မွေးစကနေ ခြောက်လအတွင်း ချောင်းခြောက်ဆိုးနေပြီး နေရခက်နေတဲ့ သားသားမီးမီး အတွက် အကောင်းဆုံး ချောင်းဆိုးပျောက်ဆေးကတော့ မိခင်နို့ပါတဲ့။ မိခင်နို့လည်းတိုက်၊ ချောင်းဆိုးပျောက်ဆေးလည်း တိုက်သလို ချစ်စရာ့အရွယ်လေးတွေရဲ့ အသက်အပိုင်း အခြားအလိုက် မိမိ ဘာသာ အလွယ်တကူ ဖော်စပ်လို့ရတဲ့ ချောင်းဆိုးပျောက် အစွမ်းထက် အိမ်တွင်းဆေးဝါးလေးတွေအကြောင်းလည်း သိရလေအောင် ပြည့်ပြည့်စုံစုံလေး တင်ပြပေး လိုက် ပါ တယ် မေမေ၊ ဖေဖေတို့ရေ။-မိခင်နို့ပာာ မချိုလွန်း မပေါ့လွန်း အနေတော်ဖြစ်တဲ့အပြင် အာပာာရဓာတ်ပေါင်းစုံ ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးပျောက်စေမယ့် ပဋိပစ္စည်းတွေ ကိုယ်ခံအားတက် စေမယ့် ဓာတ်တွေကလည်း အလျှံပယ် ပါဝင်ပါတယ်တဲ့ ဒီတော့ ချောင်းခြောက်ဆိုးနေလို့ မိခင်နို့ တိုက်ကျွေးတာကို မရပ်တန့်လိုက်ပါနဲ့။-ကြက်သွန်ဖြူကို အခြောက်ခံ ညက်နေအောင် အမှုန့်ကြိတ်ပြီး မုန်ညင်းဆီ သန့်သန့်လေးနဲ့ ရောလိုက်ပါ။ […]
Health Care
သွားကိုက်ခြင်းကို 1 မိနစ်အတွင်း သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ
သွားကိုက်ခြင်းကို 1 မိနစ် အတွင်း သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ (၁)ဆားပြုတ်ရည်ဆားသည် သဘာ၀ပိုးသတ်ဆေးတစ်လက်ဖြစ်ပြီး သွားကိုက်ခြင်းအတွက် လွယ်ကူပြီးအစွမ်းထက်သော နည်းတစ်မျိူးဖြစ်ပါတယ်။ ဆား စားပွဲတင်ဇွန်းတစ်၀က်ကို ရေနွေးတစ်ခွက်ထဲသို့ထည့်ပါ။ထို့နောက် ပလုတ်ကျင်းဆေးရည်အဖြစ် အသုံးပြုနိုင်ပါပြီ။ သွားကိုက်ခြင်းကိုသက်သာစေပြီး သွားဖုံးယောင်ခြင်းနဲ့ လည်ပင်းနာခြင်းကိုပါ သက်သာစေပါတယ်။ (၂)ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်သွားချေးများကို ပြောင်စေစေပြီး သွားဖုံးသွေးယိုခြင်းကိုပါ သက်သာစေပါတယ်။ ၃%ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ၅စက်ခန့်ကို ရေ ၅၀ ml တွင်ရောပါ။ထို့နောက် ပလုတ်ကျင်းဆေးရည်အဖြစ်အသုံးပြုနိုင်ပါတယ်။ (၃)လေးညင်းဆီရှေးနှစ်ပေါင်းများစွာကပင် လေးညင်းကို