ဆီးပူတာတွေ ဆီအောင့်တာတွေ ဆီးသွားရခက်တာတွေကို သက်သာစေမယ့် ဆေးနည်း.. ဒီဆေးနည်းကို ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး တပည့် ကိုတိုးလေးမှ ဒေါက်တာဒေါ်မြင့်မြင့် မှတဆင့် ကျွန်တော်ထပ်ဆင့် သိရခြင်းပါ ခင်ဗျာ။ ငှက်ပျောသီး ဖီးကြမ်းတစ်လုံးကို အခွံပေါ်မှ အပေါက်ဖောက်ပါ။ခွေးတောက်ရွက် (၇) ရွက် ပတ်ထုတ်ပြီး သုံးခွက်တစ်ခွက် တင်ပြုတ်ပါ။ အခွံခွာပြီးပြုတ်ပြီး ငှက်ပျောသီးစားပါ အရည်ကိုလည်း သောက်ပါ။ကျွန်တော်ကိုယ်တိုင် ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာ… ဆီးတော်တော်နဲ့ မထွက်တာ ဆီးအိမ်မှာ အောင့်နေတာ ဆီးနည်းတာ စတာတွေသက်သာပြီး ကောင်းသွားလို့ အခု အဘအတွက် ပြုတ်ပေးရင်း မိတ်ဆွေတို့ တိုက်ဆိုင်သူများရှိရင်ပေါ့ ခင်ဗျာ။ အဘဦးဆန်းဝေကို နှာခေါင်းပိုက် ထည့်ထားရလို့ ပြုတ်ရည်ကိုပဲ ထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာ အချိန်ပိုခြားသွားပြီး ဆီးများများထွက်ပြီး ဆီးသွားရတာ လွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ။ လူအများအတွက်မို့ […]
Knowledge
“ လျှပ်စစ်စီးနေချိန်မှာ ဓာတ်ကြိုးပေါ်မှာ နားနေတဲ့ ငှက်တွေ ဓာတ်မလိုက်ရတဲ့ အကြောင်းရင်း ”
“လျှပ်စစ်စီးနေချိန်မှာ ဓာတ်ကြိုးပေါ်မှာ နားနေတဲ့ ငှက်တွေ ဓာတ်မလိုက်ရတဲ့ အကြောင်းရင်း” လျှပ်စစ်ဓာတ်အားဆိုတာ လူတွေအတွက်တော့ အသုံးဝင်လွန်းတဲ့အရာဖြစ်သလို အရမ်းလည်း အန္တရာယ် များတဲ့အရာပါ။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို လျှပ်စီးကြောင်းတစ်ခုဖြတ်စီးသွားရင် စက္ကန့်အနည်းငယ် အတွင်းမှာပဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန်ထိခိုက်သွားနိုင်ပြီး နှလုံးကို ပျက်စီး သွားစေပါလိမ့်မယ်။ ဒါကြောင့် ပလက်ပေါက်တွေထဲ လက်ချောင်းတွေမထည့်မိဖို့၊ အိမ်မှာ လျှပ်စစ်သွယ်ထားတဲ့ဝိုင်ယာကြိုးတွေကို အမှုမဲ့မကိုင်မိဖို့ ကျွန်တော်တို့ အမြဲသတိထားနေကြတာပါ။ ဒါပေမဲ့ လျှပ်စစ်သွယ်တန်းထားတဲ့ဓာတ်ကြိုးတွေက အခုလောက် အရမ်းအန္တရာယ်များတယ်ဆိုပါလျက် “ငှက်တွေကျတော့ ဓာတ်ကြိုးပေါ်မှာနားရင် ဘာလို့ဓာတ်မလိုက်လဲ” ဆိုတဲ့မေးခွန်းကို တွေးမိဖူးကြမှာပါပဲ။ ဓာတ်ကြိုးပေါ်မှာနားနေတဲ့ငှက်တွေကို လျှပ်စစ်ဖြတ်မစီး (ဓာတ်မလိုက်) ရတဲ့အကြောင်းရင်းက (၂) ခုရှိပါတယ်။ ပထမတစ်ခုက သူတို့ရဲ့ခန္ဓာကိုယ်ဟာ လျှပ်စစ်စီးကူးဖို့ မကောင်းမွန်လို့ပါပဲ။ ငှက်ရဲ့ခန္ဓာကိုယ်က ဆဲလ်နဲ့ တစ်ရှုးတွေဟာ လျှပ်စီးကြောင်းဖြတ်စီးနိုင်ဖို့ ကြေးနီဝိုင်ယာကြိုးတစ်ချောင်းထက် ပိုခက်ခဲလို့ပါ။လျှပ်စစ်ဓာတ်အားဟာ တစ်နေရာကနေ […]
မိဘတွေရှိသေးတယ်ဆိုရင်ဒီစာလေးကိုဖတ်ပေးပါ
