အရွယ်ရောက်လာတာနဲ့ ကိုယ်စီ အချစ်ကို ရှာတွေ့ပြီး စုံတွဲတွေအဖြစ်နဲ့ ဖြတ်သန်းနေကြပေမယ့်လည်း တစ်ချို့တွေကတော့ Single ဘဝနဲ့ အကြာကြီး နေနေတတ်ကြပါတယ်။ Single ဘဝကို ရွေးချယ်တဲ့သူအများစုကတော့ တမင်တကာ ရွေးချယ်ထားကြတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့မှာ အခုလို အကြောင်းပြချက်တွေ ကိုယ်စီ ရှိနေကြတာပဲ ဖြစ်ပါတယ်။ (၁) ချစ်ရတဲ့သူကို မတွေ့သေးလို့ တစ်ချို့တွေကတော့ စိတ်မပါရင် ချစ်သူလည်း မထားချင်တတ်ကြပါဘူး။ သူတို့က တကယ်ချစ်မိမှသာ ချစ်သူ ထားဖို့ ရည်ရွယ်ထားတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က right person တွေ့ဖို့ကို မျှော်လင့်နေတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကတော့ စိတ်မကစားတတ်သလို ကိုယ့်ကို တကယ်ချစ်မယ့်သူနဲ့ ကိုယ်က တကယ် ချစ်ပေးနိုင်တဲ့သူကိုသာ ချစ်သူအဖြစ် လက်တွဲဖို့ ဆုံးဖြတ်ထားတဲ့သူတွေ ဖြစ်ပါတယ်။ (၂) ရည်းစားဟောင်းကို […]
Life Style
အမြဲအဆင်ပြေချင်ယောင်ဆောင်တဲ့လူတွေဟာ ပိုခံစားရတယ်ဆိုတဲ့အကြောင်းရင်း (၄) ခု
ဘယ်လို ကိစ္စတွေ ပဲကြုံလာကြုံလာ ဘယ်သူ့ကိုမှ ထုတ်မပြောဘဲ၊ ဘယ်သူ့ကိုမှ ပေးမသိချင်ဘဲ တစ်ယောက်တည်း ကြိတ်ခံစားတတ်တဲ့ လူမျိုးတွေ ရှိလား။ ဒီလိုလူတွေဟာ အဆင်မပြေမှုတွေကို ပေါ်ပေါ်ထင်ထင် ထုတ်ပြလေ့ ရှိတဲ့ လူမျိုးတွေထက် ပိုပြီး ခံစားနေကြရတယ် ဆိုတာ သင်သိပါသလား။ ဘာကြောင့်လဲ ဆိုရင် ခါးဆီးခံရတယ် ဖြစ်သမျှ အကြောင်းအရင်းတွေ အကုန်လုံး ဘယ်သူ့ကိုမှမပြောတတ်တဲ့ အတွက်ကြောင့် ထုတ်ပြောတဲ့ သူထက်စာရင် ပိုပြီးတော့ ဒုက္ခတွေကို ခါးဆီးခံ ရတတ် ပါတယ်။ ဟန်ဆောင်ရတယ် ကိုယ့်ပတ်ဝန်းကျင်ကို ဒုက္ခမပေးချင် တာကြောင့် ပဲဖြစ်ဖြစ် ကိုယ်ပျော့ညံ့နေတာ မသိစေချင်လို့ပဲဖြစ်ဖြစ် အဆင်မပြေမှုတွေကို ဘာမှမဖြစ်သလို ဟန်ဆောင်တတ် ကြပါတယ်။ ဒီလို အချိန်မှာ တစ်ဖက်က အဆင်မပြေမှုကြောင့် ခံစားရတာက တစ်ဖက်၊ ဘယ်သူမှမသိအောင် ပျော်နေတယ်လို့ […]
အပျိုကြီးဖြစ်မယ့်သူတွေမှာ တွေ့ရတဲ့ ဇီဇာကြောင်တဲ့ အကျင့်(၅)မျိုး
