ယောက်ျားတစ်ယောက် ဘယ်လောက်ချောချော တာဝန်ယူစိတ်မရှိရင် သူဟာ အလကားလူပဲ။ မိန်းကလေးတစ်ယောက် ဘယ်လောက်လှလှ ကိုယ့်အားကိုယ်ကိုးစိတ်မရှိရင် သူဟာ အလှပြပန်းအိုးတစ်လုံးပါပဲ။ ဘဝကို လှလှပပရှင်သန်ရတယ်။ တာဝန်ယူစိတ်၊ လေးစားစိတ်လေးရှိတတ်အောင် ရှင်သန်ရတယ်။ မိန်းကလေးတစ်ယောက်မှာ ကိုယ့်ဘဝကိုယ် ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်တဲ့ စွမ်းရည်ရှိရတယ်။ တခြားလူ ယူဆောင်သွားလို့မရတဲ့အရာ ရှိရတယ်။ ယောက်ျားကောင်းဆိုတာ ဘတ်စ်ကားနဲ့မတူဘူး။ ၁ဝမိနစ်တစ်ကြိမ် မလာတတ်ဘူး။ မိန်းမကောင်းဆိုတာလည်း ဘတ်စ်ကားနဲ့မတူဘူး။ ပိုက်ဆံပေးတိုင်း တက်လို့ရတာ မဟုတ်ဘူး။ ဒီစကားတစ်ခွန်းကို သိပ်နှစ်သက်တယ်.. “ပိုက်ဆံဆိုတာ လူနဲ့ခွာလိုက်ရင် စက္ကူစုတ်တစ်ရွက်ပဲ၊ လူတချို့က ပိုက်ဆံနဲ့ခွာလိုက်ရင် အလကားလူတစ်ယောက်ပဲ”။ ကိုယ်ဘာလုပ်လုပ် လူတွေနားလည်စရာမလိုပါဘူး။ ကိုယ်အစွမ်းကုန် ကြိုးစားလုပ်ဆောင်ဖို့ပဲလိုတယ်။ ကိုယ့်ကို လူတိုင်းနှစ်သက်စရာမလိုပါဘူး။ ကိုယ်လုပ်တာကို ပွင့်လင်းမြင်သာဖို့ပဲလိုတယ်။ ဒီဘဝကိုရောက်လာပြီဆိုမှတော့ လှလှပပတော့ ရှင်သန်မှာပဲ။ ကိုယ် မရပ်တန့်ရဲဘူး.. ကိုယ့်မှာ ဘဏ်စုစာအုပ်မရှိသေးလို့။ […]
Life Style
ဘယ်တော့မှ မချွဲတတ်တဲ့ ကောင်မလေးတွေရဲ့ သူများနဲ့မတူတဲ့ အကျင့်စရိုက်လေးများ
မိန်းကလေးတိုင်းက ချွဲတတ်နေတာမျိုး မဟုတ်ပါဘူး။ ကောင်လေးတွေ အရည်ပျော်သွားလောက်အောင်ကို ချွဲတတ်ကြတဲ့သူတွေ ရှိပေမယ့် တချို့ကတော့ နည်းနည်းလေးတောင် မချွဲတတ်ကြပါဘူး။ သူတို့လို မချွဲတတ်တဲ့ မိန်းကလေးမှာတော့ သူများထက် အနည်းငယ် ထူးခြားတဲ့ အကျင့်စရိုက်လေးတွေ ရှိနေတတ်ပါတယ်။ မချွဲတတ်တဲ့ ကောင်မလေးတွေမှာ ဒီလိုမျိုးအရာတွေကို တွေ့ရမှာပါ။ လွယ်လွယ် အထင်မကြီးဘူး သူတို့တွေက လူတစ်ယောက်ကို လွယ်လွယ်နဲ့ အထင်ကြီးတဲ့အကျင့်မျိုး မရှိကြပါဘူး။ လူတစ်ယောက်ကို မြင်ရုံနဲ့ အထင်ကြီးလို့ မရသလို ရင်းနှီးသွားတိုင်းလည်း အထင်ကြီးလို့ မဖြစ်သေးဘူးဆိုတာမျိုးကို သူတို့က ကောင်းကောင်း နားလည်တတ်ကြပါတယ်။ ဒါကြောင့် သူတို့က တခြားတယောက်ကို အထင်ကြီးပြီး ဖားတာမျိုးကိုလည်း မလုပ်တတ်ကြပါဘူး။ အရည်အချင်းကို မြတ်နိုးတယ် လူတစ်ယောက်မှာ ရှိတဲ့ ငွေတွေ၊ ဂုဏ်တွေထက် အရည်အချင်းကို ပိုပြီး မြတ်နိုးတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ […]