မိဘတွေရှိသေးတယ်ဆိုရင်ဒီစာလေးကိုဖတ်ပေးပါ အသက် ကြီးလာတဲ့ အခါခန္ဓာကိုယ်ထဲက သွေးဟာနည်းပါး လာတတ်ပါတယ်။အဲဒီအခါမှာရိုးတွင်းချဉ်ဆီထဲက သွေးနဲ့အစားထိုးပြီးလည်ပတ်ကြရတယ်။ အဲဒီလို ဖြစ်ပြီဆိုရင်စိတ်တွေဟာ ငယ်မူ ပြန်သွားပြီ။အဲဒါကိုသူငယ်ပြန်တယ်လို့ ခေါ်ပါတယ်။ကိုယ်တွေလည်းရှောင်လွှဲလို့ မရပါဘူး။ဘယ်သူမှလည်းရှောင်လွှဲလို့ မရပါဘူး။ အဲဒါ အသက်ကြီးတဲ့ သူတိုင်းဖြစ်တတ်တဲ့ သဘာဝပါ။ကိုယ့်မိဘတွေလည်းအဲဒီလို ဖြစ်လာပြီ ဆိုရင်စိတ်ဆိုးလွယ်တာ၊စိတ်ကောက်လွယ်တာ၊နေရာတကာ ဝင်ပါတာ မျိုးတွေဖြစ်တတ်ပါတယ်။ အဲဒီလို အခါမှာအိမ်ထောင်ရှိတဲ့ ယောက်ျားတွေဆိုရင်မိန်းမတွေရဲ့သာသာထိုးထိုး ပြောဆိုမှုကြောင့်မိဘတွေအပေါ်မှာအမြင် စောင်းတတ်ပါတယ်။ တစ်ချို့ သား၊ သမီးကလည်း”မိဘက မိဘပဲ၊မှားရင်တော့ ပြောရမှာပဲ… “ဆိုတာ မျိုးတွေကို လုပ်တတ်ကြတယ်။ တကယ်တော့သဘာဝတရားကြောင့် ဖြစ်လာတာဖြစ်တဲ့အတွက်လင်မယား နှစ်ဦးလုံးဟာနှစ်ဘက် မိဘတွေ အပေါ်မှာအပြည့်အဝ နားလည်ပေးသင့်ပါတယ်။ မိဘတွေ အဲဒီလို ဖြစ်လာရင်နားလည် မပေးနိုင်တဲ့သား၊ သမီး မျိုးက များပါတယ်။” လူကြီး၊ လူကြီးလို မနေဘူး၊နေရာတကာ ပါတယ် “အစရှိသဖြင့်ပြန်ပြီး တုန့်ပြန်ပြောဆိုတတ်ကြပါတယ်။မလုပ်စေချင်ပါဘူး..။ ကိုယ် […]
“မြန်မာနိုင်ငံမှာ ဒီလောက် အံ့ဩဖို့ကောင်းတဲ့ ရှေးဟောင်းနယ်မြေတစ်ခု ရှိနေတယ်ဆိုတာ သင်သိပြီးပြီလား”
မြန်မာနိုင်ငံမှာ ဒီလောက် အံ့ဩဖို့ကောင်းတဲ့ ရှေးဟောင်းနယ်မြေတစ်ခု ရှိနေတယ်ဆိုတာ သင်သိပြီးပြီလား” ဘာနည်းပညာ အကူအညီမှ မပါပဲ ကျောက်တောင်ကြီး တစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့” ရွှေဘတောင် ” အံသြရပါပေတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုနေရာရှိနေတယ်ဆိုတာ သိရတော့အလွန့်အလွန်ကိုလည်းဂုဏ်ယူမိပါတယ်။ နှစ်ပေါင်း ၉၀၀တိုင်အောင် ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ရွှေဘတောင်ဟာ နောင်တစ်ချိန်ကို သွားရောင်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲကတေးမှတ်ထားရမဲ့နေရာပါပဲ။ ကျောက်စေတီတွေ၊ ကျောက်လှိုဏ်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနဲ့ ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာတည်ရှိနေတဲ့ ရွှေဘတောင်အကြာင်းကို ဒီနေရာကနေ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ ရွှေဘတောင်ဟာ မုံရွာမြို့တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင်တည်ရှိပါသည်။ ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါသည်။ ရှေးဟောင်းကျောက်ထွင်းကျောက်တောင်ကြီးတွေဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။ မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေ နဲ့သာတည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေကတော့ ကျောက်တွေနဲ့သာ […]
လှေကား ‘ မ ‘ ဂဏန်း ထားရခြင်း အကြောင်းရင်း..