အပျိုကြီးဆိုတာ လိုတာမရ ရတာမလိုခြင်းကြောင့်လည်းဖြစ်နိုင်သလို၊ တခြားအကြောင်းရင်းအများကြီးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းတွေအများကြီးထဲကမှ ဇီဇာကြောင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ ခုဖော်ပြပေးမှာကတော့ အပျိုကြီးဖြစ်လာတော့မယ့်သူတွေမှာ တွေ့ရတဲ့ ဇီဇယကြောင်တဲ့အကျင့် (၅)မျိုးပဲဖြစ်ပါတယ်။ (၁) မှားနေရင်ပြင်ပေးလိုက်ရမှ အပျိုကြီးဖြစ်မယ့်သူတွေဆိုတာ ကိုယ်နဲ့ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ ကိုယ့်အရှေ့မှာ အမြင်မတော်တာရှိရင် မပါပဲမနေနိုင်တဲ့သူတွေပါ။ ကိုယ်နဲ့ သိသိ၊ မသိသိကိုယ့်အရှေ့မှာ တလွဲတွေလာလုပ်နေတယ်ဆိုရင်တော့ လုံးဝလက်ပိုက်ကြည့်မနေပဲ ကူညီတတ်တဲ့သူတွေပါ။ ကူညီခံရတဲ့သူက ကျေးဇူးတင်နေသလောက် အမှားထောက်ခံရတဲ့သူကတော့ အံတကြိတ်ကြိတ်ဖြစ်နေတတ်ပါတယ်။ (၂) ပြန်လုပ်လိုက်ရမှ အပျိုကြီးဖြစ်မယ့်သူတွေဆိုတာ ကိုယ့်ကိုလာကျောရင် နည်းနည်းလေးမှ ငြိမ်ခံမနေတတ်တဲ့သူတွေပါ။ ကိုယ့်ကိုတစ်ချက်လာလုပ်ရင် ကိုယ်ကလည်း တစ်ချက်ပြန်လုပ်လိုက်ရမှ၊ ကိုယ့်ကိုစောင်းပြောရင် ကိုယ်က ဒဲ့ပြန်ပြောလိုက်ရမှ ကျေနပ်တဲ့သူတွေပါ။ နည်းနည်းလေးမှ သည်းညီးမခံတဲ့သူတွေပေ့ါ။ (၃) ဟန်မဆောင်ဘူး အပျိုကြီးဖြစ်မယ့်သူတွေဆိုတာ နည်းနည်းလေးမှ ဟန်မဆောင်တဲ့သူတွေပါ။ ဟန်မဆောင်တတ်တာရော၊ ဟန်မဆောင်ချင်တာရောကြောင့်ပါ။ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း […]
ကိုယ်ကစပြီး အားနာပြီး တောင်းပန်စရာ လုံး၀ မလိုတဲ့ အခြေအနေ အချိန်အခါ (၅) ခု
လူဆိုတာ တောင်းပန်သင့်တဲ့ အချိန်မှာ တောင်းပန်တတ်ဖို့ လိုပါတယ်။ ဒီလိုပဲ တောင်းပန်စရာ မလိုတဲ့ ကိစ္စကိုလည်း သွားတောင်းပန်စရာ မလိုပါဘူး။ တစ်ခါတစ်လေမှာ လူတွေ အထင်မှားပြီး ကိုယ့်ကိုယ်ကို အပြစ်ရှိတယ် ထင်ပြီး တောင်းပန်ကြတာမျိုး ရှိကြပါတယ်။ တကယ်တော့ ဒီလို အခြေအနေတွေက သင် တောင်းပန်စရာ မလိုတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ (၁) ချစ်မိတဲ့အခါ လူတွေမှာ အလိုအလျောက် ဖြစ်လာတဲ့ ခံစားချက်တွေက လွယ်လွယ် တားဆီးလို့ မရပါဘူး။ အချစ်လို ခံစားချက်မျိုးဆိုရင် ကိုယ်တိုင်တောင် အမိန့်ပေးလို့ မရတတ်ပါဘူး။ ဒါကြောင့် ချစ်မိတာက အပြစ်တစ်ခုကို ကျူးလွန်မိတာ မဟုတ်ပါဘူး။ ဒီအချစ်ဆိုတဲ့ ခံစားချက်လေးကြောင့် ဘယ်သူ့ကိုမှ မထိခိုက်ရင် တောင်းပန်ဖို့ မလိုပါဘူး။ (၂) ငြင်းဆန်တဲ့အခါ ကိုယ်က […]