သွားကိုက်ခြင်းအတွက် အသုံးပြုခဲ့ကြပါတယ်။ လေးညင်းမှာ eugenol ဆိုတဲ့ သဘာ၀ပိုးသတ်ဆေးတစ်မျိူး ပါ၀င်တဲ့အတွက် သွားကိုက်စေသော ပိုးမ်ားကို သေစေပါတယ်။ လေးညင်းပွင့်အနည်းငယ်ကို ဝါးစားခြင်း၊လေးညင်းမှုန့်ကို သွားပိုးပေါက်ပေါ်တွင် အုံပေးခြင်း၊လေးညင်းဆီကိုအစက်ချပေးခြင်း ပြုလုပ်နိုင်ပါတယ်။ (၄)ရေခဲကပ်ခြင်းဘယ်လိုနာကျင်မှုမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ရေခဲတုံးများကို ပလတ်စတစ်အိတ်တွင် ထည့်ပြီး အ၀တ်စဖြင့် […]
ဆီးရောဂါခံစားရသူများ မိနစ်အနည်းငယ်အတွင်း သက်သာပျောက်ကင်းစေမည့် ဆေးနည်း
ဆီးပူ၊ ဆီးအောင့်နဲ့ ဆီးတစ်စက် တစ်စက် ကျသည့် ဆီးရောဂါ ခံစားရသူများ မိနစ်အနည်းငယ်အတွင်း သက်သာပျောက်ကင်းစေမ ည့် ဆေးနည်း ဆီးရောဂါသည်တွေအတွက် လုံးဝကျော်မသွားသင့်တဲ့ စာလေးပါ။ ဆီးပေါက်ရာမှာ ဆီးတစ်စက် ထွက်ဖို့ သေမလောက် ခံစားနေရတဲ့ ဆီးရောဂါသည်တွေအတွက် ဆေးနည်းလေးမျှဝေပေးလိုက်ပါတယ် ဆေးနည်း အုန်းသီး အနုတစ်လုံးကို ထိပ်ကဖောက်။ ပြီးရင် ကျောက်ချဉ် ကွမ်းသီး လုံးမျှ အုန်းရည်ထဲထည့် (မိနစ်၃၀) လောက်စိမ် ဒါပါပဲ။ ပြီးရင် အကုန် သောက်လိုက်တာပါပဲဗျာ။စမ်းကြည့်ကြပါ ပျောက်ရင် လက်ဆင့်ကမ်းပေးပါ။ ဆီးဝေဒနာရှင်တို့ များလှပါရဲ့ ဆီးပူ ဆီးအောင့်နဲ့ ဆီးတစ်စက်စက် ကျသည့် ဆီးရောဂါ ခံစားရသူများ မိနစ် အနည်းငယ်အတွင်း သက်သာပျောက်ကင်းခြင်း ကြုံရပါမည်။ စာကိုး – နက္ခတ္တရောင်ခြည်၊ အမှတ်-၃၆၅ ဇာ(တောင်ငူ)၏ […]
အသက် (၄၀) ကျော် ကျား /မ မရွေး ရိုးတွင်းချဉ်ဆီအားဖြည့်ဆေးနည်း
ရိုးတွင်းချဉ်ဆီ အားဖြည့်ဆေး အသက် ၄၀ ကျော် လာတာနဲ့ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် ရိုးတွင်း ချဉ်ဆီ ခမ်းလာ တတ်ပါတယ် အိမ်ထောင်သည်တွေ ပိုဆိုး ပါတယ်။ ရိုးတွင်း ချဉ်ဆီ ခမ်းလာရင် အရွယ်ရင့်မြန်လာခြင်း မလှုပ်ချင် မကိုင်ချင် မကြာခဏ ဖြစ်ခြင်း ယောင်္ကျား ဆိုလျှင် ဒူလာဖြစ်ခြင်း ပြင်ပ ရောဂါ ဝင်လွယ်ခြင်းများ ဖြစ်တတ်ပါတယ်။ ယခု တင်ပြမှာက မြန်မာ့ တိုင်းရင်းနည်းဖြင့် ရိုးတွင်း ချဉ်ဆီ အားကောင်း နည်းလေးပါ။ ဆေးနည်း ဖီးကြမ်း ဌက်ပျောသီးကို မီးဖုတ်ပါ။ ပြီးလျှင် ခွက် တစ်ခုထဲ ထည့်ပါ။ နှမ်းဆီ စစ်စစ် ထည့်ပါ။ သမအောင် ချေမွှပါ။ ပြီးလျှင် စားသုံး နိုင်ပါပြီ။ […]
