စားဝတ်နေရေးပြေလည်စေဖို့.. တပိုင် တနိုင် တောင်ပို့ ”မှို”ဖောက်နည်း လေးကိုတင်ပြပေးမှာဖြစ်ပါတယ် ။ ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်လုပ်ကိုင်နိုင်သလို မြေဧကအနည်းရှိသူတွေအတွက်လည်းစီးပွာဖြစ်ထုပ်လုပ်ရောင်ချနိုင်ပါတယ် ။ ယနေ့မှိုဈေးကောင်း နေတာမို့မက်လောက်စရာဖြစ်ပါတယ်”အရေးကြီးတာက နည်းသိဖို့ပါဘဲ ..သဘာဝနည်းဖြစ်တာကြောင့်ဓာတုဗေဒဆေးဝါးကင်းတာကြောင့် စားသုံးသူများအန္တရယ်မရှိယုံသာမက အနံအရသာဟာလည်းသဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ နည်းမှာ ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီးမိမိပတ်ဝန်းကျင်မှာအလွယ်တစ်ကူရှာဖွေရလွယ်ပါတယ် ။ ၁-ခြတောင်ပို့ အတွင်းပိုင်းမှမြေသား ၂၀ သားခန့် ၂-ထမင်းဖြူ ၆၅ ကျပ်သား(တစ်ကီလို) ၃ရေ၂လီတာ(ရေသန့်ဗူး၂ဘူး)တို့ဘဲဖြစ်ပါတယ် *ပထမဦးစွာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကိုဇလုံတစ်ခုထဲမှာရောထည့်ပြီး သမအောင်မွှေပေးရပါမယ် ။ ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေးရပါမယ် ။ ပြီးနောက် ထိုဇလုံကိုနေရောင်ခြည်တိုက်ရိုက်မကျတဲနေရာ မပူလွန်းမအေးလွမ်တဲ့နေရာမှာ ၇ […]
Knowledge
အရွယ်မတိုင်ခင်နားလေးသူတို့အတွက်အစွမ်းထက်ဆေးနည်းကောင်း ငယ်စဉ်က (၇)တန်းတွင်အတန်းတူ သူငယ်ချင်း စိုးဦးဆိုသူရှိပါသည်။ စိုးဦးကို အတန်းဖေါ် သူငယ်ချင်းများက နားထိုင်း၍ အဘိုးလေးဟု ခေါ်ပါသည်။ အချို့ အဘိုးလေးစိုးဦး၊ စိုးဦးနံမည်ပျောက် ငယ်ငယ်ရွယ်ရွယ်နှင့် အဘိုးလေး အမည်ရတော့သည်။ နောက်ပိုင်း စိုးဦးနှင့် ပြန်တွေ့ချိန်တွင် စိုးဦး ဋ္ဌာနတစ်ခုတွင် ဦးစီးအရာရှိတစ်ယောက်ဖြစ်နေပြီး နားမလေးတော့ပါ ဟုဆိုပါသည်။ ဆေးနည်းမှာကြောင်လျာ၏ အသီး၊ အပွင့်နှင့် အရွက်နုကို မကြာမဏကြော်စားခြင်း၊ သုပ်စားခြင်း၊ အတို့အမြှုပ်လုပ်စားခြင်းနှင့် ရွက်ကျပင်ပေါက်ကို မီးကင်ပြီး နားနှစ်ဖက်အတွင်းသို့ နှစ်ရက်တစ်ကြိမ်လောက် အရည်ညှစ်ထည့်ပေးခြင်း ဖြစ်သည်ဟုဆိုပါသည်..။ အင်္ဂလိပ်ဆေး သုံးစွဲခြင်း မရှိပါဟုဆိုပါသည်။ (၆)လလောက် လုပ်ရသည်ဟုဆိုပါသည်။ အသက်(၈၉)နှစ် နားမထိုင်းသောအဘိုးအိုထံကံစမ်းလိုသောစိတ်ဖြင့် ထီးထိုးရန် ထီးဆိုင်သို့အဝင် ထီလက်မှတ်ရောင်းနေသော အဖိုးအိုကိုတွေ့လေသည်။ အဘိုးအိုထံမှ ထီလက်မှတ်(၅)စောင်ဝယ်ယူရာ မိမိပြောသောစကားသံကိုတိုးတိုးပြောရုံဖြင့် ကြားလေသည်။ အဘိုး အသက်ဘယ်လောက်ရှိပြီးလဲ(၈၉)နှစ်ကွဲ့……။ […]
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ သွားနေဖို့ ကြံနေသူတွေအတွက် သိထားသင့်တဲ့ လက်ရှိ နှစ်ရှည်ဗီဇာများ….
