ယနေ့တိုင် တည်ရှိနေပြီး ရထား ဖြတ်သန်းသွားရာ မန္တလေးက ထူးခြားတဲ့ သူရဲဈေး (ဒီလို အံ့ဩဖွယ်ရာတွေ ရှိပေမယ့် ယနေ့တိုင် လူသိနည်းလှပါသည်) ဘန်ကောက်က ဈေးတဈေးက ရထားလမ်းပေါ် ဆောက်ထားလို့ သွားကြည့်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ရှိပါတယ်။ ရထားလာချိန်မှာ ဈေးသည်တွေ ဈေးဗန်းတွေ ပြန်သိမ်းကြ၊ ရထားဖြတ်ပြီးတော့ ပြန်ခင်းကြတာကို အထူးတဆန်း အနေနဲ့ လာပြီး ဓာတ်ပုံ ရိုက်ကြတာပါ။ ဒီလိုဈေးမျိုး မြန်မာပြည်မှာ ရှိတာကိုတော့ လူသိနည်းပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးမြို့က သူရဲဈေးပါ။ မြန်မာဘုရင်တွေ ခေတ်က သူရဲတပ်သားတွေရဲ့ နေရပ်မှာ ဈေးဖွင့်လို့ သူရဲဈေးလို့ ခေါ်ပါတယ်။ နန်းမြို့ရိုးရဲ့ မြောက်ဘက်က ကျုံးနဲ့ မလှမ်းမကမ်းမှာ ရှိတာပါ။ အရင်က မတ္တရာသွားတဲ့ ရထားလမ်းက မန္တလေး […]
Knowledge
စပယ်ပန်းများ ခူးမနိုင်အောင်အပွင်များများပွင့် စေမည့်နည်းလမ်းများ..
စပယ်ပန်းများ ခူးမနိုင်အောင်အပွင်များများပွင့် စေမည့်နည်းလမ်းများ လေတိုက်ချိန်မှာ စံပယ်ပန်းရနံ့သင်းသင်းလေးများ ရရင် အလွန်ကိုစိတ်ကြည်နူးစရာပါနော်။ ဒါကြောင့် ကိုယ့်လို အကြိုက်တူသူများအတွက် အိမ်မှာ စိုက်ထားရင်လည်း ဝေဝေဆာ ဆာပွင့်စေမယ့် နည်းလမ်းလေးတွေ ကို မျှဝေးလိုက် ပါတယ်နော်။ ၁။ စံပယ်ပင်လေးတွေစိုက်တော့မယ်ဆိုရင် အိုးနဲ့စိုက်မှာလား၊ မြေမှာ ချပြီးစိုက်မှာလား… ရွေးပါ။ အိုးနဲ့စိုက်မယ်ဆိုရင်လည်း အိုးက ရေမဝပ်အောင် အောက်ခြေမှာ အပေါက်လေးတွေပါတဲ့အိုးနဲ့ စိုက်ပါ။ မြေမှာ စိုက်မယ်ဆိုရင်လည်းရေမဝပ်နိုင်တဲ့နေရာမှာ စိုက်ပါ။ ၂။ စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်။ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပါ ၃။ စံပယ်ပင်လေးတွေကို တစ်နေ့တစ်ကြိမ်ရေလောင်းပါ။ ရေလောင်းတဲ့အခါမှာ အောက်ခြေမြေကြီးကိုပဲ လောင်းပါ။ သစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့။ စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာ အရွက်လေးတွေပုပ်သွားတတ်ပါတယ်။ ၄။ စံပယ်မျိုးစိတ်အများစုက နွယ်တက်တတ်ပါတယ်။ စံပယ်ပင်နားမှာ တိုင်လေးဖြစ်ဖြစ်၊ […]
ဆံပင်ဖြူတွေ ပေါက်လာတဲ့အခါမှာ မပြုလုပ်သင့်တဲ့ အရာ ( ၅ ) ခု
အသက်အရွယ်က တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ ဆံပင်တွေက ဖြူလာပါတယ်။ ဆံသားတွေကလည်း ခြောက်သွေ့ပြီး အားနည်းလာပါတယ် ဆံပင်ဖြူလာတဲ့ အခါမှာ မပြုလုပ်သင့်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။ (၁) ခရမ်းရောင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ခြင်း ခေါင်းလျှော်တဲ့အခါ ခရမ်းရောင် ခေါင်းလျှော်ရည်နဲ့ လျှော်တာက ကောင်းပေမယ့်… နေ့စဉ်တော့ မလျှော်သင့်ပါဘူး။ ဆံပင်ဖြူတဲ့ သူတွေအတွက် ခရမ်းရောင်ခေါင်းလျှော်ရည်နဲ့ လျှော်တာက…ဆံသားကို ပို ခြောက်သွေ့စေပါတယ်။ ဆံပင်ဆေးဆိုးထားတဲ့ သူတွေမှာလည်း ခရမ်းရောင်ခေါင်းလျှော်ရည်ကို သုံးရင် ဆံပင်အရောင်တွေ မှိန်လာ ပါတယ်။ (၂) ရေဓာတ် မပြည့်ဝခြင်း ဆံပင်ဖြူလာရင် ဆံသားမှာလည်း သဘာဝ အဆီဓာတ်တွေ ခန်းခြောက် လာပါပြီ။ ဆံသားမှာ ရေဓာတ် ပြည့်နေအောင်လို့ အစိုဓာတ်ဖြည့်ဆီတွေကို လိမ်းပေးသင့်တဲ့အပြင် အစိုဓာတ်ဖြည့် ခေါင်းလျှော်ရည်နဲ့လည်း လျှော်ပေးသင့်ပါတယ်။ […]