မီးယပ်သွေးဆုံးခြင်းအတွက် ဆေးနည်း…
မီးယပ်သွေးဆုံးခြင်းအတွက် ဆေးနည်း “ မီးယပ်သွေးဆုံးခြင်းအတွက် ” ယောက်ျားတေဇော၊မိန်းမအာပေါဆိုသော တိုင်းရင်းဆေးပညာ၏ ဝေါဟာရရှိ၏။ အမျိုးသားတို့ကတေဇောဓာတ်လွန်ကဲတတ်ကြပြီး အမျိုးသမီးတို့ကအာပေါဓာတ်နှင့် ပထဝီဓာတ်များ လွန်ကဲလေ့ရှိသည်ဟုဆို၏။ အမျိုးသမီးတို့သည် မီးယပ်သွေးတည်းဟူသော အာပေါဓာတ်ယိုစီးမှုကြောင့် ရုပ်သဏ္ဍာန်လှပမှုတွင်ရင်နှင့်တင်စသည်ဖြင့်ရုပ်ကိုရှေ့ဆောင်ခြင်းဖြစ်လေသည်။ အမျိုးသမီးများ၏ ကျန်းမာရေးသည် မီးယပ်သွေးနှင့်သက်ဆိုင်နေတတ်ပေသည်။ ထိုကြောင့်လည်း မီးယပ်သွေးလစဉ်မှန်မှန် ဆင်းသက်စေရန် အမျိုးသမီးများစောင့်ရှောက်သင့်လှ၏။ အမျိုးသမီးများသည် အဓိကအားဖြင့်မီးယပ်သွေးမမှန်ခြင်းမှ စကာ မီးယပ်ရောဂါအမျိုးမျိုးကို ခံစားကြရသည်။ အမျိုးသမီးအများစုခံစားရတတ်သော မီးယပ်သွေးဆုံးခြင်းနှင့်ပတ်သက်ပြီးတင်ပြရပါလျှင်သွေးဆုံးချိန်နီးသည်အချိန်ကြားကာလမျိုးတွင် ရောဂါ၏မာယာကစတင်တတ်လေသည်။ ချမ်းလိုက်၊ပူလိုက်ဖြစ်၏။ ခေါင်းကိုက်ခြင်း၊နှလုံးတုန်၊ မောပန်းခြင်းလည်းဖြစ်၏။ ထိုမျှမက ခြေဖျား၊လက်ဖျားတို့အေးပြီး စိတ်မငြိမ်သက်ဖြစ်ရကာ စားမကောင်းအိပ်မပျော်စုံလင်လှပေသည်။ ထိုကြောင့်ထိုအမျိုးသမီး၏ ကျန်းမာရေးသည်ကောင်းလိုက်၊မကောင်းလိုက်နာလည်ရခက်နေတတ်လေသည်။ ဒါကြောင့်လည်း မီးယပ်သွေးဆုံးယောကျာ်းမုန်း ဟု စာပင်ချိုးကြ တော့သည်။ မီးယပ်သွေးဆုံးခြင်းနှင့်ပတ်သက်၍ တိုင်းရင်းဆေးဆရာကြီးဦးကြွယ်အလွန်ထိရောက်သောဆေးနည်းကောင်းလေးအားပေးဖူးပါသည်။ ထိုဆေးနည်းမှာ သွေးဆုံးမီးယပ်ခံစားနေရသောအမျိုးသမီး တစ်ပတ်တစ်ကြိမ်နှုန်း တစ်လလျှင်(၄)ကြိမ် လွယ်လင့်တကူသောက်ပေးရန်ဖြစ်ပါသည်။ (၁) ထမင်းရည် ငါးကြင်းဖန်ခွက်(၁)ခွက် […]
ကိုယ်လက်ကိုက်ခဲတောင့်တင်းပြီး ဇက်ကြောတက်နေရင်..