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ သွားနေဖို့ ကြံနေသူတွေအတွက် သိထားသင့်တဲ့ လက်ရှိ နှစ်ရှည်ဗီဇာများ.. 🔶 LTR Visa – ၁၀ နှစ် Visa သက်တမ်းတိုးနိုင်ပြီး LTR Visa ကိုင်ထားသူရဲ့ ခင်ပွန်း..၊ ဇနီး နှင့် အသက် ၂၀ အောက် ကလေးများ အကြုံးဝင်ပြီး LTR Visa ကိုင်ဆောင်ထားသူ ၁ ယောက် အတွက် မှီခိုသူ ၄ ယောက်အထိ အကျုံးဝင်ပါတယ်။ ဒီဗီဇာကို ကိုဗစ်ကာလနောက်ပိုင်းမှ အတည်ပြုပေးခဲ့တာဖြစ်ပြီး အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံခြားသားတွေအတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်က စတင်ကာ Long-term Resident (LTR) Visa ကို စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။ 🔷ချမ်းသာတဲ့ […]
ဖုန်းကင်မရာရှိရုံနဲ့ ငွေစက္ကူများကို အတုအစစ်ခွဲခြားနိုင်တဲ့ တကယ်အသုံးဝင်သောနည်းလမ်း
ငွေအတုတွေ ပေါများ နေတဲ့ ခုလိုခေတ်ကြီးထဲမှာ တန်ဖိုးကြီးတဲ့ တစ်သောင်းတန်တွေကို အတုရိုက်ပြီး အွန်လိုင်းမှာ ရောင်းချနေတာတွေကြောင့် ကိုယ့်လက်ထဲရောက်လာတဲ့ ပိုက်ဆံဟာ အတုဖြစ်နေမလားဆိုပြီး လူတိုင်း သံသယစိတ်ဖြစ်မိတတ်ကြပါတယ် ငွေအတုအစစ် စစ်ဆေးနိုင်ဖို့ ငွေစက္ကူစစ်ဆေးတဲ့ ဓာတ်မီးတွေ ငွေရေစက်တွေ ရှိပေမယ့် ဒီပစ္စည်းတွေက လူတိုင်းလက်ထဲမှာ အလွယ်တကူရှိနေတတ်တဲ့ ပစ္စည်းတွေ မဟုတ်ပါဘူးဒီခေတ်မှာ လူတိုင်းရဲ့ လက်ထဲမှာ အလွယ်တကူရှိနေတာကတော့ စမတ်ဖုန်းတွေပါပဲ သက်လက်ထဲမှာ ရှိတဲ့ ဖုန်းနဲ့ ငွေအတု အစစ် စစ်ဆေးနိုင်တယ် ဆိုတာ သင်သိပါသလား?သင့်ဖုန်းမှာ ပါဝင်တဲ့ ကင်မရာဟာ ဆယ်ဖီဆွဲဖို့တင်မက ငွေအတု အစစ် ကိုပါ စစ်ဆေးလို့ရပါတယ် ငွေ အတု အစစ် စစ်ဆေးမယ် ဆိုရင် သင့်ဖုန်းရဲ့ ကင်မရာကို ဖွင့်လိုက်ပါ ကင်မရာSetting ထဲက macro […]
ခရေရှိလျှင် ဆီးချိုမကြောက်တော့ပါ(ကျမ္မာရေး ဗဟုသုတအဖြစ် ကုသိုလ်ဖြစ်မျှဝေပါသည်)
ခရေရှိလျှင် ဆီးချိုမကြောက်တော့ပါ ဦးဇင်းရဟန်းအစ်မတစ်ယောက်က အသံတိတ် လူသတ်ရောဂါလို့နာမည်ကြီးတဲ့ ဆီးချိုရောဂါ ရှိပါတယ်။ ငွေကြေလည်းပြည့်စုံတော့ အင်္ဂလိပ်ဆေးတွေသောက်နေရပါတယ် တစ်ခါဝယ်ရင် သောင်းဂဏန်း သိန်းဂဏန်းထိကုန်ကျပါတယ်။ အသက်ကို ငွေနဲ့ဝယ်ထားရတယ်ဆိုရင်လည်း မမှားပါဘူး။ ဒီဝေဒနာကိုခံစားနေရတာ ဦးဇင်းကို သိက္ခာမထပ်ခင်ကဆိုပါတော့ အခုဆို ၆ နှစ်မကတော့ပါဘူး။ ဦးဇင်းလည်းဒီဝေဒနာခံစားနေရတာ မကြည့်ရက် လို့ ငွေကြေးလည်းသက်သာ ဆိုးကျိုးလည်း မဖြစ်မယ့် ဆေးနည်းတွေရှာပေးပါတယ်။ ရုံးပတေသီး ရေစိမ်သောက်နည်း၊ သင်္ဘောသီးအစိမ်းကို ရေနွေးဖြင့်သောက်နည်း တွေကိုလမ်းညွန်ပေးပါတယ်။ သင်္ဘောသီးကိုရေနွေးစိမ်းသောက်တာ တစ်ပတ် နှစ်ပတ်လောက်ကြာပါတယ်… မသက်သာပါဘူး။ ဆီးချိုတစ်ခါတက်ရင် ၅၀၀ထိတက်ပါတယ်။ ဒီလောက်ဆီးချိုတက်ရင် ခေါင်းမထူနိုင်တော့ပါဘူး ။သာမန်လူတစ်ယောက်ဆိုရင် လေဖြတ်ရုံတင်မက အသက်ပါသွားနိုင်တဲ့အခြေနေပါပဲ ။ သူကတော့ ကုသိုလ်ကောင်းမှုတွေများနေလို့လား ဒါမှမဟုတ် ဒီရောဂါကိုခံနိုင်ရှိသွားလို့လား မပြောတတ်ပါဘူး ။ အင်္ဂၤလိပ်ဆရာဝန်နှင့်ပြလိုက်လျှင်သက်သာ သွားပါတယ်… ၃၀၀ထိပြန်ကျသွားပါတယ် ။ […]
လူတွေ လုံးဝ သတိမထားမိတဲ့ ဗိုက်ပူရခြင်း အကြောင်းရင်း.အချိန်၁မိနစ်ပေးပီး ဖတ်ကြည့်ပါ
လူတွေ လုံးဝ သတိမထားမိတဲ့ ဗိုက်ပူရခြင်း အကြောင်းရင်း.အချိန်၁မိနစ်ပေးပီး ဖတ်ကြည့်ပါ လူအများစုရဲ့အထင်က ဗိုက်ပူတာဟာဝမ်းဗိုက်မှာအဆီတွေ စုပါများပြီးအဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲထင်နေကြပါတယ်..အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။လူတွေ သတိမထားမိကြသေးတဲ့အကြောင်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ အူမကြီးတွေ ကြီးမားတုတ်ခိုင်လွန်း နေလို့ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။အထူးသဖြင့် အသက်ကြီးလာလို့ဗိုက်ပူထွက် လာကြရသူတွေဟာအဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့ဖြစ်ရတာ များပါတယ်.. အူမကြီးတွေ ဘာကြောင့် ကြီးမားတုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့အနှစ်နှစ်အလလ အစားအစာတွေကိုစားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာအူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။ အဲဒီ အစာဟောင်းတွေဟာရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ်ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။သို့သော်လဲ လူက ရေသောက်နည်းခြင်းအမျှင်စာ စားတာနည်းခြင်းလှုပ်ရှားမှု နည်းခြင်းတွေကြောင့်အစာဟောင်းတွေဟာရှေ့ကို မြန်မြန် မတိုးနိုင်ကြဘူး။ အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာမစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်…ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာကကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီးဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။ ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင် သံကောင်တွေ အများကြီးရှိတဲ့ […]