“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက် ၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်
“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ် “ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်ကို လူတော် တော်များများလည်း သိထားကြမှာပါ။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် မှတ်သားထားနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်။ အခုပြောတဲ့ ပျားဖွတ် သားတိုး စတာတွေဟာ ပဉ္စာနန္တရိယ အကုသိုလ်ကံပြီးရင် ကြီးလေးတဲ့ အကုသိုလ်အလုပ်တွေလို့ ပြောလို့ရပါတယ်။ ပျားဖွတ် ဆိုတာဟာ ပျားကလေးတွေ အသက်နဲ့ရင်းပြီး စုထားရတဲ့ဝတ်ရည်၊ ပျားရည်တွေ ရယူခြင်းပဲဖြစ်ပါတယ်။ သားတိုးကတော့ ကိုယ်မွေးထားတဲ့ နွား ဝက် ဆိတ် စသည်တို့ကို တစိမ့်စိမ့်ကြည့်ပြီး ဒီကောင်လောက်ဆိုရင် အချိန်ဘယ်လောက်ရှိနေပြီ၊ ဘယ်တော့လောက်ဆို ရောင်းလို့ရပြီ၊ […]
လျှပ်စစ်ဒယ်အိုးများ အသုံးပြုတဲ့အခါ သတိပြုရမည့် အချက်လေးများ…
လျှပ်စစ်ဒယ်အိုးများ အသုံးပြုတဲ့အခါ သတိပြုရမည့် အချက်လေးများ အိမ်တွေမှာ အသုံးများလာတဲ့ အနီရောင်လျှပ်စစ်ဒယ်အိုးများ ဒီတစ်ခါ မျှဝေပေးချင်တာကတော့ ရောဂါတွေ အကြောင်း မဟုတ်ဘဲ အစားအသောက် ချက်ပြုတ်ရာမှာ အသုံးများလာတဲ့ အိမ်သုံး လျှပ်စစ်ဒယ်အိုးများ (အနီရောင်) အကြောင်း ဖြစ်ကြပါတယ်။ ယနေ့ခေတ်က တိုးတက်လာတဲ့အတွက် နည်းပညာများကလည်း ဆန်းသစ်လာတယ်။ လူတွေကလည်း အလုပ်တွေနဲ့ မအားမလပ် ဖြစ်လာတဲ့အခါ အဆင်သင့်ဖြစ်တာတို့၊ အမြန်ဆုံးရတာတို့ ကို ပိုပြီး အလေးထားလာကြပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် ကျွန်တော်တို့ သတိမထားမိတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာပြီး ကျန်းမာရေးအတွက် ဂရုစိုက်သင့်တာတွေ သိထားရပါမယ်။ အခုပြောပြပေးမှာက အိမ်တော်တော်များများရဲ့ မီးဖိုခန်းမှာ အသုံးများလာတဲ့ အနီရောင် လျှပ်စစ်ဒယ်အိုးတွေ (Electric Frying Pan) အသုံးပြုတာနဲ့ ပတ်သက်တဲ့ သတိထားသင့်တာလေးတွေကို မျှဝေပေးပါ့မယ်။ […]
ဆေးရုံကြီးအအေးတိုက်မှ သေဆုံးပြီးတဲ့ အလောင်းကို မိသားစုထံ ပို့လိုက်သောအခါ…