မချွဲတတ်တဲ့ ကောင်မလေးတွေမှာသာ ရှိနေတဲ့ အားသာချက်များ
ချွဲတတ်တဲ့ ကောင်မလေးတွေက ချစ်ဖို့ကောင်းတယ်လို့ ဆိုကြပါတယ်။ ချွဲတတ်တဲ့ မိန်းကလေး ရှိသလို မချွဲတတ်တဲ့ ကောင်မလေးတွေလည်း ရှိနေပါတယ်။ သူတို့ကတော့ မချွဲတတ်တာ ကိစ္စမရှိဘူးလို့ ယူဆကြပြီး အားသာချက်တွေလည်း ပိုင်ဆိုင်ထားကြပါတယ်။ သူများတဲ့ မတူစွာပဲ သူတို့က အခုလို အားသာမှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။ (၁) ထက်မြက်တယ် သူတို့တွေက ဉာဏ်ကောင်းကြတတ်ပါတယ်။ ချွဲတာထက် ဉာဏ်ရည်က ပိုပြီး အသုံးကျတယ်လို့ ယူဆကြသလို သူတို့ကိုယ် သူတို့လည်း ယုံကြည်မှု ရှိကြပါတယ်။ ကိုယ့်အရည်အချင်းကို ဉာဏ်ရည်က တဆင့် အသုံးပြုရတာကို သိပ်ကို သဘောကျလို့ သူတို့ တော်ကြောင်း ထက်ကြောင်းကို အနားကသူတွေကတောင် သိနေကြပါတယ်။ (၂) တည်တံ့တယ် ချွဲရတာကို ရှက်တတ်ကြပြီး ချွဲပြီး အခွင့်အရေး ယူရတာမျိုးကို လိပ်ပြာလည်း […]
တစ်ယောက်တည်း ရပ်တည်တာက အကောင်းဆုံးဖြစ်ကြောင်း သက်သေပြနေတဲ့ အချက်များ
လောကမှာ မွေးလာကတည်းက တစ်ယောက်တည်းမို့ တစ်ယောက်တည်း ရပ်တည်ရတာ မထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ လူဆိုတာ အဖော်အပေါင်းနဲ့ နေတယ် ဆိုပေမယ့်လည်း အဖော်မရှိလည်း နေလို့ ဖြစ်ပါတယ်။ သူငယ်ချင်း မရှိလို့ အထီးကျန်မယ့်အစား အဖော်မရှိလို့ မှိုင်နေမယ့်အစား တစ်ယောက်တည်း ရပ်တည်လို့ရတာကို ဒီအချက်တွေ ကြည့်ရင် သိနိုင်ပါတယ်။ တစ်ယောက်တည်းလည်း ဖြစ်တာပဲ ဟိုနားဒီနားသွားတာက တစ်ယောက်တည်း သွားလည်း ဖြစ်တဲ့အရာပါ။ ကိုယ့်ရဲ့ တစ်နေ့တာ ဖြတ်သန်းဖို့ ကိုယ့်ရဲ့ဘေးမှာ အပေါင်းအသင်း တစ်ယောက်ယောက် မဖြစ်မနေ ရှိစရာ မလိုပါဘူး။ ကျန်းမာနေသရွေ့ ကိုယ်တိုင် သွားနိုင်ပါတယ်။ ဒီအတွက် အဖော်မရှိလို့ စိတ်ညစ်နေရင် သင်ပဲ ပင်ပန်းရုံပါပဲ။ စီမံတတ်ဖို့ပဲ လိုပါတယ် တစ်ယောက်တည်း လှုပ်ရှားသွားလာရတော့ အန္တရာယ် များတယ်လို့ ထင်နိုင်ပါတယ်။ […]
အဖေ့ကို ချစ်တယ်ပြောဖို့ မရှက်ပါနဲ့