လှေကား ‘ မ ‘ ဂဏန်းထားရခြင်း အကြောင်းရင်း လှေကား စုံ မထားရလို့ ကြားဖူးကြမှာပါ။ လှေကားစုံထားရင် ခိုက်တတ်ပါတယ်။ ဘာကြောင့်ခိုက်လဲဆိုတာ က လူ့သဘာဝကြောင့်ပါ။ လူဆိုတာ ကိုယ်စလှမ်းတဲ့ ခြေနဲ့ ခြေလှမ်းပြန်ဆုံးတတ်ပါတယ်။ ဥပမာ ညာခြေနဲ့ စလှမ်းရင် ညာခြေဆီ ဘယ်ခြေလာပြီး အဆုံးသတ်ပါတယ်။ ညာနဲ့စရင် ညာနဲ့ဆုံးပါတယ်။ အဲဒီလိုပဲ ဘယ်နဲ့စရင် ဘယ်နဲ့ဆုံးပါတယ်။ မယုံရင် ကိုယ့်ဘာသာ တမင်သက်သက် လုပ်မယူပဲ လှမ်းကြည့်ပါ။ ညာနဲ့စ ညာနဲ့ဆုံးလို့ ခြေလှမ်းရေ အရေအတွက်က မ, ဖြစ်ပါတယ်။ ဘယ်နဲ့စလဲ အတူတူပါပဲ။ အဲဒါကြောင့် လှေကားထစ်တွေ မ, သာ ထားတာပါ။ စုံ,ထားရင် တလှမ်းလိုနေလို့ အပေါ်တက်တဲ့ခါ ခြေထောက်က အလိုအလျှောက်လှမ်းမိပြီး ဟန်ချက် ပျက် […]
စုန်းစုတ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေးနဲ့ အသိပေးအပ်ပါတယ်နော်
စုန်းစုတ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေးနဲ့အသိပေးအပ်ပါတယ်နော် ခန္တာကိုယ်ပေါ်မှာ အညိုကွက် အမဲကွက်တွေပေါ်လာရင် တော်တော်များများကစုန်းစုတ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေးနဲ့ အသိပေးအပ်ပါတယ်နော် ကိုယ်သာစုန်းဆိုရင်ကော မရွံမရှာလိုက်စုတ်နေပါ့မလား..တတ်ထားတဲ့ပညာနဲ့လုပ်မှာပေါ့နော်။ “အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းအရင်းများ” တခါတလေ ဘာမှတိုက်မိခိုက်မိတာမရှိဘဲနဲ့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်လာရင် ဘာကြောင့်လဲ၊ ဘယ်လိုပျောက်အောင်လုပ်ရမလဲ စဉ်းစားရခက်နေတာမျိုးဖြစ်ရပါတယ်။ ဒီလို အညိုကွက်တွေဖြစ်ရတာ အကြောင်းရင်းတချို့ကြောင့်ဖြစ်နိုင်ပြီး သင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒီတော့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းရင်းနဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုသိရဖို့ ဖတ်ကြည့်လိုက်ပါဦးနော်။ (၁) အလေးချိန်များတဲ့ပစ္စည်းတွေမခြင်းကြောင့်တခါတရံ အရမ်းလေးတဲ့ပစ္စည်းတွေ မ,လိုက်တဲ့အခါမျိုးမှာ ခန္ဓာကိုယ်ထဲက ဆံချည်မျှင်သွေးကြောလေးတွေ ပြတ်သွားပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်လာရခြင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က ခံနိုင်တာထက်ပိုတဲ့ အလုပ်တွေလုပ်မိသွားပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် နောက်ဆို ဒီလို လေးပင်တာတွေမ,တဲ့အခါ ဆင်ခြင်လိုက်ပါ။ (၂) ဆေးတစ်မျိုးမျိုးသောက်ခြင်းကြောင့် သံဓာတ်အားဖြည့်ဆေး၊ အရောင်လျော့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေသောက်ထားတာကြောင့်လည်း ဒီလို အညိုကွက် […]
Wow!! ဘတ်ငွေ သန်း(၂၀) မြန်မာငွေ ကျပ်သိန်းပေါင်း (၁၁,၄၀၀) တန်ဖိုးရှိတဲ့ ပိန်းပင်တဲ့ဗျာ.