သေ ဆုံးပြီးသောအဖေ ရဲ့ အသုဘ ရုပ်အလော င်း ကို ဆေးရုံကြီးအအေး တိုက် မှ ထုတ် ယူလာပြီး သေဆုံးသူရဲ့ အိမ်သို့ပို့ လိုက် သောအခါ အသုဘ ရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက်မှ ထုတ်ယူလာပြီး နာရေးကားပေါ် တင်၍ သေဆုံးသူရဲ့ အိမ်သို့ပို့ဆောင်ဖို့ မောင်းထွက်လာခဲ့တယ်။ အိမ်ေ့ရှကိုနာရေးကားရောက်လာတော့ မိဘကျေးဇူးတွေနဲ့ အယူသီးမှုတွေကို ခွဲခြားသိမြင်နိင်ပြီး သိပ်ချစ်ပါတယ်ဆိုတဲ့ အမှန်တရား။ အသုဘရုပ် အလောင်းကို ဆေးရုံကြီးအအေးတိုက်မှ ထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့မောင်းထွက်လာခဲ့တယ်… အိမ်ေ့ရှကိုနာရေး ကားရောက်လာတော့ အလောင်းကိုအိမ်ထဲသွင်းမယ် လုပ်စရာရှိတာလုပ်မယ်ပေါ့ ကားပေါ်ကနေအလောင်းချမယ်လုပ်တော့ အိမ်ရှင်တွေကအပြေးရောက်လာပြီး မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်း မပြင်ဘူးနော် အိမ်ေ့ရှမှာပဲအလောင်းပြင်ပေးပါနော်တဲ့ ” အမ ဘာဖြစ်လို့လဲ ” လို့ကျွန်တော်ကမေး လိုက်တော့… […]
ဗုဒ္ဓဟူး သားသမီးတွေမှာ ရှိနေတတ်တဲ့ ချစ်စရာကောင်းတဲ့ အချက်များ
ဗုဒ္ဓဟူး သားသမီးတွေမှာ ရှိနေတတ်တဲ့ ချစ်စရာကောင်းတဲ့ အချက်များ လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုသလို ဗုဒ္ဓဟူးနေ့မှာ မွေးတဲ့သူတွေကလည်း သူများထက်ကို ထူးခြားနေတတ်ပါတယ်။ သူများနဲ့ မတူတဲ့ အချက်တွေ ရှိနေသလို သူတို့က သိပ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ သူတွေလည်း ဖြစ်ပါတယ်။ သူတို့မှာ ရှိနေတဲ့ ပင်ကို အကျင့်လေးတွေ ကတော့ ချစ်စရာလည်း ကောင်းနေသလို တစ်မျိုးလေးလည်း ထူးခြားနေတတ် ပါတယ် သူတို့မှာ ရှိနေတဲ့ အရာတွေကတော့ (၁) စိတ်ကောက်တတ်တယ် သူတို့က ခဏခဏ စိတ်ကောက်တတ်ပါတယ်။ အကြောင်း မရှိဘဲ ကောက်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ စိတ်ကောက်တိုင်းမှာအကြောင်း ရှိပါတယ်။သူတို့ စိတ်ကောက်ပြီဆိုရင် ချစ်ဖို့ ကောင်းနေတတ်ပြီး စကားမပြောတော့တာနဲ့ အဖက်မလုပ်တော့တာတွေအပြင်သူတို့ စိတ်ကောက်နေကြောင်းပါ အသိပေးတတ်ကြပါသေးတယ်။ အချော့ […]
မန္တလေးက လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုယ်တိုင်ဝန်ခံလိုက်တဲ့ ထပ်တရာနဲ့ ပလာတာ တူတဲ့အကြောင်း
မန္တလေးကို ချစ်တဲ့အကြောင်း အရင်ပြောပါရစေနော်။ အခုကစပြောမှာက ထပ်တရာနဲ့ ပလာတာ အကြောင်းပါ ခင်ဗျာ ကျနော် မန္တလေးမှာ ထပ်တရာဆိုတာ ပလာတာနဲ့ တူမတူ လေ့လာဖြစ်ခဲ့တယ်။ အဖြေက ဆိုင်တွေ အရအတူတူပဲလို့ ပြောလို့ရသလို မတူဘူးလို့လဲ ပြောလို့ရပါတယ်။ တင်ထားတဲ့ပုံ ၂ ခုက မန္တလေးအခေါ် ထပ်တရာ၊ ရန်ကုန်အခေါ် ပလာတာ ၂ မျိုးပါ။ ပထမပုံက ရွှေကောင်းမြတ်ကဖေးက ထပ်တရာ (ခေါ်) ပလာတာပါ။ ဒုတိယပုံက ကရဝိတ်က ထပ်တရာပါ (ဆီခြောက်)။ ၂ ဆိုင်လုံးက ထပ်တရာ မှာရင် ပဲနဲ့ရော သကြားနဲ့ပါ ရပါတယ်။ (တချို့ဆိုင်တွေ အာလူးဟင်းနဲ့ပါ ရောင်းတယ်လို့ သိခဲ့ရပါတယ်) ကျနော် သူတို့ လုပ်ပုံကိုင်ပုံကို သွားကြည့်တော့ ရန်ကုန်က ပလာတာနဲ့ […]
ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေကို လွှင့်ပစ်စရာမလိုဘဲ စားကောင်းအောင် ပြုလုပ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းများ..
ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေကို လွှင့်ပစ်စရာမလိုဘဲ စားကောင်းအောင် ပြုလုပ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းများ အိမ်တွေမှာ အသုပ် လုပ်စားရင် ဖြစ်စေ၊ ခေါက်ဆွဲကြော် စားရင် ဖြစ်စေ ပိုနေတဲ့ ခေါက်ဆွဲဖတ်တွေိကို ရေခဲသေတ္တာထဲမှာ နှစ်ရှည်လများ ထည့်ထားပြီး လွှင့်ပစ်နေကြတဲ့ သူတွေအတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်- အိမ်ရှင်မ ကျမ ဟိုတလောက အသုပ်လုပ်စားရင်း ခေါက်ဆွဲဖတ်တွေ ကျန်နေလို့ နေပူလှန်းလိုက်တယ်။ ခြောက်သွားတော့ သိမ်းထားရင်း ဒီနေ့သတိရလို့ ဆီပူထိုးစားတာ တော်တော်စားကောင်းပါတယ်ရှင်။ ထမင်းခြောက် ထက် ပိုအရသာရှိတယ်။ မွမွလေးနဲ့ အရသာရှယ်ဘဲ နေပူလှန်းရင် ဘာမှမထည့်ရဘူး။ ကြော်ရင်လဲ ဘာမှမထည့်ရဘူးနော်။ ကြော်ပြီး ပန်းကန်ထဲရောက်မှ ဆားလေးဖြူးစား အဆာပြေအပျင်းပြေ လုပ်စားလို့ရအောင်လာပြောပြတာပါ။ သိပြီးသူများ ဆောရီးပါနော်ရှင့်၊ အလေအလွင့် မဖြစ်တော့ဘူးပေါ့ရှင်။ (Shinn Thant Mar […]
သမီးကို သူဆင်းရဲမယူနဲ့လို့အဖေ ဘာကြောင့်ပြောရသလဲ?
သမီးကို သူဆင်းရဲမယူနဲ့လို့အဖေ ဘာကြောင့်ပြောရသလဲ အဲဒီနေ့ က သမီးက သမီးချစ်သူကိုအိမ်ခေါ်လာပြီး “အဖေ.. ဒါ သမီးချစ်သူ သမီး သူနဲ့လက်ထပ်မယ်” လို့ ပြောခဲ့တယ်နော် သမီး… သမီးကို သူဆင်းရဲမယူနဲ့လို့ အဖေ ဘာကြောင့်ပြောရသလဲ အဲဒီနေ့က သမီးက သမီးချစ်သူကိုအိမ်ခေါ်လာပြီး “အဖေ.. ဒါ သမီးချစ်သူ သမီး သူနဲ့လက်ထပ်မယ်” လို့ ပြောခဲ့တယ်နော်။နောက်တော့ သမီးကို အဲဒီလူနဲ့သဘောမတူနိုင်ဘူးလို့ အေ ဖပြောခဲ့တယ်။ ဘာကြောင့်လဲလို့ သမီးမေးတော့ “ဆင်းရဲလို့” လို့ အဖေဖြေတယ်။ အဲဒီတုန်းက အဖေ့ကိုကြည့်တဲ့ သမီးရဲ့အကြည့်ကို အဖေမမေ့ခဲ့ ပါဘူး။ သမီးရဲ့အကြည့်ထဲမှာ ငါ့အဖေက ငွေမက်လိုက်တာ၊ ကြီးကျယ်လိုက်တာဆိုတာ ပါနေတယ်။အဖေဘယ်လိုရှင်းပြရမလဲ… ကိုယ့်သမီး အထင်လွဲသွားတာလောက် ခံစားရတာ မရှိပါဘူး သမီး“သူ ပိုက်ဆံမရှိလို့ပေါ့ ဟုတ်လား.. […]









