လောကကြီးကို အော်ပြောလိုက်ပါငါ့ဘဝကို ငါ ကျေနပ်ပါတယ်လို့ (စိတ်ရှည်ရှည်ထားပြီး ပြီးအောင် ဖတ်ပါ တစ်စုံတစ်ရာ စိတ်ခွန်အား ဖြစ်စေနိုင်မှာပါ) လေပြည်တွေချည်း တိုက်ပါ့မယ်လို့ ပင်လယ်ဟာ အာမ မခံသလို အမြဲ ဖြူမနေနိုင်တဲ့ တိမ်တွေကလဲ ပြောင်းလဲတက်ကြောင်း ပြသနေလေရဲ့ အမှောင်ရှိတယ် အလင်းရှိတယ် အနိမ့် အမြင့် အတက် အကျ နောက် ပြီး ပြောင်းလဲမှုတွေလဲ ရှိတယ် ဘဝဆိုတာ ဒါပဲမဟုတ်လား နှင်း ဆီ က နှင်းဆီလောက်ပဲ လှမှာပေါ့ စံပယ်လောက်တော့ ဘယ်မွှေးပါ့မလဲ ဘာလို့ အားငယ်နေမှာလဲ လူ ဆို တာ ကိုယ့်ရနံ့နဲ့ ကိုယ်ဘဲလေ ကြယ်စင်တွေလောက် မလင်းနိုင်လို့ဆိုပြီး ပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး သူများဘဝကို အားကျနေရုံနဲ့ ကိုယ့်ဘဝက တောက်ပလာမှာမှ မဟုတ်တာ […]
Life Style
ဒီအချက်တွေကို သေချာမသိခင်အချိန်အထိ ရည်းစားမထားသေးဘဲ Single လိုပဲနေပါ…
ဘဝမှာ ချစ်သူရည်းစားမထားခင်မှာ တစ်ခြားသော အကြောင်းအရာတစ်ချို့ကို အရင်လုပ်ကြည့်သင့်ပါတယ်။ ဘဝရဲ့ ကိုယ်ရည်မှန်းချက်တစ်ချို့တစ်ဝက်တွေ အကောင်အထည်မဖော်ရသေးခင်မှာတော့ ဆင်ဂယ်ဘဝက သင့်အတွက် ပိုအဆင်ပြေနိုင်ပါတယ်။ တစ်ချို့အရာတွေက ဆင်ဂယ်ဘဝမှာပဲ လုပ်လို့ရတဲ့ အရာတွေဖြစ်နေတတ်ပြီး ဒါတွေကို သေချာနားလည်သွားတဲ့အခါ သင့်အတွက် မှန်ကန်တဲ့ လူကို ရွေးချယ်တတ်လာပြီးသား ဖြစ်လာမှာပါ။ ဘဝမှာ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပြီးမှ ဆင်ဂယ်ဘဝကို စွန့်လွှတ်ပါ။ ကိုယ်ဘာလိုချင်လဲ သိအောင်လုပ်ပါ ကိုယ်တကယ်ဖြစ်ချင်တဲ့၊ ကိုယ်တကယ်လုပ်ချင်တဲ့ အရာတွေကို မသိခင်အချိန်အထိ ဆင်ဂယ်ဘဝနဲ့ပဲနေပါ။ လူတစ်ယောက်ဟာ ကိုယ်ဘာလိုချင်လဲဆိုတာကိုတောင်မသိပဲ တစ်ခြားတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒါကြောင့် ကိုယ်တကယ်ဖြစ်ချင် လိုချင်တဲ့ အရာကို သိအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကို သိပြီဆိုမှ ရှေ့ဆက်ရမယ့်ခရီးက ပိုအဆင်ပြေလွယ်ကူသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်လိုချင်တာကို မသိခင်မှာ ချစ်သူရည်းစား မထားပါနဲ့အုံး။ […]
အမြဲ မပြင်မဆင်နေတတ်တဲ့ ကောင်မလေးတွေမှာပဲ ရှိတတ်ကြတဲ့ ဆွဲဆောင်မှုများ