ခန္ဓာကိုယ်ပေါ်က မလိုအပ်တဲ့ အမွှေးအမျှင်တွေကို VASELINE နဲ့ ဖယ်ရှားလို့ရတယ်နော်…
လက်တွေ ခြေထောက် မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေက အမျိုးသမီးတွေအတွက် စိတ် အနှောင့်အယှက် ဖြစ်စရာကောင်းပါတယ်။ အထူးသဖြင့် နှုတ်ခမ်းပေါ်က အမွှေးရေးရေးလေးတွေပေါ့။ တစ်ခါတလေ ဒီ အမွှေးအမျှင်တွေက ပျိုမေတို့ရဲ့ အသွင်ပုံစံကို သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် မလိုအပ်တဲ့ အမွှေးအမျှင် တွေကို အလွယ်တကူ ရှင်းပစ်လို့ရတဲ့ နည်းလမ်း တစ်ခုကို ပြောပြ ချင်ပါတယ်။ ဒီနည်းက Vaseline ကို သုံးတဲ့ နည်းပါ။ ငွေကုန်ကြေးကျ သက်သာသလို သဘာဝပစ္စည်းများကိုပဲ အသုံးပြုထားတာမို့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ ဒီနည်းလမ်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကတော့… (၁) ကုလားပဲ အစိမ်းမှုန့် (၂) နနွင်းမှုန့် (၃) နို့စိမ်း (၄) Vaseline ပြင်ဆင်ပုံ ၁။ ခွက် […]
အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးစလုံးဆေးဖက်ဝင်သည့် သြဇာပင်အကြောင်း
အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးစလုံးဆေးဖက်ဝင်သည့် သြဇာပင် သြဇာပင်သည် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျပေါက်သည်ကို တွေ့ရသည်။ မြန်မာ ဆေးကျမ်းများအရ သြဇာသီးသည် အေး၍ သွေးအားကိုတိုးပွားစေသည်။ နှလုံးကို များစွာအကျိုးပြု၍ ပူလောင်ခြင်း၊ လေပူရောဂါနှင့် သွေးအန်ရောဂါများကို ပယ်ဖျောက်နိုင်စွမ်းရှိသည်။ သြဇာရွက်ကို ကြိတ်၍စားခြင်းဖြင့် သန်ကျစေပြီး အရွက်ကို ချေ၍ရှူပေးပါက အမူးအမော် သက်သာစေသည်။ သြဇာသီးအစိမ်းသည် ချုပ်သော သတ္တိရှိသဖြင့် ဝမ်းသွားခြင်း၊ ဝမ်းသက်ခြင်းများ အတွက် ကောင်း၏။ ဝမ်းကိုက်ရောဂါ၊ လေနာရောဂါနှင့် အစာအိမ် မကောင်းခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။ သြဇာသီးအစေ့ကို အမှုန့်ပြုလုပ်ကာ အနာများပေါ် ဖြူးပေးပါက ပိုးများသေ၍ ပျောက်ကင်းစေနိုင်ပြီး သြဇာပင်မှ အမြစ်ကို သွေး၍ သောက်ပါက ဆီးချို၊ ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း […]
ဘေစင်ပိုက်ပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းများ