ကိုယ်လက်ကိုက်ခဲတောင့်တင်းပြီး ဇက်ကြောတက်နေရင် “ကိုယ်လက်ကိုက်ခဲတောင့်တင်းပြီးဇက်ကြောတက်နေပါသလား မပူပါနဲ့မိတ်ဆွေ ” ရုံးကပြန်လာတိုင်း အမြဲတမ်းကိုယ်လက်တွေကိုက်ခဲတောင့်တင်းပြီးဇက်ကြောတွေတက်လှသည်ဟုဆိုကာ နင်းပါဦး နှိပ်ပါဦး မိသားစု၀င်များအားအကူအညီတောင်းခံတက်သော ဖခင်အားကြည့်ပြီး ဂရုဏာသက်မိသည်။ ထိုမျှမက ဇက်ကြောကို ထင်းချောင်းဖြင့်ထုခိုင်း၊ သနပ်ခါးတုံးဖြင့်ထုခိုင်းစေခိုင်းတတ်ပြန်သည်။ထိုကာလသည်က(၆)နှစ် မကပင်ကြာမည်ထင်ပါသည်။ ယခုမဖြစ်တော့ပါ ။ နည်းလမ်းကောင်းလေးရလိုက်ပါသည် ။ ” နည်းလမ်း ” နေ့စဉ်အုန်းမှုတ်ခွက်နင်းခြင်းဖြစ်သည်။ ရုံးကပြန်လာသည်နှင့် ရေမိုးချိုးသည်။ ပြီးနောက် အိမ်နီးနားရှိ သက်ရင်းကြီးပင်မှ သက်ရင်းကြီးရွက်(၂)ရွက်ကိုခူးကာ အုန်းမှုတ်ခွက်ပေါ်တင်လိုက်ပြီး ခြေဖဝါးပြင်နှစ်ဖက် နေရာအနှံ့ မုန်ညှင်းဆီကိုလူးတော့သည်။ ထိုနောက် မုန်ညှင်းဆီလိမ်းထားသောခြေဖဝါးနှစ်ဖက်ဖြင့် သက်ရင်းကြီးရွက် အသင့်တင်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ (၁၅)မိနစ်ခန့် စိတ်တိုင်းကြနင်းခြင်းဖြစ်လေသည်။ အဖေနှစ်ပေါင်းများစွာခံစားရခက်သောကိုယ်လက်တောင့် တင်းဇက်ကြောတက်ခြင်း အမှန်ပင် ယနေ့ချိန်ထိ ပျောက်ကင်းသွားလေသည်။ လိုသူတို့သုံးစေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ… ရဲမျိုသူ ( ဗောဓိမြိုင် ) မှတ်ချက် သက်ရင်းကြီးရွက်အခက်အခဲရှိလျှင် […]
ဆံပင်ပေါင်းတင်ဖို့အချိန်မပေးနိုင်ဘူးဆိုရင် အသုံးပြုနေကျ ခေါင်းလျှော်ရည်ထဲကို ဒါတွေ ရောစပ်လိုက်ပါ
ဆံပင် နှစ်ခွဖြစ်ခြင်း၊ ဆံသားပျက်စီးခြင်းနဲ့ ဆံပင်အရောင် မွဲခြောက်ခြောက်ဖြစ်ခြင်းစတာတွေက မကြာခဏဆံပင်ပုံစံပြောင်းလဲသူတွေ ကြုံတွေ့ရတဲ့ ပြဿနာရပ်တွေပါ။ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်၊ အရောင်ဆိုးလိုက်နဲ့ အမျိုးမျိုး ပြုလုပ်နေတာကြောင့် ဆံသားများ ပျက် စီးရတာပဲဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့အတွက် ဆံပင်ပေါင်းတင်ဖို့အတွက် အချိန်သီးသန့်ပေးပြီး