မိန်းကလေးဆိုတာကို အလှအပနဲ့ တွဲမြင်တတ်ကြပြီး မိန်းကလေးဆိုတာ အလှမက်တဲ့ အမျိုးလို့ ပြောတတ်ကြပါတယ် ဒါပေမယ့် တစ်ချို့မိန်းကလေးတွေကတော့ အလှပြင်ရတာကို မကြိုက်တတ်ကြပါဘူး သူတို့တွေက မိတ်ကပ်တွေ မကြိုက်ဘူး၊ အရမ်းကြီး ပြင်ဆင်ထားရတာတွေကို မကြိုက်ဘူး ဒီလို မပြင်မဆင်နေတတ်တဲ့ မိန်းကလေးတွေက ပိုဆွဲဆောင်မှုရှိတဲ့ သူတွေအဖြစ် သတ်မှတ်ခံရတဲ့ နောက်ကွယ်မှာ ဒီလိုအချက်တွေ ရှိလို့နေပါတယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတဲ့ ပုံပေါ်တယ် မပြင်မဆင်ပဲ နေတတ်တဲ့ မိန်းကလေးတွေဟာ တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုမြင့်မားနေတယ်လို့ မြင်ရတတ်ပါတယ် ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့ရဲ့ ပုံစံအမှန်ကို ထုတ်ပြရမှာ မကြောက်တတ်ဘူး၊ ဘာမှမလိမ်းထားပဲလည်း အပြင်တွေဘာတွေ သွားတတ်တယ် ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံတွေပါပဲ ပင်ကိုယ်အလှကို မြင်ရတယ် ဒီလို မိန်းကလေးတွေဆီမှာ […]
ကျွန်မကြောင့်တော့ ဘယ်သူ့ကိုမှ မနာကျင်စေခဲ့ဘူး …
ဒါပေမယ့် ကျွန်မကြောင့်တော့ ဘယ်သူ့ကိုမှ မနာကျင်စေခဲ့ဘူး … သူလုပ်သလို ကိုယ်ပြန်လုပ်လိုက်လို့ရပေမယ့်လဲ နာကျင်ရတဲ့အခါ ကိုယ့်လို ခံနိုင်ရည်မရှိမှာကို စိတ်ပူနေသေးတယ် ကိုယ့်အနားမှာရှိတဲ့သူတွေကတော့ ကိုယ့်ကို စကားနဲ့တစ်မျိုး အပြုအမူနဲ့တစ်မျိုး မကြာခဏဆိုသလို နာကျင်စေပါတယ် … ကိုယ့်အားနည်းချက်တွေကို လူကြားသူကြားမှာ ဖွင့်ဟပြီးမှ စတာပါဆိုတာမျိုးတွေ ကိုယ်မကြိုက်ဆုံးအရာတွေကိုလုပ်ပြီးမှ တောင်းပန်ပါတယ်ဆိုပြီး ပေါ့ပေါ့လေးပြောသွားတာမျိုးတွေလေ … လက်စားမချေတတ်တာ မဟုတ်ဘူးနော် လက်စားမချေရက်တာပါ … ကိုယ့်ကို ငဲ့ကြည့်ဖော်မရတဲ့သူအပေါ်ကို ကိုယ်လဲ ပြန်ငဲ့မကြည့်တာဟာ မတရားရာတော့ မကျဘူးပေါ့ ဒါပေမယ့် ကိုယ့်လိပ်ပြာကိုယ်တော့ ဘယ်လုံပါတော့မလဲ နောက်ကျောမလုံမယ့်ကိစ္စမျိုးကို ကျွန်မ အတတ်နိုင်ဆုံးရှောင်ပါတယ် စကားပြောတာပဲ လူတစ်ဖက်သားကို ချိုချိုသာသာလဲ ပြောတတ်သလို နာအောင်လဲပြောတတ်တယ် ဒါပေမယ့် စကားလုံးတွေကြောင့် နာကျင်ခဲ့ရဖူးတဲ့ ကျွန်မ ကိုယ်ချင်းစာတယ် စကားလုံးတွေကြောင့် နာရတဲ့အခါ ဘယ်လိုအရာနဲ့မှ […]
အကျင့်ဆိုးလေးတွေ ရှိပေမယ့် စိတ်ရင်း ကောင်းတဲ့ အငယ်ဆုံးလေးတွေအကြောင်း…
