ပတ်နေတာဟာနှင်းဝတ်ရည်သောင်း ပြောမှပဲ ကျွန်တော်က ကျပ်မပြည့်တဲ့ကောင်ဘဝ ကိုယ်မေက်ိုယ်လ်ိုးဘဝရောက်နေမှန်း သိရတော့တယ်ခင်ဗျ။ နှင်းဝတ်ရည်သောင်းရေ….ငါ့ကိုလာစမိုက်ရိုင်းပြီးရင်တော့ နင့်ဘက်ကလည်းခံနိုင်ရည်ရှိအောင် အသင့်ပြင်ထားဖို့တော့ လိုလိမ့်မယ်နော်…. နင့်ကို ဇာနည်ကခိုးပြေးတဲ့အချိန်မှာ ဇာနည်ရဲ့မိဘတွေကနင်နဲ့သဘောမတူတာကြောင့် ဇာနည့်ကိုအမွေဖြတ်လိုက်တယ်ဆိုတာဒီခေတ်ကလေးတွေကဘယ်သိပါတော့မလဲဟာ….. နင်နဲ့ယူတာကိုဇာနည့်မိဘတွေက ဘာကြောင့်သဘောမတူခဲ့ကြတာလဲ နင့်ကိုယူမိရုံလေးနဲ့ ဇာနည့်ကိုအမွေဖြတ်ပြီး ဘာကြောင့်အိမ်ပေါ်ကနှင်ချလိုက်သလဲဆိုရင် ဇာနည်နဲ့မတိုင်ခင်မှာ ဘယ်အကောင်တွေနဲ့နင်အိပ်ခဲ့တယ် ဘယ်ကောင်တွေနဲ့နင်ကုန်းခဲ့တယ်ဆိုတာကို ဇာနည့်မိဘတွေက ကောင်းကောင်းသိနေလို့ပေါ့ဟာ လူကြီးတွေဖြစ်ကြတဲ့ ဇာနည့်မိဘတွေတောင် နင်ကုန်းခဲ့တဲ့တခြားယောကျ်ားတွေ နဲင်နဲ့အိပ်ခဲ့တဲ့တခြားကောင်တွေကို သိနေကြတယ်ဆိုရင် နင်နဲ့ငါက […]

ၾကားသိရသမွ်

မြန်မာပြည်က နာမည်ကျော် အိမ်တစ်လုံး

မြန်မာပြည်က နာမည်ကျော် အိမ်တစ်လုံး အမေရိကန် ဒေါ်လာ သန်း ၉ဝ လောက်တန်တယ်လို့ ရှေ့နေတွေ အကဲဖြတ်ကြတဲ့ ကိုလိုနီခေတ်က အိမ်တစ်လုံး မြန်မာပြည်မှာ ရှိပါတယ်။ဒီအိမ်ကို စစ်မဖြစ်ခင် ၁၉၂ဝ ကျော်က မူလပိုင်ရှင်တွေ ဆောက်ခဲ့ကြတာဖြစ်လို့ အခုဆိုရင် သက်တမ်း ၁၀၀ ကျော်ပါပြီ။ ဒီအိမ်မှာ အကျယ်ချုပ်နှစ်တွေ ဖြတ်သန်းရင်း ခင်ပွန်းသည် ကွယ်လွန်ခါနီး အချိန်မှာတောင် မနှုတ်ဆက်လိုက်ရတဲ့ အိမ်ရှင် အမျိုးသမီးဘဝဟာ ကမ္ဘာကျော်ခဲ့လို့ ဟောလိဝုဒ်ကနေ ရုပ်ရှင် ရိုက်ကူးပြီးပြတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ထင်ရှားခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမား၊ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ယူကေဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း စတဲ့ ထင်ရှားတဲ့ ကမ္ဘာကျော် နိုင်ငံခေါင်းဆောင်တွေ လာရောက်ခဲ့ကြသလို တခြားကမ္ဘာ့နိုင်ငံ အများအပြားက တာဝန်ယူဆဲ […]