ဒီ(၁၀)ချက်ထဲက (၅)ချက်လောက်နဲ့ကိုက်ညီနေရင် သင်ဟာတကယ်ချောတဲ့ကောင်မလေးပါ
ဒီ(၁၀)ချက်ထဲက (၅)ချက်လောက်နဲ့ကိုက်ညီနေရင် သင်ဟာတကယ်ချောတဲ့ကောင်မလေးပါ အလှအပကို တစ်ယောက်နဲ့တစ်ယောက် စံံချိန်သတ်မှတ် ထားတာချင်းမတူညီပါဘူး ခုဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူတွေတော်တော် များများက လှတယ်လို့ သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စံချိန်လေးတွေပါ သင်ဟာ ဒီအချက်တွေထဲက ရချက်နဲ့အထက် ကိုက်ညီနေရင်တော့ တကယ်ကို လှပချောမောတဲ့ သူတစ်ယောက်ပါ..။ (၁) သင့်မှာ မျက်ခုံးမွှေးဆွဲ စရာမလိုလောက်အောင် လှပပြီးထူထဲတဲ့ မျက်ခုံးမွှေးတွေကို ပိုင်ဆိုင်ထားပါတယ်။ တစ်ခါတလေ ရိတ်ရတာကလွဲပြီး အထူးတလည်ပြင်ဆင်ပေးစရာ မလိုပါဘူး (၂) သင့်ရဲ့ မျက်လုံးလေးဟာ လုံးဝစွေစောင်းမနေသလို၊ မျက်ရစ် လည်းရှိပါတယ်။ မျက်တောင်တွေက ကော့ညွတ်မနေ သည့်တိုင် အကြည့်တွေက အရမ်းဆွဲဆောင်မှုရှိပါတယ် (၃) သင့်ရဲ့ နှာတံလေးဟာ မချွန်ရင်တောင်မှ ပြားနေတာမျိုး၊ ပွနေတာမျိုးမဟုတ်ပဲ နှာတံစင်းစင်းလေးနဲ့ ကြည့်ကောင်းနေသူပါ (၄) သင့်ရဲ့ နှုတ်ခမ်းလေးဟာ […]
ကိုယ့်အပြစ်ကိုမြင်ပါစေ
လူတစ်ယောက်ကြောင့်ခံစားရပြီး မျက်ရည်ကျတာက မင်းအပြစ်မှမဟုတ်တာဒါပေမယ့် ပြန်မကုစားတတ်ရင်တော့မင်းအပြစ်ဖြစ်သွားပြီ။ လူတစ်ယောက်ကြောင့်ဘဝကြီးကအရမ်းခါးသက်တာပဲလို့တွေးထင်မိတာမင်းအပြစ်မဟုတ်ဘူးချိုမြိန်တဲ့ ကံကြမ္မာတွေကိုပြန်မရှာတတ်ရင်တော့ မင်းအပြစ်။ လူတစ်ယောက်ကြောင့်နာကျည်းစိတ်ဝင်တာ မင်းအပြစ်မဟုတ်ဘူးနာကျည်းစိတ်ကို အခြေခံပြီးမင်းရဲ့မာနထုတ်မသုံးတတ်ရင်တော့ မင်းအပြစ် ။ လူတစ်ယောက်ကြောင့်သေချင်လောက်အောင် စိတ်ဓာတ်ကျမိတာမင်းအပြစ်မှ မဟုတ်တာဒါပေမယ့် ကျနေတဲ့စိတ်ဓာတ်ကိုပြန်မကောက်နိုင်ရင် မင်းရဲ့အပြစ် ။ လူတစ်ယောက်ကြောင့်မင်းပြိုလဲကျသွားတာမင်းအပြစ်မှ မဟုတ်တာပြန်ထူမတ်ချင်တဲ့စိတ်မရှိတော့ မင်းအပြစ် ။ လူတစ်ယောက်ကြောင့်အသဲကွဲတာ မင်းအပြစ်မဟုတ်ဘူးရင်ဘတ်ထဲမှာ ကြာရှည်သိမ်းထားပြီးခံစားနေရင်တော့ မင်းအပြစ်။ လူတစ်ယောက်ကြောင့်ပတ်ဝန်းကျင်က ဝေဖန်တာမင်းအပြစ်မှ မဟုတ်တာဝေဖန်နေတဲ့ပတ်ဝန်းကျင်ကိုလိုက်ဂရုစိုက်နေတာ မင်းအပြစ်လေ။ လူတစ်ယောက်ကြောင့်မင်းသေချင်လို့လားမင်းလက်ကို ဗလိတ်ဓားနဲ့ မွှန်းမလို့လားကိုယ့်ကိုယ်ကိုအရှုံးသမားလို့ထင်နေတာလားအသဲကွဲပြီး မူးယစ်ဆေးတွေသုံးမလို့လား မလုပ်နဲ့ အိမ်အပြင်ကို ထွက်ကြည့်လိုက်ပန်းလေးတွေပွင့်နေတယ်ကလေးလေးတွေပျော်ရွှင်စွာဆော့ကစားနေတယ်ကောင်းကင်မှာငှက်ကလေးတွေ ပျံဝဲနေတယ်လောကကြီးက သာယာပါတယ်လှပသာယာတဲ့ လောကကြီးကိုသေချာမမြင်တာ မင်းရဲ့အပြစ် ။ မင်းသမိုင်း မင်းရေးနေတာမှားခဲ့တော့ရော ဘာဖြစ်လဲ ?ပြန်ဖျက်ပြီး အသစ်ထပ်ရေးသူများဝေဖန်တိုင်းကိုလိုက်ခံစားနေရင်သာ မင်းရဲ့အပြစ်ပါ။ unicode လူတစ်ယောက်ကြောင့်ခံစားရပြီး မျက်ရည်ကျတာက မင်းအပြစ်မှမဟုတ်တာဒါပေမယ့် ပြန်မကုစားတတ်ရင်တော့မင်းအပြစ်ဖြစ်သွားပြီ။ လူတစ်ယောက်ကြောင့်ဘဝကြီးကအရမ်းခါးသက်တာပဲလို့တွေးထင်မိတာမင်းအပြစ်မဟုတ်ဘူးချိုမြိန်တဲ့ ကံကြမ္မာတွေကိုပြန်မရှာတတ်ရင်တော့ […]
မိန်းကလေးတွေမှာ ရုပ်ရည်ချောမောလှပတာထက် ယောင်္ကျားလေးတွေ ပိုသဘောကျကြသော အရာများ
ဆက်ဆံရေးတစ်ခုမှာ အပြန်အလှန်ဆက်ဆံရေးဟာ အပြန်အလှန်ဆွဲဆောင်မှုကနေ စတင်ပါတယ်။ သို့ပေမယ့် ရှေရှည်မှာတော့ နှစ်ဦးနှစ်ဖက် အပြန်အလှန်သဟဇာတမရှိဘူးဆိုရင် ဆက်ဆံရေးဟာ ပျက်ပြယ်သွားနိုင်ပါတယ်။ အပြန်အလှန်သဟဇာကောင်းမွန်တဲ့ ဆက်ဆံရေးရရှိဖို့ အမျိုးသားတွေက လက်တွေ့မှာ ဘယ်လိုအရာတွေကို ပိုပြီးသဘောကျတတ်သလဲဆိုတာကို မျှဝေပေးမှာပါ။ ၁။ စွန့်စားရဲခြင်း အမျိုးသားတွေဟာ ဘဝကို အပြည့်အဝနေထိုင်သော အမျိုးသမီးတွေကို လုံးဝကိုးကွယ်ကြပါတယ်။ အသစ်အသစ်သောအရာတွေကို စမ်းသပ်ဖို့နှင့် စွန့်စားဖို့စိတ်အားထက်သန်ပြီး တောင်တက်ခြင်း၊ ရေငုပ်ခြင်းစတဲ့အရာတွေကို စွန့်စားနိုင်မယ့် အမျိုးသမီးတွေကို ဘယ်လောက်ဆွဲဆောင်မှုရှိပြီး