အလုပ်ရှုပ်ခံစရာမလိုဘဲ ခေါင်းလျှော်လိုက်ရုံနဲ့ အကျိုးထူးရရှိနိုင်မယ့် နည်းလမ်းကောင်းလေးကို ဖော်ပြပေးချင်ပါတယ်။ အသုံးပြုနေကျ ခေါင်းလျှော်ရည်ထဲကို ဆံသားကျန်းမာလှပစေတဲ့ သဘာဝပစ္စည်းများကို ရောစပ်အသုံးပြုလိုက်ရုံနဲ့ ဆံပင်ပျက်စီးခြင်းကို ကုသမယ့် နည်းလမ်း ကောင်းလေးပါပဲနော်။ (၁) ပျားရည် ဦးရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ဗောက်ပြဿနာကို ရှင်းထုတ်ပစ်ချင်တယ်ဆိုရင်တော့ ခေါင်းလျှော်ရည်ထဲကို ပျားရည်ရောစပ်ပြီး အသုံးပြုပေးပါနော်။ ပျားရည်မှာပါဝင်တဲ့ ဓာတ်များက ဦးရေပြားဆဲလ်များကို ကျန်းမာစေတဲ့အပြင် ဗောက်ဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင်ပြီး ဦးရေပြားအတွက်လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ကောင်းကျိုးများစွာပြုတဲ့ သဘာဝနည်းလမ်းကောင်းလေးပါပဲ။ (၂) […]
သွေးတိုးလို့ စိတ်မညစ်နဲ့တော့ဗျာ ဒီပုံထဲကလူကြီးကို ကျေးဇူးတင်တယ်ဗျာ
သင့် ရှယ်ရာ တစ်ချက်ဖြင့် လူပေါင်းများစွာရဲ့ ဒုက္ခဝေဒနာကို ကယ်တင်ပေးလိုက်ပါ ဒီပုံထဲကလူကြီးကို ကျေးဇူးတင်တယ်ဗျာသွေးတိုးတာ ၁၆၀ ဆိုရင်မခံနိုင်တော့ဘူး လည်ပင်းတွေအစ်ထလာပြီးစုံးဖမ်းသလိုနတ်မမ်းသလိုလိုနဲ့ ဂေါင်းတွေကိုက် မျက်စိတွေမှုန်ဝါးလာပြီး ခြေထောက်တေလက်တေ လေးလံထိုင်းမှိုင်းလာပြီး လေငန်းဖြတ်ဖို့ချည်လုပ်နေတယ် အရင် ၂ ခါလဲ လေငန်းဖြတ်ဖို့လုပ်လို ဆေးရုံ ပြေးရသေးတယ် သူပြောတဲ့အတိုင်းလုပ်ထားအခု သွေးမတိုးတော့ဘူး သူပြောတာတော့ ၃ ရက် ဆက်တိုက် မနက်တကြိမ် နေ့လယ်တကြိမ် ညတကြိမ် ၃ ရက် ဆက်သောက်ရင် အနဲဆုံး ၆လ လောက်ကတော့ အေးဆေးပဲတဲ့ စားချင်တာစားလို့ရတယ်ဆိုပဲ ကျနော်ကတော့အခုမှသောက်ထာဆိုတော့ သွေးတိုးကျတာပဲသိသေးတယ် ဓါတ်ပြောင်းတာဖြစ်မယ် ဘဲဥတလုံး သံပုရာသီတလုံးအရည်အကုန်နဲ့ ဖျော် အမယ်နည်းရှိသဗျ သံပုရာသီးကို တချမ်းခွဲ ဖန်ခွက်ထဲအရင်ထည့် အစေ့တွေဆယ်ပစ်လိုက် ဘဲဥ ကို ခွဲထည့်လိုက် အဲဒါကို နာနာခေါက်ဖျော်လိုက်ဗျာ […]
မလေးရှား လူမျိုးတွေရဲ့ ဆီးချိုကျ ဆေးနည်း..