အငယ်ဆုံးတွေဆိုတာ မိသားစုထဲမှာ ဆိုးချင်တိုင်းဆိုး လို့ရတက်တဲ့ အကျင့်ဆိုးလေးတွေတော့ ရှိတယ် ဒါမဲ့ စိတ်ရင်းကောင်း ထားတက်ကြသလို အချစ်ရေးမှာလည်း သူ့ချစ်သူအပေါ် အချစ်သန်ပြီး မမူးပဲ ရစ်တက်တဲ့ ချစ်စရာကောင်းတဲ့ သူလေးတွေလေ သူတို့ကို ချစ်ရင် အချစ်ကြီးလွန်းလို့ အစစအရာရာ အမြဲတမ်း ဂရုစိုက်မူတွေ အပြည့်ခံရတက်ကြတယ် သူလေးတွေပါ မဟုတ်မခံ ဆိုပေမဲ့ အရာရာကို မတွေးတောပဲ တဇွတ်ထိုး နိုင်တက်ကြတယ် သူငယ်ချင်းတွေထဲမှာတော့ တခုခု ဖြစ်လာရင် လက်မြန်ခြေမြန်တက်ကြသူတွေပါ မိသားစုအပေါ်မှာ ဘယ်လောက်ဆိုးဆိုး သူငယ်ချင်းတွေအပေါ်မှာတော့ အရမ်းကို ကောင်းတတ်ကြတယ် အိမ်မှာ ဘာအလုပ်မှ မလုပ်ချင်ပေမယ့် သူငယ်ချင်းတွေအတွက် ဆိုရင်တော့ ကူညီဖို့ အမြဲတမ်း အစဉ်သင့် ဖြစ်နေသလို ဘာပဲလုပ်ပေးရလုပ်ပေးရ မညီးညူပဲ တက်တက်ကြွကြွ လုပ်ပေးချင်တဲ့စိတ်ထားလေးရှိတယ် ထပ်ပြောပါမယ် အငယ်ဆုံးလေးတွေဆိုတာ ဆိုးချင်နွဲ့ချင်ပေမယ့် […]
ရင့်ကျက်သလိုနေနေရတာ အရမ်းကို ပင်ပန်းပါတယ်
ကိုယ့်ရဲ့ ဝေဒနာတွေကိုမေ့ပြီး သူတစ်ပါးရဲ့ ဒဏ်ရာတွေကို ဆေးထည့်ပေးခဲ့ဖူးတယ် ။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါဆိုတာတော့ ရေရေရာရာ မသိတော့ဘူး ခဏခဏ မှန်းတော့ သိပါတယ် အားငယ်နေပါတယ်ဆိုတဲ့လူတွေကို အထီးကျန်မှုတွေကြားက အားပေးခဲ့ဖူးတယ် ငိုချင်လိုက်တာလို့ ပြောတဲ့သူကို မျက်ရည်တွေကြားက နှစ်သိမ့်ပေးခဲ့ဖူးတယ် ကိုယ်ပေးလိုက်တဲ့အရာတွေက တကယ်တမ်းကျတော့ ကိုယ်ကိုယ်တိုင်လဲ မျှော်လင့်တောင့်တနေတတ်တဲ့ အရာတွေချည်းပါပဲ ဒါပေမယ့် ဂရုစိုက်တတ်တဲ့သူတစ်ယောက်ရဲ့ ဂရုစိုက်ခံချင်တဲ့စိတ်ကို လျစ်လျူရှုထားကြတာ များတယ် အားပေးစကားတွေ နှစ်သိမ့်စကားတွေပြောနေလွန်းလို့ ရင့်ကျက်နေပြီလို့ အထင်ရောက်သွားတာလဲ ဖြစ်ရင်ဖြစ်မှာပါ ဘယ်လောက်ပဲ ရင့်ကျက်ပါတယ်ပြောပြော လောကဓံရဲ့ ထိုးချက်တွေအောက်မှာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ဖြစ် ပြိုလဲကျချင်လာတဲ့အခါတွေရှိပါတယ် ဒီအချိန် ကိုယ့်ဝေဒနာတွေကော ဘယ်သူမြင်အောင် ကြည့်ခဲ့လဲ ကိုယ်ပေးလိုက်တဲ့အရာတိုင်းဟာ အမြဲတမ်း ကိုယ့်မှာ ပိုနေလို့ချည်းမဟုတ်ဘူး တစ်ခါတစ်ရံ ဒုက္ခဖြစ်ခံပြီး ကူညီပေးလိုက်တာတွေမှ အများကြီးပါ […]
မိန်းကလေးတွေ ရွဲ့ပြောတတ်တဲ့ စကားအတည်လေးတွေ