အဖေ့ကို ချစ်တယ်ပြောဖို့ မရှက်ပါနဲ့ အဖေဆိုတာ ဝမ်းနည်းလွယ်ပြီး မမွေးခဲ့ပေမယ့် အမေ့ဗိုက်ထဲမှာ မင်းကို လွယ်ထားရတဲ့အချိန်ကစလို့ အတွေးထဲမှာ အမြဲ လွယ်ထားရတဲ့သူပါငါ့သားလေးမွေးလာရင် ငါ့သမီးလေး မွေးလာရင်ဆိုတဲ့စိတ်နဲ့ မောရပန်းရကောင်းမှန်းမသိ ပင်ပန်းရကောင်းမှန်းမသိ နေပူပူမိုးရွာရွာ အလုပ်တွေ လုပ်ပြီး ပိုက်ဆံတွေ ရှာခဲ့တာ အလုပ်တွေ ကြိုးစားခဲ့တာ အဖေပါ အမေ့နို့ဖိုးကို တစ်သက်ဆပ်လို့ မကုန်ဘူးတဲ့ အဲ့လိုပါပဲ အမေကျန်းကျန်မာမာနဲ့ နို့ချိုတိုက်ကျွေးနိုင်အောင် အဖေလဲ ချွေးနဲ့ ရင်းခဲ့တာပါ အဖေ့ချွေးဖိုးကိုလဲ မေ့မထားကြနဲ့ အဖေဆိုတာ သိပ်ချစ်တတ်တဲ့ လူကြီးတစ်ယောက် ကမ္ဘာမှာ အချစ်တတ်ဆုံးလူကြီးတစ်ယောက်ပါပဲ ။ သားတွေ သမီးတွေ မျက်နှာမကောင်းတဲ့ အခါ အမေ့အနားကပ်ပြီး ငါ့သားဘာဖြစ်နေလဲ မသိဘူး မေးကြည့်ပါဦး ငါ့သမီးအဆင်မပြေဘူးလား မသိဘူး မေးကြည့်ပါဦးနဲ့ အမြဲ နားပူနာဆာလုပ်တတ်တဲ့လူလေ မချစ်ပြတတ်ခဲ့တာ […]
အဆင့်အတန်း ရှိတဲ့ အမျိုးသမီးဖြစ်ဖို့ ရောက်လေရာမှာလိုက်နာသင့်တဲ့ အချက် (၅) ချက်
အဆင့်အတန်း ရှိတဲ့သူတစ်ယောက်မှန်း သိရှိနိုင်မယ့်အချက်ကတော့ လူအများရှေ့မှာ ဘယ်လိုပြုမူနေထိုင်သလဲ ဆိုတာကနေပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီး လူကြားသူကြားထဲမှာ ပစ်စလက်ခက် မနေတဲ့သူတွေဖြစ်ပါတယ်။ သင့်ကို ရောက်လေရာတိုင်းမှာ လူတွေက အဆင့်အတန်း ရှိတဲ့ အမျိုးသမီး တစ်ယောက်လို့ မြင်စေချင်ရင် ဒီအချက်တွေကို လိုက်နာပေးရမှာဖြစ်ပါတယ် (၁) မိတ်ကပ် နဲ့ဆံပင် လူကြားသူကြားထဲမှာ ခေါင်းဖီးတာတွေ၊ မိတ်ကပ်ဖို့တာတွေက ရှောင်ရှားသင့်တဲ့ အလေ့အကျင့်တွေဖြစ်ပါတယ်။ တကယ်လို့ ပြင်ဆင်ချင်တယ်ဆိုရင်တောင် သန့်စင်ခန်းထဲမှာ ပြင်ဆင်တာ အကောင်းဆုံးဖြစ်ပါတယ်။ (၂) ကြိုတင်ဆက်သွယ်ပါ တစ်ယောက်ယောက်ထံကို အလည်သွားတော့မယ်ဆိုရင် သူ့ကို ကြိုတင်ဆက်သွယ် အကြောင်းကြားထားပါ။ နောက်ပြီး သင်မစားတဲ့ အစားအစာရှိရင်လည်း ကြိုပြီးပြောထားဖို့လိုပါတယ်။ ချိန်းထားတဲ့အခါမှာလည်း အရမ်းစောပြီး မသွားပါနဲ့။ စောစောသွားချင်ရင်တောင် ၁၅ မိနစ်လောက်စောတာပဲကောင်းပါတယ်။ သင့်ကို ထမင်းစားဖိတ်တယ်၊ လာလည်ဖို့ဖိတ်တယ်ဆိုရင် ပြန်ခါနီးမှာ ဖိတ်တဲ့အတွက် […]
တစ်သက်လုံး FA (သို့) Single ဖြစ်မယ့် လက္ခဏာ(၈)ရပ်
