Life Style

သူငယ်ချင်းတို့ရေ အို သွေးတွေရဲ့ ထူးခြားချက်ကလေးတွေကို ပြောပြမယ်နော်

စိတ်မပါပဲ အသေးအဖွဲအလုပ်လေးကအစ အပျင်းကြီးတယ်၊ တခါတရံကျ အလုပ်အများကြီးကို တစ်ယောက်တည်း မရပ်မနားလုပ်နေတတ်ပြန်ရော။ တခါတလေ အပျော်ကြီးပျော်နေတယ်လို့ သူများအမြင်မှာ နေပြပြီး တစ်ယောက် တည်း နောက်ကွယ် မျက်ရည်ကျကြတယ်။ ဟန်မဆောင် ပွင့်လင်းတတ်တဲ့အခါ ရှိသလို ၊ ဟန်ဆောင် တော်ကြတာလည်း O က နံပါတ်(၁)ပါပဲ။ အငြင်းသန်ပြီး အရွဲ့တိုက်တတ်တယ်။ O သွေးတွေ မာန အလွန်ကြီးပြီး သူများ အသနားမခံတတ်ကြဘူး။ ကိုယ့်ဒူးကိုချွန် ကိုယ့်အားကိုယ်ကိုး ဦးဆောင် တတ်တဲ့ ခေါင်းဆောင်စိတ်ရှိသူတွေပါ။ သူ့တို့မာနက သူများကို မထိခိုက်ပါဘူး၊ ရှိသင့်ရှိထိုက်တဲ့ မာနမျိုးပေါ့၊ အပေါင်းအသင်း သူငယ်ချင်း များအပေါ် အလွန် သံယောဇဉ် ကြီးတတ်ကြပြီး သူငယ်ချင်း အတွက်ဆို ကူညီပေးဖို့ အမြဲအသင့်ရှိတတ်ကြတယ်။ “ငါခင်သလိုသူတို့က မခင်ပါဘူး´´လို့လည်း တစ်ယောက် […]

Life Style

မနက်မိုးလင်းတိုင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးနေသင့်တဲ့ အချက် (၅) ချက်

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မနက်အိပ်ယာနိုးတာနဲ့ တစ်နေ့ခင်းလုံး ရုန်းကန်လှုပ်ရှားဖို့ရာ အားအင်ပြည့်ဝအောင်လို့ မနက်မိုးလင်းတိုင်း ကိုယ့်ကိုယ်ကို စိတ်အားတင်းပြီး ဆုံးဖြတ်ထားသင့်တာမျိုးတွေ ရှိနေပါတယ်။ အဲဒါတွေကတော့.. (၁) မိမိသည်သာအရေးကြီးဆုံး။ အနစ်နာခံတာ၊ သူများကို ကူညီတာဟာ ကောင်းတဲ့လုပ်ရပ်ပေမယ့်လို့ ကိုယ်အခက်အခဲဖြစ်ပြီး ဒုက္ခရောက်အောင်တော့ လုံးဝမလုပ်မိအောင် သတိထားပါ။ ငြင်းသင့်ရဲ့ငြင်းမယ်၊ ပြန်ခုခံသင့်ရင် ခုခံမယ်။ မိမိ သည်သာ အရေးအကြီးဆုံးပါပဲ။ (၂) ကိုယ့်ကိုယ်ကို ပျော်အောင်ထားမယ်။ ဘဝမှာနေရသမျှ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့လိုပါမယ်။ သင့်ကိုယ်သင်သင် ပျော်ရွှင်အောင် တစ်နေ့တာလုံးထားနိုင်ခြင်းဟာ နေ့တိုင်းအတွက် အောင်မြင်မှုလေးတွေပါပဲ။ သင့်ရဲ့ပျော်ရွှင်မှုဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ ဘယ်သူ့အပေါ်မှာမှ သင့်ရဲ့ပျော်ရွှင်မှုကို ပုံအပ်မထားပါနဲ့။ (၃) ဘာမဆိုဆို အကောင်းဆုံးကျော်ဖြတ်နိုင်ရမယ်။ ပြဿနာတိုင်းကိုဖြေရှင်းနိုင်ဖို့ဆိုတာ စိတ်ခွန်အားလည်း လိုအပ်ပါသေးတယ်။ ဒီနေ့တစ်နေ့လုံးမှာ ဘယ်လိုကိစ္စတွေပဲ ကြုံလာရ ကြုံလာရ သင့်အနေနဲ့ […]

Life Style

နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ . . .

နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ . . . နဖူးကျယ်တဲ့သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထားတတ်ကြပါတယ်။ တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလိုထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော် (၁) ကိုယ့်အားကိုယ်ကိုးတတ်တယ် သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ်။ အခက်အခဲနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေရှင်းနေတတ်ပြီး တခြားလူတွေကိုအကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့သူတွေပါ။ (၂) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူး တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင်လုပ်တတ်တယ်၊ ဘယ်လိုအတိုက်အခိုက်မျိုးတွေနဲ့ပဲကြုံရပါစေ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့သူလေးတွေလည်းဖြစ်ကြပါတယ်။ (၃) ကန့်သတ်ချုပ်ချယ်တာကိုမုန်းတယ် လွတ်လပ်တာကိုကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်တယ်၊ ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးကို လုံးဝလက်ခံမှာမဟုတ်တဲ့သူတွေပေါ့။ (၄) တော်တဲ့သူတွေ နဖူးကျယ်တဲ့သူတွေရဲ့ […]

Life Style

ရေစက်ပါသလောက် ချစ်နေမယ် ဝဋ်ကြွေးပါသလောက်ဆပ်မယ် ဒီလောက်ပါပဲ

ရေစက်ပါသလောက် ချစ်နေမယ် ဝဋ်ကြွေးပါသလောက်ဆပ်မယ် ဒီလောက်ပါပဲ ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက်လို့လဲ သိပ်ပြီး ဝမ်းမနည်းတော့ဘူး မအားတာပဲ နေမှာပါလို့လဲ ဖြည့်မတွေးဖြစ်တော့ဘူး သတိရတဲ့အခါပဲ ဖြစ်ဖြစ် ဆက်ချင်တဲ့အခါဖြစ်ဖြစ် ဆက်လာလိမ့်မယ်ဆိုတာလောက်ပဲ တွေးဖြစ်တော့တယ် အရင်လို ဖုန်းဘေးနား ငုတ်တုတ်ထိုင်ပြီး မျှော်မနေတော့ဘူး ကျွန်မ ရင့်ကျက်စပြုလာပါပြီ . . . အရင်လိုခဏခဏ မတမ်းတဖြစ်တော့ဘူး တစ်ခုခုဖြစ်တိုင်း တိုက်ဆိုင်တိုင်း ကိုယ့်ဘက်ကသာ အမောတကောနဲ့ သတိတွေရလိုက်ရတာ သူ့ကတော့ ဘာကိုမှ မှတ်မှတ်ရရမရှိဘူး ခုကျွန်မလဲ ဒီလိုပါပဲ အမှတ်တရတွေ ရှိလာရင်တောင် အမှတ်တမဲ့လေး နေနိုင်လာတဲ့အထိ ကျွန်မ ရင့်ကျက်နေပါပြီ ။ ကျွန်မ အဆင်ပြေနေပါပြီ . . . အရင်လို အများကြီး မမျှော်လင့်ဖြစ်တော့ဘူး   […]

Life Style

ကြာလေ ကြာလေ ကျွန်တော်က ပိုပိုပြီးစိတ်ပျက်စရာကောင်းသွားမှာ…….

ကြာလေ ကြာလေ ကျွန်တော်က ပိုပိုပြီးစိတ်ပျက်စရာကောင်းသွားမှာ။ ကျွန်တော် မချစ်တဲ့သူတွေအတွက်တော့ ကျွန်တော်ကအရမ်းကောင်းတယ်။ ကျွန်တော်ချစ်တဲ့သူတွေ အတွက်တော့ကျွန်တော်က ဆိုးပါတယ်။ ကျွန်တော်က အတ္တသိပ်ကြီးတယ်။ ဒေါသထွက် လွယ်တယ်။ သ၀န်အရမ်း တိုတယ်။ အရမ်းအတွေးလွန်တတ်တယ်။ တစ်ခုခုဆို သေးသေးမွှားမွှားလေးကအစ တွေးပြီး ၀မ်းနည်းတတ်သေးတယ်။ Nicknameလေးပြောင်းသွားတာမျိုး Emojiiလေးတစ်ခုပြောင်းသွားတာမျိုးဆိုရင်တောင် ဘာလို့ပြောင်းတာလဲ ဘာလ်ိုလဲဆိုတဲ့မေးခွန်းတွေနဲ့ တစ်ယောက်ထဲ စိတ်ပင်ပန်းနေတတ်တဲ့သူမျိုး။ တစ်ခါတစ်လေဆို ကိုယ့်ကိုကိုယ်တောင်နားမလည်နိုင်ဘူး။Strong ဖြစ်ပါတယ်လို့ကိုယ်ကိုကိုယ်ခံယူထားလဲ ဟန်ဆောင်နေရုံသက်သက်ပဲ။ စိတ်ပျော့လွန်းတယ်။ အဲ့တာကြောင့်ပဲ မပျော်ရတာများတယ်။ တစ်ယောက်ထဲ ပင်ပန်းရတာများတယ်. . . . ။ crd. ============ ကြာလေ ကြာလေ ကျွန်တော်က ပိုပိုပြီးစိတ်ပျက်စရာကောင်းသွားမှာ။ ကျွန်တော် မချစ်တဲ့သူတွေအတွက်တော့ ကျွန်တော်ကအရမ်းကောင်းတယ်။ ကျွန်တော်ချစ်တဲ့သူတွေ အတွက်တော့ကျွန်တော်က ဆိုးပါတယ်။ ကျွန်တော်က အတ္တသိပ်ကြီးတယ်။ ဒေါသထွက် […]