မိန်းကလေးတွေ ရွဲ့ပြောတတ်တဲ့ စကားအတည်လေးတွေ 🤦♂️လာမခေါ်နဲ့! အဲတာခေါ်ခိုင်းတာ မခေါ်ပဲနေကြည့် သေအောင်စိတ်ဆိုးတယ်😑 🤦♂️အေးးးရတယ်လေ! အဲတာ မရဘူးးး ကြည့်နေ ငါပြဿနာ ရှာပြမယ် အဲ့လို 😑 🤦♂️ၿပီးတာပဲ! အဲ့တာ မပြီးဘူး မကျေနပ်လို့ပြောတာ ခဏနေ သူပြန်ရွဲ့တော့မှာ 😑 🤦♂️ဘာတစ်ခွန်းမှလာမပြောနဲ့! အဲ့တာကောက်သွားတာ အမြှုပ်ထွက်အောင် သွားရှင်းပြပြောနိုင်မှတော်ကာကျမှာ 😑 🤦♂️ႀကိဳက္တာသာလုပ္! ဘာမှသွားမလုပ်နဲ့ အဲ့တာသူ ပြဿနာရှာဖို့အဆင်သင့်ပဲဆိုတဲ့သဘော😑 🤦♂️ငါ့ကို အဖက်လာမလုပ်နဲ့! ပစ်ထားတာများသွားပီ သေချာပြန်ဂရုစိုက်ပေး ဆိုတဲ့သဘော အနီရောင်အဆင့် ရှော့ရှိတယ်😑 🤦♂️နင်ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး! အဲ့တာ သူဂရုစိုက်တယ် တော်တော်စိုက်တာ မျက်စိထောက်ထောက်ကြည့်နေတာတစ်ချက်မမှားနဲ့ရစ်ပလိုက်လို့နားကားသွားမယ်😑 🤦♂️နင့်သဘောနဲ့နင် ! အဲ့တာသူ့ဆီအရင်ခွင့်တောင်းခိုင်းတာ ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ $?&?@?အဲ့လို မေးခွန်းပေါင်းများစွာ မေးပီး အစစ်ဆေးလာခံခိုင်းတာ😐 🤦♂️ကောင်းပီလေ! […]
ဆန္ဒနဲ့ဘဝဟာ အမြဲတစ်ထပ်တည်းမကျနိုင်ဘူးလေ ဖြစ်ချင်တဲ့ အိပ်မက်တွေရှိပေမယ့် ကိုယ်ကိုယ်တိုင် ရင်နာနာနဲ့ မေ့ပစ်လိုက်တာတွေလဲ အတိတ်မှာ အများကြီးပါ
ဆန္ဒနဲ့ဘဝဟာ အမြဲတစ်ထပ်တည်းမကျနိုင်ဘူးလေ ဖြစ်ချင်တဲ့ အိပ်မက်တွေရှိပေမယ့် ကိုယ်ကိုယ်တိုင် ရင်နာနာနဲ့ မေ့ပစ်လိုက်တာတွေလဲ..၊ အတိတ်မှာ အများကြီးပါ ယခုလက်ရှိမှာလဲ အများကြီးပါပဲ နောက်လဲ ထပ်ရှိချင် ရှိလာဦးမှာ ပြင်းပြင်းပြပြဖြစ်ချင်တဲ့ ဆန္ဒသာရှိရင် ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတဲ့စကားဟာ အမြဲတမ်းတော့ မမှန်နိုင်ဘူးထင်တယ်..။ ကိုယ့်မှာ ပြင်းပြတဲ့ဆန္ဒတွေ ရှိပေမယ့် အနောက်မှာ ရပ်နေတဲ့ဘဝတွေကို ငဲ့ကွက်ဖို့လိုသေးတယ် ကိုယ်တစ်ယောက်တည်း ကိုယ်လွတ်ရုန်းထွက်လိုက်မျိုး မဖြစ်ချင်ဘူးလေ..၊ ပြီးတော့ ကိုယ်တစ်ဦးတည်း အဆင်ပြေရပ်တည်နေရတာမျိုးလဲ မဖြစ်သင့်ဘူးလေ ဒီလိုပါပဲ ဘဝဆိုတာတစ်ထပ်တည်းမကျနိုင်ဘူးဆိုတဲ့စိတ်နဲ့ အိပ်မက်တွေကို ရင်နာနာနဲ့ မေ့ပစ်လိုက်တာပါ..။ ဘဝက အမြဲတမ်း ဖြစ်ချင်တာ နဲ့ ဖြစ်သင့်ကို ရွေးချယ်ခွင့်မပေးဘူး ရွေးချယ်ခွင့်ပေးခဲ့တဲ့အခါတောင် ကိုယ်ဖြစ်ချင်နေတာတွေကိုမေ့ပြီး..။ ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေကို ဦးစားပေးရတာက များတယ် လူတွေပြောသလို ဖြစ်သင့်တာလေးကို လုပ်ပြီး ဖြစ်ချင်တာလေးကို လုပ်ပါတဲ့..၊ ပြောသလောက်မှ […]