ဘေစင်ပိုက်ပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းများ ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်တွေ ပိတ်သွားပြီး ရေမစီးပဲ အိုင်နေတာမျိုးက အရမ်းစိတ်ညစ်စရာကောင်းသလို၊ စိတ်အနှောက်အယှက်လည်း အရမ်းဖြစ်ရပါတယ်နော်။ ဒီပြဿနာတွေကို ကြုံရတဲ့အခါ ပိုက်ပြင်ဆရာကို မခေါ်ခင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါဦး။ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်လို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။ (၁) မုန့်ဖုတ်ဆိုဒါရည် လိုအပ်သောပစ္စည်းများ မုန့်ဖုတ်ဆိုဒါ ၄ဇွန်း ဆား ၂ ဇွန်း ရှာလကာရည် ၁ခွက် မုန့်ဖုတ်ဆိုဒါ နဲ့ ဆားတို့ကို သေသေချာချာရောမွှေပြီး ပိုက်ထဲကို လောင်းထည့်လိုက်ပါ။ ရှာလကာရည်ကို ပွက်ပွက်ဆူတဲ့အထိ အပူပေးပြီး ပိုက်ထဲကို ထပ်လောင်းလိုက်ပါ။ ပြီးရင် ပိုက်အဝကို ချက်ချင်း တစ်ခုခုနဲ့ အုပ်ပြီးဖိထားလိုက်ပါ။နာရီဝက်ကြာတဲ့အခါမှာ ရေနွေးပူပူလောင်းချလိုက်ပါ။ ပိုက်ထဲက ဂျီးတွေနဲ့ အစာဟောင်းတွေအကုန် မျောပါသွားပါလိမ့်မယ်။ (၂) Asprin Asprin ဆေးပြား […]
17.Dec.2022 မှ 23.Dec.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
17.Dec.2022 မှ 23.Dec.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း #တနင်္ဂနွေ ဒီကာလအတွင်းစိတ်ကူးအကြံအစည်တွေလက်တွေ့ဖြစ်လာတတ်ပါတယ်။လုပ်ကိုင်ဆောင်ရွက်သမျှကိစ္စ တွေမှာလူကြီးမိဘတွေဆီကအကြံဥာဏ်ယူပါ။ ဌာနဆိုင်ရာစာတင်ထားပြီး ခွင့်ပြုမိန့်စောင့်နေကြသူတွေ ခွင့်ပြုချက် ရလာနိုင်တဲ့ကာလပါပဲ။ သင့်အနေဖြင့် အိုးအိမ် ပြောင်းရွှေ့ရတတ်ခြင်း၊ လက်ရှိနေအိမ်ကို ပြန်လည်ပြုပြင်ရတတ် ခြင်း များ ရှိမည်။ ပြောင်းရွှေ့ရသော အိမ်သည် အရှေ့အရပ်သို့ မျက်နှာပြုသော အိမ်ဖြစ်ပါက သင့်အတွက်အကောင်း ဆုံးဖြစ်မည်။ ဝန်ထမ်းဖြစ်ပါကများပြားသောလုပ်ငန်းအသစ်များကိုတာဝန်ယူလုပ်ကိုင်နေရတတ်သည်။ ဌာန အတွင်း ဖြစ်ပေါ်နေသောပြဿနာများကိုလည်းကိုယ်တိုင်ဖြေရှင်းပေးရတတ်သည်။ ငွေကြေးရှာဖွေမှုနှင့်ပတ်သက်ပြီး အခက် အခဲမရှိ အဆင်ပြေလိမ့်မည်။ စီးပွားရေးလုပ်ငန်း များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်လိမ့်မည်။ အနုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအနေဖြင့် အများ၏ အားပေးမှုကို ရရှိကာ အောင်မြင်မှု ရရှိနိုင်မည် အိမ်ထောင် ရှင် ဖြစ်ပါက အေးချမ်း သာယာ ပျော်ရွှင်မှုများရှိမည်။ မိမိရည်ရွယ်ထားသောအလုပ်များအတွက် ကူညီပေးမယ့်သူနဲ့ […]