Life Style

လူပျိုကြီး၊ အပျိုကြီး ကျိန်းသေ ဖြစ်လာမယ့်သူတွေမှာသာ မြင်တွေ့ရမယ့် စရိုက်လက္ခဏာများ

လူပျိုကြီး၊ အပျိုကြီး ကျိန်းသေ ဖြစ်လာမယ့်သူတွေမှာသာ မြင်တွေ့ရမယ့် စရိုက်လက္ခဏာများ အပျိုကြီး၊ လူပျိုကြီးဆိုတာ လွယ်လွယ်လေး ဖြစ်သွားကြတာတော့ မဟုတ်ပါဘူး။ သူတို့တွေမှာ တခြားသူတွေထက် ထူးခြားနေတတ်တဲ့ အရာတွေ ရှိနေတတ်ပါတယ်။ ဒီအချက်တွေကပဲ သူတို့ကို လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်သွားစေတာ ဖြစ်ပါတယ်။ ဒါကြောင့် လူပျိုကြီး၊ အပျိုကြီး ဖြစ်လာမယ့် သူတွေမှာ ဒီလို အချက်တွေ တွေ့ရမှာ ဖြစ်ပါတယ်နော်။ ၁။ ဇီဇာကြောင်တယ် ဒါကတော့ အဓိက အချက် ဖြစ်ပါတယ်။ ဇီဇာကြောင်တတ်တဲ့ အကျင့်ကတော့ တနည်းနည်းနဲ့ ရှိနေတတ်ပါတယ်။ သန့်ရှင်းမှု အပိုင်းမှာ ဇီဇာကြောင်တာ၊ လူတွေနဲ့ ဆုံရင် ဇီဇာကြောင်တာ၊ အစားအသောက်နဲ့ ပတ်သတ်ရင် ဇီဇာကြောင်တာ စသဖြင့် တစ်ခုခုမှာ ပုံမှန်ထက် လွန်လွန်ကဲကဲ ဇီဇာကြောင်လွန်းတာက […]

Life Style

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင်ပံ့ပိုးပေးနိုင်တဲ့ မိန်းမ (၁၀)မျိုး

ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ။ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ်။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။ သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။ ၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ သူမဟာ ဘယ်လောက်ပဲ […]

Life Style

သင့်ရဲ့ Crush ဆီက တုန့်ပြန်မှုကောင်းကောင်းပြန်ရနိုင်ဖို့ အကြံပြုချက်တချို့

ဒီဆောင်းပါးလေးကတော့ တစ်ဖက်သက်ကြိတ် Crush နေတဲ့ကောင်မလေးရှိတဲ့ ကွီးတို့အတွက် ရည်ရွယ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ် Crush ရတဲ့ ကောင်မလေးဆီက တုန့်ပြန်မှုကောင်းကောင်းရဖို့ ဘယ်ကနေစပြီး လုပ်ရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင် အခုပြောပြမယ့် အကြံပြုချက်တချို့ကို သေချာလိုက်နာကြည့်ဖို့ အကြံပြုချင်ပါတယ်။ (၁) သူမရဲ့အထင်ကြီးလေးစားမှု ရအောင်လုပ်ပါ မိန်းကလေးတွေရဲ့ အထင်ကြီးလေးစားမှုရအောင်လုပ်တာက တနည်းအားဖြင့် သူမ ကိုယ့်ကိုစိတ်ဝင်စားလာအောင် ချဉ်းကပ်နည်းတစ်မျိုးပါပဲ။ အထင်ကြီးအောင်ကြိုးစားတဲ့နေရာမှာ ဟိတ်ကြီး ဟန်ကြီးတွေလုပ်ပြစရာမလိုပါဘူး။ ကိုယ့်မှာရှိတဲ့ ပင်ကိုယ်အရည်အချင်းတွေနဲ့ ရိုးရိုးသားသား အထင်ကြီးလေးစားမှုကို ရအောင်လုပ်ဖို့ဆိုလိုတာဖြစ်ပါတယ်။ (၂) သပ်သပ်ရပ်ရပ်နဲ့ ဆွဲဆောင်မှုရှိအောင်နေပါ သင့် Crush ရဲ့အမြင်မှာ သင်က သပ်သပ်ရပ်ရပ်နဲ့ လူရည်သန့်တစ်ယောက်ဖြစ်တယ်ဆိုတာကို ပြသဖို့ လိုအပ်ပါတယ်။ နာမည်ကျော် ဖက်ရှင် Brand တွေ ရေမွှေးအကောင်းစားတွေသုံးမှမဟုတ်ပါဘူး။အဓိက အားဖြင့်တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအလေးထားပြီး အနံ့အသက်ကောင်းဖို့နဲ့ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်တက်ဖို့ပါပဲ။ […]