Wow ဘတ်ငွေ သန်း(၂၀) မြန်မာငွေ ကျပ်သိန်းပေါင်း (၁၁,၄၀၀) တန်ဖိုးရှိတဲ့ ပိန်းပင်တဲ့ဗျာ ထိုင်းနိုင်ငံက ပိန်းပင်ဈေးကွက်ကို လှုပ်ခတ်သွားပြီး သတင်းဌာန အတော်များများက တင်ပြနေကြတဲ့ ပိန်းပင်အမည်က Colocasia Psylocke ဖြစ်ပါတယ်။ ပိန်းပင်ပိုင်ရှင်က မိခင်အပင်ကို ဘတ် ၂၀ သန်း (လက်ရှိငွေလဲနှုန်းအရ မြန်မာငွေ ကျပ်သိန်း ၁၁,၄၀၀ ခန့်) ဈေးဖွင့်ထားပြီး ဘတ် ၁၅ သန်းအထိ ဈေးပေးပေမယ့် အရောင်းမဖြစ်ခဲ့ပါ။ ပိန်းပင်ပိုင်ရှင်က မိခင်အပင်ကို အလွန်ချစ်ခင်မြတ်နိုးတာက တစ်ကြောင်း မိခင်အပင် သားတက် အပင်သေးလေး တစ်ပင်ကို ဘတ်ငွေ ၁ သန်း (ကျပ် သိန်း ၅၇၀) မှ ၁ သန်းခွဲ (ကျပ် သိန်း ၈၀၀ ကျော်) […]
ဆန်တွေ ပိုးထိုခြင်းး ကာကွယ်နိုင်မယ့် နည်းလမ်းများ..
ဆန်တွေ ပိုးထိုးရတဲ့ အကြောင်းရင်းနှင့် ကာကွယ်နိုင်မယ့် နည်းလမ်းများ.. 1 year ago Add Comment by HN M ဆန်တွေ ပိုးထိုးရတဲ့ အကြောင်းရင်းနှင့် ကာကွယ်နိုင်မယ့် နည်းလမ်းများ.. အိမ်ရှင်မတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ရှုပ်စရာတစ်ခုကတော့ ဆန်ပိုးတက်တဲ့ ကိစ္စပါပဲ။ ထမင်းတစ်ခါချက်ဖို့အရေး ထမင်းချက်တဲ့နေရာ မရောက်လိုက်ဘဲ ဆန်ပိုးဖယ်နေရတာနဲ့တင် အချိန်ကုန်သွားတတ်တာမျိုးပေါ့။ ဒါကြောင့် ဒီနေ့တော့ ဆန်ပိုးနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ် အကြောင်းအရာလေးတွေကို အိမ်ရှင်မတွေအတွက် အသုံးဝင်အောင် ပြောပြပေးလိုက်ပါတယ်နော်။ ဆန်ပိုးဘယ်ကစ.. ဆန်ရဲ့ သဘာဝအရ ကြာရှည်သိုလှောင်ထားရင် ပိုးတက်လေ့ရှိပါတယ်။ ကြိတ်သားပေါ်မှာလည်း မူတည်ပြီးတော့လည်း စက်ရုံကထွက်လာတဲ့ ကြိတ်သားကောင်းရင်ကောင်းသလို (၃) လအထိ အထားခံတာမျိုးလည်းရှိပါတယ်၊ ကြိတ်သား သိပ်မကောင်းတဲ့ဆန်မျိုးကျတော့ (၁) လလောက်အထိပဲ အထားခံတာမျိုးလည်း ရှိတတ်ပါတယ်။ ဆန်ပိုးတက်ပြီဆိုရင် […]
ချောင်းသာကမ်းခြေ သွားမယ့်သူတွေ အထူးဂရုပြုရမယ့် အကြောင်းအရာတခု (အန္တရာယ် အလွန်ရှိပါတယ်)