လှပတဲ့မိန်းကလေးကမှ မယှဥ်နိုင်ပါဘူး။ အလှအပဆိုတာက မြင်မြင်ချင်းခဏတာခံစားချက်အတွက်ပဲ အသုံးဝင်ပြီး ရှေရှည်မှာ ငြီးငွေ့သွားကြပါတယ်။ ဒီလိုဆိုတာကြောင့် ကိုယ့်ကိုယ့်ကိုယ်ဂရုမစိုက်ဘဲ မလှမပနေရမယ်ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပြီး စွန့်စားတတ်သူတွေဖြစ်ဖို့လိုပါတယ်။ ၂။ အပေးအယူညှိရတာ လွယ်ယူခြင်း သဘာထားကွဲလွဲမှုတွေရှိခြင်းက ဆက်ဆံရေးရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ်ခြင်းက နှစ်ဦးနှစ်ဖက်စလုံးအတွက် […]
ပျော်ရွှင်မှု အစစ်ကို ဘယ်လိုရှာမလဲ ?
ဒီတစ်ခါတော့ ဘဝမှာနေပျော်အောင် ၊ ဟန်ဆောင်ပြီး မပျော်ရအောင် ကိုယ့်ဘာသာ ဖန်တီးနိူင်မဲ့ ကိုယ်ပိုင် ပျော်ရွှင်မှု အစစ်အကြောင်း ဝေမျှပေးချင်ပါတယ်။ ဘဝမှာ စိတ်ချမ်းသာဖို့က အရေးကြီးတဲ့ အပြင် အသက်ရှည်ရှည် ကျန်းကျန်းမာမာနေရဖို့ကလည်း စိတ်နဲ့ ဆိုင်ပါတယ်။ ဟန်ဆောင်ပြုံးနေ ၊ ရယ်နေရမဲ့ အစား ပျော်ရွှင်မှု အစစ်ဆိုတာကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေရမလဲ သိချင်လား? သိချင်ရင် အဆုံးထိ ဖတ်ပေးနော်။ 1. ကိုယ့်ကို ချစ်တဲ့သူတွေနားမှာနေမယ်။ ကိုယ့်ကို ချစ်တဲ့ သူတွေကို မစွန့်ပစ်လိုက်ပါနဲ့။ ဘဝမှာ ကိုယ့်ကို လူတစ်ယောက်က ချစ်နေတာက တန်ဖိုးအကြီးဆုံးပါဘဲ။ ဒီလို လူတွေ ရှိနေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ပါ။ ကိုယ်တိုင်လည်း တန်ဖိုးထားပါ။ ကိုယ့်ရဲ့ မိဘ ၊ သူငယ်ချင်း ၊ […]
အမေဆိုတာရှိသေးရင် အချိန်မရလည်း ၅ မိနစ်စာလေးမို့ ဝင်ဖတ်သွားစေချင်
အမေဆိုတာရှိသေးရင် အချိန်မရလည်း ၅ မိနစ်စာလေးမို့ ဝင်ဖတ်သွားစေချင် ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြသွားမယ့် အကြောင့်အရာလေးကတော့ အမေ ဆိုတာရှိသေးရင် အမေ့ဆီ တစ်ခါလောက်လေး သွားဖို့ နှိုးဆော်ပေးတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ငွေကြေးချမ်းသာတဲ့ ကောင်လေးတစ်ယောက်ဟာ အမေ နဲ့ခွဲပြီး မြို့ပေါ်မှာ အလုပ်လုပ်ကိုင်နေရှာတယ်။ အစကတော့ ကောင်လေးတို့ သားအမိလေးဟာ အလွန်ဆင်းရဲလွန်းလို့ ကောင်လေးက သူ့အမေလည်း အသက်ကြီးပြီဖြစ်တဲ့အတွက် မြို့ပေါ်တက်အလုပ် လုပ်ကိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ သူချမ်းသာတဲ့အခါ သူ့အမေကို မြို့ပေါ်ခေါ် အတူတူနေကြမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့။ ဒါနဲ့ပဲ နှစ်အတော်ကြာတော့ ကောင်လေးဟာ အလုပ်ကိုင်အဆင်ပြေလာပြီး ငွေကြေးချမ်းသာလာခဲ့တယ်။ သူ့စိတ်ကူးထဲကလို သူ့အ မေနဲ့ မြို့ပေါ်အတူတူနေချင်ပေမယ့် အလုပ်တွေလည်း အရမ်းများလွန်းလို့ မိခင်ဖြစ်သူကို သွားမတွေ့ဖြစ်ခဲ့တာဟာလည်း သူမြို့ပေါ်စပြီး တက်သွားကတည်းကပါပဲ။ အခုဆို သူ့အမေလည်း […]
သူများတွေကို လုံး၀ ထုတ်ဖော်မပြောသင့်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ(၅)ခု
ပွင့်လင်းတဲ့ သူတိုင်းက ခင်မင်စရာကောင်းတယ်ဆိုတာ မှန်ကန်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပွင့်လင်းပါစေ ကိုယ့်ဆီမှာ ကိုယ်တစ်ယောက်တည်းပဲ သိထားသင့်တဲ့ အရာတွေဆိုတာလည်း ရှိတတ်ပါတယ်နော်။ တစ်ချို့အကြောင်းအရာတွေကို လွယ်လွယ်ပြောမိတဲ့အခါ တစ်ဖက်လူအတွက် အသုံးချသွားနိုင်တဲ့ ပျော့ကွက်တွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူများတွေကို ထုတ်မပြောသင့်တဲ့ အရာတွေက ဒါတွေပါနော်။ ကိုယ့်ရဲ့ အစီအစဉ်တွေ ကိုယ်ရှေ့ဆက်ပြီး ဘာတွေလုပ်မယ်၊ ကိုယ့်ရဲ့ plan က ဘယ်လိုရှိတယ် စသဖြင့် ဒါတွေကို တစ်ခြားသူတွေဆီမှာ မပြောသင့်ပါဘူးနော်။ ကိုယ့်မှာ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ အစီအစဉ်တွေရှိနေပါစေ ကိုယ်ဘာလုပ်မယ်ဆိုတာကို မပြပဲ ကိုယ်ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ရလဒ်ကိုသာ ပြသင့်ပါတယ်။ နောက်ပြီး ကိုယ့်အစီအစဉ်ကောင်းတွေကို သူများကို ပြောလိုက်တဲ့အခါ ကိုယ်အကောင်အထည် မဖော်ရသေးခင် သူများ ယူသွားတာမျိုး ဖြစ်သွားတတ်လို့ […]
ပုရိသတွေ ဝိုင်းဝိုင်းလည်နေအောင် ထက်မြက်လွန်းတဲ့ မိန်းကလေးတွေရဲ့ လက္ခဏာရပ်များ