မလေးရှား လူမျိုးတွေရဲ့ ဆီးချိုကျ ဆေးနည်း ဆီးချိုရောဂါကို (Diabetes) လို့ ခေါ်ဆိုပါတယ်။ ဘာကြောင့် ဆီးချိုရောဂါ ဖြစ်တည်လာရသလဲဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အင်ဆူလင်ဟော်မုန်းဓာတ် (Insulin hormone) လျော့နည်းကျဆင်းလာပြီး သွေးထဲမှာ သကြားဓာတ်၊အချိုဓာတ် မြင့်တက်လာရခြင်းကြောင့် ဖြစ်တယ်။ ဒီရောဂါက အစောအလျင် ကုသမှသာ အမြန်သက်သာ ပျောက်ကင်းပါလိမ့်မယ်။ ဆီးချိုရောဂါ ဖြစ်နေမှန်း သိနေလျှက်နဲ့ ပေါ့ဆစွာ နေထိုင်ရင်ဖြင့် အခြားသော ကူးစက် အနာများကျ ရောက်တတ်ပြီး ခြေ၊ လက်များ ဖြတ်တောက်ပြစ်ရသည့် အခြေအနေဆိုးနှင့် ရင်ဆိုင် တွေ့ကြုံနိုင်ပြီး အသက်အန္တရာယ်လည်း ထိခိုက်လာနိုင်ပါတယ်။ ဆီးချို ရောဂါအတွက် အင်္ဂလိပ်ဆေး၊ ဗမာဆေးနှင့်သဘာဝ ကုထုံးတွေ အများကြီး ရှိပါတယ်။ မလေးရှား နိုင်ငံသား အများစုက ဆီးချိုရောဂါ အတော်များများ […]
ကျောက်ကြေ ကျောက်ကျတဲ့ “ရှူးပျံဆီးအိမ်” နှင့် ဒေသခံတွေအသုံးပြုရတဲ့ အကြောင်းအရင်း
ကျောက်ကြေ ကျောက်ကျတဲ့ “ရှူးပျံဆီးအိမ်” နှင့် ဒေသခံတွေ အသုံးပြုရတဲ့ အကြောင်းအရင်း ကျောက်ကြေ ကျောက်ကျတဲ့ “ရှူးပျံဆီးအိမ်” နှင့် ဒေသခံတွေ အသုံးပြုရတဲ့ အကြောင်းအရင်း “ရှူးပျံ” ဟူသော အကောင်မျိုးကို ပုဂံ တည်စခေတ်က ဝက် ကြီး၊ ငှက်ကြီး၊ ကျားကြီးတို့နှင့်အတူ ပျူစောထီး နှိမ်နင်းခဲ့ရသော ပြည်သူ့ရန်သူကြီးတစ်ပါးအဖြစ် ရာဇဝင်ဒဏ္ဍာရီများမှ သိရှိရသည် ယင်းသို့ ဖတ်ရှုသိရှိရသော်လည်း ရှူးပျံ ကို ကိုယ်တွေ့မျက်မြင် ကြုံဖူးသူ အလွန်ရှားပေသည်။ “ရှူးပျံ” ဟူသည် ပူတာအိုအထက်ပိုင်း ရေခဲတောင်ဒေသ တောနက်ကြီးများ ထဲမှာ တွေ့ရသော ရှဉ့်နှင့်တူသောအကောင် ဖြစ်ပါတယ်၊ ရှဉ်ပျံလို့လည်း ခေါ်ကြပါတယ်၊ တကယ်တော့ “ရှူးပျံ” တွေဟာ အတောင်နဲ့ပျံတာမျိုးမဟုတ်ပဲ သူရဲ့ရှေ့ခြေနဲ့ နောက်ခြေ အထိ ဆက်နေတဲ့ အရေပြားတွေနဲ့ […]