မာနကိုတန်ဖိုးထားတဲ့သူတွေ အသည်းကွဲတဲ့အခါ ဒီလိုနည်းနဲ့ ကုစားကြပါတယ် လူတစ်ချို့အတွက် မာနဆိုတာ ရူးမိုက်ခြင်း တစ်မျိုးသာဖြစ်ပြီး လူတစ်ချို့အတွက် ကျပြန်တော့လည်း မာနဆိုတာ အသက်လောက်ကို အရေးကြီးပါတယ်။ဒါကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်လွတ်လပ်စွာ ကွဲပြားခွင့်ရှိပါတယ် အခုဖော်ြ ပပေးမှာကတော့ မာနကို တန်ဖိုးထားတဲ့သူတွေ အသည်းကွဲတဲ့အခါမှာ ဘယ်လိုနည်းနဲ့ ကုစားတတ်သလဲ ဆိုတာကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်နော် … (၁) လူကွယ်ရာမှာပဲ ခံစားမယ် မာနကြီးတဲ့သူတွေ အသည်းကွဲသွားတဲ့အခါ ဘယ်တော့မှ လူရှေ့သူရှေ့မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်မှာ မဟုတ်ပါဘူး။ဘယ်လောက်ပဲ နာကျင်နေပါစေ လူရှေ့ဘယ်တော့မှ ထုတ်မပြပါဘူး။ငိုမယ် ဆိုရင်တောင် တစ်ယောက်တည်း ငို၊ တစ်ယောက်တည်းခံစားပြီး လူရှေ့မှာတော့ လုံးဝ ထုတ်ပြမယ့် သူတွေ မဟုတ်ပါဘူး … (၂) ဘာမှမဖြစ်ချင်ဟန်ဆောင်မယ် မာနကြီးတဲ့သူတွေ အသည်းကွဲသွားတဲ့အခါ လူတွေ မသိနိုင်ပါဘူး။အကြောင်းကတော့ ဖုံးကွယ်တာအရမ်းတော်လို့ပါ။ပြိုလဲနေတဲ့ […]
ရင့်ကျက်သူတစ်ယောက်ဖြစ်နေပြီဆိုတာ ပြသနေတဲ့ လက္ခဏာရပ်များ
၁။ လိုချင်တာနဲ့ လိုအပ်တာကို ကွဲကွဲပြားပြားသိပြီး လိုချင်တာကို စွန့်လွှတ်တတ်လာတယ်။၂။ ကိုယ်တော်ကြောင်း၊ တတ်ကြောင်း လောကကြီးကို ပြချင်နေတာတွေ လျော့နည်းသွားတယ် ၃။ လူတိုင်အပေါ် အရှိအတိုင်း လက်ခံလာနိုင်တယ်။၎။ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာတွေ ရပ်လိုက်တယ် ၅။ သူများနှစ်သက်ဖို့ ကြိုးစားနေတာတွေ ရပ်သွားတယ်။၆။ ကိုယ့်ကိုယ်ကို ငြိမ်းချမ်းအောင် နေတတ်သွားတယ် ၇။ ကိုယ့်ဘဝထဲ မရှိသင့်တဲ့အရာတွေကို ထွက်ခွာခွင့်ပြုတတ်လာတယ်။၈။ အလိုဆန္ဒတွေနဲ့ ပျော်ရွှင်မှု မတူဘူးဆိုတာ လက်ခံတတ်လာတယ် ၉။ တခြားသူကို ပြောင်းလဲဖို့ ကြိုးစားမယ့်အစား ကိုယ့်ကိုယ်ကို ပြောင်းလဲအောင် ကြိုးစားတတ်လာတယ်။၁၀။ လူတိုင်းမှာလည်း ကိုယ့်အမြင်နဲ့ကိုယ်ရှိကြတယ်ဆိုတာ နားလည်လာတယ် ကဲ …သင်ကော ရင့်ကျက်နေပြီလား unicode version ရင့်ကျက်သူတစ်ယောက်ဖြစ်နေပြီဆိုတာ ပြသနေတဲ့ လက္ခဏာရပ်များ၁။ လိုချင်တာနဲ့ လိုအပ်တာကို ကွဲကွဲပြားပြားသိပြီး […]