လူတိုင်းမှာ ဘယ်လိုလူတွေကိုတော့ သဘောကျလိုက်တာဆိုတာမျိုး ရှိတတ်ကြပါတယ်။ သူ့ပုံစံလေးကတော့ ငါ သဘောကျတဲ့ ပုံစံမျိုး ဆိုသလို လူတိုင်းမှာ ကိုယ်ကြိုက်တဲ့ ပုံစံတွေ ရှိနေတတ်ကြပါတယ်။ တစ်ချို့သူတွေကတော့ သူတို့နဲ့ တွေ့မိတဲ့ သူတိုင်းက သူတို့ကို သဘောကျသွားစေမိတဲ့ အချက်တွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ သူတို့ကို လိုချင်မိလောက်အောင် ဖမ်းစားနိုင်တဲ့ မိန်းကလေးတွေမှာတော့ ဒီလိုအချက်တွေ ရှိနေတတ်ကြပါတယ်။ (၁) အမှီအခိုကင်းတယ် သူတို့တွေကတော့ မိဘနဲ့ ချစ်သူတွေကို မှီခိုမှ ဘဝကို ရပ်တည်နိုင်ကြတဲ့သူတွေ မဟုတ်ကြပါဘူး။ ကိုယ့်အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကို အကောင်းဆုံး လုပ်နိုင်ဖို့ ကြိုးစားရပ်တည်တတ်ကြပါတယ်။ ကိုယ်တိုင် လုပ်နိုင်တဲ့ စွမ်းရည်တွေလည်း ပိုင်ဆိုင်ထားတတ်ကြပါတယ်။ (၂) အတင်းမပြောဘူး အတင်းပြောတယ်ဆိုတာ မရင့်ကျက်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ အချိန်တွေ မနှမြောတဲ့သူတွေသာ သူများအကြောင်းကို ခေါင်းထဲထည့်ပြီး […]
လူတစ်ယောက် ကြည့်ကောင်းနေစေဖို့ ရုပ်ချောဖို့ မလိုအပ်တဲ့ အကြောင်းအရင်းများ
ရုပ်ချောရုံနဲ့တော့ ကြည့်ကောင်းတာ၊ ဆွဲဆောင်မှု ရှိတာ မဟုတ်ပါဘူး။ လူတစ်ယောက် ကြည့်ကောင်းပြီး အာရုံစိုက်ခံရဖို့ဆိုရင် ရုပ်ချောဖို့ထက် အရေးကြီးတဲ့အရာတွေ ရှိနေပါတယ်။ ရုပ်ရည်က မချောမောလည်း ကိုယ့်ကိုယ်ကို ကြည့်ကောင်းတဲ့သူတစ်ယောက် ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ များသောအားဖြင့် ရုပ်ရည်ချောမောတာက အဓိကကျတယ်လို့ ဆိုကြပေမယ့် တကယ်တမ်း မလိုအပ်တာကို ဒီအချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ (၁) ဖက်ရှင်က ပို အရေးကြီးတယ် လူတစ်ယောက် ကြည့်ကောင်းဖို့ဆို အရေးကြီးဆုံးက ရုပ်ရည်ထက် ဖက်ရှင် ဖြစ်ပါတယ်။ လူအများစုက ရုပ်ရည်ထက် ဖက်ရှင်ကို အရင်ဆုံး မြင်မိတတ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်ကောင်းဖို့အတွက်ဆိုရင် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကိုပဲ စတိုင်ကျအောင် ရွေးချယ် ဝတ်ဖို့ လိုအပ်ပါတယ်။ (၂) စိတ်ထား လူတစ်ယောက်ကို အမြင်ကောင်း […]