တစ်သက်လုံး FA (သို့) Single ဖြစ်မယ့် လက္ခဏာ(၈)ရပ် လူတော်တော်များများကတော့ တစ်သက်လုံး FA ဘဝနဲ့နေသွားရမှာကို စိုးရိမ်လေ့ရှိကြပါတယ်။ Single ဘဝကိုပျော်တဲ့လို့ပြောတဲ့သူတွေရှိပေမယ့် များသောအားဖြင့်တော့ အတွဲတွေမြင်ရင် မသိစိတ်ထဲကနေ အားကျတတ်ကြပါတယ်။ လူဆိုတာလည်း ရှုပ်ထွေးပွေလီ ဒုက္ခများတဲ့ဘဝကို မသိစိတ်က ကြိုက်တတ်တဲ့ အမျိုးပါ။ တစ်ချို့တကယ်ကို Single ဘဝနဲ့ပဲပျော်တတ်တဲ့ သူတွေလည်း ရှိပါတယ်။ သင်ရော တစ်သက်လုံး Single အဖြစ်နဲ့ နေသွားမှာလား။ အောက်ပါ လက္ခာဏာရပ်တွေသင့်မှာ ရှိနေရင်တော့ သင်တစ်သက်လုံး Single အဖြစ်နေထိုင်သွားရဖို့များပါတယ်။ (၁) သင်ဟာ သင့်ဘဝထဲကို လူအသစ်တွေ သိပ်ပေးဝင်လေ့မရှိဘူး။ သင့်အနေနဲ့ အသစ်တစ်ယောက်ယောက်နဲ့ အရမ်းရင်းနှီးမှာ ကိုလိုလားလေ့မရှိပါဘူး။ သူစိမ်းတစ်ယောက်ယောက်က ပြုံးပြရင်တောင် သင်ဟာရှက်သလိုလို၊ ကြောက်သလိုလိုနဲ့ ပြန်ပြုံးမပြပဲ ရှောင်လွှဲထွက်သွားပါလိမ့်မယ်။ (၂) […]
သင့်ကိုဘယ်လိုမှမယှဉ်နိုင်တော့တဲ့အခါ လူတွေကဒီနည်းလမ်း(၅)မျိုးနဲ့ ယုတ်မာတတ်ကြတယ်
သင့်ကိုဘယ်လိုမှမယှဉ်နိုင်တော့တဲ့အခါ လူတွေကဒီနည်းလမ်း(၅)မျိုးနဲ့ ယုတ်မာတတ်ကြတယ် လောကမှာလူတွေဟာ ကိုယ့်ထက်သာသွားမှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ တကယ်လို့ လူတစ်ယောက် အရမ်းအောင်မြင်သွားတဲ့အခါ၊ သူတို့ဘယ်လိုမှ မယှဉ်နိုင်တော့တဲ့အခါမှာ စပြီး ယုတ်မာကြပါတော့တယ်။ တကယ်လို့ သင်ဟာ ဒီလိုအရာတွေကို ကြုံတွေ့နေရတယ်ဆိုရင်တော့ သင်ဟာ သူတို့ဘယ်လိုမှ မယှဉ်နိုင်တဲ့လူတစ်ယောက် ဖြစ်တယ်ဆိုတာ သိလိုက်ပါနော်။ (၁) သင့်ရဲ့အတိတ်ကိုဖော်မယ် လူတွေဟာ သင့်ကို မယှဉ်နိုင်တော့တဲ့အခါ သင့်ရဲ့ အတိတ်က အမှားတွေ၊ အားနည်းချက်တွေနဲ့ နာကျင်စရာတွေကို တူးဖော်လာကြပါလိမ့်မယ်။ သူတို့ဟာ ပစ္စုပ္ပန်က သင့်ရဲ့ အောင်မြင်မှု၊ ကြီးကျယ်ခမ်းနားမှုတွေကို ဘယ်လိုမှမယှဉ်နိုင်တော့တာကြောင့် ဒါမှမဟုတ် လက်မခံနိုင်တာကြောင့် သင့်ရဲ့ အတိတ်ဟောင်းနဲ့ စတင်တိုက်ခိုက်ကြပါလိမ့်မယ်။ ဒီအရာတွေကြောင့်တော့ စိတ်မညစ်ပါနဲ့နော်။ အတိတ်ဆိုတာ သင်ကျေ်ာလွှားအောင်မြင်ခဲ့ပြီးသား ဖြစ်ပါတယ်။ (၂) ကောလဟာလတွေလွှင့်မယ် နောက်တစ်ခုက သင့်ရဲ့ မဟုတ်မမှန်တဲ့သတင်းတွေကို ပြောကြတော့မှာပါ။ […]