Life Style

ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ အချက် (၁၀) ချက်

ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးဖို့ဆိုတာ သိပ်ကို အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ လူပေါင်းစုံရှိတဲ့ လောကကြီးမှာ ကိုယ့်ကိုယ်ကိုလောက် ကိုယ့်ကို ချစ်မယ့်သူ ထပ်ရှိဖို့ဆိုတာ မသေချာပါဘူး။ ကိုယ့်ရဲ့အစစအရာရာကို ကိုယ်ကမှ မချစ်ရင် တခြားသူ ချစ်လာဖို့ကို မျှော်လင့်ကြည့်မယ်ဆိုရင် ဒါက အဓိပ္ပာယ် မရှိတဲ့ အချက်ပါပဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်၊ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေက မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ (၁) ကျန်းမာရေးကို ဂရုစိုက်ပါ ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကျန်းမာရေးကောင်းဖို့က နံပါတ်(၁) မို့ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် ကျန်းမာရေးကောင်းအောင် နေဖို့၊ အစားအသောက် ဆင်ခြင်ဖို့၊ ကျန်းမာရေးပိုကောင်းစေမယ့် အစားအသောက်တွေကို စားသောက်ဖို့နဲ့ တခြားသော ကိုယ်လက်လှုပ်ရှားမှုတွေလည်း […]

Life Style

အလကားဆိုတိုင်း ငမ်းငမ်းတက်မလိုချင်နဲ့

အလကားဆိုတိုင်း ငမ်းငမ်းတက်မလိုချင်နဲ့ ဘယ်အရာမှာမဆိုတာ သူ့တန်ရာတန်ကြေးဆိုတာရှိပါတယ် ။ တစ်ရာတန်တာကို တစ်ရာပေးရသလို တစ်ထောင်တန်ပေးတဲ့အခါ တစ်ထောင်နဲ့တန်တဲ့အရာတွေ ပြန်ရလာတတ်ပါတယ် .. ။ ဘယ်အရာကိုမှ အလကားမလိုချင်နဲ့ အချောင်မလိုချင်နဲ့ … ။ အလကားဆိုတဲ့ အရာတွေအနောက်မှာ မျှော်လင့်ချက်တွေပါလာတတ်တယ် ။ အလကားရတိုင်း မတရားယူနေရင် ကိုယ်ဖက်က ပြန်ပေးရတဲ့ မတန်တဆတွေဖြစ်နေတတ်တယ် … ။ ကိုယ်နဲ့ တန်ရာတန်ရာပေါ့ တန်ဖိုးကြီးတာကို လိုချင်တဲ့အခါ ကိုယ့်ကိုယ်တိုင်လဲ တန်ဖိုးမြင့်လာအောင် လုပ်တတ်ရတယ် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ရတယ် … ။ စေတနာဆိုတဲ့အရာတွေနဲ့ အခွင့်အရေးတွေ ရတိုင်းယူနေရင် တစ်နေ့ ကျေးဇူးတရားဆိုတဲ့ ဝန်ထုပ်ဝန်ပိုးပြီး တစ်သက်ခေါင်းပေါ်ရွက်ထားရတတ်တယ် … ။ ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ ကျေးဇူးရှိခဲ့ဖူးတယ်ဆိုတဲ့အသိ နေရာတော်တော်များများမှာ ခေါင်းငုံ့ခံ ရေငုံနှုတ်ပိတ်နဲ့ တချို့နေထိုင်နေရတာတွေ ရှိတယ် […]