ချောင်းသာကမ်းခြေ သွားမယ့်သူတွေ အထူးဂရုပြုရမယ့် အကြောင်းအရာတခု (အန္တရာယ် အလွန်ရှိပါတယ်) နွေရာသီကို စတင်ရောက်ရှိလာပြီဖြစ်တာကြောင့် ချောင်းသာအပါအဝင် မြန်မာပြည်ကမ်းခြေတွေကို သွားလာကြမယ့်သူတွေ များပြားလာပါတယ်။ ကမ်းခြေသွားမယ့်သူတွေ အထူးဂရုပြု သတိထားရမယ့် အရေးကြီး ကိစ္စတခုလည်း ရှိလာပါတယ်။ အဲဒါကတော့ ချောင်းသာကမ်းခြေမှာ ယခုရက်ပိုင်း ထူးဆန်းပြီး လှပတဲ့ အပြာရောင် သတ္တဝါလေးတွေ အများအပြား သောင်တင်နေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ သတ္တဝါလေးတွေဟာ ဂျယ်လီငါး အမျိုးအစား တခုဖြစ်ပြီး သူ့မှာ ရှိတဲ့ အဆိပ်က ပြင်းထန်တယ်လို့ သိရပါတယ်။ လက်နဲ့ ကိုင်တွယ်မိပါက အလွန်ဆိုးဝါးတဲ့ နာကျင်မှုကို ခံစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဂျယ်လီငါးတွေဟာ လေပြင်းတိုက်ပြီး ရာသီဥတုဆိုးဝါးတဲ့ အချိန်မျိုးမှာ ကမ်းခြေကို သောင်တင်လေ့ ရှိတယ်လို့ […]
ဆံပင်ပုံစံလေးများကို ကြည့်ပြီး လူပျို အပျို အိမ်ထောင်သည်လား ဆိုတာကို ခွဲခြားနိုင်သော ရိုးရာမဖျက်သေးတဲ့ ရှားပါးတဲ့ ရွာကလေး
မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ မိန်းကလေးတွေရဲ့ ဆံပင်ပုံစံကို ကြည့်လိုက်ရုံနဲ့ အပျိုလား၊ ပိုင်ဆိုင်သူရှိပြီးသား အိမ်ထောင်ရှင်လားဆိုတာ ခွဲခြားနိုင်တဲ့ ကျေးရွာလေးတစ်ရွာ မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုရင် မအံ့သြဘဲနေမယ့်သူ သိပ်ရှိမှာ မဟုတ်ပါဘူး..။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုဘိုးဘွားစဉ်ဆက် အခုအချိန်အထိ တန်ဖိုးထား ထိန်းသိမ်းကြတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ရွာလေးတစ်ရွာမှာ မိန်းကလေးနဲ့ ယောက်ျားလေးတွေအားလုံး ဆံရစ်ဝိုင်းနဲ့ သျှောင်ပေစူးလေးတွေ ကိုယ်စီ ထားကြပါတယ်။ ရွာလေးရဲ့ နာမည်က ရေပုတ်ကြီးလို့ ခေါ်ပါတယ်။မကွေးတိုင်း ပွင့်ဖြူမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့နေရာမှာ တည်ရှိပါတယ်။ ရေပုတ်ကြီးရွာလို့ ဆိုလိုက်ရင် ဆံရစ်ဝိုင်းနဲ့တွဲပြီး သိကြတယ်လို့ ရွာသားတွေက ပြောကြပါတယ်။ တစ်ရွာလုံးက မိန်းကလေး၊ ယောက်ျားလေးတွေက နို့စို့အရွယ် ကလေးငယ် ဘဝကတည်းကစတင်ပြီး ရိုးရာဆံပင်ပုံစံ ထားကြတာပါ။အခုလောလောဆယ်ရွာမှာ ဆံရစ်ဝိုင်းထားသူစုစုပေါင်း ၆၇၄ ယောက်ရှိပါတယ်။ အသက်အရွယ်အလိုက် ဆံပင်ပုံစံ […]









